[Zawgyi]

ဒိန္ခ်ဥ္ကုိေန႔စဥ္စားသုံးျခင္းရဲ႕ေမွာ္ဆန္တဲ့အက်ိဳးေက်းဇူး ၅ ခ်က္

စားသုံးကုန္ေတြ အေျမာက္အျမားရွိတဲ့အထဲမွာ ႏုိ႔ထြက္ပစၥည္းေတြဟာ လူစားသုံးမႈအမ်ားဆုံးနဲ႔ အံ့မခန္းအက်ိဳးေက်းဇူးေပးစြမ္းႏုိင္တဲ့ အစားအစာတစ္ခုျဖစ္ပါတယ္။ အမ်ားအားျဖင့္ စနစ္တက်က်ိဳခ်က္ထားတဲ့ ႏုိ႔ထြက္ပစၥည္းေတြဟာ ကုိယ့္ရဲ႕ေရရွည္က်န္းမာေရးအတြက္ေရာ၊ ခႏၶာကုိယ္အတြက္ပါ အက်ိဳးရွိေစတဲ့ အာနိသင္ေတြ ပါဝင္ပါတယ္။ အဲဒါေၾကာင့္ ဒီေဆာင္းပါးမွာ ႏုိ႔ထြက္ပစၥည္းေတြထဲက အားလုံးႀကိဳက္ႏွစ္သက္ၾကတဲ့ စားသုံးကုန္တစ္ခုျဖစ္တဲ့ ဒိန္ခ်ဥ္ရဲ႕အက်ိဳးေက်းဇူးေတြကုိ ဒီမွာ ျပန္လည္မွ်ေဝသြားမွာျဖစ္ပါတယ္။ ဒိန္ခ်ဥ္ရဲ႕အက်ိဳးေက်းဇူးေတြကုိ ျပန္လည္မွ်ေဝဖုိ႔အတြက္ဆို ပထမဦးဆုံးအေနနဲ႔ အားလုံးသိသင့္တဲ့ ဒိန္ခ်ဥ္ရဲ႕ က်န္းမာေရးဆုိင္ရာအခ်က္အလက္ေတြကုိ တစ္ခ်က္ေျပာဖုိ႔လုိပါလိမ့္မယ္။ ႏုိ႔ကေနအခ်ဥ္ေဖာက္ၿပီး က်ိဳခ်က္ထားတဲ့ ဒိန္ခ်ဥ္ဟာ အျခားႏုိ႔ထြက္ပစၥည္းေတြနဲ႔အလားတူပဲ တိရစာၦန္အသားဓာတ္ျဖစ္တဲ့ ပ႐ုိတိန္းဓာတ္ကုိ ေပးစြမ္းပါတယ္။ သုိေလွာင္ၿပီးေရာင္းခ်တဲ့ ဒိန္ခ်ဥ္ကုိးဂရမ္မွာ ပ႐ုိတိန္းေျခာက္ေအာင္စပါဝင္ပါတယ္။ ဒါ့အျပင္ အျခားႏို႔ထြက္ပစၥည္းေတြမွာပါဝင္တဲ့ အာဟာရဓာတ္နဲ႔ ဗီတာမင္ေတြျဖစ္တဲ့ ကယ္လ္ဆီယမ္၊ ဗီတာမင္ဘီတူး၊ ဗီတာမင္ဘီတြဲလ္၊ ပုိတတ္ဆီယမ္နဲ႔ မက္ဂနီဆီယမ္ အစရွိတဲ့ အျခားေသာအက်ိဳးေက်းဇူးေတြလည္း ပါဝင္ပါေသးတယ္။ ေနာက္ထပ္တစ္ခ်က္ကေတာ့ ဒိန္ခ်ဥ္မွာ ပ႐ုိဘုိင္ေရာတစ္ (Probiotics) လုိ႔ေခၚတဲ့ က်န္းမာေရးအေထာက္အကူျပဳ ဘက္တီးရီးယားေတြ ပါဝင္ပါတယ္။ စနစ္တက်အခ်ဥ္ေဖာက္ၿပီး က်ိဳခ်က္ထားတဲ့ အဆင္သင့္စားဒိန္ခ်ဥ္မွာ အဲဒီဘက္တီးရီးယားေတြ ပါဝင္တဲ့အတြက္ က်ဥ္းမာေရးအတြက္ မ်ားစြာအက်ိဳးရွိပါတယ္။ ဒါေတြဟာ ဒိန္ခ်ဥ္မွာပါဝင္တဲ့ အေျခခံအာဟာရနဲ႔ အာနိသင္ေတြျဖစ္ၿပီး ဒိန္ခ်ဥ္ကုိပုံမွန္စားသုံးျခင္းေၾကာင့္ ရရွိမယ့္ အက်ိဳးေက်းဇူးေတြကေတာ့ ေအာက္ပါအတုိင္းပဲျဖစ္ပါတယ္။

၁။ ပ႐ုိဘုိင္ေရာတစ္ဘက္တီးရီးယားေတြရဲ႕အံ့မခန္းအက်ိဳးေက်းဇူး

အထက္မွာေျပာခဲ့တဲ့ ဒိန္ခ်ဥ္မွာပါဝင္တဲ့ ပ႐ုိဘုိင္ေရာတစ္ဘက္တီးရီးယားေတြဟာ လူေတြရဲ႕ဝမ္းတြင္းနဲ႔ အစာေခ်ဖ်က္ျခင္းစနစ္အလုပ္လုပ္တဲ့ ေနရာတစ္ဝုိက္မွာ ရွင္သန္ၾကတဲ့ ဘက္တီးရီးယားမ်ိဳးျဖစ္ၿပီး သူတုိ႔ကို မိတ္ေဆြဘက္တီးရီးယားလုိ႔လည္း သိၾကပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဒီမိတ္ေဆြဘက္တီးရီးယားေတြဟာ အစာေခ်ဖ်က္တဲ့ေနရာမွာ ပုိမုိလည္ပတ္မႈေကာင္းမြန္လာေစေအာင္ အေထာက္အကူျပဳတဲ့အျပင္ လူေတြရဲ႕ကုိယ္ခံအားနဲ႔ ခုခံႏုိင္စြမ္းကုိ တုိးျမႇင့္ေပးတာေၾကာင့္ပါပဲ။ ဒါ့အျပင္ ေလ့လာေတြ႕ရွိခ်က္အရ အူအတြငး္ျဖစ္ပြားေလ့ရွိတဲ့ ခႏၶာကုိယ္ခုခံႏုိင္စြမ္းကုိ ေလွ်ာ့ခ်တဲ့ေရာဂါပုိးေတြရဲ႕တုံ႔ျပန္ခ်က္ကုိ ေလ်ာ့နည္းေစလုိ႔ ဝမ္းမေကာင္းသူေတြနဲ႔ အူမႀကီးေရာင္ေရာဂါရွိသူေတြ အထူးစားသုံးသင့္ပါတယ္။

Yogurt

Yogurt

၂။ ဝမ္းဗုိက္နဲ႔အစာအိမ္တစ္ဝုိက္မွာ အျဖစ္မ်ားေလ့ရွိတဲ့ ေရာဂါေတြကုိ သက္သာေကာင္းမြန္ေစတယ္

အဆင္သင့္ထုတ္ပုိးေရာင္းခ်တဲ့ႏုိ႔ေတြက သၾကားဓာတ္ကို ထိန္းညႇိေပးၿပီး အစားအေသာက္မွားယြင္းျခင္းေၾကာင့္ လူေတြအျဖစ္မ်ားေလ့ရွိတဲ့ ဝမ္းခ်ဴပ္ျခင္း၊ ဝမ္းေလွ်ာျခင္းတုိ႔ကုိ သက္သာေကာင္းမြန္ေစတဲ့အျပင္ ဝမ္းတြင္းေရာဂါမ်ားျဖစ္ၾကတဲ့ အူမႀကီးေအာက္ပုိင္းကင္ဆာ၊ အစာအိမ္ကင္ဆာ အစရွိတဲ့ ေရာဂါေတြ ျဖစ္ပြားလာႏုိင္ႏႈန္းကုိ ေလ်ာ့က်ေစပါတယ္။ ဒါတင္မကေသးဘဲ ဒိန္ခ်ဥ္ဟာ အစာခ်က္လုပ္ျခင္းကုိ အေထာက္အကူျပဳၿပီး ဝမ္းမွန္ေစျခင္း၊ ဝမ္းတြင္းအညစ္အေၾကးမ်ားကုိ ပုံမွန္သန္႔စင္ေပးျခင္း အစရွိတဲ့ အစာအိမ္ဆုိင္ရာလုပ္ငန္းေတြကုိလည္း လုပ္ေဆာင္ေပးပါတယ္။

Yogurt

Yogurt

၃။ အ႐ိုးအဆစ္မ်ားကုိ သန္မာေစၿပီး အ႐ုိးပြေရာဂါကုိ ကာကြယ္ႏုိင္စြမ္းရွိျခင္း

အရည္အေသြးျပည့္မွီစြာ က်ိဳခ်က္ထားတဲ့ အသင့္ေသာက္သုံးႏုိင္တဲ့ ႏြားႏုိ႔မွာ စစ္မွန္သန္႔စင္တဲ့ ကယ္လ္ဆီယမ္ဓာတ္ပါဝင္သလုိ ဒိန္ခ်ဥ္ဟာလည္း အလားတူပါပဲ။ ကယ္လ္ဆီယမ္ဓာတ္ဟာ လူေတြရဲ႕အ႐ုိးကုိ သန္မာေကာင္းမြန္ေစၿပီး အ႐ုိးအဆစ္နဲ႔ပတ္သက္တဲ့ေရာဂါေတြကို ျဖစ္ပြားလာႏုိင္ေျခ နည္းပါးေစပါတယ္။ အ႐ုိးအဆစ္နဲ႔သက္ဆုိင္တဲ့ေရာဂါေတြဟာ အသက္အရြယ္မေရြးျဖစ္ပြားႏုိင္ေျခရွိတာေၾကာင့္ ေရာဂါျဖစ္မယ့္အခ်ိန္ကုိ ခန္႔မွန္းတြက္ဆေနမယ့္အစား ဒိန္ခ်ဥ္တစ္ခြက္ကုိ ေန႔စဥ္ပုံမွန္ေသာက္သုံးျခင္းျဖင့္ အ႐ုိးနဲ႔အဆစ္အျမစ္သက္ဆုိင္ရာေရာဂါမ်ားကုိ ႀကိဳတင္ကာကြယ္ႏုိင္ပါတယ္။

Yogurt

Yogurt

၄။ ပံုမွန္စားသုံးျခင္းျဖင့္ အသားအရည္ကုိ ပုိမုိဝင္းလက္ေတာက္ပလာႏုိင္ေစျခင္း

ညအိပ္ရာဝင္ခါနီး ျပည့္ေမာက္တဲ့ ႏြားႏုိ႔ (ဒါမွမဟုတ္) ဒိန္ခ်ဥ္တစ္ခြက္ကုိ ေသာက္သုံးျခင္းဟာ ေမွာ္ဆန္တဲ့အာနိသင္ကုိ ေပးစြမ္းတဲ့ အထိေရာက္ဆုံး အိမ္တြင္းက်န္းမာေရးကုထုံးျဖစ္ပါတယ္။ ပုံမွန္စားသုံးျခင္းကေန အေလ့အထတစ္ခုျဖစ္သြားတဲ့အခါမွာ ကိုယ့္ရဲ႕က်န္းမာေရးတင္မက ခႏၶာကုိယ္အသားအရည္ကိုပါ သိသိသာသာ အရင္ကထက္ပုိၿပီး ဝင္းလက္ေတာက္ပလာတာကုိ မ်က္ျမင္ကိုယ္ေတြ႔ ေတြ႔ရွိရမွာျဖစ္ပါတယ္။ ႏြားႏုိ႔ ဒါမွမဟုတ္ ဒိန္ခ်ဥ္ကို ညအိပ္ရာဝင္ခါနီးေသာက္သုံးျခင္းဟာ ပုံမွန္ထက္ပုိၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစတဲ့အျပင္ အိပ္ေနခ်ိန္မွာ ခႏၶာကိုယ္ကအလုိေလ်ာက္ ေဆာင္ရြက္တဲ့လုပ္ငန္းစဥ္တစ္ခုျဖစ္တဲ့ အေရျပားဆဲလ္ေသေတြကုိဖယ္ရွားၿပီး သစ္လြင္ႏုပ်ိဳတဲ့ဆဲလ္ေတြနဲ႔ ျပန္လည္အစားထုိးျခင္းကုိ တုိးျမႇင့္ေပးပါတယ္။

Yogurt

Yogurt

၅။ ဗုိက္ျပည့္ေစျခင္း၊ အျခားသေရစာမ်ားထက္ ပုိၿပီးအစာခံျခင္း

ဝါရွင္တန္ၿမိဳ႕မွာရွိတဲ့ တကၠသုိလ္ေက်ာင္းတစ္ခုမွာ အမ်ိဳးသား ၁၆ ေယာက္၊ အမ်ိဳးသမီး ၁၆ ေယာက္ကုိ မက္မြန္သီးအဖက္ေတြပါဝင္တဲ့ ဒိန္ခ်ဥ္၊ အသင့္ေသာက္ဒိန္ခ်ဥ္၊ ေန႔စဥ္ေသာက္မက္မြန္ေဖ်ာ္ရည္နဲ႔ သာမန္မက္မြန္အခ်ိဳရည္ အစရွိတဲ့ ဒိန္ခ်ဥ္ႏွစ္မ်ိဳး၊ သေရစာေဖ်ာ္ရည္ႏွစ္မ်ိဳး ေသာက္သုံးေစၿပီး ေလ့လာစမ္းသပ္တဲ့အခါမွာ ဒိန္ခ်ဥ္ႏွစ္မ်ိဳးေသာက္သုံးထားတဲ့သူမ်ားဟာ အျခားသေရစာေဖ်ာ္ရည္နွစ္မ်ိဳးကုိ ေသာက္သုံးထားသူမ်ားထက္ ပုိၿပီးအစာခံေၾကာင္းနဲ႔ မက္မြန္ေဖ်ာ္ရည္ကုိေသာက္သုံးထားသူမ်ားဟာ ေန႔လယ္စာစားခ်ိန္မွာ ပုိၿပီးအစာစားေၾကာင္းကုိ ေတြ႔ရွိခဲ့ရပါတယ္။ ဒါ့အျပင္ဒိန္ခ်ဥ္ဟာ ႏြားႏုိ႔ထက္ပုိၿပီး ဗုိက္ကုိ ျပည့္တင္းအစာခံေစပါတယ္။

Yogurt

Yogurt

Yan

Ref: webmd, wikia

www.akhayar.com

[Unicode]

ဒိန်ချဉ်ကိုနေ့စဉ်စားသုံးခြင်းရဲ့မှော်ဆန်တဲ့အကျိုးကျေးဇူး ၅ ချက်

စားသုံးကုန်တွေ အမြောက်အမြားရှိတဲ့အထဲမှာ နို့ထွက်ပစ္စည်းတွေဟာ လူစားသုံးမှုအများဆုံးနဲ့ အံ့မခန်းအကျိုးကျေးဇူးပေးစွမ်းနိုင်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ အများအားဖြင့် စနစ်တကျကျိုချက်ထားတဲ့ နို့ထွက်ပစ္စည်းတွေဟာ ကိုယ့်ရဲ့ရေရှည်ကျန်းမာရေးအတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ အကျိုးရှိစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ အဲဒါကြောင့် ဒီဆောင်းပါးမှာ နို့ထွက်ပစ္စည်းတွေထဲက အားလုံးကြိုက်နှစ်သက်ကြတဲ့ စားသုံးကုန်တစ်ခုဖြစ်တဲ့ ဒိန်ချဉ်ရဲ့အကျိုးကျေးဇူးတွေကို ဒီမှာ ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။ ဒိန်ချဉ်ရဲ့အကျိုးကျေးဇူးတွေကို ပြန်လည်မျှဝေဖို့အတွက်ဆို ပထမဦးဆုံးအနေနဲ့ အားလုံးသိသင့်တဲ့ ဒိန်ချဉ်ရဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို တစ်ချက်ပြောဖို့လိုပါလိမ့်မယ်။ နို့ကနေအချဉ်ဖောက်ပြီး ကျိုချက်ထားတဲ့ ဒိန်ချဉ်ဟာ အခြားနို့ထွက်ပစ္စည်းတွေနဲ့အလားတူပဲ တိရစ္ဆာန်အသားဓာတ်ဖြစ်တဲ့ ပရိုတိန်းဓာတ်ကို ပေးစွမ်းပါတယ်။ သိုလှောင်ပြီးရောင်းချတဲ့ ဒိန်ချဉ်ကိုးဂရမ်မှာ ပရိုတိန်းခြောက်အောင်စပါဝင်ပါတယ်။ ဒါ့အပြင် အခြားနို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ အာဟာရဓာတ်နဲ့ ဗီတာမင်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ ဗီတာမင်ဘီတူး၊ ဗီတာမင်ဘီတွဲလ်၊ ပိုတတ်ဆီယမ်နဲ့ မက်ဂနီဆီယမ် အစရှိတဲ့ အခြားသောအကျိုးကျေးဇူးတွေလည်း ပါဝင်ပါသေးတယ်။ နောက်ထပ်တစ်ချက်ကတော့ ဒိန်ချဉ်မှာ ပရိုဘိုင်ရောတစ် (Probiotics) လို့ခေါ်တဲ့ ကျန်းမာရေးအထောက်အကူပြု ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ စနစ်တကျအချဉ်ဖောက်ပြီး ကျိုချက်ထားတဲ့ အဆင်သင့်စားဒိန်ချဉ်မှာ အဲဒီဘက်တီးရီးယားတွေ ပါဝင်တဲ့အတွက် ကျဉ်းမာရေးအတွက် များစွာအကျိုးရှိပါတယ်။ ဒါတွေဟာ ဒိန်ချဉ်မှာပါဝင်တဲ့ အခြေခံအာဟာရနဲ့ အာနိသင်တွေဖြစ်ပြီး ဒိန်ချဉ်ကိုပုံမှန်စားသုံးခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

၁။ ပရိုဘိုင်ရောတစ်ဘက်တီးရီးယားတွေရဲ့အံ့မခန်းအကျိုးကျေးဇူး

အထက်မှာပြောခဲ့တဲ့ ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုဘိုင်ရောတစ်ဘက်တီးရီးယားတွေဟာ လူတွေရဲ့ဝမ်းတွင်းနဲ့ အစာချေဖျက်ခြင်းစနစ်အလုပ်လုပ်တဲ့ နေရာတစ်ဝိုက်မှာ ရှင်သန်ကြတဲ့ ဘက်တီးရီးယားမျိုးဖြစ်ပြီး သူတို့ကို မိတ်ဆွေဘက်တီးရီးယားလို့လည်း သိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိတ်ဆွေဘက်တီးရီးယားတွေဟာ အစာချေဖျက်တဲ့နေရာမှာ ပိုမိုလည်ပတ်မှုကောင်းမွန်လာစေအောင် အထောက်အကူပြုတဲ့အပြင် လူတွေရဲ့ကိုယ်ခံအားနဲ့ ခုခံနိုင်စွမ်းကို တိုးမြှင့်ပေးတာကြောင့်ပါပဲ။ ဒါ့အပြင် လေ့လာတွေ့ရှိချက်အရ အူအတွင်းဖြစ်ပွားလေ့ရှိတဲ့ ခန္ဓာကိုယ်ခုခံနိုင်စွမ်းကို လျှော့ချတဲ့ရောဂါပိုးတွေရဲ့တုံ့ပြန်ချက်ကို လျော့နည်းစေလို့ ဝမ်းမကောင်းသူတွေနဲ့ အူမကြီးရောင်ရောဂါရှိသူတွေ အထူးစားသုံးသင့်ပါတယ်။

Yogurt

Yogurt

၂။ ဝမ်းဗိုက်နဲ့အစာအိမ်တစ်ဝိုက်မှာ အဖြစ်များလေ့ရှိတဲ့ ရောဂါတွေကို သက်သာကောင်းမွန်စေတယ်

အဆင်သင့်ထုတ်ပိုးရောင်းချတဲ့နို့တွေက သကြားဓာတ်ကို ထိန်းညှိပေးပြီး အစားအသောက်မှားယွင်းခြင်းကြောင့် လူတွေအဖြစ်များလေ့ရှိတဲ့ ဝမ်းချူပ်ခြင်း၊ ဝမ်းလျှောခြင်းတို့ကို သက်သာကောင်းမွန်စေတဲ့အပြင် ဝမ်းတွင်းရောဂါများဖြစ်ကြတဲ့ အူမကြီးအောက်ပိုင်းကင်ဆာ၊ အစာအိမ်ကင်ဆာ အစရှိတဲ့ ရောဂါတွေ ဖြစ်ပွားလာနိုင်နှုန်းကို လျော့ကျစေပါတယ်။ ဒါတင်မကသေးဘဲ ဒိန်ချဉ်ဟာ အစာချက်လုပ်ခြင်းကို အထောက်အကူပြုပြီး ဝမ်းမှန်စေခြင်း၊ ဝမ်းတွင်းအညစ်အကြေးများကို ပုံမှန်သန့်စင်ပေးခြင်း အစရှိတဲ့ အစာအိမ်ဆိုင်ရာလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ပေးပါတယ်။

Yogurt

Yogurt

၃။ အရိုးအဆစ်များကို သန်မာစေပြီး အရိုးပွရောဂါကို ကာကွယ်နိုင်စွမ်းရှိခြင်း

အရည်အသွေးပြည့်မှီစွာ ကျိုချက်ထားတဲ့ အသင့်သောက်သုံးနိုင်တဲ့ နွားနို့မှာ စစ်မှန်သန့်စင်တဲ့ ကယ်လ်ဆီယမ်ဓာတ်ပါဝင်သလို ဒိန်ချဉ်ဟာလည်း အလားတူပါပဲ။ ကယ်လ်ဆီယမ်ဓာတ်ဟာ လူတွေရဲ့အရိုးကို သန်မာကောင်းမွန်စေပြီး အရိုးအဆစ်နဲ့ပတ်သက်တဲ့ရောဂါတွေကို ဖြစ်ပွားလာနိုင်ခြေ နည်းပါးစေပါတယ်။ အရိုးအဆစ်နဲ့သက်ဆိုင်တဲ့ရောဂါတွေဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ခြေရှိတာကြောင့် ရောဂါဖြစ်မယ့်အချိန်ကို ခန့်မှန်းတွက်ဆနေမယ့်အစား ဒိန်ချဉ်တစ်ခွက်ကို နေ့စဉ်ပုံမှန်သောက်သုံးခြင်းဖြင့် အရိုးနဲ့အဆစ်အမြစ်သက်ဆိုင်ရာရောဂါများကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

Yogurt

Yogurt

၄။ ပုံမှန်စားသုံးခြင်းဖြင့် အသားအရည်ကို ပိုမိုဝင်းလက်တောက်ပလာနိုင်စေခြင်း

ညအိပ်ရာဝင်ခါနီး ပြည့်မောက်တဲ့ နွားနို့ (ဒါမှမဟုတ်) ဒိန်ချဉ်တစ်ခွက်ကို သောက်သုံးခြင်းဟာ မှော်ဆန်တဲ့အာနိသင်ကို ပေးစွမ်းတဲ့ အထိရောက်ဆုံး အိမ်တွင်းကျန်းမာရေးကုထုံးဖြစ်ပါတယ်။ ပုံမှန်စားသုံးခြင်းကနေ အလေ့အထတစ်ခုဖြစ်သွားတဲ့အခါမှာ ကိုယ့်ရဲ့ကျန်းမာရေးတင်မက ခန္ဓာကိုယ်အသားအရည်ကိုပါ သိသိသာသာ အရင်ကထက်ပိုပြီး ဝင်းလက်တောက်ပလာတာကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိရမှာဖြစ်ပါတယ်။ နွားနို့ ဒါမှမဟုတ် ဒိန်ချဉ်ကို ညအိပ်ရာဝင်ခါနီးသောက်သုံးခြင်းဟာ ပုံမှန်ထက်ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့အပြင် အိပ်နေချိန်မှာ ခန္ဓာကိုယ်ကအလိုလျောက် ဆောင်ရွက်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ အရေပြားဆဲလ်သေတွေကိုဖယ်ရှားပြီး သစ်လွင်နုပျိုတဲ့ဆဲလ်တွေနဲ့ ပြန်လည်အစားထိုးခြင်းကို တိုးမြှင့်ပေးပါတယ်။

Yogurt

Yogurt

၅။ ဗိုက်ပြည့်စေခြင်း၊ အခြားသရေစာများထက် ပိုပြီးအစာခံခြင်း

ဝါရှင်တန်မြို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းတစ်ခုမှာ အမျိုးသား ၁၆ ယောက်၊ အမျိုးသမီး ၁၆ ယောက်ကို မက်မွန်သီးအဖက်တွေပါဝင်တဲ့ ဒိန်ချဉ်၊ အသင့်သောက်ဒိန်ချဉ်၊ နေ့စဉ်သောက်မက်မွန်ဖျော်ရည်နဲ့ သာမန်မက်မွန်အချိုရည် အစရှိတဲ့ ဒိန်ချဉ်နှစ်မျိုး၊ သရေစာဖျော်ရည်နှစ်မျိုး သောက်သုံးစေပြီး လေ့လာစမ်းသပ်တဲ့အခါမှာ ဒိန်ချဉ်နှစ်မျိုးသောက်သုံးထားတဲ့သူများဟာ အခြားသရေစာဖျော်ရည်နှစ်မျိုးကို သောက်သုံးထားသူများထက် ပိုပြီးအစာခံကြောင်းနဲ့ မက်မွန်ဖျော်ရည်ကိုသောက်သုံးထားသူများဟာ နေ့လယ်စာစားချိန်မှာ ပိုပြီးအစာစားကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင်ဒိန်ချဉ်ဟာ နွားနို့ထက်ပိုပြီး ဗိုက်ကို ပြည့်တင်းအစာခံစေပါတယ်။

Yogurt

Yogurt

Yan

Ref: webmd, wikia

www.akhayar.com