[Zawgyi]
WTC
WTC
WTC
Innwa Book & Cafe
Innwa Book and Cafe
Innwa Book and Cafe
Tokyo Cafe
Tokyo Coffee Cafe & Bar
Tokyo Coffee Cafe & Bar
Transcend Myanmar
Transcend Myanmar
Café Salween
Cafe-Salween
Cafe-Salween
Redrose (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[Unicode]
ဘယ်အချိန်မဆိုနားခိုလို့ကောင်းတဲ့ Coffee Shop များ
ရန်ကုန်မြို့မှာ ဟိုနားဒီနားသွားချင်တဲ့အခါ လူတွေအရမ်းများပြားလွန်းလှတယ်။ တကယ့်ကို စိတ်အေးလက်အေး အနားယူချင်တဲ့ သူတွေအတွက်တော့ ဒါက စိတ်အနှောင့်အယှက်တစ်ခုလိုဖြစ်လို့နေတယ်။ သက်သောင့််သက်သာနဲ့ ကော်ဖီလေးသောက်ရင်း မုန့်လေးစားရင် အနားယူလို့မရခဲ့ဘူး။ ဒါပေမယ့် စိတ်ညစ်စရာမလိုပါဘူး။ နားအေးပါးအေး အလုပ်လုပ်ချင်တဲ့သူတွေပဲဖြစ်ဖြစ်၊ ကိုယ်တစ်ယောက်တည်းစာအုပ်လေးတွေအေးအေးဆေးဆေးနဲ့ ထိုင်ဖတ်ချင်တဲ့သူတွေပဲဖြစ်ဖြစ် အချိန်မရွေး စိတ်အေးလက်အေးအနားယူနိုင်ပြီး အစားအသောက်လည်းကောင်း ကော်ဖီလေးလည်း အရသာဆိမ့်ဆိမ့်လေးဖျော်ကောင်းတဲ့ Coffee Shop လေးတွေကို လမ်းညွှန်ပေးပါတယ်။
WTC
WTC
WTC
WTC ဆိုတာ Coffee and Bakery Academy House လည်းဖြစ်သလို အေးဆေးအနားယူလို့ရမယ့် Coffee Shop လေးလည်း ဖြစ်ပါတယ်။ WTC ဆိုင်လေးဟာဆိုရင် တစ်ဆိုင်လုံးကို သစ်သားလေးတွေနဲ့ အလှဆင်လို့ထားတယ်။ တကယ့်ကို ကိုရီးယားဆန်ဆန် decoration လေးတွေနဲ့ ဆင်ယင်ခင်းကျင်းလို့ထားပါတယ်။ ဆိုင်ကိုလာရောက်တဲ့သူတွေတိုင်းကို နွေးထွေးစေတဲ့ခံစားချက်ကိုပေးစွမ်းနိုင်တယ်။ အရာအားလုံးက သဘာဝကျတယ်။ ကော်ဖီစေ့အနံလေးတွေနဲ့ ပေါက်မုန့်ဖုတ်နေတဲ့အနံ့လေးတွေကလည်း ဆိုင်အခင်းအကျင်းတွေရဲ့ နွေးထွေးစေခဲ့ခံစားချက်ကို ပိုပြီး အားဖြည့်ပေးလို့နေနေပါတယ်။ WTC မှာ အကြိုက်ဆုံး Coffee ကတော့ Hazel Nut Latte လေးပါပဲ။ ကိုယ့်ရဲ့ စိတ်ကို တည်ငြိမ်စေတယ်။ ကြည်လင်ပြီး ပျော့ပျောင်းသွားစေတယ်။ WTC က Brownie လေးလည်း အရမ်းသဘောကျမိပါသေးတယ်။ ဝါးလိုက်တိုင်းမှာ ချောကလတ်လေးတွေရဲ့ခါးဆိမ့်ဆိမ့်အရသာလေးက ဆွေမျိုးမေ့စေခဲ့တယ်။ ဆိုင်နေရာလေးကတော့ အရင်ကတော့ Pearl Condo မှာဖွင့်ခဲ့ပါတယ်။ အခုတော့ အင်းစိန်မြို့နယ်မှာရှိတဲ့ ဂမုန်းပွင့် Shopping Mall ရဲ့ လေးလွှာကို ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်လို့သိရှိရပါတယ်။
MSI Z370 Gaming Pro Carbon
MSI Z370 Gaming Pro Carbon
MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်
Innwa Book & Cafe
Innwa Book and Cafe
Innwa Book and Cafe
Myanmar Plaza မှာ ဖွင့်လှစ်ထားတဲ့ Innwa စာအုပ်ဆိုင်လေးကိုတော့ အားလုံးပဲသိကြမယ်ထင်ပါတယ်။ သူကတော့ ကော်ဖီဆိုင်သီးသန့်မဟုတ်ခဲ့ပါဘူး။ စာအုပ်စာပေကောင်းလေးတွေကိုပါရောင်းချနေတဲ့ စာအုပ်ဆိုင်လေးပဲဖြစ်လို့နေပါတယ်။ Innwa စာအုပ်ဆိုင်လေးကို စာအုပ်လာဝယ်သူတိုင်း စာအုပ်မဝယ်ခင် စာအုပ်ကို ခေတ္တခဏထိုင်ဖတ်လို့ရအောင် ထိုင်ခုံလေးတွေခင်းကျင်းပေးထားတယ်။ စာအုပ်ဖတ်ရင်း ထိုင်ရာကမထနိုင်တော့လောက်အောင် ဇာန်ဝင်သွားခဲ့ရင် အပျင်းပြေသောက်လို့ရအောင် Cafe Cornerလေးလည်းရှိလို့နေပါတယ်။ ဒါတင်မကသေးပါပူး ကလေးတွေအားလုံးလည်း ပျော်ပျော်ပါးပါး စာအုပ်လေးတွေဖတ်လို့ရနိုင်အောင် Cash Counter နားရဲ့ ညာဘက်ထောင့်လေးမှာ Kids Corner အဖြစ်ရောင်စုံစားပွဲလေးတွေနဲ့ Bean Bag လေးထားရှိပါတယ်။ စာအုပ်စာပေတွေကလည်း အသေအချာကို ရွေးချယ်စိစစ်ပြီး တင်ပြရောင်းချထားတဲ့အတွက် စာပေချစ်သူတွေအတွက် ဗဟုသုတတွေအများကြီးရယူနိုင်ပါတယ်။ ဒီလိုဗဟုသုစုံရာနေရာမှာ ကော်ဖီခါးခါးလေးတစ်ခွက်သောက်လိုက်ရရင် ပိုပြီး ပြီးပြည့်စုံသွားမှာ အသေအချာပါပဲ။
Tokyo Cafe
Tokyo Coffee Cafe & Bar
Tokyo Coffee Cafe & Bar
Tokyo Cafe ကတော့ အများနဲ့ မတူတဲ့ ကော်ဖီဆိုင်လေးဖြစ်လို့နေမှာပါ။ သူက Coffee နဲ့ Liquor တို့ကို အနုပညာဆန်ဆန်ပေါင်းစပ်ပြီးဖျော်စပ်ထားတဲ့ကေ်ာဖီလေးတွေကို ရောင်းချနေတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ ဖွင့်ထားတဲ့ Japanese ဆိုင်ပိုင်ရှင်ကိုယ်တိုင် ဂျပန်နည်းပညာတွေနဲ့ ကော်ဖီကောင်းတစ်ခွက်ကို ဖျော်စပ်ထားတာဖြစ်တဲ့အတွက် အရသာကတော့ သူမတူအောင် ထူးခြားလို့နေပါတယ်။ လူငယ်တွေအနေနဲ့ မအက်စပ်တဲ့နေရာတစ်ခုဖြစ်ပေမယ့် အလုပ်ကို အေးအေးဆေးဆေးနဲ့ ယမကာလေးလည်း အနည်းငယ်မြည်းစမ်းချင်တဲ့ လူရွယ်ပိုင်းတွေ အရမ်းကို ကြိုက်နှစ်သက်ကြမယ့်နေရာလေးဖြစ်မယ်ဆိုတာ အာမခံနိုင်ပါတယ်။ ဆိုင်တစ်ဆိုင်လုံးကို တကယ့်ကို လက်ရာမြောက်စွာနဲ့ ပန်းပုထုထားတဲ့ကြွေကော်ဖီခွက်လေးတွေနဲ့ ဆင်ယင်ထားပါတယ်။ ဒါ့အပြင်ဆိုင်အတွင်း မီးရောင်တွေက ကြေးဝါရောင်မီးသီးလေးတွေနဲ့ တွဲချိတ်ပြီး ဆင်ယင်ထားတဲ့အတွက် တကယ့်ကို အနားယူလို့ကောင်းစေမယ့် Coffee Shop လေးဖြစ်စေမှာပါ။ အကြိုက်ဆုံး ကော်ဖီဆိုရင်တော့ Coffee Sanfrancisco ပဲဖြစ်ပါတယ်။ သူက Rum နဲ့ ကော်ဖီမှုန့်လေးတွေကို ဖျော်စပ်ထားပြီး အပေါ်မှာ Whipping Cream လေးနဲ့ အချိုပြန်သပ်ပေးထားတဲ့အတွက် အရမ်းလည်း မပြင်းသလို ကေ်ာဖီအရသာလေးကလည်း ပျောက်လို့မသွားပါဘူး။ ဆိုင်တည်နေရာလေးကတော့ စမ်းချောင်းမြို့နယ်၊ ပဒုမ္မာလမ်းအတွင်းမှာရှိပါတယ်။
The District Coffee Lounge
The District Coffee Lounge
The District Coffee Lounge
ကုက္ကိုင်းရေကူးကန်ထိပ် ဆရာစံလမ်းမကြီးရဲ့ဘေးမှာ တည်ရှိနေတဲ့ The District Coffee ဆိုင်လေးဟာဆိုရင်လည်း စိတ်အေးလက်အေး ကိုယ်တစ်ယောက်တည်းအလုပ်လုပ်ချင်တဲ့အခါ သွားထိုင်လို့အကောင်းဆုံးပါ။ ဒါ့အပြင်ကိုယ့်သူငယ်ချင်းတွေနဲ့ Hangout လုပ်မယ်ဆိုရင်လည်း စကားတွေပြော ရယ်မောရင်းနဲ့ အချိန်ကုန်ဆုံးလို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်။ District ဆိုင်လေးဟာ ဆိုင်အပြင်မှာ ဝရံတာလေးပြုလုပ်လို့ပေးထားပါတယ်။ သဘာဝလေကောင်းလေသန့်ကို ရှုရှိက်ရင်း အလုပ်လုပ်ချင်တဲ့သူတွေအတွက်တော့ Spot ကောင်းတစ်ခုဖြစ်စေပါလိမ့်မယ်။ အထဲကိုဝင်လိုက်ရင်တော့ ဆိုင်အခင်းအကျင်းလေးကို သစ်သားလေးတွေနဲ့ ဆင်ယင်ခင်းကျင်းထားတာကို တွေ့ရမှာပါ။ ပတ်ဝန်းကျင်အနှောင့်အယှက်ကင်းကင်းနဲ့ အလုပ်လုပ်ချင်တဲ့သူတွေအတွက် အောက်ထပ်မှာ အလုပ်ကိစ္စ၊ ကျောင်းကိစ္စဆွေးနွေးလို့ရအောင် စားပွဲကြီးတစ်ခုကိုလည်း ခင်းကျင်းထားပါသေးတယ်။ District ဆိုင်မှာ Wifi ရှိပေမယ့် တစ်ယောက်ကို Password တစ်ခုနဲ့ အသုံးပြုရပါတယ်။ ဒါ့အပြင် Password ကို ၃နာရီသာအသုံးပြုလို့ရတဲ့အတွက် Wifi အသုံးပြုပြီး အလုပ်လုပ်မယ့်သူတွေအတွက်တော့ အနည်းငယ်အကျပ်အတည်းဖြစ်ပါတယ်။ အစားအသောက်အနေနဲ့တော့ Fruit Salad ရယ်၊ Matcha Latte ရယ်က စာရေးသူအကြိုက်တွေ့တဲ့ အစားအသောက်လေးတွေပဲဖြစ်ပါတယ်။
Transcend Myanmar
Transcend Myanmar
Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်
Café Salween
Cafe-Salween
Cafe-Salween
စာရေးသူအကြိုက်ဆုံးနဲ့ Recommend ကော်ဖီဆိုင်လေးတစ်ခုဖြစ်ပါတယ်။ သူကတော့ အလုပ်လုပ်လို့အကောင်းဆုံး Spot တစ်ခုဖြစ်စေမယ့်အပြင် ကော်ဖီချစ်သူတွေအတွက် ကော်ဖီအရသာစစ်စစ်ကိုခံစားရရှိစေမယ့် Spot ဖြစ်စေမှာပါ။ အလုပ်လည်းလုပ်ရင်း ကော်ဖီဆိမ်ဆိမ်လေးကိုလည်း ခံစားရင် ဆိုင်လေးထဲမှာခင်းကျင်းထားတဲ့ ပန်းပင်လေးတွေ၊ စားပွဲတင်အလှဆင်ထားတဲ့ ပန်းပွင့်လေးတွေက လာရောက်အားပေးတဲ့ Customer တိုင်းကို စိတ်အပန်းပြေစေပါတယ်။ Café Salween ဟာ ဆိုင်အပြင်အဆင်လေးတွေအားလုံးက သူများနဲ့ကွဲပြားရုံတင်မကပဲ Food Recipe တွေဟာလည်း အများနဲ့ ကွဲပြားလို့နေတာကို သတိထားမိပါတယ်။ မြန်မာ့မုန့်များဖြစ်တဲ့ ငှက်ပျောဆနွင်းမကင်း၊ လက်ဖက်သုတ်နဲ့ လမ်းသရဲမုန့်လေးတွေအပြင်အခြားသောမုန့်လေးတွေကိုပါ ရောင်းချပါတယ်။ မုန့်လေးတွေပဲကွဲပြားခြားနားတာလားဆိုရင်မဟုတ်ခဲ့ပါဘူး။ Coffee Menu ဟာလည်း တကယ့်ကို ကွဲပြားလွန်းနေခဲ့ပါတယ်။ Vietnamese Drip Coffee ၊ French Press နဲ့ တခြား Hand Brewed Coffee တွေရဲ့ အရသာကလည်း ပုံမှန်သောက်နေကြ ကော်ဖီတွေကနေ ခွဲထွက်နေမှာပါ။ အခုနောက်ပိုင်းမှာ Café Salween ကနေ Summer Special Menu အသစ်တွေကိုလည်း ထပ်ထည့်ပေးထားပြီးတော့ အခုလိုမျိုး ပူပြင်းတဲ့နွေရာသီမှာ အပန်းဖြေရင်းသောက်သုံးဖို့ အကောင်းဆုံး Menu တွေလို့ ပြောလို့ရပါတယ်။ ဆိုင်တည်နေရာလေးကတော့ ၄၈လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိတဲ့ Urban Asia Center အတွင်းမှာ တည်ရှိလို့နေပါတယ်။
ဒီလောက်ဆိုရင်တော့ စိတ်အေးလက်အေး အလုပ်လည်းလုပ်လို့ရမယ်၊ ကိုယ့်တစ်ယောက်တည်း အေးအေးဆေးဆေးနဲ့ အချိန်ကုန်ဆုံးရဖို့နေရာလေးတွေကို သိရှိရလောက်ပြီထင်ပါတယ်။
Redrose (Akhayar)
www.akhayar.com
Photo Credit: Respective Facebook Page