[Zawgyi]

ေအာ္စကာဆုရွင္ ဒါရုိက္တာႀကီး Bernardo Bertolucci ကြယ္လြန္သြားၿပီ

ဒါရုိက္တာႀကီး Bernardo Bertolucci ဟာ ႏုိဝင္ဘာလ (၂၆) ရက္ေန႔ ကြယ္လြန္သြားတယ္လုိ႔ သိရပါတယ္။ အီတလီႏုိင္ငံ ေရာမၿမိဳ႕ မွာရွိတဲ့ သူ႕ရဲ႕ ေနအိမ္မွာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားတာျဖစ္ၿပီး သူ႕ရဲ႕ အသက္ဟာ (၇၇) ႏွစ္ရွိပါၿပီ။ ဒါရုိက္တာႀကီး Bernardo Bertolucci ဟာ အီတလီႏုိင္ငံသာမက ဥေရာပတခြင္နဲ႔ ေဟာလီးဝုဒ္အထိပါ ေအာင္ျမင္ခဲ့သူပါ။

The Conformist (1970) ၊ Last Tango in Paris (1972) ၊ 1900 (1976) ၊ The Last Emperor (1987) ၊ The Sheltering Sky (1990) ၊ Little Buddha (1993) ၊ Stealing Beauty (1996) နဲ႔ The Dreamers (2003) ရုပ္ရွင္ေတြဟာ ဒါရုိက္တာႀကီး Bernardo Bertolucci ရဲ႕ အေကာင္းဆုံးလက္ရာေတြပါပဲ။

Bernardo Bertolucci ဟာ The Last Emperor (1987) ရုပ္ရွင္မွာ အေကာင္းဆုံးဒါရုိက္တာေအာ္စကာဆုနဲ႔ အေကာင္းဆုံးဇာတ္ညႊန္းေအာ္စကာဆုေတြကုိ သိမ္းက်ံဳးရယူႏုိင္ခဲ့ပါတယ္။ သူဟာ ေအာ္စကာဆုကုိ ပထမဆုံးရရွိခဲ့တဲ့ အီတလီဒါရုိက္တာလုိ႔ ဆုိႏုိင္ပါတယ္။ ကြယ္လြန္သြားၿပီဆုိေပမယ့္ သူ႕ရဲ႕ ရုပ္ရွင္ေတြဟာ ပရိသတ္ေတြၾကားမွာ ထင္ရွားေနခဲ့တာ အမွန္ပါပဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အော်စကာဆုရှင် ဒါရိုက်တာကြီး Bernardo Bertolucci ကွယ်လွန်သွားပြီ

ဒါရိုက်တာကြီး Bernardo Bertolucci ဟာ နိုဝင်ဘာလ (၂၆) ရက်နေ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ အီတလီနိုင်ငံ ရောမမြို့ မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပြီး သူ့ရဲ့ အသက်ဟာ (၇၇) နှစ်ရှိပါပြီ။ ဒါရိုက်တာကြီး Bernardo Bertolucci ဟာ အီတလီနိုင်ငံသာမက ဥရောပတခွင်နဲ့ ဟောလီးဝုဒ်အထိပါ အောင်မြင်ခဲ့သူပါ။

The Conformist (1970) ၊ Last Tango in Paris (1972) ၊ 1900 (1976) ၊ The Last Emperor (1987) ၊ The Sheltering Sky (1990) ၊ Little Buddha (1993) ၊ Stealing Beauty (1996) နဲ့ The Dreamers (2003) ရုပ်ရှင်တွေဟာ ဒါရိုက်တာကြီး Bernardo Bertolucci ရဲ့ အကောင်းဆုံးလက်ရာတွေပါပဲ။

Bernardo Bertolucci ဟာ The Last Emperor (1987) ရုပ်ရှင်မှာ အကောင်းဆုံးဒါရိုက်တာအော်စကာဆုနဲ့ အကောင်းဆုံးဇာတ်ညွှန်းအော်စကာဆုတွေကို သိမ်းကျုံးရယူနိုင်ခဲ့ပါတယ်။ သူဟာ အော်စကာဆုကို ပထမဆုံးရရှိခဲ့တဲ့ အီတလီဒါရိုက်တာလို့ ဆိုနိုင်ပါတယ်။ ကွယ်လွန်သွားပြီဆိုပေမယ့် သူ့ရဲ့ ရုပ်ရှင်တွေဟာ ပရိသတ်တွေကြားမှာ ထင်ရှားနေခဲ့တာ အမှန်ပါပဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com