[ZawGyi]

အဆီကျသွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ ရန်ကုန်မြို့ရဲ့ Detox Plan စာရင်းစုံစုံလင်လင်


(၁) Jungle Detox



(၂) RAW Detox



(၃) IVY Diet and Detox



(၄) Body Detox


Photo- Body Detox

ဒီလောက်ဆို နှစ်သစ်အတွက် စီစဉ်ထားတဲ့ Life Goals တွေထဲက တစ်ခုဖြစ်တဲ့ ကျန်းမာလှပပြီး အဆိပ်အတောက်ကင်းစင်တဲ့ ခန္ဓာကိုယ်လေးကို ဒီ Detox Juice လေးတွေသောက်ရင်း နှစ်သစ်မှာ ပိုမို တက်တက်ကြွကြွနဲ့ ဖြတ်သန်းနိုင်ပါပြီနော်။


[Unicode]

အဆီကျသွယ်လျတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ဖို့ ရန်ကုန်မြို့ရဲ့ Detox Plan စာရင်းစုံစုံလင်လင်

မြန်မာသက္ကရာဇ် အသစ်အသစ်နဲ့ နှစ်သစ်ထဲကို ကူးပြောင်းလာပြီနော်။ နှစ်သစ်ကူးပြောင်းတာနဲ့ ကိုယ် အစီအစဉ်ချ ကြိုးစားခဲ့တဲ့ Plan တွေထဲမှာ ကျန်းကျန်းမာမာနဲ့ ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေးဖြစ်ဖို့ရော ရည်မှန်းထားခဲ့ပြီးပြီလား? ရုံးနဲ့အိမ် ကူးလူးဖြတ်သန်းရင်း တစ်နေ့တစ်နေ့ကုန်ဆုံးသွားခဲ့တဲ့ ဘဝကြီးမှာ ကိုယ်ခန္ဓာတွင်း ပဠိဇီဝဓါတ်တွေ ကျန်းမာပြီး သွယ်လျလှပတဲ့အလှပိုင်ရှင်လေးဖြစ်ဖို့ဆို ကိုယ်အား၊ ဉာဏအားစိုက်ထုတ်စရာမလိုဘဲ ဖုန်းလေးတစ်ချက်ဆက်ရုံနဲ့ အိမ်တိုင်ရာရောက် လာပို့ပေးနေတဲ့ ၃ရက်စာ၊ တစ်ပတ်စာ Detox Plan လေးတွေ ရှိနေပြီနော်။ ဒါဆိုရင်တော့ ဒီ နှစ်သစ်မှာ ကျန်းကျန်းမာမာနဲ့ အပြတ်လန်းမယ့် အခရာပရိသတ်တွေအတွက် ရန်ကုန်မြို့ထဲက အကောင်းဆုံး Detox Plan လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Jungle Detox

ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံး Detox တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Detox Plan အမျိုးမျိုးရှိတဲ့အထဲကမှ 3 Days Juice Cleanse Program တို့၊ Dinner Detox Plan တို့ကတော့ နာမည်ကြီးပါတယ်။ သဘာဝ Organic အစေ့၊ အဆံ၊ အသီး၊ အနှံတွေနဲ့လုပ်ထားပြီး ကိုယ်တိုင်ထုတ် Juice 17 မျိုးထိရှိတဲ့အပြင် Feedback ကောင်းတွေရထားပါတယ်။ ဈေးနှုန်းအနေနဲ့ တစ်ရက်စာ ၉၀၀၀ မှ တစ်လစာ တစ်သိန်းကျော်ဝန်းကျင်ထိ Plan ပေါ်မူတည်ပြီး အသီးသီးရှိပါတယ်။ Jungle Detox Juice Plan ကို မှာယူချင်ရင်တော့ အမှတ် (၅၆) မြေညီထပ်၊ ၁၁ လမ်းအလယ်ဘလောက်၊ လသာမြို့နယ်မှာ တည်ရှိပြီး ဖုန်းနံပါတ် 09793033309 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။ Facebook Page မှာလည်း ဝင်ကြည့်နိုင်ပါတယ်။

photo-Jungle Detox Facebook Page

(၂) RAW Detox

အဆီကျလှလှပပနဲ့ ကျန်းမာတဲ့ Lifestyle ကိုပိုင်ဆိုင်ချင်တဲ့သူတွေအတွက်ဆိုပြီး ချစ်စရာ ဘူးလေးတွေနဲ့ ဈေးကွက်ထဲမှာနေရာယူခဲ့တဲ့ နောက် Detox တစ်မျိုးပါ။ သူကတော့ အမျိုးအစားအနေနဲ့ ၁၅ မျိုးထုတ်လုပ်ထားပြီး 3 Days Intense Plan၊ 1 Day Easy Detox၊ Usual Plan နဲ့ Confidence Plan ဆိုပြီး အမျိုးအစားခွဲထားပါတယ်။ ဈေးနှုန်းအနေနဲ့ Plan အလိုက် ၂သောင်းကျော်မှ ၈ သောင်းကျော်ဝန်းကျင်ရှိပြီး ရန်ကုန်ရော မန္တလေးမှာပါ ဈေးကွက်ကျယ်ပြန့်နေပါပြီ။ မှာယူချင်တယ်ဆိုရင်တော့ အမှတ် ဖုန်း (၄၂,D) ပန်တျာလမ်း၊ အနောက်မြင်းပြိုင်ကွင်းလမ်းမ၊ တာမွေမြို့နယ်မှာ ဖြစ်ပြီး ဖုန်း 09785061066 ကိုဆက်သွယ်မှာယုနိုင်ပါတယ်။ Facebook Page မှာလည်း ဝင်ကြည့်နိုင်ပါတယ်။

Photo- RAW Facebook Page

(၃) IVY Diet and Detox

ဒီ IVY Diet and Detox ကလည်း Feedback ကောင်းလေးတွေ၊ Review လေးတွေနဲ့ နာမည်အခိုင်အမာတစ်ခုကိုရယူထားပါတယ်။ သဘာဝအသီးအနှံတွေကိုဘဲ သောက်လို့လည်းကောင်းတဲ့အပြင် Healthy Living အတွက်ပါ ရှေးရှုထုတ်ထားတာမို့ ခန္ဓာကိုယ်အူတွင်းအဆိပ်တောက်ကင်း ကျန်းမာချင်သူတွေအတွက် ကွက်တိပါပဲ။ One Day Program၊ 3 Days Program နဲ့ Exclusive Detox Program ဆိုပြီး ၃ မျိုးရှိပြီး Program တစ်ခုကို ဈေးနှုန်း ၂၅၀၀၀ မှ စပါတယ်။ လိပ်စာကတော့ အမှတ် (၂၁၄)၊ အင်းစိန်လမ်းမပေါ်၊ ရန်ကုန်ဖြစ်ပြီး ဖုန်း 09793850520 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။ Facebook Page မှာလည်း ဝင်ကြည့်နိုင်ပါတယ်။

Photo- IVY Diet & Detox Facebook Page

(၄) Body Detox

သူကလည်း နာမည်ဆန်းဆန်းလေးနဲ့ Detox ဈေးကွက်မှာ နေရာရထားသူပါ။ ကျန်းမာရေးကို အလေးပေးတဲ့ ဆရာဝန်ကိုယ်တိုင် စနစ်တကျ လုပ်ရောင်းတာမို့ သူ့ပရိသတ်နဲ့သူ အားပေးကြတဲ့တံဆိပ်တစ်ခုပါ။ Detox Plan အနေနဲ့ဆို တစ်ရက်စာရယ် ၃ ရက်စာရယ် ရှိပြီး အရသာအနေနဲ့ ၆ မျိုးလာပါတယ်။ မှာယူချင်တယ်ဆိုရင်တော့ ဖုန်း 095121159 ကို ဆက်ပြီး မှာလို့ရပါတယ်။

Photo- Body Detox

ဒီလောက်ဆို နှစ်သစ်အတွက် စီစဉ်ထားတဲ့ Life Goals တွေထဲက တစ်ခုဖြစ်တဲ့ ကျန်းမာလှပပြီး အဆိပ်တောက်ကင်းစင်တဲ့ ခန္ဓာကိုယ်လေးကို ဒီ Detox Juice လေးတွေသောက်ရင်း နှစ်သစ်မှာ ပိုမို တက်တက်ကြွကြွနဲ့ ဖြတ်သန်းနိုင်ပါပြီနော်။

EiEiKhineMinn ( Akhayar )