[Zawgyi]

ထူးထူးျခားျခားအစီအစဥ္ေတြနဲ႔ ဆင္ႏဲြသြားမယ္႔ ရန္ကုန္လမ္းေလွ်ာက္သႀကၤန္

ဒီႏွစ္သႀကၤန္ရဲ႕ ရန္ကုန္လမ္းေလွ်ာက္သႀကၤန္စီစဥ္ျဖစ္ပုံအေၾကာင္းကိုေတာ့ Bella အလွကုန္ရဲ႕ပိုင္ရွင္ မေ၀သစ္လြင္က အခုလိုေျပာျပခဲ့ပါတယ္။”အစ္မက ငယ္ငယ္ေလးကတည္းက သႀကၤန္ဆို အရမ္းႀကိဳက္တယ္။ Sony မ႑ပ္လုပ္လာတာ ႏွစ္၂၀၊ ၃၀ ေလာက္ရိွၿပီ။ သႀကၤန္ဆို အရမ္းေပ်ာ္တယ္။ အရမ္းႀကိဳက္တယ္။ ဒါေပမယ့္ အခုတစ္ျဖည္းျဖည္းနဲ႔ သႀကၤန္က မတူေတာ့ဘူး။ ငယ္ငယ္က တကယ့္ရိုးရာသႀကၤန္ေပါ့။ အခုအဲဒီအေငြ႔အသက္ေလး ေပ်ာက္သြားသလိုပဲလို႔ ကိုယ့္စိတ္မွာ ခံစားရတယ္”လို႔ ဆိုပါတယ္။

“ျမန္မာ့ရိုးရာလမ္းေလွ်ာက္သႀကၤန္ကို မႏွစ္က မႏၱေလးမွာလုပ္တယ္။ Bella က မႏွစ္က မႏၱေလးမွာ စတုဒီသာသြားေကၽြးျဖစ္ပါတယ္။ ႏႈတ္ခမ္းနီေတြေ၀တယ္။ ေရစိုခံမိတ္ကပ္ေတြေ၀တယ္။ မႏၱေလးက ပရိသတ္ေတြ အရမ္းေပ်ာ္တယ္။ ဒီႏွစ္ေတာ့ ရန္ကုန္လမ္းေလွ်ာက္သႀကၤန္မွာ သႀကၤန္ေလးရက္လုံးကို စတုဒီသာေကၽြးသြားမွာပါ။ ညေန ၃ နာရီကေနစၿပီးေတာ့ မ႑ပ္ ၁၀ ခုေလာက္နဲ႔ ေကၽြးပါမယ္ရွင့္။ ဘားလမ္းနဲ႔ကုန္သည္လမ္းမွာ ရန္ကုန္လမ္းေလွ်ာက္သႀကၤန္ဆိုၿပီးေတာ့ ေတာက္ေလွ်ာက္ႀကီး လုပ္မွာပါ။ အဲဒီမွာ အဓိကမ႑ပ္ဆယ္ခုကေန စတုဒီသာေကၽြးမယ္။ ၿပီးရင္ေရပက္မယ္။ အိုးမဲသုတ္မယ္။ မုန္႔လုံးေရေပၚလုံးမယ္။ ၿပီးရင္ အႏုပညာရွင္ေတြနဲ႔ပူးေပါင္းၿပီး ေပ်ာ္စရာအစီအစဥ္ေလး လုပ္သြားမွာပါ”လို႔ ထပ္မံေျပာျပခဲ့ပါတယ္။

Bella

မိဘမဲ့ကေလးငယ္ေလးေတြနဲ႔ ဆြံ႕အနားမၾကား ကေလးငယ္ေလးေတြကိုလည္း သၾကၤန္ေရကစားႏိုင္ဖို႔ စီစဥ္ေပးဖုိ႔ရွိေၾကာင္းကိုလည္း ဆက္လက္ေျပာျပခဲ့ပါတယ္။ “ရန္ကုန္လမ္းေလွ်ာက္သႀကၤန္ကို အဓိက Bella က လုပ္ေပးတာပါ။ ေနာက္ၿပီး ဆြံ႔အနားမၾကားကေလးေတြရယ္၊ မိဘမဲ့ကေလးေတြရယ္ေခၚၿပီး အဓိကထားၿပီး ေရကစားေပးမယ္။ သႀကၤန္ေလးရက္မွာ တစ္ရက္နဲ႔တစ္ရက္ မတူတဲ့ေျဖေဖ်ာ္မႈေလးေတြေပါ့ အႏုပညာရွင္ေတြနဲ႔ေပါင္းၿပီးေတာ့ မင္းသားက ႏႈတ္ခမ္းနီဆိုးေပးတာတို႔၊ မင္းသမီးက ေခါင္းေလွ်ာ္ေပးတာတို႔၊ မ်က္ႏွာသစ္ေပးတာတို႔ ေနာက္ထပ္ မိတ္ကပ္ Artist ေတြက Bella မ႑ပ္မွာ မိတ္ကပ္လိမ္းေပးတဲ့ ေပ်ာ္စရာအစီအစဥ္ေလးေတြ စီစဥ္ထားပါတယ္။ အိုးမဲသုတ္တာကေတာ့ မနက္ပိုင္းမွာအလွျပင္ၿပီး ေလွ်ာက္လည္လို႔ရေအာင္ ညေနမွ အိုးမဲသုတ္သြားမွာပါ” လို႔ ေျပာျပခဲ့ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ထူးထူးခြားခြားအစီအစဉ်တွေနဲ့ ဆင်နွဲသွားမယ့် ရန်ကုန်လမ်းလျှောက်သင်္ကြန်

ဒီနှစ်သင်္ကြန်ရဲ့ ရန်ကုန်လမ်းလျှောက်သင်္ကြန်စီစဉ်ဖြစ်ပုံအကြောင်းကိုတော့ Bella အလှကုန်ရဲ့ပိုင်ရှင် မဝေသစ်လွင်က အခုလိုပြောပြခဲ့ပါတယ်။”အစ်မက ငယ်ငယ်လေးကတည်းက သင်္ကြန်ဆို အရမ်းကြိုက်တယ်။ Sony မဏ္ဍပ်လုပ်လာတာ နှစ်၂၀၊ ၃၀ လောက်ရှိပြီ။ သင်္ကြန်ဆို အရမ်းပျော်တယ်။ အရမ်းကြိုက်တယ်။ ဒါပေမယ့် အခုတစ်ဖြည်းဖြည်းနဲ့ သင်္ကြန်က မတူတော့ဘူး။ ငယ်ငယ်က တကယ့်ရိုးရာသင်္ကြန်ပေါ့။ အခုအဲဒီအငွေ့အသက်လေး ပျောက်သွားသလိုပဲလို့ ကိုယ့်စိတ်မှာ ခံစားရတယ်”လို့ ဆိုပါတယ်။

“မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ကို မနှစ်က မန္တလေးမှာလုပ်တယ်။ Bella က မနှစ်က မန္တလေးမှာ စတုဒီသာသွားကျွေးဖြစ်ပါတယ်။ နှုတ်ခမ်းနီတွေဝေတယ်။ ရေစိုခံမိတ်ကပ်တွေဝေတယ်။ မန္တလေးက ပရိသတ်တွေ အရမ်းပျော်တယ်။ ဒီနှစ်တော့ ရန်ကုန်လမ်းလျှောက်သင်္ကြန်မှာ သင်္ကြန်လေးရက်လုံးကို စတုဒီသာကျွေးသွားမှာပါ။ ညနေ ၃ နာရီကနေစပြီးတော့ မဏ္ဍပ် ၁၀ ခုလောက်နဲ့ ကျွေးပါမယ်ရှင့်။ ဘားလမ်းနဲ့ကုန်သည်လမ်းမှာ ရန်ကုန်လမ်းလျှောက်သင်္ကြန်ဆိုပြီးတော့ တောက်လျှောက်ကြီး လုပ်မှာပါ။ အဲဒီမှာ အဓိကမဏ္ဍပ်ဆယ်ခုကနေ စတုဒီသာကျွေးမယ်။ ပြီးရင်ရေပက်မယ်။ အိုးမဲသုတ်မယ်။ မုန့်လုံးရေပေါ်လုံးမယ်။ ပြီးရင် အနုပညာရှင်တွေနဲ့ပူးပေါင်းပြီး ပျော်စရာအစီအစဉ်လေး လုပ်သွားမှာပါ”လို့ ထပ်မံပြောပြခဲ့ပါတယ်။

Bella

မိဘမဲ့ကလေးငယ်လေးတွေနဲ့ ဆွံ့အနားမကြား ကလေးငယ်လေးတွေကိုလည်း သင်္ကြန်ရေကစားနိုင်ဖို့ စီစဉ်ပေးဖို့ရှိကြောင်းကိုလည်း ဆက်လက်ပြောပြခဲ့ပါတယ်။ “ရန်ကုန်လမ်းလျှောက်သင်္ကြန်ကို အဓိက Bella က လုပ်ပေးတာပါ။ နောက်ပြီး ဆွံ့အနားမကြားကလေးတွေရယ်၊ မိဘမဲ့ကလေးတွေရယ်ခေါ်ပြီး အဓိကထားပြီး ရေကစားပေးမယ်။ သင်္ကြန်လေးရက်မှာ တစ်ရက်နဲ့တစ်ရက် မတူတဲ့ဖြေဖျော်မှုလေးတွေပေါ့ အနုပညာရှင်တွေနဲ့ပေါင်းပြီးတော့ မင်းသားက နှုတ်ခမ်းနီဆိုးပေးတာတို့၊ မင်းသမီးက ခေါင်းလျှော်ပေးတာတို့၊ မျက်နှာသစ်ပေးတာတို့ နောက်ထပ် မိတ်ကပ် Artist တွေက Bella မဏ္ဍပ်မှာ မိတ်ကပ်လိမ်းပေးတဲ့ ပျော်စရာအစီအစဉ်လေးတွေ စီစဉ်ထားပါတယ်။ အိုးမဲသုတ်တာကတော့ မနက်ပိုင်းမှာအလှပြင်ပြီး လျှောက်လည်လို့ရအောင် ညနေမှ အိုးမဲသုတ်သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။