[Zawgyi]
Stock ROM ဆိုတာဘာလဲ
Custom ROM ဆိုတာဘာလဲ
(၁) LineageOS
(၂) Resurrection Remix
(၃) XOSP
(၄)FlymeOS
(5) MIUI ROM
Ref;Beebom
Phone Hay Ko (Akhayar)
www.akhayar.com
[Unicode]
Android စမတ်ဖုန်းများအတွက် အကောင်းဆုံး Custom ROM များ
အကောင်းဆုံး Custom ROM တွေကိုမပြောခင် Custom အကြောင်းကိုနည်းနည်းလေးရှင်းပြချင်ပါတယ်။
ဒီနေရာမှာတော့ ROM = Firmware လို့ပဲသုံးမှသင့်တော်မှာဖြစ်ပါတယ်။
Android စမတ်ဖုန်းတွေအတွက် ပုံမှန်အားဖြင့် Stock ROM နဲ့ Custom ROM ဆိုပြီး ၂မျိုးပဲရှိပါတယ်။ Xiaomi ရဲ့ Global ROM, Beta ROM ဘာညာတွေကရော… ဒါတွေက MIUI 9 ဆိုတဲ့ Stock ROM အောက်မှာရှိနေတာတွေဖြစ်ပါတယ်)
Stock ROM ဆိုတာဘာလဲ
Stock ROM ဆိုတာကတော့ စမတ်ဖုန်းတစ်လုံးကိုပါကင်ဖောက်လိုက်တာနဲ့ မြင်ရမယ့် မိခင်ကုမ္ပဏီကထည့်ပေးလိုက်တဲ့ တရားဝင် ROM တစ်ခုပါ။ ဥပမာ Huawei ဆိုရင် EMUI, Meizu ဆိုရင် Flyme OS, Xiaomi ဆိုရင် MIUI, OPPO ဆို Color OS, Vivo ဆို FunTouch os… အစရှိသဖြင့်ပေါ့။ ဒါတွေအကုန်လုံးက မူလ ROM ( Stock ROM) တွေပါ။
Custom ROM ဆိုတာဘာလဲ
Custom ROM ဆိုတာကတော့ မူလ Stock ROM ကိုပြုပြင်ပြောင်းလဲပြီး လိုအပ်သလို စိတ်ကြိုက်မွန်းမံထားတဲ့ Customize ROM တစ်ခုပါ။ ကိုယ်ကြိုက်တဲ့ Feature တွေထည့်လို့ရမယ်၊ မလိုချင်တဲ့ App တွေ Feature တွေကိုဖြုတ်ပစ်လို့ရမယ် ဖုန်းတစ်ခုလုံးရဲ့အသွင်အပြင်ကိုလုံးဝပြောင်းလဲပစ်လိုက်နိုင်ပါတယ်။
Custom ROM ကိုဘယ်သူတွေဖန်တီးလဲ
Firmware တွေ၊ Android OS အလုပ်လုပ်ပုံနဲ့ Program သဘောတရားအနည်းငယ်နားလည်ရုံနဲ့တင် Custom ROM တစ်ခုဖန်တီးလို့ရပါတယ်။ ဒါပေမယ့် ကောင်းမွန်ပြည့်စုံတဲ့အဆင့်ထိတော့ရောက်လာဖို့ခဲယဉ်းပါလိမ့်မယ်။ များသောအားဖြင့် Custom ROM တွေကို Android Developer တွေ Programmer တွေက ပြန်လည် ဖန်တီးပေးကြပါတယ်။ Error ကင်းပြီး သုံးလို့ကောင်းတဲ့ Custom ROM တွေကတော့ လက်ချိုးရေလို့ရပါတယ်။ နာမည်ကြီးတာကတော့ CyanogenMod ဖြစ်ပါတယ်။ သူတို့ကလည်း Android စမတ်ဖုန်းတွေအတွက် Custom ROM ပေါင်းများစွာကိုထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ 2016 မှာ Project ကိုရပ်နားခဲ့ရပါတယ်။ ဒါကြောင့် Android နည်းပညာပိုင်းဆိုင်ရာ Forum ဖြစ်တဲ့ XDA ရဲ့ Developer တွေဟာ အမြဲတမ်းဆိုသလို ကောင်းမွန်ပြည့်စုံတဲ့ Custom ROM တွေကိုထုတ်ပေးလေ့ရှိပါတယ်။ အခုဖော်ပြမယ့် အကောင်းဆုံး Custom ROM တွေမှာတော့ XDA ရဲ့ Developer တွေအများဆုံးပါဝင်အလုပ်လုပ်ပေးနေတာပါ။
(၁) LineageOS
LineageOS ဟာ အထက်မှာပြောခဲ့တဲ့ CyanogenMod ရဲ့ Developer တွေက ပြန်အသက်သွင်းထားတဲ့ Custom ROM Development အဖွဲ့အစည်းတစ်ခုပါ။ Google ရဲ့ Android Open Source Project (AOSP) Code တွေကိုအခြခံပြီး ကိုယ်ပိုင် Feature တွေနဲ့ပေါင်းစပ်ကာ Pure Android နီးပါးခံစားရမယ့် OS တစ်ခုအဖြစ်ဖန်တီးထားပါတယ်။ Support ပြုလုပ်တဲ့ Device ပေါင်း 190 ကျော်ရှိပြီး လက်ရှိအချိန်ထိ Stable အဖြစ်ဆုံးနဲ့ Up to Date အပေးနိုင်ဆုံး OS တစ်ခုအဖြစ်လူသိများပါတယ်။ ကိုယ့်ရဲ့ဖုန်းအတွက် LineageOS ရှိမရှိကိုတော့ ၎င်းတို့ရဲ့ Website မှာရှာလို့ရပါတယ်။ ဒါမှမဟုတ် LineageOS for xxx ဆိုပြီးGoogle မှာရှာကြည့်နိုင်ပါတယ်။ xxx=ဖုန်းမော်ဒယ်
ဥပမာ Mi 5 အတွက် LineageOS ကိုရှာချင်ရင် LineageOS for Mi5 ဆိုပြီးရှာတာမျိုးပါ)
Download LineageOS https://download.lineageos.org/
(၂) Resurrection Remix
ကိုယ့်ရဲ့ဖုန်းကို ပုံမှန်မြင်နေကျရိုးရိုးကြီးနဲ့မတူပဲ သိပ္ပံကားတွေထဲကလို အထူးပြုလုပ်ထားတဲ့စမတ်ဖုန်းတစ်လုံးလိုလို၊ သူငယ်ချင်းတွေရှေ့မှာ ကိုယ့်ရဲ့ဖုန်းဟာ Limited Edition တစ်ခုအနေနဲ့ထုတ်ထားတဲ့ဖုန်း လိုလို ထင်သွားစေချင်ရင်တော့ Resurrection Remix OS ကိုစမ်းကြည့်နိုင်ပါတယ်။ အခြား Custom ROM တွေနဲ့ လုံးဝမတူတဲ့ Tweak တွေ Feature အလန်းတကာ့ အလန်းစားတွေပါဝင်ပါတယ်။ အကြိုက်ဆုံးကတော့ Status Bar တွေကိုစိတ်ကြိုက်ပြင်ဆင်နိုင်တာပါပဲ။ Samsung, HTC, LG, Moto, Lenovo, Huawei, OnePlus, Xiaomi နဲ့ အခြားသော စမတ်ဖုန်း Brand တော်တော်များများအတွက်ရယူနိုင်ပါတယ်။
Download Resurrection Remix https://sourceforge.net/projects/resurrectionremix/files/?source=navbar
Resurrection Remix ရဲ့ ROM တွေကိုတော့ ဒီနေရာကနေ ဝင်ရောက် Download ပြုလုပ်နိုင်ပါတယ်။
(၃) XOSP
အကယ်၍များသင်ဟာ Sony Crazy တစ်ယောက်ဖြစ်ခဲ့ဖူးသလို Sony Workman Player ကိုလည်းအသည်းစွဲဖြစ်ခဲ့ဖူးတယ်ဆိုရင်တော့ XOSP ROM ကသင့်အတွက်ပါ။ Xperia Open Source Project လို့ခေါ်တွင်ပြီး Sony Xperia စမတ်ဖုန်းတွေရဲ့ UI နဲ့ Feature တွေအတိုင်းအသုံးပြုရမှာဖြစ်ပါတယ်။ ဒီ ROM ကိုတော့ Multimedia ပိုင်းကိုနှစ်သက်တဲ့သူတွေအဓိက ထားသုံးသင့်တယ်လို့ အကြံပြုပါတယ်။ ရိုးရှင်းတဲ့ Pure Android ကိုအခြေခံထားတာဖြစ်ပြီး Icon လှလှလေးတွေအပြင် Tap Sound ဖြစ်တဲ့ တောက်တောက် တောက်တောက် ဆိုတဲ့အသံလေးတွေက Sony မှာကလွဲပြီးဘယ်မှာမှ မရနိုင်ပါဘူး။
Download Sony ROM https://downloads.xosp.org/
(၄)FlymeOS
FlymeOS ကတော့ Meizu စမတ်ဖုန်းတွေရဲ့ Stock ROM တစ်ခုပါ။ ဒါပေမယ့် အသုံးဝင်တဲ့ Built-in Feature တွေ လှပတဲ့ UI နဲ့ Visual Effect တွေကြောင့်လူကြိုက်များပြီး Custom ROM အဖြစ်ပါတင်သုံးလာကြတာပါ။ ဒါ့အပြင် Flyme ရဲ့Find Device စနစ်ကလည်း အခြား ဘယ်ဖုန်းနဲ့မှမတူပဲအတော်ကိုပြည့်စုံကောင်းမွန်တာကြောင့်နာမည်ကြီးပါတယ်။ ပျောက်သွားတဲ့ဖုန်းရဲ့ တည်နေရာကိုသာမက ဖုန်းကိုခိုးယူသွားသူရဲ့ ပုံရိပ်ကိုပါ ရိုက်ကူးပေးပို့နိုင်တဲ့အထိ လုပ်ဆောင်နိုင်ပါတယ်။
ဒါ့အပြင်သူ့ရဲ့ ထူးခြားချက်တစ်ခုကတော့ Password တွေကို အပေါ်မှအောက် တိုက်ရိုက်ဆွဲချနိုင်တာကလည်း တခြားဘယ်မှမရနိုင်တဲ့ Feature လန်းလန်းလေးတစ်ခုဖြစ်ပါတယ်။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါ Link မှတဆင့်ဝင်ရောက် Download ရယူနိုင်ပါတယ်။
Download Flyme OS http://www.flymeos.com/firmware.html
(5) MIUI ROM
MIUI ကတော့ အားလုံးနီးပါးရင်းနှီးနေလောက်တဲ့ ROM တစ်ခုဖြစ်မှာပါ။ Xiaomi စမတ်ဖုန်းတွေအတွက် Stock ROM တစ်ခုဖြစ်ပေမယ့် Xiaomi မဟုတ်တဲ့ ဖုန်းတွေအတွက်လည်း Powerful အဖြစ်ဆုံးနဲ့ Stable အဖြစ်ဆုံး Custom ROM တစ်ခုအဖြစ် လူကြိုက်များရေပန်းစားပါတယ်။ Xiaomi ကိုယ်တိုင်က ၎င်းတို့ရဲ့ စမတ်ဖုန်းတွေအတွက် သီးသန့်မဟုတ် ပဲ အခြား ဖုန်းမော်ဒယ်ပေါင်း ၅၀၀ ကျော်အတွက် သီးသန့်စနစ်တကျ ထုတ်ဝေပေးထားတာဖြစ်ပါတယ်။ Bug error ဆိုတာ ဘာမှန်းတောင်မသိပဲ Feature စုံစုံလင်လင်နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် MIUI Version တွေ
ဟာ တစ်နှစ်နဲ့တစ်နှစ် ပုံမှန် Update ပြုလုပ်ပေးနေတာကြောင့် ပြောင်းလဲလာတဲ့ Update Version တွေအလိုက်လည်း အခြားစမတ်ဖုန်းတွေအတွက် Update လုပ်ပေးပါသေးတယ်။ အခုဆိုရင် MIUI 9 အထိရောက်ရှိလာပြီဖြစ်ပြီး MIUI Custom ROM သုံးမယ့် ဖုန်းအတော်များများကလည်း MIUI 8 ဒါမှမဟုတ် MIUI 9 အထိ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
Download MIUI ROM http://en.miui.com/download.html
အခုဖော်ပြခဲ့တာကတော့ Custom ROM တွေထဲမှာ အကောင်းဆုံးလို့အတော်များများလက်ခံထားကြတဲ့ ROMs တွေအကြောင်းပဲဖြစ်ပါတယ်။ Akhayar Tech ရဲ့ Fans တွေရော ဘယ်လို Custom ROMs တွေသုံးခဲ့ဖူးကြလဲပြောခဲ့ကြပါဦး။
Ref;Beebom
Phone Hay Ko (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။