ဒီတစ္ပတ္ပိတ္ရက္မွာ ခ်စ္တဲ့သူေတြနဲ႔သြားဖို႔ အေကာင္းဆံုး Event ေလးေတြ

[Zawgyi]

ဒီတစ္ပတ္ပိတ္ရက္မွာ ခ်စ္တဲ့သူေတြနဲ႔သြားဖို႔ အေကာင္းဆံုး Event ေလးေတြ

ရက္သတၱပတ္ရဲ႕အဆံုး ေသာၾကာေန႔ ေရာက္လာျပန္ၿပီဆိုေတာ့ ရံုးသမားေတြ၊ ေက်ာင္းတက္ေနတဲ့သူေတြ၊ မိသားစုတိုင္းအတြက္ ေပ်ာ္စရာ စေန၊ တနဂၤေႏြေလးက ေစာင့္ႀကိဳေနပါၿပီ။ ဒီတစ္ပတ္မွာေရာ စေန၊ တနဂၤေႏြပိတ္ရက္ရဲ႕ ဘယ္လိုအစီအစဥ္ေတြက သြားလို႔အေကာင္းဆံုးျဖစ္မလဲဆိုတာ Akhayar မွ ေကာက္ႏုတ္ထားတဲ့ Event ေတြအလိုက္ ေဖာ္ျပေပးလိုက္ရပါတယ္။

Heineken Beer
Heineken Beer

Heineken Facebook Page သို႔

(၁) Marketing In a Digital World

ဇန္နဝါရီလ ၁၄ ရက္ေန႔ ( တနဂၤေႏြေန႔) မွာ မနက္ ၉ နာရီမွ ၁၂ နာရီအထိ က်င္းပမယ့္ Marketing in a Digital World ဆိုတဲ့ ေဟာေျပာပြဲေလးကေတာ့ ၂၁ ရာစုမွာေခတ္အစားဆံုးအလုပ္အကိုင္တစ္ခုျဖစ္တဲ့ Digital Marketers မ်ားပိုမို အရည္အခ်င္းရွိစြာေအာင္ျမင္ႏိူင္ေရးနဲ႔ မိမိတို႔လုပ္ငန္းကို ေစ်းကြက္အတြင္းဘယ္လိုေအာင္ျမင္ေအာင္ ထိုးေဖာက္ႏိုင္မလဲဆိုတဲ့ အေရးအႀကီးဆံုး အေၾကာင္းအရာေတြကို ျမန္မာႏိုင္ငံရဲ႕ Digital Marketing နယ္ပယ္မွာ အထူးခြ်န္ဆံုး Marketer မ်ားျဖစ္ၾကတဲ့ Ko Aung Mon Chan ၊ Ko Alex Khine နဲ႔ Ko Micheal Heine တို႔အဓိကပို႔ခ်သြားမွာျဖစ္ၿပီး Digital Marketers မ်ားအတြက္ အေကာင္းဆံုးအခြင့္အလမ္းတစ္ရပ္ျဖစ္တာမို႔ မသြားမျဖစ္သြားႏိုင္ၾကရေအာင္ အသိေပးလိုက္ပါတယ္။ လိပ္စာကေတာ့ အမွတ္ ၆၉ ၊ ဓမၼာရံုလမ္း၊ ေျမနီကုန္း၊ စမ္းေခ်ာင္းမွ Hotel Accord မွာ က်င္းပမွာျဖစ္ပါတယ္။

marketing in a digital world

(၂) Fitness Party

Party ေတာ့ Party ပါပဲ။ ဒါေပမယ့္ ပိုမိုသြယ္လ်လွပေစမယ့္ Fitness Party ပါ။ နာမည္ႀကီး Fitness Trainer “Andy” ရဲ႕ ကိုယ္ေရာစိတ္ပါ က်န္းမာသြက္လက္ေစမယ့္နည္းလမ္းေတြ၊ Fitness Activities ေတြ၊ DJ Music ေတြ၊ Rock သီခ်င္းေတြနဲ႔ Fitness Center ေတြကိုပါ လာေရာက္ေလ့လာႏိုင္မယ့္ ဝင္ေၾကးအခမဲ့အခြင့္အေရးမို႔ သြားေရာက္ခ်င္သူမ်ားအတြက္ သတင္းေပးလိုက္ရပါတယ္။ ေနရာကေတာ့ ျပည္သူ႔ရင္ျပင္မွာျဖစ္ၿပီး ဇန္နဝါရီလ ၁၄ ရက္၊ တနဂၤေႏြေန႔ မနက္ ၁၀ နာရီမွ ည ၁၁ နာရီအထိက်င္းပမွာျဖစ္ပါတယ္။

fitness party

(၃) Soundwave

Atlas Rooftop Bar & Lounge မွာ မနက္ဖန္ ဇန္နဝါရီလ ၁၃ရက္၊ စေနေန႔ည ၈ခြဲမွ ၁၁ခြဲ ထိက်င္းပမယ့္ Soundwave Music Night မွာဆိုရင္ Atlas Bar ရဲ႕ ပင္တိုင္ DJ ရဲ႕ အံ့မခန္း DJ Music ေတြထဲမွာ ေမ်ာသြားမွာ အမွန္မို႔ စိတ္ဝင္စားသူမ်ား Join လို႔ရေအာင္ သတင္းေပးလိုက္ရပါတယ္။ လိပ္စာက အမွတ္ ၈၄၊ ပန္းလိႈင္လမ္း၊ ရန္ကုန္ျဖစ္ပါတယ္။

atlas sound wave

(၄) Sunday Brunch Buffet

အစားတစ္လိုင္းတို႔အတြက္ဆိုရင္ေတာ့ Sule Shangri_La မွာ ခင္းက်င္းေရာင္းခ်ေနတဲ့ Sunday Buffet Brunch ေလးက စိတ္ဝင္စားစရာေကာင္းမွာ အမွန္ပါ။ လတ္လတ္တ္ဆတ္အသားေတြ၊ ပင္လယ္စာေတြကို ဘူေဖးစနစ္နဲ႔ အဝစားႏိုင္မယ့္အျပင္ဇနိနဝါရီလေမြးတဲ့ ေမြးေန႔ရွင္ေတြအတြက္ပါ Free Discount အစီအစဥ္ေတြလည္း ရွိေနေသးတာမို႔ ေမြးလထဲေရာက္ေနတဲ့သူေတြအတြက္ အတန္ဆံုး အစီအစဥ္ပါပဲ။

sunday brunch buffet

(၅) 8 Watercolor Group Exhibition

ဇန္နဝါရီလ ၁၃ ရက္ေန႔ကေန ၁၆ ရက္ေန႔အထိ 43 Art Gallery မွာ က်င္းပမယ့္ ေရေဆးပန္းခ်ီဆရာ ၈ ေယာက္ရဲ႕ ဒုတိယေျမာက္က်င္းပမယ့္ ဂီတျပပြဲမွာ ေရေဆးပန္းခ်ီကား ၄၀ ေက်ာ္ ခင္းက်င္းျပသသြားမွာျဖစ္လို႔ ဂီတအႏုပညာကို ခံုမင္ၾကသူမ်ားအတြက္ သြားသင့္တဲ့ပြဲေလးျဖစ္ေၾကာင္း သတင္းေပးလိုက္ရပါတယ္။ အခ်ိန္ကေတာ့ မနက္ ၉ နာရီမွ ညေန ၅ နာရီအထိျဖစ္ၿပီး လိပ္စာကေတာ့ တိုက္အမွတ္ ၁၀၁ ၊ ၄၃ လမ္း မဟာဗႏၶဳလလမ္းနဲ႔ ကုန္သည္လမ္းၾကား ျဖစ္ပါတယ္။

water color art exhibition

(၆) Yangon Street Photography Workshop Advanced Group

ဓါတ္ပံုပညာေလ့လာလိုက္စားေနသူေတြနဲ႔ ဓါတ္ဆရာေတြအႀကိဳက္ ပြဲတစ္ခုပါပဲ။ ဓါတ္ပံုနဲ႔ပတ္သက္တဲ့ နည္းပညာေတြဖလွယ္ၾကၿပီး ေပ်ာ္ေပ်ာ္ပါးပါးေတြ႕ဆံု ပညာယူႏိုင္တဲ့ လမ္းေလွ်ာက္ပြဲေလးမို႔ ဓါတ္ပံုပညာစိတ္ဝင္စားသူေတြသြားသင့္တဲ့ပြဲေလးတစ္ခုပါ။
လက္မွတ္ေတြကို myanmar-treasures.com မွာဝယ္ယူႏိုင္ၿပီးရန္ကုန္ၿမိဳ႕ထဲ ဆူးေလဘက္တစ္ခြင္ Tour လုပ္မွာျဖစ္ပါတယ္။

Yangon street photography

ဒီတစ္ပတ္ ပိတ္ရက္ေတြမွာ သြားႏိုင္မယ့္ပြဲေတြကေတာ့ နည္းပညာေခတ္ႀကီးမွာ ကိုယ့္ဝါသနာအလိုက္ ပညာေတြအပတ္တကုတ္ႀကိဳးစားေလ့လာယူေနၾကတဲ့ လူငယ္မ်ားအတြက္ အခြင့္ေကာင္းပါပဲ။ ပညာေရးဆိုင္ရာ အခြင့္အလမ္းမ်ား မွ်ေဝျဖန္႔ေပးေနတဲ့ ပြဲအစီစဥ္ေတြမ်ားလာတာဟာလည္း နည္းပညာကြန္ယက္ရဲ႕ ေကာင္းေသာအေရြ႕တစ္ခုပါပဲ။ ေနာက္ထပ္ပြဲအစီအစဥ္ေတြကို သိခ်င္တယ္ဆိုရင္လည္း Newfeeds ရဲ႕ Events ထဲမွာ ဝင္ေရာက္ၾကည့္ႏိုင္ပါတယ္။
[Unicode]

ဒီတစ်ပတ်ပိတ်ရက်မှာ ချစ်တဲ့သူတွေနဲ့သွားဖို့ အကောင်းဆုံး Event လေးတွေ

ရက်သတ္တပတ်ရဲ့အဆုံး သောကြာနေ့ ရောက်လာပြန်ပြီဆိုတော့ ရုံးသမားတွေ၊ ကျောင်းတက်နေတဲ့သူတွေ၊ မိသားစုတိုင်းအတွက် ပျော်စရာ စနေ၊ တနင်္ဂနွေလေးက စောင့်ကြိုနေပါပြီ။ ဒီတစ်ပတ်မှာရော စနေ၊ တနင်္ဂနွေပိတ်ရက်ရဲ့ ဘယ်လိုအစီအစဉ်တွေက သွားလို့အကောင်းဆုံးဖြစ်မလဲဆိုတာ Akhayar မှ ကောက်နုတ်ထားတဲ့ Event တွေအလိုက် ဖော်ပြပေးလိုက်ရပါတယ်။

Heineken Beer
Heineken Beer

Heineken Facebook Page သို့

(၁) Marketing In a Digital World

ဇန်နဝါရီလ ၁၄ ရက်နေ့ ( တနင်္ဂနွေနေ့) မှာ မနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပမယ့် Marketing in a Digital World ဆိုတဲ့ ဟောပြောပွဲလေးကတော့ ၂၁ ရာစုမှာခေတ်အစားဆုံးအလုပ်အကိုင်တစ်ခုဖြစ်တဲ့ Digital Marketers များပိုမို အရည်အချင်းရှိစွာအောင်မြင်နိူင်ရေးနဲ့ မိမိတို့လုပ်ငန်းကို ဈေးကွက်အတွင်းဘယ်လိုအောင်မြင်အောင် ထိုးဖောက်နိုင်မလဲဆိုတဲ့ အရေးအကြီးဆုံး အကြောင်းအရာတွေကို မြန်မာနိုင်ငံရဲ့ Digital Marketing နယ်ပယ်မှာ အထူးချွန်ဆုံး Marketer များဖြစ်ကြတဲ့ Ko Aung Mon Chan ၊ Ko Alex Khine နဲ့ Ko Micheal Heine တို့အဓိကပို့ချသွားမှာဖြစ်ပြီး Digital Marketers များအတွက် အကောင်းဆုံးအခွင့်အလမ်းတစ်ရပ်ဖြစ်တာမို့ မသွားမဖြစ်သွားနိုင်ကြရအောင် အသိပေးလိုက်ပါတယ်။ လိပ်စာကတော့ အမှတ် ၆၉ ၊ ဓမ္မာရုံလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမှ Hotel Accord မှာ ကျင်းပမှာဖြစ်ပါတယ်။

marketing in a digital world

(၂) Fitness Party

Party တော့ Party ပါပဲ။ ဒါပေမယ့် ပိုမိုသွယ်လျလှပစေမယ့် Fitness Party ပါ။ နာမည်ကြီး Fitness Trainer “Andy” ရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာသွက်လက်စေမယ့်နည်းလမ်းတွေ၊ Fitness Activities တွေ၊ DJ Music တွေ၊ Rock သီချင်းတွေနဲ့ Fitness Center တွေကိုပါ လာရောက်လေ့လာနိုင်မယ့် ဝင်ကြေးအခမဲ့အခွင့်အရေးမို့ သွားရောက်ချင်သူများအတွက် သတင်းပေးလိုက်ရပါတယ်။ နေရာကတော့ ပြည်သူ့ရင်ပြင်မှာဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက်၊ တနင်္ဂနွေနေ့ မနက် ၁၀ နာရီမှ ည ၁၁ နာရီအထိကျင်းပမှာဖြစ်ပါတယ်။

fitness party

(၃) Soundwave

Atlas Rooftop Bar & Lounge မှာ မနက်ဖန် ဇန်နဝါရီလ ၁၃ရက်၊ စနေနေ့ည ၈ခွဲမှ ၁၁ခွဲ ထိကျင်းပမယ့် Soundwave Music Night မှာဆိုရင် Atlas Bar ရဲ့ ပင်တိုင် DJ ရဲ့ အံ့မခန်း DJ Music တွေထဲမှာ မျောသွားမှာ အမှန်မို့ စိတ်ဝင်စားသူများ Join လို့ရအောင် သတင်းပေးလိုက်ရပါတယ်။ လိပ်စာက အမှတ် ၈၄၊ ပန်းလှိုင်လမ်း၊ ရန်ကုန်ဖြစ်ပါတယ်။

atlas sound wave

(၄) Sunday Brunch Buffet

အစားတစ်လိုင်းတို့အတွက်ဆိုရင်တော့ Sule Shangri_La မှာ ခင်းကျင်းရောင်းချနေတဲ့ Sunday Buffet Brunch လေးက စိတ်ဝင်စားစရာကောင်းမှာ အမှန်ပါ။ လတ်လတ်တ်ဆတ်အသားတွေ၊ ပင်လယ်စာတွေကို ဘူဖေးစနစ်နဲ့ အဝစားနိုင်မယ့်အပြင်ဇနိနဝါရီလမွေးတဲ့ မွေးနေ့ရှင်တွေအတွက်ပါ Free Discount အစီအစဉ်တွေလည်း ရှိနေသေးတာမို့ မွေးလထဲရောက်နေတဲ့သူတွေအတွက် အတန်ဆုံး အစီအစဉ်ပါပဲ။

sunday brunch buffet

(၅) 8 Watercolor Group Exhibition

ဇန်နဝါရီလ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ 43 Art Gallery မှာ ကျင်းပမယ့် ရေဆေးပန်းချီဆရာ ၈ ယောက်ရဲ့ ဒုတိယမြောက်ကျင်းပမယ့် ဂီတပြပွဲမှာ ရေဆေးပန်းချီကား ၄၀ ကျော် ခင်းကျင်းပြသသွားမှာဖြစ်လို့ ဂီတအနုပညာကို ခုံမင်ကြသူများအတွက် သွားသင့်တဲ့ပွဲလေးဖြစ်ကြောင်း သတင်းပေးလိုက်ရပါတယ်။ အချိန်ကတော့ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး လိပ်စာကတော့ တိုက်အမှတ် ၁၀၁ ၊ ၄၃ လမ်း မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းကြား ဖြစ်ပါတယ်။

water color art exhibition

(၆) Yangon Street Photography Workshop Advanced Group

ဓါတ်ပုံပညာလေ့လာလိုက်စားနေသူတွေနဲ့ ဓါတ်ဆရာတွေအကြိုက် ပွဲတစ်ခုပါပဲ။ ဓါတ်ပုံနဲ့ပတ်သက်တဲ့ နည်းပညာတွေဖလှယ်ကြပြီး ပျော်ပျော်ပါးပါးတွေ့ဆုံ ပညာယူနိုင်တဲ့ လမ်းလျှောက်ပွဲလေးမို့ ဓါတ်ပုံပညာစိတ်ဝင်စားသူတွေသွားသင့်တဲ့ပွဲလေးတစ်ခုပါ။
လက်မှတ်တွေကို myanmar-treasures.com မှာဝယ်ယူနိုင်ပြီးရန်ကုန်မြို့ထဲ ဆူးလေဘက်တစ်ခွင် Tour လုပ်မှာဖြစ်ပါတယ်။

Yangon street photography

ဒီတစ်ပတ် ပိတ်ရက်တွေမှာ သွားနိုင်မယ့်ပွဲတွေကတော့ နည်းပညာခေတ်ကြီးမှာ ကိုယ့်ဝါသနာအလိုက် ပညာတွေအပတ်တကုတ်ကြိုးစားလေ့လာယူနေကြတဲ့ လူငယ်များအတွက် အခွင့်ကောင်းပါပဲ။ ပညာရေးဆိုင်ရာ အခွင့်အလမ်းများ မျှဝေဖြန့်ပေးနေတဲ့ ပွဲအစီစဉ်တွေများလာတာဟာလည်း နည်းပညာကွန်ယက်ရဲ့ ကောင်းသောအရွေ့တစ်ခုပါပဲ။ နောက်ထပ်ပွဲအစီအစဉ်တွေကို သိချင်တယ်ဆိုရင်လည်း Newfeeds ရဲ့ Events ထဲမှာ ဝင်ရောက်ကြည့်နိုင်ပါတယ်။