[Zawgyi]

မိုးေအးေအးမွာ ထိုင္လို႔ေကာင္းတဲ့ အလွဆံုး ေကာ္ဖီဆိုင္ေလးမ်ား

အံု႔မိႈင္းမိႈင္းေကာင္းကင္ေအာက္က ၿပိဳလုလုတိမ္တိုက္ေတြ၊ မိုးဖြဲေတြ၊ မိုးစက္ေတြၾကား ဝႆာန္ရာသီေရာက္လာၿပီဆို ကိုယ့္စိတ္ခံစားခ်က္နဲ႔ အလိုက္ဖက္ဆံုးကေတာ့ ေကာ္ဖီပူပူေလးတစ္ခြက္နဲ႔ မိုးရာသီသီခ်င္း ခပ္ေဆြးေဆြးေလးေတြပဲမလား?

တစ္ေယာက္တည္း Headphone ေလး on ၊ သီခ်င္းသံ ခပ္တိုးတိုးဖြင့္ရင္း မိုးစက္ေတြတဖြဲဖြဲေအာက္ ေကာ္ဖီဆိုင္လွလွေလးမွာထိုင္ရင္းဖီးလ္ရတာကိုက မိုးရဲ႕အရသာပါ။ ဒီလိုအရသာကို ၿပီးျပည့္စံုသြားဖို႔ မိုးစက္သံစဥ္ေတြနားဆင္ရင္း ထိုင္လို႔ေကာင္းမယ့္ ေကာ္ဖီဆိုင္လွလွေလးေတြကို အခရာက ၫႊန္ေပးခ်င္တယ္ဆို စိတ္ဆိုးမွာလား?

ဒါဆို မိုးနဲ႔အလိုက္ဖက္ဆံုး ေကာ္ဖီဆိုင္ေလးေတြကို ဒီ Post ေလးကေန မွတ္လိုက္ၾကရေအာင္။

(၁) Cafe Dibar

စမ္းေခ်ာင္း ပန္းျခံလမ္းနဲ႔ ဓမၼာရံုလမ္းမွာ ရွိတဲ့ Cafe Di Bar ဆိုင္ေလး ၂ ဆိုင္ကို မေရာက္ဖူးေသးရင္ေတာ့ မိုးရာသီကိုျဖတ္သန္းရက်ိဳးမနပ္ဖူးေနာ္။ မိုးရာသီနဲ႔ Vintage အေငြ႕အသက္ေတြ ဘယ္ေလာက္ေတာင္ လိုက္ဖက္လိုက္သလဲဆိုတာ ေတြးသာၾကည့္ေတာ့။ လိပ္စာေတြက အမွတ္ (၁၇) ပန္းျခံလမ္း၊ ရန္ကုန္နဲ႔ အမွတ္ (၇၆) ဓမၼာရံုလမ္း၊ ေျမနီကုန္းတို႔ျဖစ္ပါတယ္။

(၂) The Gallery Cafe

နံရံကပ္သစ္ကပ္ပန္းစိမ္းစိမ္းေလးေတြ၊ အႏုပညာေျမာက္ ပန္းခ်ီကားေတြနဲ႔ ဆိတ္ၿငိမ္ရပ္ကြက္ေလးထဲက The Gallery Cafe ကေရာ မိုးရာသီအတြက္ ဖီးလ္လို႔ေကာင္းလြန္းတယ္မထင္ဘူးလား။ လိပ္စာကေတာ့ အမွတ္ (၉၈) C ၊ အင္းယားလမ္း၊ ရန္ကုန္ပါ။

Photo from The Gallery Cafe Facebook Page

(၃) Gloria Jean’s Coffee

မိုးစက္ေတြၾကား ေကာ္ဖီေလးနဲ႔ ၿငိမ့္ဖို႔ဆို ေကာ္ဖီအရသာကလည္း အေကာင္းဆံုးမွျဖစ္မွာေပါ့။ ဒါဆိုရင္ေတာ့ Gloria Jean’s Coffee ေလးက မေသာက္မျဖစ္ပါပဲ။ လိပ္စာေတြကေတာ့-Junction Square၊ Junction City၊ Star City၊ Myanmar Plaza၊ Time Link Condo ၊Yangon Int’l Airport နဲ႔ 76 Mile Minu Rest Camp တို႔ျဖစ္ပါတယ္။

Photo Credit from Gloria Jean’s Facebook Page

(၄) Acacia Tea Saloon

ဆရာစံလမ္းေပၚက အလွဆံုးဖန္အိမ္ေလးနဲ႔ ဒီေကာ္ဖီဆိုင္ေလးကေတာ့ မိုးရာသီမွာ သူငယ္ခ်င္းေတြနဲ႔ Date Out လုပ္ဖို႔အေကာင္းဆံုးဆိုင္ေလးပါ။

(၅) Imperial Cafe and Book

စာအုပ္ေလးဖတ္ရင္း သာသာယာယာ Quality Time ေလးျဖတ္သန္းဖို႔ဆို ပင္လံုထိပ္ထားစံအိမ္၊ ဦးဝိစာရလမ္းနဲ႔ ခ်င္းတြင္းလမ္းေထာင့္မွာရွိတဲ့ Imperial Cafe ဆိုင္ေလးေတာ့ အေရာက္သြားလိုက္ပါဦးလို႔။

Photo Credit from Imperial Cafe and Book

(၆) The Plant House Cafe

မိုးနဲ႔ သစ္ပင္စိမ္းစိမ္းေလးေတြဆိုတာ ခြဲလို႔မွမရတာေနာ္။ ဒါဆိုရင္ေတာ့ ေႏြးေႏြးေထြးေထြး ဆိုင္ခန္းက်ဥ္းေလးထဲမွာ ျမန္မာ့လက္ရာမုန္႔ေလးေတြစားရင္း ေကာ္ဖီေလးရယ္၊ စာအုပ္ေလးေတြနဲ႔ ၿငိမ့္ဖို႔ဆို အမွတ္ (၃၃) ေညာင္တုန္းလမ္း၊ စမ္းေခ်ာင္းထဲက The Plant House Cafe ကိုသာ သြားလိုက္ေတာ့ေနာ္။

The Plant House Cafe

(၇) House Rule Cafe

မိုးသည္းတဲ့ ညေတြကေတာ့ အိမ္ထဲမွာေနရင္ေတာ့ ပ်င္းဖို႔ေကာင္းေနေတာ့မွာပါပဲ။ ဒါဆိုရင္ေတာ့ မိုးစက္ေတြၾကား အပ်င္းေျပ သူငယ္ခ်င္းေတြနဲ႔ ေကာ္ဖီေသာက္ရင္း ဂိမ္းကစားၾကမယ္ဆို ပုလဲကြန္ဒို Block C မွာရွိတဲ့ House Rule Cafe မွာ အဖြဲ႕လိုက္ေဆာ့ဖို႔ Game ေတြအမ်ားႀကီးက ေစာင့္ေနတယ္သိလား။

Photo Credit From House Rule Cafe Page

(၈) Freedom Cafe

မိုးစက္ေတြၾကား ေႏြးေႏြးေထြးေထြး အၾကင္နာမွ်ေဝေပးမယ့္သူနဲ႔ ေဝးေနၿပီလား။ ဒါဆိုလည္း ေၾကာင္ေလးေတြကို ေပြ႕ဖက္ခ်ီရင္း မိုးေန႔ေလးကို ခ်စ္စရာၾကည္ႏူးစရာျဖတ္သန္းၾကမယ္ေလ။ ဒါဆိုရင္ေတာ့ အမွတ္ (၈၁) ပန္းလိႈင္လမ္းက Freedom Cafe ကိုလဲ မေမ့နဲ႔ဦးေနာ္။

Photo Credit from Freedom Cafe Page

(၉) The District Coffee Lounge

The District Coffee Lounge ကေတာ့ ထိုင္လို႔လည္းေကာင္းတဲ့အျပင္ ကိတ္ေတြေရာ၊ ေကာ္ဖီေကာင္းႀကိဳက္သူေတြအတြက္ေတာ့ ကြက္တိပါပဲ။ အမွတ္ (၂၈) C ၊ ကုကၠိဳင္းေရကူးကန္လမ္း၊ ဗဟန္းၿမိဳ႕နယ္မွာရွိပါတယ္။

Photo Credit from The District Coffee Lounge Page

(၁၀) Cafe Salween

အဝါေရာင္မွိန္ပ်ပ်မီးလံုးေလးေတြ၊ စာအုပ္ေလးေတြနဲ႔ မိုးေရစက္ေလးေတြၾကည့္ရင္း ေအးေဆးအလုပ္လုပ္ႏိုင္မယ့္ ေကာ္ဖီဆိုင္ေကာင္းေလးပါ။ အမွတ္ G -၁၅ Urban Asia Centre၊ ၄၇ လမ္းနဲ႔ ၄၈ လမ္းၾကားမွာပါ။

Cafe Salween

(၁၁) Coffee Circle

ေကာ္ဖီႀကိဳက္တဲ့သူေတြေရာ၊ တျခားအစားအစာေတြပါ ေကာင္းေကာင္းရတဲ့အျပင္ ထိုင္လို႔လည္းေကာင္းတဲ့ ဒီဆိုင္ေလးကေတာ့ အခ်ိန္ကာလေတာ္ေတာ္ၾကာထိ နာမည္ရွိေနဆဲေနာ္။ လိပ္စာက ဓမၼေစတီလမ္းမေပၚမွာပဲေနာ္။

(၁၂) The Moment Tea Room

ပိတ္ရက္ ကန္ေတာ္ႀကီးထဲ လည္ရင္း ေအးေဆး ထိုင္မယ္။ ေကာ္ဖီေသာက္မယ္။ ကန္ေရျပင္အလွခံစားမယ္ဆိုတဲ့ စံုတြဲေတြ၊ ေကာင္မေလးေတြ အတြက္ေတာ့ ကန္ေတာ္ႀကီး Fun စားေသာက္ဆိုင္ေရွ႕က The Moment ဆိုင္ေလးကိုေတာ့ ေရာက္ျဖစ္ေအာင္သြားလိုက္ဦးေနာ္။

Photo Credit From The Moment Tea Room

(၁၃) Yangon Bus Cafe

ဘတ္စ္ကားႀကီးရဲ႕ ျပတင္းေပါက္နားေလးေတြမွာထိုင္ရင္း မိုးရိပ္ေျပးေနတဲ့ေကာင္းကင္ကိုေငးဖို႔ဆို ကန္ေတာ္ႀကီးထဲမွာပဲ Yangon Bus Cafe လည္း ရွိေသးတယ္ေနာ္။

Photo Credit From Yangon Bus Cafe Page

(၁၄) Paribawga Cafe

အိုေဟာင္းေနတဲ့ နံရံေတြၾကားမွာ ေကာ္ဖီေလးတစ္ခြက္နဲ႔ မိုးရက္ေတြကို တိတ္တိတ္ဆိတ္ဆိတ္ေလးျဖတ္သန္းဖို႔ဆို အမွတ္ (၁၀၄) ၊ ဘိုကေလးေစ်းလမ္းက ပရိေဘာဂ ေကာ္ဖီဆိုင္ေလးက ရန္ကုန္ၿမိဳ႕ရဲ႕ အတိတ္ဆိတ္ဆံုးပတ္ဝန္းက်င္ေလးတစ္ခုကို ဖန္တီးေပးမွာပါ။

Photo Credit from Paribawga Cafe

(၁၅) Craft Cafe

နဝေဒးလမ္းနဲ႔ ဗိုလ္ရာၫြန္႔လမ္းေထာင့္က Craft Cafe မွာေရာ မိုးရဲ႕အရသာကို ေကာ္ဖီပူပူေလးတစ္ခြက္နဲ႔ ထိုင္ရင္းေဆြးရင္း ခံစားဖူးၿပီးၿပီလား။

Photo Credit from Craft Cafe

(၁၆) Now and Then Cafe

မွန္ခ်ပ္ေလးေတြနဲ႔ေဆာက္ထားတဲ့ လမ္းဆံုလမ္းခြက ဘိုဆန္ဆန္ေကာ္ဖီဆိုင္ေလးမွာ အခ်ိဳပြဲေလးေတြ၊ ေကာ္ဖီပူေလးေတြနဲ႔ Wifi ေကာင္းေလးလည္း ရွိေနေတာ့ မိုးေန႔ေတြဟာ Perfect ေပါ့။

Photo Credit From Now And Then Cafe Page

ဒီဆိုင္ေလးေတြအျပင္ ထိုင္လို႔ေကာင္းတဲ့ ေကာ္ဖီဆိုင္ေလးေတြရွိရင္လည္း အခ်င္းခ်င္း အျပန္အလွန္မွ်ေဝသြားရေအာင္ေနာ္။

FoodieEi ( Akhayar )

[Unicode]

မိုးအေးအေးမှာ ထိုင်လို့ကောင်းတဲ့ အလှဆုံး ကော်ဖီဆိုင်လေးများ

အုံ့မှိုင်းမှိုင်းကောင်းကင်အောက်က ပြိုလုလုတိမ်တိုက်တွေ၊ မိုးဖွဲတွေ၊ မိုးစက်တွေကြား ဝဿာန်ရာသီရောက်လာပြီဆို ကိုယ့်စိတ်ခံစားချက်နဲ့ အလိုက်ဖက်ဆုံးကတော့ ကော်ဖီပူပူလေးတစ်ခွက်နဲ့ မိုးရာသီသီချင်း ခပ်ဆွေးဆွေးလေးတွေပဲမလား?

တစ်ယောက်တည်း Headphone လေး on ၊ သီချင်းသံ ခပ်တိုးတိုးဖွင့်ရင်း မိုးစက်တွေတဖွဲဖွဲအောက် ကော်ဖီဆိုင်လှလှလေးမှာထိုင်ရင်းဖီးလ်ရတာကိုက မိုးရဲ့အရသာပါ။ ဒီလိုအရသာကို ပြီးပြည့်စုံသွားဖို့ မိုးစက်သံစဉ်တွေနားဆင်ရင်း ထိုင်လို့ကောင်းမယ့် ကော်ဖီဆိုင်လှလှလေးတွေကို အခရာက ညွှန်ပေးချင်တယ်ဆို စိတ်ဆိုးမှာလား?

ဒါဆို မိုးနဲ့အလိုက်ဖက်ဆုံး ကော်ဖီဆိုင်လေးတွေကို ဒီ Post လေးကနေ မှတ်လိုက်ကြရအောင်။

(၁) Cafe Dibar

စမ်းချောင်း ပန်းခြံလမ်းနဲ့ ဓမ္မာရုံလမ်းမှာ ရှိတဲ့ Cafe Di Bar ဆိုင်လေး ၂ ဆိုင်ကို မရောက်ဖူးသေးရင်တော့ မိုးရာသီကိုဖြတ်သန်းရကျိုးမနပ်ဖူးနော်။ မိုးရာသီနဲ့ Vintage အငွေ့အသက်တွေ ဘယ်လောက်တောင် လိုက်ဖက်လိုက်သလဲဆိုတာ တွေးသာကြည့်တော့။ လိပ်စာတွေက အမှတ် (၁၇) ပန်းခြံလမ်း၊ ရန်ကုန်နဲ့ အမှတ် (၇၆) ဓမ္မာရုံလမ်း၊ မြေနီကုန်းတို့ဖြစ်ပါတယ်။

(၂) The Gallery Cafe

နံရံကပ်သစ်ကပ်ပန်းစိမ်းစိမ်းလေးတွေ၊ အနုပညာမြောက် ပန်းချီကားတွေနဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးထဲက The Gallery Cafe ကရော မိုးရာသီအတွက် ဖီးလ်လို့ကောင်းလွန်းတယ်မထင်ဘူးလား။ လိပ်စာကတော့ အမှတ် (၉၈) C ၊ အင်းယားလမ်း၊ ရန်ကုန်ပါ။

Photo from The Gallery Cafe Facebook Page

(၃) Gloria Jean’s Coffee

မိုးစက်တွေကြား ကော်ဖီလေးနဲ့ ငြိမ့်ဖို့ဆို ကော်ဖီအရသာကလည်း အကောင်းဆုံးမှဖြစ်မှာပေါ့။ ဒါဆိုရင်တော့ Gloria Jean’s Coffee လေးက မသောက်မဖြစ်ပါပဲ။ လိပ်စာတွေကတော့-Junction Square၊ Junction City၊ Star City၊ Myanmar Plaza၊ Time Link Condo ၊Yangon Int’l Airport နဲ့ 76 Mile Minu Rest Camp တို့ဖြစ်ပါတယ်။

Photo Credit from Gloria Jean’s Facebook Page

(၄) Acacia Tea Saloon

ဆရာစံလမ်းပေါ်က အလှဆုံးဖန်အိမ်လေးနဲ့ ဒီကော်ဖီဆိုင်လေးကတော့ မိုးရာသီမှာ သူငယ်ချင်းတွေနဲ့ Date Out လုပ်ဖို့အကောင်းဆုံးဆိုင်လေးပါ။

(၅) Imperial Cafe and Book

စာအုပ်လေးဖတ်ရင်း သာသာယာယာ Quality Time လေးဖြတ်သန်းဖို့ဆို ပင်လုံထိပ်ထားစံအိမ်၊ ဦးဝိစာရလမ်းနဲ့ ချင်းတွင်းလမ်းထောင့်မှာရှိတဲ့ Imperial Cafe ဆိုင်လေးတော့ အရောက်သွားလိုက်ပါဦးလို့။

Photo Credit from Imperial Cafe and Book

(၆) The Plant House Cafe

မိုးနဲ့ သစ်ပင်စိမ်းစိမ်းလေးတွေဆိုတာ ခွဲလို့မှမရတာနော်။ ဒါဆိုရင်တော့ နွေးနွေးထွေးထွေး ဆိုင်ခန်းကျဉ်းလေးထဲမှာ မြန်မာ့လက်ရာမုန့်လေးတွေစားရင်း ကော်ဖီလေးရယ်၊ စာအုပ်လေးတွေနဲ့ ငြိမ့်ဖို့ဆို အမှတ် (၃၃) ညောင်တုန်းလမ်း၊ စမ်းချောင်းထဲက The Plant House Cafe ကိုသာ သွားလိုက်တော့နော်။

The Plant House Cafe

(၇) House Rule Cafe

မိုးသည်းတဲ့ ညတွေကတော့ အိမ်ထဲမှာနေရင်တော့ ပျင်းဖို့ကောင်းနေတော့မှာပါပဲ။ ဒါဆိုရင်တော့ မိုးစက်တွေကြား အပျင်းပြေ သူငယ်ချင်းတွေနဲ့ ကော်ဖီသောက်ရင်း ဂိမ်းကစားကြမယ်ဆို ပုလဲကွန်ဒို Block C မှာရှိတဲ့ House Rule Cafe မှာ အဖွဲ့လိုက်ဆော့ဖို့ Game တွေအများကြီးက စောင့်နေတယ်သိလား။

Photo Credit From House Rule Cafe Page

(၈) Freedom Cafe

မိုးစက်တွေကြား နွေးနွေးထွေးထွေး အကြင်နာမျှဝေပေးမယ့်သူနဲ့ ဝေးနေပြီလား။ ဒါဆိုလည်း ကြောင်လေးတွေကို ပွေ့ဖက်ချီရင်း မိုးနေ့လေးကို ချစ်စရာကြည်နူးစရာဖြတ်သန်းကြမယ်လေ။ ဒါဆိုရင်တော့ အမှတ် (၈၁) ပန်းလှိုင်လမ်းက Freedom Cafe ကိုလဲ မမေ့နဲ့ဦးနော်။

Photo Credit from Freedom Cafe Page

(၉) The District Coffee Lounge

The District Coffee Lounge ကတော့ ထိုင်လို့လည်းကောင်းတဲ့အပြင် ကိတ်တွေရော၊ ကော်ဖီကောင်းကြိုက်သူတွေအတွက်တော့ ကွက်တိပါပဲ။ အမှတ် (၂၈) C ၊ ကုက္ကိုင်းရေကူးကန်လမ်း၊ ဗဟန်းမြို့နယ်မှာရှိပါတယ်။

Photo Credit from The District Coffee Lounge Page

(၁၀) Cafe Salween

အဝါရောင်မှိန်ပျပျမီးလုံးလေးတွေ၊ စာအုပ်လေးတွေနဲ့ မိုးရေစက်လေးတွေကြည့်ရင်း အေးဆေးအလုပ်လုပ်နိုင်မယ့် ကော်ဖီဆိုင်ကောင်းလေးပါ။ အမှတ် G -၁၅ Urban Asia Centre၊ ၄၇ လမ်းနဲ့ ၄၈ လမ်းကြားမှာပါ။

Cafe Salween

(၁၁) Coffee Circle

ကော်ဖီကြိုက်တဲ့သူတွေရော၊ တခြားအစားအစာတွေပါ ကောင်းကောင်းရတဲ့အပြင် ထိုင်လို့လည်းကောင်းတဲ့ ဒီဆိုင်လေးကတော့ အချိန်ကာလတော်တော်ကြာထိ နာမည်ရှိနေဆဲနော်။ လိပ်စာက ဓမ္မစေတီလမ်းမပေါ်မှာပဲနော်။

(၁၂) The Moment Tea Room

ပိတ်ရက် ကန်တော်ကြီးထဲ လည်ရင်း အေးဆေး ထိုင်မယ်။ ကော်ဖီသောက်မယ်။ ကန်ရေပြင်အလှခံစားမယ်ဆိုတဲ့ စုံတွဲတွေ၊ ကောင်မလေးတွေ အတွက်တော့ ကန်တော်ကြီး Fun စားသောက်ဆိုင်ရှေ့က The Moment ဆိုင်လေးကိုတော့ ရောက်ဖြစ်အောင်သွားလိုက်ဦးနော်။

Photo Credit From The Moment Tea Room

(၁၃) Yangon Bus Cafe

ဘတ်စ်ကားကြီးရဲ့ ပြတင်းပေါက်နားလေးတွေမှာထိုင်ရင်း မိုးရိပ်ပြေးနေတဲ့ကောင်းကင်ကိုငေးဖို့ဆို ကန်တော်ကြီးထဲမှာပဲ Yangon Bus Cafe လည်း ရှိသေးတယ်နော်။

Photo Credit From Yangon Bus Cafe Page

(၁၄) Paribawga Cafe

အိုဟောင်းနေတဲ့ နံရံတွေကြားမှာ ကော်ဖီလေးတစ်ခွက်နဲ့ မိုးရက်တွေကို တိတ်တိတ်ဆိတ်ဆိတ်လေးဖြတ်သန်းဖို့ဆို အမှတ် (၁၀၄) ၊ ဘိုကလေးဈေးလမ်းက ပရိဘောဂ ကော်ဖီဆိုင်လေးက ရန်ကုန်မြို့ရဲ့ အတိတ်ဆိတ်ဆုံးပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးပေးမှာပါ။

Photo Credit from Paribawga Cafe

(၁၅) Craft Cafe

နဝဒေးလမ်းနဲ့ ဗိုလ်ရာညွန့်လမ်းထောင့်က Craft Cafe မှာရော မိုးရဲ့အရသာကို ကော်ဖီပူပူလေးတစ်ခွက်နဲ့ ထိုင်ရင်းဆွေးရင်း ခံစားဖူးပြီးပြီလား။

Photo Credit from Craft Cafe

(၁၆) Now and Then Cafe

မှန်ချပ်လေးတွေနဲ့ဆောက်ထားတဲ့ လမ်းဆုံလမ်းခွက ဘိုဆန်ဆန်ကော်ဖီဆိုင်လေးမှာ အချိုပွဲလေးတွေ၊ ကော်ဖီပူလေးတွေနဲ့ Wifi ကောင်းလေးလည်း ရှိနေတော့ မိုးနေ့တွေဟာ Perfect ပေါ့။

Photo Credit From Now And Then Cafe Page

ဒီဆိုင်လေးတွေအပြင် ထိုင်လို့ကောင်းတဲ့ ကော်ဖီဆိုင်လေးတွေရှိရင်လည်း အချင်းချင်း အပြန်အလှန်မျှဝေသွားရအောင်နော်။

FoodieEi ( Akhayar )