This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ႏုိင္ငံအတြက္ ဆက္ကစားဖုိ႔ စီေရာ္နယ္လ္ဒုိ C.Ronaldo ကုိ တိုက္တြန္းခဲ့တဲ့ ဘာနာဒုိေဆးလ္ဗား Bernardo Silva

ေပၚတူဂီအသင္းကြင္းလယ္လူ ဘာနာဒုိေဆးလ္ဗား Bernardo Silva က အသင္းေဖာ္ စီေရာ္နယ္လ္ဒုိအေနနဲ႔ လက္ေရြးစင္အသင္းကေန အနားယူသင့္ေသးဘဲ ဆက္ကစားသင့္တယ္လုိ႔ တိုက္တြန္းခဲ့ပါတယ္။ စီေရာ္နယ္လ္ဒုိဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ (၄)ဂုိးအထိသြင္းယူခဲ့ေပမယ့္ သူ႔ရဲ႕ ေပၚတူဂီအသငး္ကေတာ့ ႐ႈံးထြက္(၁၆)သင္းအဆင့္ကေနပဲ ေစာေစာစီးစီးလွည့္ျပန္ခဲ့ရၿပီး စီေရာ္နယ္လ္ဒုိကလည္း ကမၻာ႔ဖလားၿပိဳင္ပဲြတစ္လွ်ာက္ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ ဂုိးမသြင္းဘူးတဲ့ မွတ္တမ္းဆုိးကုိ မခ်ိဳးျဖတ္ႏုိင္ခဲ့ပါဘူး။

Cristiano-Ronaldo

Cristiano-Ronaldo

စီေရာ္နယ္လ္ဒုိရဲ႕အသက္က (၃၃)ႏွစ္အထိရွိေနၿပီျဖစ္လုိ႔ ကလပ္နဲ႔ ႏုိင္ငံႏွစ္သငး္စလုံးအတြက္ ရာႏႈန္းျပည့္ပါ၀င္ကစားေပးႏုိင္ဖုိ႔ဆုိတာ ခက္ခဲလာၿပီျဖစ္ေပမယ့္လည္း ဘာနာဒုိေဆးလ္ဗားကေတာ့ စီေရာ္နယ္လ္ဒုိဟာ အသက္နဲ႔မလုိက္ေအာင္ ေျခစြမ္းက ပုိေကာင္းေနဆဲပဲလုိ႔ ခ်ီးက်ဴးခဲ့တယ္။ ဘာနာဒုိေဆးလ္ဗားက”စီေရာ္နယ္လ္ဒုိဟာ ၿပီးခဲ့တဲ့ရာသီကုိ ေအာင္ျမင္မႈေတြနဲ႔ ထပ္မံအဆုံးသတ္ႏုိင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မွာ သြင္းဂုိးအမ်ားဆုံးျဖစ္ခဲ့တဲ့အျပင္ ခ်န္ပီယံလိဂ္ဆုဖလားကုိလည္း (၃)ႏွစ္ဆက္ ရယူႏုိင္ခဲ့တယ္။ ႏုိင္ငံအသင္းက အနားယူ၊ မယူဆုိတာက သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ပါ။ ဒါေပမဲ့ သူက ေပၚတူဂီအသင္းကုိ အမ်ားႀကီးအက်ိဳးျပဳႏုိင္ခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပဲြမွာလည္း (၄)ဂုိးသြင္းယူခဲ့တယ္။ ဒါေၾကာင့္ ႏုိင္ငံအသင္းမွာ သူ႔ကုိ ဆက္ရွိေနေစခ်င္ေပမယ့္ ဒါက သူ႔ရဲ႕ဆုံးျဖတ္ခ်က္အေပၚ မူတည္ပါတယ္”လုိ႔ ဆုိခဲ့တယ္။ စီေရာ္နယ္လ္ဒုိဟာ ေပၚတူဂီအသင္းမွာ ၂၀၀၃ ခုႏွစ္ကတည္းက ေရြးခ်ယ္ခံခဲ့ရၿပီး (၁၅၄)ပဲြကစား၊ (၈၅)ဂုိးသြင္းယူခဲ့သလုိ ေပၚတူဂီအသင္းရဲ႕ သြင္းဂုိးအမ်ားဆုံး၊ ပဲြအမ်ားဆုံးကစားထားသူအျဖစ္ ရပ္တည္ေနသူပါ။

REF:Goal.com
Photo:Goal.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

နိုင်ငံအတွက် ဆက်ကစားဖို့ စီရော်နယ်လ်ဒို C.Ronaldo ကို တိုက်တွန်းခဲ့တဲ့ ဘာနာဒိုဆေးလ်ဗား Bernardo Silva

ပေါ်တူဂီအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား Bernardo Silva က အသင်းဖော် စီရော်နယ်လ်ဒိုအနေနဲ့ လက်ရွေးစင်အသင်းကနေ အနားယူသင့်သေးဘဲ ဆက်ကစားသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၄)ဂိုးအထိသွင်းယူခဲ့ပေမယ့် သူ့ရဲ့ ပေါ်တူဂီအသင်းကတော့ ရှုံးထွက်(၁၆)သင်းအဆင့်ကနေပဲ စောစောစီးစီးလှည့်ပြန်ခဲ့ရပြီး စီရော်နယ်လ်ဒိုကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှာက် ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဂိုးမသွင်းဘူးတဲ့ မှတ်တမ်းဆိုးကို မချိုးဖြတ်နိုင်ခဲ့ပါဘူး။

Cristiano-Ronaldo

Cristiano-Ronaldo

စီရော်နယ်လ်ဒိုရဲ့အသက်က (၃၃)နှစ်အထိရှိနေပြီဖြစ်လို့ ကလပ်နဲ့ နိုင်ငံနှစ်သင်းစလုံးအတွက် ရာနှုန်းပြည့်ပါဝင်ကစားပေးနိုင်ဖို့ဆိုတာ ခက်ခဲလာပြီဖြစ်ပေမယ့်လည်း ဘာနာဒိုဆေးလ်ဗားကတော့ စီရော်နယ်လ်ဒိုဟာ အသက်နဲ့မလိုက်အောင် ခြေစွမ်းက ပိုကောင်းနေဆဲပဲလို့ ချီးကျူးခဲ့တယ်။ ဘာနာဒိုဆေးလ်ဗားက”စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီကို အောင်မြင်မှုတွေနဲ့ ထပ်မံအဆုံးသတ်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ သွင်းဂိုးအများဆုံးဖြစ်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဆုဖလားကိုလည်း (၃)နှစ်ဆက် ရယူနိုင်ခဲ့တယ်။ နိုင်ငံအသင်းက အနားယူ၊ မယူဆိုတာက သူ့ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ သူက ပေါ်တူဂီအသင်းကို အများကြီးအကျိုးပြုနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၄)ဂိုးသွင်းယူခဲ့တယ်။ ဒါကြောင့် နိုင်ငံအသင်းမှာ သူ့ကို ဆက်ရှိနေစေချင်ပေမယ့် ဒါက သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်”လို့ ဆိုခဲ့တယ်။ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းမှာ ၂၀၀၃ ခုနှစ်ကတည်းက ရွေးချယ်ခံခဲ့ရပြီး (၁၅၄)ပွဲကစား၊ (၈၅)ဂိုးသွင်းယူခဲ့သလို ပေါ်တူဂီအသင်းရဲ့ သွင်းဂိုးအများဆုံး၊ ပွဲအများဆုံးကစားထားသူအဖြစ် ရပ်တည်နေသူပါ။

REF:Goal.com
Photo:Goal.com
Naing Linn(Akhayar)
www.akhayar.com