[Zawgyi]
Cole Sprouse
Cole Sprouse
Cole Sprouse
Katherine Langford
အနက်ရောင်ဝတ်စုံတွေက ကော်ဇောနီတွေပေါ်မှာ ထင်ရှားစေတယ်ဆိုတာ 13 Reasons Why Series (2017) ထဲက Hannah Baker အဖြစ် လူသိများခဲ့တဲ့ Katherine Langford ရဲ့ ဖက်ရှင်က သက်သေပါပဲ။
Katherine Langford
Katherine Langford
Nina Dobrev
Nina Dobrev
Nina Dobrev
Lucy Hale
Pretty little liars TV Series (2010-2017) ကစလို့ Truth or Dare (2018) ဇာတ်ကားနဲ့ပါ လူသိများတဲ့ အဆိုတော် မင်းသမီးလေး Lucy Hale ကတော့ မရိုးမဆန်းဖြစ်အောင် ရောင်စုံအဆင်ပါတဲ့ ၀တ်စုံကို ၀တ်ဆင်လာခဲ့ပါတယ်။
Lucy Hale
Lucy Hale
Cami Mendes
Cami Mendes
Cami Mendes
Anna Kendrick
Anna Kendrick
Anna Kendrick
Madelaine Petsch
Madelaine Petsch
Madelaine Petsch
Joey King
The Kissing Booth (2018)  ဇာတ်ကားက မင်းသမီးလေး Joey King ကအနက်ရောင်ဝတ်စုံလေးနဲ့ တကယ်ကို ချစ်စရာကောင်းနေပါတယ်နော်။
Joey King
Joey King
Lili Reinhart
Lili Reinhart
Lili Reinhart
Chloe Grace Moretz
Chloe Grace Moretz
Chloe Grace Moretz
Bebe Rexha
Bebe Rexha
Bebe Rexha
Noah Cyrus
Noah Cyrus
Noah Cyrus
Katherine McNamara
Shadowhunters (2016) ,Maze Runner  (2015,2018) စတဲ့ Series တွေနဲ့ အရှိန်ရလာတဲ့ Katherine McNamara က လည်ရှည် Boot၊ အနက်ရောင် Crop Top ၊အလက်လက်တွေပါတဲ့ Striped Pant နဲ့အတူ အပေါ်က ကုတ်အရှည်ကိုပါ ထပ်ဝတ်ဆင်ထားတာ တွေ့ရမှာပါ။
Katherine McNamara
Katherine McNamara
Olivia Holt
Olivia Holt
Olivia Holt
Meghan Trainor
Meghan Trainor
Meghan Trainor
Maia Mitchell
Maia Mitchell
Maia Mitchell
Cierra Ramirez
Cierra Ramirez
Cierra Ramirez
Normani Hamilton
Normani Hamilton
Normani Hamilton
Su Yi Htet (Akhayar)
[Unicode]
2018 Teen Choice Awards ပွဲရဲ့ အကောင်းဆုံး ဝတ်စားဆင်ယင်မှုများ
2018 Teen Choice Awards ပွဲကိုတော့ ၁၂ ရက်နေ့မှာ ကျင်းပလို့ပြီးခဲ့ပါပြီ။ ဒီပွဲဟာ Teen Choice Awards ပွဲဖြစ်တဲ့အတွက် လူငယ်ငွေကြယ်ပွင့် အများစုတက်ရောက်လာကြတာ တွေ့ရမှာဖြစ်သလို သူတို့ရဲ့ မတူညီစွာ ဆွဲဆောင်နိုင်တဲ့ဖက်ရှင်အသီးသီးကို ခံစားရမှာဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း ဖက်ရှင်တွေ၊ပြင်ဆင်မှုတွေ သိပ်များများစားစားမပါဘဲ လူငယ်ဆန်တဲ့ ဖက်ရှင်အထာလေးတွေကိုပဲ မြင်ရတဲ့ ပွဲတစ်ပွဲလို့ ဆိုလည်း မမှားပါဘူး။ ကော်ဇောနီထက်မှာ သူတို့လေးတွေ ဘယ်လိုမိုက်နေသလဲဆိုတာတော့ အောက်ကပုံတွေမှာပဲ ဆက်အကဲဖြတ်လိုက်တော့နော်။
Cole Sprouse
Riverdale ရဲ့ မင်းသားချော Cole Sprouse ကတော့ လူငယ်ဆန်ဆန် Jean Shirt နဲ့ Skinny Jean ကို တွဲဖက်ဝတ်ဆင်ထားပြီးတော့ အပေါ်ကနေ အဖြူရောင် ကုတ်ကို ထပ်ဝတ်ထားတာ တွေ့ရမှာပါ။ လူငယ်ဆန်ပြီး တကယ်ကို မိုက်တဲ့ကောင်လေးတစ်ယောက်ရဲ့ဖက်ရှင်ကို အထင်းသားမြင်နေရပါတယ်။
Cole Sprouse
Cole Sprouse
Katherine Langford
အနက်ရောင်ဝတ်စုံတွေက ကော်ဇောနီတွေပေါ်မှာ ထင်ရှားစေတယ်ဆိုတာ 13 Reasons Why ဇာတ်ကားထဲက Hannah Baker အဖြစ် လူသိများခဲ့တဲ့ Katherine Langford ရဲ့ ဖက်ရှင်က သက်သေပါပဲ။
Katherine Langford
Katherine Langford
Nina Dobrev
The Vampire Diaries Series ထဲက မင်းသမီး Nina Dobrev ကတော့ အဝါရောင် လယ်သာဝတ်စုံကို ဝတ်ဆင်လာခဲ့တာပါ။ ဝတ်စုံကတော့ တကယ်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ။
Nina Dobrev
Nina Dobrev
Lucy Hale
Pretty little liars ကစလို့ True or Dare ဇာတ်ကားနဲ့ပါ လူသိများတဲ့ အဆိုတော် မင်းသမီးလေး Lucy Hale ကတော့ မရိုးမဆန်းဖြစ်အောင် ရောင်စုံအဆင်ပါတဲ့ ဝတ်စုံကို ဝတ်ဆင်လာခဲ့ပါတယ်။
Lucy Hale
Lucy Hale
Cami Mendes
Riverdale Series ရဲ့ မိန်းမချောလေး Veronica Lodge အဖြစ် လူသိများတဲ့ Cami Mendes ကတော့ ပန်းဖျော့ရောင် ဂါဝန်လေးကို ဝတ်ဆင်လာခဲ့ပါတယ်။ သူမစီးထားတဲ့ ဖိနပ်ကလည်း ပန်းရောင်ပါပဲ။
Cami Mendes
Cami Mendes
Anna Kendrick
နာမည်ရပြီးသားဖြစ်တဲ့ Anna Kendrick ကတော့ ငွေရောင် Metallic စီးကွင့်တွေနဲ့ အလှဆင်ထားတဲ့ ပန်းရောင်တစ်ကိုင်းကြိုး ဂါဝန်လေးကို ဝတ်ဆင်လာတာ တွေ့ရမှာဖြစ်ပါတယ်။
Anna Kendrick
Anna Kendrick
Madelaine Petsch
Riverdale မှာ Cheryl Blossom အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Madelaine Petsch ကတော့ ပွင့်ရိုက်ဝမ်းဆက်လေးကို ဝတ်ဆင်လာတာပါ။ ဝမ်းဆက်ဆိုပေမယ့် ပွင့်ရိုက်တွေချည်းပဲတော့ မဟုတ်ပါဘူး။ အင်္ကျ ီမှာ ဇာအနက်ရောင်တွေနဲ့စပ်ပြီး Crop Top လို ခါးအတို ချုပ်ထားတာဖြစ်ပါတယ်။ သူမရဲ့ အသားအရည်နဲ့ လိုက်ဖက်နေတာတော့ အမှန်ပါပဲ။
Madelaine Petsch
Madelaine Petsch
Joey King
The Kissing Booth ဇာတ်ကားက မင်းသမီးလေး Joey King ကအနက်ရောင်ဝတ်စုံလေးနဲ့ တကယ်ကို ချစ်စရာကောင်းနေပါတယ်နော်။
Joey King
Joey King
Lili Reinhart
Lili Reinhart ကလည်း Riverdale ရဲ့ ငွေကြယ်ပွင့်တစ်ယောက်ပါပဲ။ သူမကတော့ ဘော်ကြယ်တွေပါတဲ့ ပန်းရောင်ရင်ပြတ် ဂါဝန်ကို ဝတ်ဆင်လာခဲ့ပါတယ်။
Lili Reinhart
Lili Reinhart
Chloe Grace Moretz
အလားအလာရှိတဲ့ ငွေကြယ်ပွင့်လေး Chloe Grace Moretz ကတော့ ဂါဝန်မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဝတ်စုံပေါ်မှာမှ ကုတ်အင်္ကျ ီကို ထပ်ပြီး စတိုင်လ်ထုတ်လာခဲ့ပါတယ်။ သေချာကြည့်ရင် Chloe ရဲ့ဘောင်းဘီမှာ စီးကွင့်ဘော်ကြယ်တွေနဲ့ အလှဆင်ထားတာကို တွေ့ရမှာပါ။
Chloe Grace Moretz
Chloe Grace Moretz
Bebe Rexha
အဆိုတော်မလေး Bebe Rexha ကတော့ ပန်းရောင် ဝမ်းဆက်နဲ့ အစွမ်းကုန် တောက်ပနေလေရဲ့။
Bebe Rexha
Bebe Rexha
Noah Cyrus
တကယ်ကို လူငယ်ဆန်ဆန်လေးပါပဲ။ အပေါ်က ကြိုးတစ်ချောင်း Tank Top လေးရယ်၊ ခပ်ပွပွ Jean လေးရယ်ကို တွဲဖက်ထားတဲ့ Noah Cyrus ရဲ့ စတိုင်လ်အတိုင်း ကောင်မလေးတွေ လိုက်ဝတ်ကြည့်လို့ရပါတယ်။
Noah Cyrus
Noah Cyrus
Katherine McNamara
Shadowhunters ,Maze Runner စတဲ့ ဇာတ်ကားတွေနဲ့ အရှိန်ရလာတဲ့ Katherine McNamara က လည်ရှည် Boot၊ အနက်ရောင် Crop Top ၊အလက်လက်တွေပါတဲ့ Striped Pant နဲ့အတူ အပေါ်က ကုတ်အရှည်ကိုပါ ထပ်ဝတ်ဆင်ထားတာ တွေ့ရမှာပါ။
Katherine McNamara
Katherine McNamara
Olivia Holt
Disney မင်းသမီးလေးဖြစ်တဲ့ Olivia Holt က ကျောက်စိမ်းရင့်ရောင် Puff Sleeves Dress အတိုလေးကို ဝတ်ဆင်လာခဲ့ပါတယ်။
Olivia Holt
Olivia Holt
Meghan Trainor
အဆိုတော်မလေး Meghan Trainor ကတော့ Pajama Fashion ကို Upgrade လုပ်လာတဲ့ပုံပါပဲ။ Trainor တစ်ယောက် Pajama လိုဝမ်းဆက်ဝတ်စုံမျိုးကိုမှ တစ်စုံလုံး စီးကွင့်ဘော်ကြယ်တွေ အပြည့်နဲ့ နက်ပြာရောင် ဝမ်းဆက်ကို ဝတ်ဆင်လာခဲ့ပါတယ်။
Meghan Trainor
Meghan Trainor
Maia Mitchell
ချစ်စရာကောင်းတဲ့ မင်းသမီးလေး Maia Mitchell က သူမလိုပဲ ချစ်စရာကောင်းတဲ့ ဂါဝန်အကားလေးကို ဝတ်ဆင်ထားတာပါ။အထပ်ထပ်လေးတွေနဲ့ အနက်ရောင် ဂါဝန်လေးက ရိုးရှင်းပေမယ့် လည်ပင်းနားမှာ ဇာအဖြူလေးတွေနဲ့ အလှဆင်ထားတာက ဝတ်စုံကိုပေါ်လွင်စေသွားတာ ဖြစ်ပါတယ်။
Maia Mitchell
Maia Mitchell
Cierra Ramirez
သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်တဲ့ Cierra Ramirez ကတော့ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုပေါ်လွင်စေမယ့် Crop Top နဲ့ Skirt အတိုလေးကို ဝတ်ဆင်ထားခဲ့ပါတယ်။ ပန်းပွင့်ပွင့်ရိုက်ဆင်လေးနဲ့ဆိုတော့ ပိုပြီးတော့ လူငယ်ဆန်နေတာ အမှန်ပါ။
Cierra Ramirez
Cierra Ramirez
Normani Hamilton
Fifth Harmony အဖွဲ့ဝင်တစ်ဦးအဖြစ် လူသိများတဲ့ Normani Hamilton ကတော့ ခပ်မိုက်မိုက်ဖက်ရှင်နဲ့ပါ။ရင်ပြတ် Crop Top ရယ်၊ Tommy Hilfiger က Skirt အရှည်ကြီးရယ် တကယ်ကို အလန်းဇယားပါပဲ။
Normani Hamilton
Normani Hamilton
Su Yi Htet (Akhayar)