[Zawgyi]

အျမဲတမ္းအိပ္ရာေစာေစာထႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္းေတြ

အိပ္ရာေစာေစာထတာဟာ အေလ့အက်င့္ေကာင္းတစ္ခုပါ။ အိပ္ရာေစာေစာထျခင္းက စိတ္လည္း လန္းဆန္းေစျပီး လူကိုလည္း တက္ၾကြေစပါတယ္။ ဒါေပမယ့္ အိပ္ရာေစာေစာထဖို႔ လူတိုင္းက ပ်င္းေနတတ္ၾကတယ္။ ဘယ္ေလာက္ပဲ ပ်င္းေနပါေစ အျမဲတမ္း အိပ္ရာေစာေစာထႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြ ေျပာျပေပးသြားမွာျဖစ္ပါတယ္။

၁။ မနက္အတြက္ ၾကိဳတင္ ျပင္ဆင္ထားပါ။

ကိုယ္သြားမယ့္ ေနရာအတြက္ ဝတ္မယ့္အက်ီၤေတြကို ၾကိဳတင္ျပင္ဆင္ျပီး ထုတ္ထားပါ။ လိုအပ္တဲ့ပစၥည္းေတြအားလံုးလည္း တစ္ခါတည္း ျပင္ထားပါ။ အခုလို ၾကိဳတင္ျပင္ဆင္ထားျခင္းက မနက္အိပ္ရာထေနာက္က်ခဲ့ရင္ေတာင္ ပစၥည္းေတြ ေမ့က်န္မေနခဲ့ေတာ့ပါဘူး။ ကိုယ္ဝတ္မယ့္အက်ီၤဒီဇိုင္းကိုလည္း သြားခါနီးမွ အခ်ိန္ယူျပီး စဥ္းစားေနစရာမလိုေတာ့ပါဘူး။

၂။ ေစာေစာထနိုင္ဖို႔အတြက္ ေစာေစာ အိပ္ပါ။

လူတစ္ေယာက္က တစ္ေန႔ကို ၇နာရီျပည့္ေအာင္ အိပ္ပါတယ္။ ေနာက္က်မွ အိပ္အိပ္၊ ေစာျပီးမွ အိပ္ အိပ္ ၇နာရီ မျပည့္မခ်င္း အိပ္ၾကပါတယ္။ အဲဒီအတြက္ ေစာေစာ ႏုိးခ်င္ရင္ ေစာေစာအိပ္ပါ။ အဲဒီလိုမွ မဟုတ္ရင္ ႏိႈးစက္ႏိႈးျပီး ထရပါလိမ့္မယ္။ ႏႈိးစက္အကူအညီမလိုဘဲထၾကည့္ပါ။ အိပ္ေရးလည္းဝတဲ့အျပင္ ေခါင္းလည္း ၾကည္ေစပါတယ္။

၃။ ဖုန္းကို Silent လုပ္ျပီး အိပ္ပါ။

မနက္ေစာေစာႏိုးဖို႔အတြက္ အိပ္ေနတဲ့အခ်ိန္မွာ ဖုန္းရဲ႕ အေႏွာင့္အယွက္ေတြကို လက္မခံမိဖို႔လိုအပ္ပါတယ္။ ဖုန္းဖြင့္ၾကည့္မိခဲ့ရင္ မ်က္စိကေၾကာင္ျပီး မအိပ္ေတာ့တာမ်ိဳးျဖစ္တတ္ပါတယ္။ အိပ္ခ်ိန္ေနာက္က်တဲ့သူေတြအားလံုးရဲ႕ အဓိကအေၾကာင္းအရင္းကို ေလ့လာၾကည့္ပါ။ အိပ္ခါနီး ဖုန္းသံုးျခင္းကို မရပ္ႏိုင္တဲ့အတြက္ျဖစ္ပါတယ္။

၄။ မနက္လုပ္ရမယ့္ ကိစၥေတြကို မအိပ္ခင္ ျပန္စဥ္းစားပါ။

မနက္မိုးလင္းတဲ့အခါ လုပ္စရာရွိတာေတြကိုေတြးၾကည့္ပါ။ အဲဒီလိုလုပ္ျခင္းအားျဖင့္ “မနက္ေစာေစာထမွျဖစ္မယ္။ လုပ္စရာေတြရွိေသးတယ္။” ဆိုျပီး မနက္ေစာေစာႏိုးမွာ ျဖစ္ပါတယ္။ ဒီနည္းလမ္းဟာလည္း ႏိႈးစက္မလိုဘဲ အိပ္ရာေစာေစာထေစပါတယ္။

၅။ ျပတင္းေပါက္လိုက္ကာကိုဖြင့္ျပီး အိပ္ပါ။

ေနအလင္းေရာင္ရတဲ့အခါလည္း မနက္ေစာေစာနိုးေစပါတယ္။ ေႏြးေထြးတဲ့ေနအလင္းေရာင္နဲ႔ ထိေတြ႔ျပီး မနက္အိပ္ရာထရတာက ကိုယ့္ရဲ႕ ေန႔တစ္ေန႔လံုးကို သာယာေစပါတယ္။

မနက္အိပ္ရာေစာေစာထေစဖို႔နည္းလမ္းေလးေတြကေတာ့ ဒီေလာက္ပါပဲ။ အိပ္ပုတ္ၾကီးတဲ့ သူငယ္ခ်င္းေတြရွိခဲ့ရင္လည္း လွမ္းေျပာလိုက္ဖို႔လည္း မေမ့နဲ႔ဦးေနာ္။

Redrose (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အမြဲတမ်းအိပ်ရာစောစောထနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေ

အိပ်ရာစောစောထတာဟာ အလေ့အကျင့်ကောင်းတစ်ခုပါ။ အိပ်ရာစောစောထခြင်းက စိတ်လည်း လန်းဆန်းစေပြီး လူကိုလည်း တက်ကြွစေပါတယ်။ ဒါပေမယ့် အိပ်ရာစောစောထဖို့ လူတိုင်းက ပျင်းနေတတ်ကြတယ်။ ဘယ်လောက်ပဲ ပျင်းနေပါစေ အမြဲတမ်း အိပ်ရာစောစောထနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ မနက်အတွက် ကြိုတင် ပြင်ဆင်ထားပါ။

ကိုယ်သွားမယ့် နေရာအတွက် ဝတ်မယ့်အကျီၤတွေကို ကြိုတင်ပြင်ဆင်ပြီး ထုတ်ထားပါ။ လိုအပ်တဲ့ပစ္စည်းတွေအားလုံးလည်း တစ်ခါတည်း ပြင်ထားပါ။ အခုလို ကြိုတင်ပြင်ဆင်ထားခြင်းက မနက်အိပ်ရာထနောက်ကျခဲ့ရင်တောင် ပစ္စည်းတွေ မေ့ကျန်မနေခဲ့တော့ပါဘူး။ ကိုယ်ဝတ်မယ့်အကျီၤဒီဇိုင်းကိုလည်း သွားခါနီးမှ အချိန်ယူပြီး စဉ်းစားနေစရာမလိုတော့ပါဘူး။

၂။ စောစောထနိုင်ဖို့အတွက် စောစော အိပ်ပါ။

လူတစ်ယောက်က တစ်နေ့ကို ၇နာရီပြည့်အောင် အိပ်ပါတယ်။ နောက်ကျမှ အိပ်အိပ်၊ စောပြီးမှ အိပ် အိပ် ၇နာရီ မပြည့်မချင်း အိပ်ကြပါတယ်။ အဲဒီအတွက် စောစော နိုးချင်ရင် စောစောအိပ်ပါ။ အဲဒီလိုမှ မဟုတ်ရင် နှိုးစက်နှိုးပြီး ထရပါလိမ့်မယ်။ နှိုးစက်အကူအညီမလိုဘဲထကြည့်ပါ။ အိပ်ရေးလည်းဝတဲ့အပြင် ခေါင်းလည်း ကြည်စေပါတယ်။

၃။ ဖုန်းကို Silent လုပ်ပြီး အိပ်ပါ။

မနက်စောစောနိုးဖို့အတွက် အိပ်နေတဲ့အချိန်မှာ ဖုန်းရဲ့ အနှောင့်အယှက်တွေကို လက်မခံမိဖို့လိုအပ်ပါတယ်။ ဖုန်းဖွင့်ကြည့်မိခဲ့ရင် မျက်စိကကြောင်ပြီး မအိပ်တော့တာမျိုးဖြစ်တတ်ပါတယ်။ အိပ်ချိန်နောက်ကျတဲ့သူတွေအားလုံးရဲ့ အဓိကအကြောင်းအရင်းကို လေ့လာကြည့်ပါ။ အိပ်ခါနီး ဖုန်းသုံးခြင်းကို မရပ်နိုင်တဲ့အတွက်ဖြစ်ပါတယ်။

၄။ မနက်လုပ်ရမယ့် ကိစ္စတွေကို မအိပ်ခင် ပြန်စဉ်းစားပါ။

မနက်မိုးလင်းတဲ့အခါ လုပ်စရာရှိတာတွေကိုတွေးကြည့်ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် “မနက်စောစောထမှဖြစ်မယ်။ လုပ်စရာတွေရှိသေးတယ်။” ဆိုပြီး မနက်စောစောနိုးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာလည်း နှိုးစက်မလိုဘဲ အိပ်ရာစောစောထစေပါတယ်။

၅။ ပြတင်းပေါက်လိုက်ကာကိုဖွင့်ပြီး အိပ်ပါ။

နေအလင်းရောင်ရတဲ့အခါလည်း မနက်စောစောနိုးစေပါတယ်။ နွေးထွေးတဲ့နေအလင်းရောင်နဲ့ ထိတွေ့ပြီး မနက်အိပ်ရာထရတာက ကိုယ့်ရဲ့ နေ့တစ်နေ့လုံးကို သာယာစေပါတယ်။

မနက်အိပ်ရာစောစောထစေဖို့နည်းလမ်းလေးတွေကတော့ ဒီလောက်ပါပဲ။ အိပ်ပုတ်ကြီးတဲ့ သူငယ်ချင်းတွေရှိခဲ့ရင်လည်း လှမ်းပြောလိုက်ဖို့လည်း မမေ့နဲ့ဦးနော်။

Redrose (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။