[Zawgyi]

ဗိုက္မဝမခ်င္း အဝအကားစားရမယ့္ “လွ်ာလည္လည္” ရဲ႕ ဝက္သားတုတ္ထိုးဘူေဖး

ဝက္သားတုတ္ထိုးဆိုတာမ်ိဳးက စားရတာ အီဆိမ့္ၿပီး အရသာရွိသေလာက္ လမ္းေဘးအထမ္းသည္ေလးေတြ၊ ခံုပုေလးေတြနဲ႔ စားရတာ ရိႈးပဲ့၊သက္ေတာင့္သက္သာမရွိတဲ့အမ်ိဳးမို႔လား?

တစ္ခါတစ္ခါစားမိျပန္ရင္လည္း လက္လြန္ေျခလြန္ေတြျဖစ္ကုန္ရတာနဲ႔၊ ပါးစပ္က ဘရိတ္မအုပ္ႏိုင္တာနဲ႔ ေငြရွင္းရတဲ့အခ်ိန္က်ရင္ ေသာင္းခ်ီၿပီး ေပးရတာမ်ိဳးေလ။ ခုမ်ားေတာ့ အဲ့လို ဒုကၡေတြေဝးၿပီး ပါးစပ္ကိုပါ ဘရိတ္မအုပ္တမ္း Non-stop ဆြဲလို႔ရမယ့္ ဝက္သားတုတ္ထိုးဆိုင္ေပၚလာၿပီတဲ့။

“ဝက္သားတုတ္ထိုး အဝစားဘူေဖး” တဲ့။ ဘယ္လိုေတာင္မ်ားလဲေပါ့။ သူက အသစ္ဖြင့္ထားတဲ့ ေဝဇယႏၲာလမ္းေပၚက လားရိႈးညေစ်းထဲမွာ ဆိုင္ဖြင့္ထားတာ။ တစ္ေယာက္ကို ၉၉၀၀+tax ေပးရံုနဲ႔ ဝက္သားတုတ္ထိုးကို အဝဆြဲဆိုပဲ။ ဒါမ်ိဳးဆို နာမည္ႀကီးေနလြန္းေတာ့ အခရာကလည္း သြားခဲ့စားခဲ့သမွ် ဝက္သားတုတ္ထိုးဘူေဖးဠီကာကို ကိုယ့္ေရာင္းရင္းအစားသမားေတြအတြက္ မေႏွးမျမန္ သတင္းပို႔လိုက္ဦးမွ။

ဆိုင္နာမည္က “လွ်ာလည္လည္” တဲ့။ အမွတ္ ၆၆၊ ေဝဇယႏၲာလမ္း၊ ရတနာလမ္းနဲ႔ ေမတၱာလမ္းၾကား၊ ေတာင္ဥကၠလာၿမိဳ႕နယ္ထဲက Lashio Night Market ဝင္းထဲမွာ ရွိတာ။ ဆိုင္ေလးကေတာ့ က်ဥ္းက်ဥ္းပဲ။ ပတ္လည္စားပြဲဝိုင္းရွည္ႀကီး တစ္ခုရယ္၊ လူ ၄ေယာက္ထိုင္ စားပြဲခံု ၆ခုေလာက္ရယ္ပဲ ရွိတယ္။

 သူ႔ဆီမွာ ဝက္သားတုတ္ထိုး ဘူေဖးကို တစ္နာရီခြဲ အခ်ိန္အတြင္း အဝစားေရာင္းေပးတာ။ ဝက္သားတုတ္ထိုးတင္လားဆိုေတာ့ ႏိုးပါေနာ္။ ၾကက္သားတုတ္ထိုး၊ အမဲသားတုတ္ထိုး၊ ငံုးဥ၊ပဲျပား၊ တိုဟူး၊ ရံုးပတီသီးစတဲ့ အသီးႏွံတုတ္ထိုးေတြအျပင္၊ မုန္ညင္း၊ ဆလတ္၊ ေဂၚဖီ နဲ႔ ၾကာဆံေၾကာ္၊ ေခါက္ဆြဲေၾကာ္ေတြပါ ရသဗ်ား။ နည္းနည္းေတာ့ စိတ္ဝင္စားသြားၿပီေတာ့ လုပ္လိုက္။ 

စားတာက စားၿပီးၿပီ အခ်ိဳတည္းဖို႔ဆိုရင္ေရာဆို ေရခဲမုန္႔ ၆မ်ိဳးေလာက္ရယ္၊ လီမြန္တီးနဲ႔ လိေမၼာ္ရည္ပါ Free Flow တဲ့။ ဝက္သားတုတ္ထိုးတမ်ိဳးတည္းဆို မွားသြားမွာေပါ့။

 

ကဲ…စားေတာ့စားခ်င္လို႔ ေရာက္သြားပါၿပီတဲ့။ ဘယ္လို မွာစားၿပီး ဘယ္လို ေငြရွင္းရမလဲဆိုတာ အခရာက ဒီအစားတလိုင္းက အျပည့္စံုဆံုး ရွင္းျပမယ္ေနာ္။

(၁) ပထမဆံုး Lashio Night Market ရဲ႕ Cashier ကိုသြား ပိုက္ဆံသံုးခ်င္တဲ့ပမာဏကို ကတ္လုပ္။ (လွ်ာလည္လည္ဆိုင္ရဲ႕ ေဘးကပ္ရက္တင္ေနာ္)

(၂) ၿပီးတာနဲ႔ ဆိုင္ထဲဝင္ ေကာင္တာမွာ တစ္ခါတည္း ေငြရွင္းရမယ္။ Tax အပါအဝင္ စုစုေပါင္း ၁၀၃၉၅ က်ပ္က်ပါတယ္ေနာ္။

(၃) ၿပီးရင္ ဝက္သားတုတ္ထိုးတန္းႀကီးကိုသြား ႀကိဳက္ရာတုတ္ထိုးေတြအကုန္ ပန္းကန္တစ္ခုထဲ ထည့္။ (ဒီေနရာမွာ တစ္ခုသတိထားရမွာက ကိုယ္ကုန္ႏိုင္သေလာက္ပဲ အရင္ယူေနာ္။အေခ်ာင္း ၂၀ ဆို ၂၀ ေပါ့။ ဘာလို႔ဆို မကုန္တာနဲ႔ ပိုက္ဆံျပန္ေကာက္မွာဆိုေတာ့ ေလာဘမႀကီးနဲ႔။ ေအးေဆး ကုန္သေလာက္ပဲယူ။ ခနခနထယူရေတာ့ ဗိုက္ေတာင္ေခ်ာင္ေသး…ေနာ့္။)

(၄) ၿပီးရင္ ေဘးက ကိုယ္စားခ်င္တဲ့ ၾကက္သားတုတ္ထိုးေတြ၊ အမဲသားတုတ္ထိုးေတြယူလို႔ရၿပီ။ (အမ်ားႀကီးေတာ့မယူနဲ႔ေနာ္။ ဒီေနရာမွာ မင္းသားက ဝက္သားတုတ္ထိုးမလား။ က်န္တာေတြ ၃,၄ ေခ်ာင္းစီေလာက္ဆို အစံုစားရၿပီ)

(၅) ၾကက္၊ အမဲစြပ္ျပဳတ္အိုးႀကီးေတြလည္း ရွိေသးတယ္။ အားရွိတယ္ဆိုေပမယ့္ ကိုယ္ေတြကေတာ့ ထိေတာင္မထိခဲ့ဘူးရယ္။ (အရည္ေတြေသာက္တာမ်ားၿပီး မစားႏိုင္ရင္ဒုကၡေလ)

(၆) ၾကာဆံေၾကာ္၊ေခါက္ဆြဲေၾကာ္နဲ႔ အသီးအႏွံတုတ္ထိုးေတြ နည္းနည္းစီထည့္။ အရည္ထဲထည့္ဖို႔ မုန္ညင္းစိမ္းနည္းနည္းယူ။

(၇) အခ်ဥ္ရည္စပ္ၾကမယ္။ အခ်ဥ္စပ္ဖို႔ဆို သူေပးထားတဲ့ ထန္းလ်က္နဲ႔င႐ုတ္သီးခ်ဥ္က ထန္းလ်က္အခ်ိဳးဆပိုမ်ားေတာ့ နည္းနည္းေလးခ်ိဳတယ္။ ခ်ဥ္ခ်ဥ္စပ္စပ္ဆို င႐ုတ္သီးစိမ္း၊ ငံျပာရည္ထည့္ၿပီး သံပုရာသီး ၃,၄ စိတ္ေလာက္ညႇစ္လိုက္။ အိုေခသြားၿပီကြယ္။

ဒါဆို ကိုယ္ယူထားတဲ့ပန္းကန္ေတြကို ကိုယ့္စားပြဲမွာခ်။ သူတို႔ျပင္ေပးထားတဲ့ ဂတ္စ္မီးဖိုေပၚက အရည္အိုးေလးထဲ တုတ္ထိုးေတြစိမ္၊ မုန္ညင္းစိမ္းေလးပစ္ထည့္ၿပီးစားရံုပဲ။

အရသာကေတာ့ ဝက္သားေတြအကုန္လံုးႏူးညံ့ေနၿပီး သန္႔ရွင္းေနတာပဲ။ အသားထဲကို ေပါင္းထားတဲ့ပဲငံျပာရည္ဓါတ္အျပည့္အဝဝင္တယ္။အသားညႇီတာ၊ နံတာ လံုးဝမရွိဘူး။

ဒီေနရာမွာ တစ္ခုမွတ္ထားရမွာက အခ်ိန္က တစ္နာရီခြဲေပးထားတာဆိုေတာ့ မ်ားမ်ားစားခ်င္တဲ့သူေတြအေနနဲ႔ ဝက္သားတုတ္ထိုးေတြက အိုးထဲမထည့္ခင္တည္းကတင္ ႏူးၿပီးသားအေျခအေနမို႔ ဂတ္စ္အိုးနဲ႔ အရည္အိုးထဲျပန္စိမ္တဲ့အခါ အရည္ပူၿပီး မုန္ညင္းစိမ္းေတြက်က္တဲ့အေနဆိုတာနဲ႔ မီးပိတ္ၿပီးသာ ဆြဲေတာ့ေနာ္။ ႏို႔မို႔ မီးဖြင့္ထားၿပီး တေခ်ာင္းစီ အိုးထဲကယူၿပီးစားေနရင္ ပူတာကိုအေအးခံေနရတာနဲ႔တင္ အခ်ိန္ျပည့္ႏိုင္တယ္ေလ။ အရည္ကေတာ့ ပဲငံျပာရည္ပိုမ်ားတဲ့ပံုပဲ။ အခ်ိဳဓါတ္ကဲတယ္။ 

စားၿပီးရင္ေတာ့ ေရခဲမုန္႔ေလး အခ်ိဳတည္းရံုပဲ။ သတိထားဖို႔က ပိုတာေတြ၊က်န္တာေတြ နည္းႏိုင္သမွ် နည္းပါေစေနာ္။ ကဲ…ဒီေလာက္ဆို လားရိႈးညေစ်းက အဝစားဝက္သားတုတ္ထိုးဘူေဖးအေၾကာင္း သိသြားေလာက္ၿပီမလား?

၉၉၀၀ ဝန္းက်င္ဆိုေတာ့ မစားႏိုင္တဲ့သူေတြအတြက္မတန္ေပမယ့္ တစ္ခါစား အေခ်ာင္း ၅၀,၆၀ သမားေတြအတြက္ေတာ့ ဆိုင္ခန္းသပ္သပ္ရပ္ရပ္နဲ႔ အဆင့္ျမင့္ျမင့္သန္႔သန္႔ေလးစားရတာနဲ႔တင္ တန္ၿပီထင္တာပဲ။ ႏိုင္ငံျခားသားမိတ္ေဆြေတြလည္း ဒါက ငါတို႔လူမ်ိဳးအႀကိဳက္ ဝက္သားတုတ္ထိုးကြဆိုၿပီး ဂုဏ္ဆာလို႔လည္းရၿပီေလ…

ဆိုေတာ့ကာ ဝက္ဆို အေကာင္လိုက္ပါးစပ္ထဲေမာင္းသြင္းတတ္တဲ့ သူငယ္ခ်င္းေတြ၊ ေဘာ္ဒါေဘာ္ကြ်တ္ေတြမ်ားရွိရင္ ရံုးအျပန္ေလး ဝက္သားတုတ္ထိုး အဝဝင္ဆြဲလို႔ရၿပီေနာ္။ ဒါမ်ိဳးက လက္မေႏွးထားမွ ေတာ္ကာက်မွာဆိုေတာ့ ကိုယ္နဲ႔တူတူပါရမီျဖည့္ဘက္စားေဖာ္စားဘက္ေတြကို တစ္ခါတည္း Mention သာေခၚသြားေပေတာ့ေနာ္။

FoodieEi (Akhayar)

 

[Unicode]

ဗိုက်မဝမချင်း အဝအကားစားရမယ့် “လျှာလည်လည်” ရဲ့ ဝက်သားတုတ်ထိုးဘူဖေး

ဝက်သားတုတ်ထိုးဆိုတာမျိုးက စားရတာ အီဆိမ့်ပြီး အရသာရှိသလောက် လမ်းဘေးအထမ်းသည်လေးတွေ၊ ခုံပုလေးတွေနဲ့ စားရတာ ရှိုးပဲ့၊သက်တောင့်သက်သာမရှိတဲ့အမျိုးမို့လား?

တစ်ခါတစ်ခါစားမိပြန်ရင်လည်း လက်လွန်ခြေလွန်တွေဖြစ်ကုန်ရတာနဲ့၊ ပါးစပ်က ဘရိတ်မအုပ်နိုင်တာနဲ့ ငွေရှင်းရတဲ့အချိန်ကျရင် သောင်းချီပြီး ပေးရတာမျိုးလေ။ ခုများတော့ အဲ့လို ဒုက္ခတွေဝေးပြီး ပါးစပ်ကိုပါ ဘရိတ်မအုပ်တမ်း Non-stop ဆွဲလို့ရမယ့် ဝက်သားတုတ်ထိုးဆိုင်ပေါ်လာပြီတဲ့။

“ဝက်သားတုတ်ထိုး အဝစားဘူဖေး” တဲ့။ ဘယ်လိုတောင်များလဲပေါ့။ သူက အသစ်ဖွင့်ထားတဲ့ ဝေဇယန္တာလမ်းပေါ်က လားရှိုးညဈေးထဲမှာ ဆိုင်ဖွင့်ထားတာ။ တစ်ယောက်ကို ၉၉၀၀+tax ပေးရုံနဲ့ ဝက်သားတုတ်ထိုးကို အဝဆွဲဆိုပဲ။ ဒါမျိုးဆို နာမည်ကြီးနေလွန်းတော့ အခရာကလည်း သွားခဲ့စားခဲ့သမျှ ဝက်သားတုတ်ထိုးဘူဖေးဠီကာကို ကိုယ့်ရောင်းရင်းအစားသမားတွေအတွက် မနှေးမမြန် သတင်းပို့လိုက်ဦးမှ။

ဆိုင်နာမည်က “လျှာလည်လည်” တဲ့။ အမှတ် ၆၆၊ ဝေဇယန္တာလမ်း၊ ရတနာလမ်းနဲ့ မေတ္တာလမ်းကြား၊ တောင်ဥက္ကလာမြို့နယ်ထဲက Lashio Night Market ဝင်းထဲမှာ ရှိတာ။ ဆိုင်လေးကတော့ ကျဉ်းကျဉ်းပဲ။ ပတ်လည်စားပွဲဝိုင်းရှည်ကြီး တစ်ခုရယ်၊ လူ ၄ယောက်ထိုင် စားပွဲခုံ ၆ခုလောက်ရယ်ပဲ ရှိတယ်။

သူ့ဆီမှာ ဝက်သားတုတ်ထိုး ဘူဖေးကို တစ်နာရီခွဲ အချိန်အတွင်း အဝစားရောင်းပေးတာ။ ဝက်သားတုတ်ထိုးတင်လားဆိုတော့ နိုးပါနော်။ ကြက်သားတုတ်ထိုး၊ အမဲသားတုတ်ထိုး၊ ငုံးဥ၊ပဲပြား၊ တိုဟူး၊ ရုံးပတီသီးစတဲ့ အသီးနှံတုတ်ထိုးတွေအပြင်၊ မုန်ညင်း၊ ဆလတ်၊ ဂေါ်ဖီ နဲ့ ကြာဆံကြော်၊ ခေါက်ဆွဲကြော်တွေပါ ရသဗျား။ နည်းနည်းတော့ စိတ်ဝင်စားသွားပြီတော့ လုပ်လိုက်။

စားတာက စားပြီးပြီ အချိုတည်းဖို့ဆိုရင်ရောဆို ရေခဲမုန့် ၆မျိုးလောက်ရယ်၊ လီမွန်တီးနဲ့ လိမ္မော်ရည်ပါ Free Flow တဲ့။ ဝက်သားတုတ်ထိုးတမျိုးတည်းဆို မှားသွားမှာပေါ့။

 

ကဲ…စားတော့စားချင်လို့ ရောက်သွားပါပြီတဲ့။ ဘယ်လို မှာစားပြီး ဘယ်လို ငွေရှင်းရမလဲဆိုတာ အခရာက ဒီအစားတလိုင်းက အပြည့်စုံဆုံး ရှင်းပြမယ်နော်။

(၁) ပထမဆုံး Lashio Night Market ရဲ့ Cashier ကိုသွား ပိုက်ဆံသုံးချင်တဲ့ပမာဏကို ကတ်လုပ်။ (လျှာလည်လည်ဆိုင်ရဲ့ ဘေးကပ်ရက်တင်နော်)

(၂) ပြီးတာနဲ့ ဆိုင်ထဲဝင် ကောင်တာမှာ တစ်ခါတည်း ငွေရှင်းရမယ်။ Tax အပါအဝင် စုစုပေါင်း ၁၀၃၉၅ ကျပ်ကျပါတယ်နော်။

(၃) ပြီးရင် ဝက်သားတုတ်ထိုးတန်းကြီးကိုသွား ကြိုက်ရာတုတ်ထိုးတွေအကုန် ပန်းကန်တစ်ခုထဲ ထည့်။ (ဒီနေရာမှာ တစ်ခုသတိထားရမှာက ကိုယ်ကုန်နိုင်သလောက်ပဲ အရင်ယူနော်။အချောင်း ၂၀ ဆို ၂၀ ပေါ့။ ဘာလို့ဆို မကုန်တာနဲ့ ပိုက်ဆံပြန်ကောက်မှာဆိုတော့ လောဘမကြီးနဲ့။ အေးဆေး ကုန်သလောက်ပဲယူ။ ခနခနထယူရတော့ ဗိုက်တောင်ချောင်သေး…နော့်။)

(၄) ပြီးရင် ဘေးက ကိုယ်စားချင်တဲ့ ကြက်သားတုတ်ထိုးတွေ၊ အမဲသားတုတ်ထိုးတွေယူလို့ရပြီ။ (အများကြီးတော့မယူနဲ့နော်။ ဒီနေရာမှာ မင်းသားက ဝက်သားတုတ်ထိုးမလား။ ကျန်တာတွေ ၃,၄ ချောင်းစီလောက်ဆို အစုံစားရပြီ)

(၅) ကြက်၊ အမဲစွပ်ပြုတ်အိုးကြီးတွေလည်း ရှိသေးတယ်။ အားရှိတယ်ဆိုပေမယ့် ကိုယ်တွေကတော့ ထိတောင်မထိခဲ့ဘူးရယ်။ (အရည်တွေသောက်တာများပြီး မစားနိုင်ရင်ဒုက္ခလေ)

(၆) ကြာဆံကြော်၊ခေါက်ဆွဲကြော်နဲ့ အသီးအနှံတုတ်ထိုးတွေ နည်းနည်းစီထည့်။ အရည်ထဲထည့်ဖို့ မုန်ညင်းစိမ်းနည်းနည်းယူ။

(၇) အချဉ်ရည်စပ်ကြမယ်။ အချဉ်စပ်ဖို့ဆို သူပေးထားတဲ့ ထန်းလျက်နဲ့ငရုတ်သီးချဉ်က ထန်းလျက်အချိုးဆပိုများတော့ နည်းနည်းလေးချိုတယ်။ ချဉ်ချဉ်စပ်စပ်ဆို ငရုတ်သီးစိမ်း၊ ငံပြာရည်ထည့်ပြီး သံပုရာသီး ၃,၄ စိတ်လောက်ညှစ်လိုက်။ အိုခေသွားပြီကွယ်။

ဒါဆို ကိုယ်ယူထားတဲ့ပန်းကန်တွေကို ကိုယ့်စားပွဲမှာချ။ သူတို့ပြင်ပေးထားတဲ့ ဂတ်စ်မီးဖိုပေါ်က အရည်အိုးလေးထဲ တုတ်ထိုးတွေစိမ်၊ မုန်ညင်းစိမ်းလေးပစ်ထည့်ပြီးစားရုံပဲ။

အရသာကတော့ ဝက်သားတွေအကုန်လုံးနူးညံ့နေပြီး သန့်ရှင်းနေတာပဲ။ အသားထဲကို ပေါင်းထားတဲ့ပဲငံပြာရည်ဓါတ်အပြည့်အဝဝင်တယ်။အသားညှီတာ၊ နံတာ လုံးဝမရှိဘူး။

ဒီနေရာမှာ တစ်ခုမှတ်ထားရမှာက အချိန်က တစ်နာရီခွဲပေးထားတာဆိုတော့ များများစားချင်တဲ့သူတွေအနေနဲ့ ဝက်သားတုတ်ထိုးတွေက အိုးထဲမထည့်ခင်တည်းကတင် နူးပြီးသားအခြေအနေမို့ ဂတ်စ်အိုးနဲ့ အရည်အိုးထဲပြန်စိမ်တဲ့အခါ အရည်ပူပြီး မုန်ညင်းစိမ်းတွေကျက်တဲ့အနေဆိုတာနဲ့ မီးပိတ်ပြီးသာ ဆွဲတော့နော်။ နို့မို့ မီးဖွင့်ထားပြီး တချောင်းစီ အိုးထဲကယူပြီးစားနေရင် ပူတာကိုအအေးခံနေရတာနဲ့တင် အချိန်ပြည့်နိုင်တယ်လေ။ အရည်ကတော့ ပဲငံပြာရည်ပိုများတဲ့ပုံပဲ။ အချိုဓါတ်ကဲတယ်။

စားပြီးရင်တော့ ရေခဲမုန့်လေး အချိုတည်းရုံပဲ။ သတိထားဖို့က ပိုတာတွေ၊ကျန်တာတွေ နည်းနိုင်သမျှ နည်းပါစေနော်။ ကဲ…ဒီလောက်ဆို လားရှိုးညဈေးက အဝစားဝက်သားတုတ်ထိုးဘူဖေးအကြောင်း သိသွားလောက်ပြီမလား?

၉၉၀၀ ဝန်းကျင်ဆိုတော့ မစားနိုင်တဲ့သူတွေအတွက်မတန်ပေမယ့် တစ်ခါစား အချောင်း ၅၀,၆၀ သမားတွေအတွက်တော့ ဆိုင်ခန်းသပ်သပ်ရပ်ရပ်နဲ့ အဆင့်မြင့်မြင့်သန့်သန့်လေးစားရတာနဲ့တင် တန်ပြီထင်တာပဲ။ နိုင်ငံခြားသားမိတ်ဆွေတွေလည်း ဒါက ငါတို့လူမျိုးအကြိုက် ဝက်သားတုတ်ထိုးကွဆိုပြီး ဂုဏ်ဆာလို့လည်းရပြီလေ…

ဆိုတော့ကာ ဝက်ဆို အကောင်လိုက်ပါးစပ်ထဲမောင်းသွင်းတတ်တဲ့ သူငယ်ချင်းတွေ၊ ဘော်ဒါဘော်ကျွတ်တွေများရှိရင် ရုံးအပြန်လေး ဝက်သားတုတ်ထိုး အဝဝင်ဆွဲလို့ရပြီနော်။ ဒါမျိုးက လက်မနှေးထားမှ တော်ကာကျမှာဆိုတော့ ကိုယ်နဲ့တူတူပါရမီဖြည့်ဘက်စားဖော်စားဘက်တွေကို တစ်ခါတည်း Mention သာခေါ်သွားပေတော့နော်။

FoodieEi (Akhayar)