[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ အေကာင္းဆုံးသြင္းဂုိးဆုရရွိခဲ့တဲ့ ျပင္သစ္ေနာက္ခံလူ ပါဗာ Pavard

ျပင္သစ္အသင္းေနာက္ခံလူ ပါဗာ Pavard ဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕အေကာင္းဆုံးသြင္းဂုိးဆုကုိ ဆြတ္ခူးႏုိင္ခဲ့ပါတယ္။ ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္(ဖီဖာ)ဟာ ၿပီးခဲ့တဲ့ကမၻာ႔ဖလားၿပိဳင္ပဲြ အေကာင္းဆုံးသြင္းဂုိးဆုအတြက္ သူတို႔ရဲ႕၀က္ဘ္ဆုိက္ကေနတစ္ဆင့္ မဲဆႏၵေကာက္ခံခဲ့ၿပီး ပရိသတ္(၃)သန္းက မဲေပးခဲ့ၾကတာမွာ ပါဗာရဲ႕သြင္းဂုိးက မဲအမ်ားဆုံးရရွိခဲ့တာျဖစ္ပါတယ္။ ပါဗာဟာ အာဂ်င္တီးနားအသင္းကုိ (၄-၃)ဂုိးနဲ႔အႏုိင္ရခဲ့တဲ့ ႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြတုန္းက ျပင္သစ္အသင္းအတြက္ ဒုတိယေခ်ပဂုိးကုိ ၿပိဳင္ဘက္ဂုိးဧရိယာထိပ္ ညာျခမ္းကေန လွလွပပကန္သြင္းခဲ့ၿပီး အဲဒီဂုိးကုိ ပရိသတ္ေတြက အေကာင္းဆုံးဂုိးအျဖစ္ သတ္မွတ္ခဲ့တာလည္းျဖစ္ပါတယ္။

Pavards-stunning-strike-in-Frances-World-Cup-last-16-victory-over-Argentina

Pavards-stunning-strike-in-Frances-World-Cup-last-16-victory-over-Argentina

ပါဗာက”အဲဒီေဘာလံုံးက ဂုိး၀င္သြားမယ္လုိ႔ ကၽြန္ေတာ္ မထင္ထားခဲ့ပါဘူး။ ေဘာလုံးက ကၽြန္ေတာ့္ဆီ တည့္တည့္၀င္လာတဲ့အခ်ိန္မွာ လမ္းေၾကာင္းအတိုင္း ကန္သြင္းခဲ့တာျဖစ္ၿပီး အဲဒီလုိကန္ဖုိ႔ကုိလည္း အသင္းရဲ႕ တိုက္စစ္ကစားသမားေတြက ကၽြန္ေတာ့္ကုိ ညႊန္ၾကားခဲ့တာပါ။ ဂုိး၀င္သြင္းတဲ့အခ်ိန္မွာ ကၽြန္ေတာ္ အရမ္းေပ်ာ္သြားခဲ့ပါတယ္”လုိ႔ ဆုိခဲ့တယ္။

Juan-Quinteros-clever-free-kick-for-Colombia-against-Japan

Juan-Quinteros-clever-free-kick-for-Colombia-against-Japan

အံ့အားသင့္စရာေကာင္းတာက စပိန္နဲ႔(၃)ဂုိးစီသေရက်ခဲ့တဲ့ အုပ္စုပဲြတုန္းက ေပၚတူဂီအသင္းအတြက္ ဖရီးကစ္ကေန လွလွပပကန္သြင္းခဲ့တဲ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ရဲ႕ဂုိးဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအေကာင္းဆုံးသြင္းဂုိးစာရင္းထဲမွာ မပါ၀င္ခဲ့တာပဲျဖစ္ပါတယ္။

Modrics-brilliant-long-range-strike-for-Croatia-against-Argentina-was-third

Modrics-brilliant-long-range-strike-for-Croatia-against-Argentina-was-third

ဒုတိယမဲအမ်ားဆုံးရခဲ့တဲ့ဂုိးက ဂ်ပန္နဲ႔ကုိလံဘီယာတို႔ကစားခဲ့တဲ့ အုပ္စုပဲြမွာ ဂ်ပန္အသင္းဘက္ကုိ Tricky Free Kick နဲ႔သြင္းယူခဲ့တဲ့ ကြင္တာ႐ုိ Quintero ရဲ႕ သြင္းဂုိးျဖစ္ၿပီး အာဂ်င္တီးနားကုိ အႏုိင္ရခဲ့တဲ့ အုပ္စုုပဲြတုန္းက ဒုတိယဂုိးသြင္းယူခဲ့သူ မုိဒရစ္ Modric ဂုိးက တတိယမဲအမ်ားဆုံးရခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဘက္ကုိ ပါဗာ သြင္းယူခဲ့တဲ့ ဂုိး

REF:BBC
Photo:Chicago Tribune,Wide World of Sports,Goal
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အကောင်းဆုံးသွင်းဂိုးဆုရရှိခဲ့တဲ့ ပြင်သစ်နောက်ခံလူ ပါဗာ Pavard

ပြင်သစ်အသင်းနောက်ခံလူ ပါဗာ Pavard ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးသွင်းဂိုးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲ အကောင်းဆုံးသွင်းဂိုးဆုအတွက် သူတို့ရဲ့ဝက်ဘ်ဆိုက်ကနေတစ်ဆင့် မဲဆန္ဒကောက်ခံခဲ့ပြီး ပရိသတ်(၃)သန်းက မဲပေးခဲ့ကြတာမှာ ပါဗာရဲ့သွင်းဂိုးက မဲအများဆုံးရရှိခဲ့တာဖြစ်ပါတယ်။ ပါဗာဟာ အာဂျင်တီးနားအသင်းကို (၄-၃)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲတုန်းက ပြင်သစ်အသင်းအတွက် ဒုတိယချေပဂိုးကို ပြိုင်ဘက်ဂိုးဧရိယာထိပ် ညာခြမ်းကနေ လှလှပပကန်သွင်းခဲ့ပြီး အဲဒီဂိုးကို ပရိသတ်တွေက အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။

Pavards-stunning-strike-in-Frances-World-Cup-last-16-victory-over-Argentina

Pavards-stunning-strike-in-Frances-World-Cup-last-16-victory-over-Argentina

ပါဗာက”အဲဒီဘောလုံံးက ဂိုးဝင်သွားမယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ ဘောလုံးက ကျွန်တော့်ဆီ တည့်တည့်ဝင်လာတဲ့အချိန်မှာ လမ်းကြောင်းအတိုင်း ကန်သွင်းခဲ့တာဖြစ်ပြီး အဲဒီလိုကန်ဖို့ကိုလည်း အသင်းရဲ့ တိုက်စစ်ကစားသမားတွေက ကျွန်တော့်ကို ညွှန်ကြားခဲ့တာပါ။ ဂိုးဝင်သွင်းတဲ့အချိန်မှာ ကျွန်တော် အရမ်းပျော်သွားခဲ့ပါတယ်”လို့ ဆိုခဲ့တယ်။

Juan-Quinteros-clever-free-kick-for-Colombia-against-Japan

Juan-Quinteros-clever-free-kick-for-Colombia-against-Japan

အံ့အားသင့်စရာကောင်းတာက စပိန်နဲ့(၃)ဂိုးစီသရေကျခဲ့တဲ့ အုပ်စုပွဲတုန်းက ပေါ်တူဂီအသင်းအတွက် ဖရီးကစ်ကနေ လှလှပပကန်သွင်းခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ဂိုးဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအကောင်းဆုံးသွင်းဂိုးစာရင်းထဲမှာ မပါဝင်ခဲ့တာပဲဖြစ်ပါတယ်။

Modrics-brilliant-long-range-strike-for-Croatia-against-Argentina-was-third

Modrics-brilliant-long-range-strike-for-Croatia-against-Argentina-was-third

ဒုတိယမဲအများဆုံးရခဲ့တဲ့ဂိုးက ဂျပန်နဲ့ကိုလံဘီယာတို့ကစားခဲ့တဲ့ အုပ်စုပွဲမှာ ဂျပန်အသင်းဘက်ကို Tricky Free Kick နဲ့သွင်းယူခဲ့တဲ့ ကွင်တာရို Quintero ရဲ့ သွင်းဂိုးဖြစ်ပြီး အာဂျင်တီးနားကို အနိုင်ရခဲ့တဲ့ အုပ်စုပွဲတုန်းက ဒုတိယဂိုးသွင်းယူခဲ့သူ မိုဒရစ် Modric ဂိုးက တတိယမဲအများဆုံးရခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဘက်ကို ပါဗာ သွင်းယူခဲ့တဲ့ ဂိုး

REF:BBC
Photo:Chicago Tribune,Wide World of Sports,Goal
Naing Linn(Akhayar)
www.akhayar.com