[Zawgyi]



(၁)BlueStack 3

Download BlueStack 3

(၂)Bliss OS

Download Bliss OS

(၃)Nox App Player


Ref;Androidpit

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

ကွန်ပျူတာအတွက် အကောင်းဆုံး Android Emulator 3ခု

Android OS ကို ကွန်ပျူတာပေါ်မှာတင်ပြီးအသုံးပြုချင်သူတွေအတွက် အကောင်းဆုံး Emulator ၃ ခုကိုဖော်ပြပေးလိုက်ပါတယ်။

(၁)BlueStack 3
BlueStack ဆိုတာကတော့ Android Emulator သုံးတဲ့သူတွေအများစု သိရှိပြီးဖြစ်တဲ့ နာမည်ကြီး Emulator တစ်ခုပါပဲ။ Android တွေခေတ်စားခဲ့တဲ့ လွန်ခဲ့တဲ့ ၄နှစ်ခန့်လောက်ကတည်းက ပေါ်ခဲ့တာဖြစ်သလို ထွက်သမျှ Android OS တွေအလိုက်လည်း Up to Date လိုက်နိုင်တဲ့ Emulator တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Android Nougat အထိ Support ပေးထားနိုင်ပြီး Stable ဖြစ်တဲ့ Emulator လို့လည်းသတ်မှတ်ခြင်းခံထားရပါတယ်။
နာမည်ကြီး စမတ်ဖုန်းဂိမ်းတစ်ခုဖြစ်တဲ့ COC ကိုတောင် ချောမွေ့စွာ ထည့်သွင်းဆော့ကစားနိုင်ပါသေးတယ်။အားနည်းချက်တစ်ခုအနေနဲ့ပြောရရင်တော့ ကွန်ပျူတာ Performance ကောင်းကောင်းရှိမှသာအသုံးပြုသင့်ပါတယ်။ i5 3rd Gen RAM 4GB လောက်အနည်းဆုံးရှိတဲ့စက်တွေမှာသာ Run ဖို့အကြုံပြုပါတယ်။

Download BlueStack 3

(၂)Bliss OS
အကယ်၍များသင့်အနေနဲ့ Android ရဲ့ Latest ကိုမှ PC ပေါ်မှာ OS တစ်ခုအနေနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့ Bliss ရှိပါတယ်။ Android Version Oreo(8.0) ကို Support ပြုလုပ်ပေးထားတဲ့အတွက် လက်ရှိ Emulator တွေထဲမှာအမြင့်ဆုံး Emulator တစ်ခုလို့ပြောရမှာပါ။ ပိုကောင်းတာကတော့ Bliss ဟာ XDA Developer တွေဖန်တီးထားတဲ့အတွက် BlueStack ထက်တောင်ပိုပြီး Up to Date ဖြစ်နေတဲ့ OS လို့ပြောရမှာပါ။ အားနည်းအနေနဲ့ Bluestack လို Window OS ပေါ်မှာ Install လုပ်လို့တော့ရမှာမဟုတ်ပဲ OS တစ်ခုအနေနဲ့ Hard Disk Drive ပေါ်မှာ Run တာပဲဖြစ်ဖြစ် Dual Boot တင်တာပဲဖြစ်ဖြစ် အသုံးပြုရမှာဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ပတ်သက်ပြီးသေချာအကျွမ်းတဝင်မရှိသေးရင်တော့ နည်းနည်း ခက်ခဲပါလိမ့်မယ်။ စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ Virtual Box Software ကိုအသုံးပြုပြီး Virtual OS တစ်ခုအနေနဲ့စမ်းသပ်ကြည့်လို့ရပါတယ်။

Download Bliss OS

(၃)Nox App Player
BlueStack ကြီးက သုံးရတာလေးတယ်၊ ကိုယ့်စက်နဲ့ကိုက်ညီမှုမရှိဘူးဆိုရင်တော့ ဒီ Emulator ကိုအသုံးပြုကြည့်ပါ။ Android Version ကတော့ KitKat(4.4.2) ရှိပါတယ်။ ဒီနေ့ခေတ်အနေအထားအရဆိုရင်တော့ အတော်လေး နိမ့်နေပါပြီ။ ဒါပေမယ့် Android App အတော်များများ Run လို့ရနေသေးတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့စမ်းသပ်အသုံးပြုချင်တယ်ဆိုရင် အဆင်ပြေပါတယ်။

Download Nox App Player

Ref;Androidpit

Phone Hay Ko (Akhayar)

www.akhayar.com