[Zawgyi]



Gaming on the go


Dell G7 Gaming Laptop


GTX GPU & i7 CPU?








Specification

GPU Option: GTX 1050 Ti
15.6″ Full HD/TN Panel

1TB HDD (Free M.2 SSD Slot)

Impressive TUF Design

4. MSI GL63 8RC (Rating 81%)

A New Dragon is born



Specification

No GPU Option
15.6″ Full HD/IPS Panel
1TB HDD (Free M.2 SSD Slot)


3. Acer Nitro 5 (Rating 83%)


This is Acer Nitro 5


Nitro 5 Internals

Specification

15.6″ Full HD/IPS Panel
No Display Option
1TB HDD (Free M.2 SSD Slot)
Price: $759







Specification

GPU Option: GTX 1050 Ti
15.6″ Full HD/IPS Panel
1TB HDD (Free M.2 SSD Slot)
Price: $749

Cooling system on Y530

1. Dell 15 G7 (Rating: 85%)




Specification

No Display Option
1TB HDD (Free M.2 SSD Slot)
Weight: 2.6KG

2B (Akhayar)
www.akhayar.com


[Unicode]

ရွေးချယ်လို့ အကောင်းဆုံး ဒေါ်လာ ၁၀၀၀ အောက် Gaming Laptop ၅ မျိုး

ဂိမ်မာတွေမှာလည်း ဝါသနာအလိုက် Gaming Rig ဆင်ပြီး ရေလည် Feel နေသူတွေ အများကြီးပါ။ တချို့ သွားသွားသွားလာလာ လုပ်နေသူတွေ၊ Mobility Gaming အသားပေးချင်သူတွေကျ Gaming Laptop က ပိုသင့်လျော အစဉ်ပြေတာပါ။

Gaming on the go

ဒါကြောင့်မလို့ ဂိမ်းကစားချင်တယ်၊ အလတ်စား Editing လည်းလုပ်ချင်တယ်၊ ရုပ်ရှင်ကြည့်ဖို့ Display ကောင်းတာ လိုချင်သေးတယ်ဆိုရင် ဘယ်လို Gaming Laptop မျိုးက ကိုယ်တွက် သင့်တော်မလဲ?

Dell G7 Gaming Laptop

နောက်ပြီး Performance ပိုင်းပြောရမယ်ဆိုရင် 8th Generation Processor ခေတ်စားနေတယ်၊ Graphics မှာဆိုရင် E-sports အတွက် အဆင်ပြေ၊ ခေတ်ပေါ်ဂိမ်းတွေ Medium Setting လောက်နဲ့ Run နိုင်တဲ့ GTX 1050 GPU က Desktop ပဲဆင်ဆင် Laptop ပဲ ဝယ်ဝယ် Mainstream လို ဖြစ်နေတာပါ။ ဒီလို စွမ်းဆောင်ရည် ပိုင်ဆိုင်နေတဲ့ Laptop မျိုး၊ Display Quailty အသင့်တင့်နဲ့ စိတ်ချမ်းချမ်းသာသာ ကစားဖို့၊ လက်ရှိ ဈေးကွက်ထဲ ရောင်းချနေတဲ့ ဒေါ်လာ ၁၀၀၀ အောက် Gaming Laptop တွေ ဘယ်လို ကွာခြားချက်ရှိနေလဲ?

GTX GPU & i7 CPU?

ပထမဆုံး ပြောချင်တာက ဒေါ်လာ ၁၀၀၀ အောက်ဆိုတော့ သုံးထားတဲ့ Display Panel သွားတူတယ်၊ Supplier တယောက်ထဲဆီက ဝယ်ထားတဲ့ပုံစံပေါ့။ ဆိုတော့ Display Quality ဘယ်သူပိုကောင်းတယ် တပ်အပ် မပြောနိုင်သလို သုံးထားတဲ့ RAM ၊ HDD စတာတွေကိုလည်း Budget အနေထားအလိုက် Limit လုပ်ထားပါတယ်။ ဆိုလိုတာ 8GB RAM နဲ့ 1TB HDD ကို Basic ထားပြီး လိုအပ်သလို SSD ထပ်ထည့်နိုင်တယ်၊ RAM 16/32GB Max ဆိုပြီး ထပ်တိုးနိုင်ပါတယ်။

Display is all that matters

5. Asus FX504GD (Rating 79%)

ဒီ TUF FX504 ဂိမ်းမင်းလက်တော့ရဲ့ ပလတ်စတစ်ကိုယ်ထည်ကို ဆွဲဆောင်မှုရှိတဲ့ Gaming ဟိတ်ဟန်တွေနဲ့ ဖွဲ့စည်းထားတယ်။ အရင်မော်ဒယ်တွေထက် ပိုပေါ့၊ ပိုပါးသွားသလို TUF ဒီဇိုင်း Impression မြင်လိုက်တာနဲ့ Gaming Laptop ဆိုတဲ့ ခံစားချက်မျိုး ဖြစ်စေတယ်။ Budget ဆိုပေမယ့် NVMe M.2 SSD Support လုပ်တယ်၊ Intel Optane Memory သုံးနိုင်တယ်၊ Thermal Control ကောင်းတဲ့အတွက် Core Temperature ထိန်းထားနိုင်တယ်၊ ဆိုလိုတာ အပူထွက်နည်းတဲ့အတွက် Processor Performance ငြိမ်တယ်လို့ ပြောနိုင်ပါတယ်။

DTS Enabled FX504 Gaming Laptop

ပြိုင်ဖက်တွေနဲ့ ယှဉ်ရင် Temperature ကောင်းကောင်းထိန်းနိုင်တဲ့ အနေထားရှိပြီး The Witcher 3 ကစားနေရင်တောင် အမြင့်ဆုံး 55 °C ပဲရှိတယ်။ ဒါတောင် နေရာတိုင်း Heat တက်တာ မဟုတ်တဲ့အတွက် Budget Standard မှာ Thermal Control ကောင်းတယ် ပြောရပါမယ်။ သူ့ အားနည်းချက်တွေက TN Panel သုံးထားလို့ Display ပိုင်း အတော်နုံပါတယ်၊ Colour Accuracy မကောင်းသလို အရောင်ထွက်အားလည်း နည်းတယ်၊ ဘက်ထရီ ကြာကြာမခံသလို ပါဝါကြိုးတပ်မှ ဂိမ်းကစားနိုင်တဲ့ Bios Setting ကလည်း ဘဝင်မကျစရာ၊ နောက်ပြီး Type-C နဲ့ microSD Card Slot ပါမလာတာတွေက ဂိမ်းမင်းလက်တော့တလုံးအတွက် ပြောစရာအချက်တွေပါ။

Better much improved thermal System

Specification

Intel Core i5-8300H (4 Cores/ 8 Threads)
Processor Option: Intel Core i7-8750H
8GB DDR4 2667MHz RAM (32GB Max)
Nvidia Geforce GTX 1050 (Notebook) 4GB
GPU Option: GTX 1050 Ti
15.6″ Full HD/TN Panel
(sRGB 61%/ AdobedRGB 35.5%/ Poor 473:1 Contrast)
Display Option: FHD IPS Panel ~ 60Hz/120Hz
(45% NTSC & 94% NTSC Respectively)

1TB HDD (Free M.2 SSD Slot)
Red Backlight Keyboard
Price: $959 for i5/ $1059 for Core i7
Weight: 2.3Kg (Power Supply: 505g)

Impressive TUF Design

4. MSI GL63 8RC (Rating 81%)
Budget ကစလို့ High-end Gaming အထိ အောင်မြင်နေတဲ့ နဂါးတံဆိပ် MSI Laptop တွေက လိုချင်စရာပါ။ နောက်ပြီး Afterburner လို Software မျိုးနဲ့ Graphics Setting လိုသလို Adjust လုပ်နိုင်လို့ Performance Control ကောင်းတယ်၊ Heat အထွက်နည်းတယ်၊ Performance Stable ဖြစ်တယ်။ အရင် MSI မော်ဒယ်တွေ ဂိမ်းကစားရင် ဖုန်စုပ်စက်လို အသံထွက်နေလို့ စိတ်ပျက်စရာကောင်းပေမယ့် အဆင့်မြင့်လာတဲ့ Cooler Boost နည်းပညာကြောင့် အဲ့ပြဿနာ ကင်းဝေးလာတယ်။

A New Dragon is born

ဒီ GL63 မှာ အနီရောင် Steelseries Keyboard သုံးထားတယ်၊ အထင်ကြီးစရာက Budget Standard ဆိုပေမယ့် IPS Panel သုံးထားတယ်၊ ဝမ်းနည်းစရာက True Colour Technology Support မရတဲ့အတွက် အရောင်ထွက် သာမန်ပဲရှိတယ်။ ဒီထက် Impress ဖြစ်စေတာက The Witcher 3 ကစားနေရင်တောင် FX504 ထက် အပူအထွက် နည်းတယ်၊ အများဆုံး 48 °C ပဲရှိသလို W/A/S/D နေရာမှာ အပူနည်းနည်းတက်နိုင်တယ်။ Battery Capacity ပိုနည်းလို့ ပြိုင်ဖက်တွေကို ကောင်းကောင်း မယှဉ်နိုင်ဘူး၊ ပလတ်စတစ် ကိုယ်ထည်က လက်ဗွေရာထင်နိုင်တယ်၊ NVMe Support မရတာတွေက GL63 အားနည်းချက်တွေပါ။

Impressive GL63 Thermal Design

Specification

Intel Core i5-8300H (4 Cores/ 8 Threads)
Processor Option: Intel Core i7-8750H
8GB DDR4 PC4-19200, 1333.3MHz RAM (32GB Max)
Nvidia Geforce GTX 1050 (Notebook) 4GB
No GPU Option
15.6″ Full HD/IPS Panel
(sRGB 58.9%/ Adobe RGB 37.4%/ Good 843:1 Contrast)
Display Option: FHD IPS Panel (60Hz)/
FHD Wide View Panel (120Hz/3ms)
1TB HDD (Free M.2 SSD Slot)
Red Backlight Keyboard
Price: $929 for i5/ $1029 for Core i7
Weight: 2.2Kg (Power Supply: 576g)

Internal Design almost identical to MSI GP & GE Series

3. Acer Nitro 5 (Rating 83%)

Nitro စီးရီးဂိမ်းမင်းတွေက အစဉ်လာနဲ့ နာမည်ရှိပြီးသားပါ။ Budget ကစလို့ Entry Level ၊ Mid နဲ့ 2-in-1 တွေမှာ အောင်မြင်နေတဲ့ လက်တော့တွေပါ။ ဒီ Nitro 5 အသွင်အပြင်က အနီရောင် Backlight Keyboard သုံးထားတယ်၊ ထူးထူးခြားခြား Ryzen Processor နဲ့ ပွဲထွက်ထားတယ်၊ GPU ကိုလည်း RX560 (Mobile) သုံးထားတာမလို့ Nvidia Class တွေနဲ့ တမူထူးခြားနေတယ်။ ဒီလို AMD Family သုံးထားလို့ စွမ်းဆောင်ရည် မကွာ၊ လက်တော့ကိုယ်ထည် ပိုပါးသွားတဲ့အတွက် ဆွဲဆောင်မှုရှိနေပြန်တယ်။ နောက်ပြီး Display Panel Contrast အရမ်းကောင်းတယ်၊ တစ်ခုရှိတာက IPS Panel သုံးထားတာကိုမှ အရောင်ထွက် ပြိုင်ဖက် ၄ ယောက်ထက် ပိုနည်းနေတာလေးက အားနည်းချက်ဖြစ်နေတာပါ။

This is Acer Nitro 5

Asus နဲ့ယှဉ်ရင် Temperature ကိုင်တွယ်တဲ့အပိုင်းမှာ သိပ်မကွာတဲ့ အနေထားရှိပြီး The Witcher ကစားတဲ့အခါ အပူချိန်က 56 °C ပတ်ဝန်းကျင်ရှိပါတယ်။ FX504 ထက် အားနည်းနေတာက W/A/S/D နေရာတွေမှာ အပူတက်နိုင်ပါတယ်၊ ဒါပေမယ့် နွေးနွေးလေးဖြစ်နေတယ်လို့ ခံစားရမှာမလို့ စိတ်အနှောက်ယှက်ဖြစ်စရာ မရှိပါဘူး။ နောက် အထင်ကြီးစရာအချက်က ဘက်ထရီ ကြာကြာ အသုံးခံတဲ့အချက်ပါ။ ဂိမ်းမင်းလက်တော့ဆိုပေမယ့် 1080p (H.264) ဗီဒီယိုတွေကို ၇ နာရီလောက် ဆက်တက်ကြည့်နိုင်တယ်၊ ဂိမ်းကစားရင် ၁ နာရီခွဲလောက် ဆွဲနိုင်တဲ့အထိ Power Consumption ကောင်းကောင်းထိန်းထားနိုင်တယ်။ ဘဝင်မကျ ဖြစ်စရာအချက်က USB 3.1 Gen2 Port ပါမလာပါဘူး။

Nitro 5 Internals

Specification

AMD Ryzen 7 2700U (4 Cores/ 8 Threads)
Processor Options : Intel Core i5 8300H/ i7 8750H
8GB DDR4 2667MHz RAM (32GB Max)
AMD Radeon RX 560X (Notebook) 4GB
GPU Options: GTX 1050/ 1050Ti ~ 4GB VRAM
15.6″ Full HD/IPS Panel
(sRGB 59%/ Adobe RGB 38%/ Impressive 1200:1 Contrast)
No Display Option
1TB HDD (Free M.2 SSD Slot)
Red Backlight Keyboard
Price: $759
Weight: 2.3KG (Power Supply: 482g)

Cooling System is enough to handle AMD Brothers

2. Lenovo Legion Y530 (Rating: 84%)

Legion Y530 ကို အရင် Lenovo Gaming Laptop တွေနဲ့ မတူတဲ့ ဒီဇိုင်းအသွင်ပြင်နဲ့ ထုတ်ထားတာမလို့ ပိုဆွဲဆောင်မှုရှိလာတယ်။ Networking နဲ့ Read/Write နှုန်းတွေမှာ ပြိုင်ဖက်တွေကို ပြတ်ပြတ်သားသား အနိုင်ယူထားတယ်။ Dolby အသံထွက်စနစ် ထောက်ပံ့ထားတာမလို့ အသံ Quality ပိုင်းပို အဆင့်မြင့်တယ်။ Display ကို IPS Panel သုံးထားပေမယ့် မဆိုစလောက် အားနည်းချက်လေးတွေတော့ ရှိပါတယ်။

Redesigned, Refined Legion Gaming Laptop

အထင်ကြီးစရာက Temperature Control ပိုကောင်းလာတာမလို့ The Witcher 3 ကို High Setting နဲ့ကစားရင်တောင် 52 °C လောက်ပဲ အပူတက်တယ်။ အားမရစရာက Legion Trackpad၊ ဂိမ်းမင်းမလို့ Trackpad အသုံးနည်းတယ်ဆိုမယ့် ပြိုင်ဖက်တွေလောက် အားရစရာ မရှိပါဘူး။

Easily Upgradable Y530 Internals

Specification

Intel Core i5-8300H (4 Cores/ 8 Threads)
Processor Option: Intel Core i7-8750H
8GB DDR4 2667MHz RAM (16GB Max)
Nvidia Geforce GTX 1050 (Notebook) 4GB
GPU Option: GTX 1050 Ti
15.6″ Full HD/IPS Panel
(sRGB 57%/ AdobeRGB 36%/ Good 673:1 Contrast)
Display Option: FHD IPS Panel with 60Hz/ 144Hz (Coming Soon)
1TB HDD (Free M.2 SSD Slot)
White Backlight Keyboard
Price: $749
Weight: 2.3KG (Power Supply: 582g)

Cooling system on Y530

1. Dell 15 G7 (Rating: 85%)
Inspiron Gaming တွေက Budget အားလုံးထဲမှာ ရွေးချယ်ချင်စရာ အကောင်းဆုံးလို့တောင် အမွမ်းတင်နိုင်ပါတယ်။ ဒေါ်လာ ၁၀၀၀ အောက် ဂိမ်းမင်းလက်တော့ထဲမှာ GTX 1060 အထိသုံးနိုင်သလို အရင် Dell 7599/7567 မော်ဒယ်တွေထက် ဒီဇိုင်းပိုင်း ပိုဆွဲဆောင်မှုရှိလာတယ်၊ Display Quality ပိုကောင်းလာတယ်။ ဒါပေမယ့် အားမရစရာက Read/Write Speed လို Internal Performance ပုံမှန်ပဲရှိနေတာက ပြိုင်ဖက်တွေကို မယှဉ်နိုင်ပါဘူး။

Still old fashion look “Dell G7”

ဒါက အပြစ်ပြောစရာ မဟုတ်ပေမယ့် Budget Gaming ကိုမှ ဈေးလည်းတန်၊ စွမ်းဆောင်ရည်ကောင်းတာမျိုး ရှာနေတယ်ဆိုရင် Dell G7 ကိုပဲ ညွန်းရမှာပါ။ GTX 1050 သုံးတာချင်းအတူတူတောင် Temperature ကို 50 °C နဲ့ ထိန်းထားနိုင်တယ်၊ ဒါတောင် The Witcher 3 လိုဂိမ်းမျိုးကို High Setting နဲ့ ကစားနေရင်ပါ။ Power Control ကောင်းတဲ့အတွက်လည်း ပြိုင်ဖက်အားလုံးထက် ဘက်ထရီပိုခံတယ်။ ၂ နာရီဆက်တိုက် ဂိမ်းကစားနိုင်တယ်၊ 1080p (H.264) ဗီဒီယိုတွေ ၇ နာရီခွဲ ဆက်တိုက်ကြည့်နိုင်တယ်။ အားမရစရာက Improve ဖြစ်မလာတဲ့ အပြာရောင် Backlight Keyboard၊ အသံထွက် အားနည်းသလို Screen မှိန်တယ်၊ အရောင်ထွက်နည်းတယ်၊ ဒီအချက်က ဂိမ်းကစားရင် မသိသာပေမယ့် ပေးရတဲ့ဈေးနဲ့ အတန်ဆုံး Gaming Laptop လို့ပြောရင် မမှားပါဘူး။

Easily Upgradable Internal Parts

Specification

Intel Core i5-8300H (4 Cores/ 8 Threads)
Processor Option: Intel Core i7-8750H
8GB DDR4 2400MHz RAM (16GB Max)
Nvidia Geforce GTX 1050 (Notebook) 4GB
GPU Option: GTX 1050 Ti/ GTX 1060
15.6″ Full HD/IPS Panel 60Hz
(sRGB 56%/ AdobeRGB 36%/ Impressive 738:1 Contrast)
No Display Option
1TB HDD (Free M.2 SSD Slot)
Blue Backlight Keyboard
Price: $970 for i5/ $1185 for i7 and GTX 1060
Weight: 2.6KG

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

2B (Akhayar)
www.akhayar.com