This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အေကာင္းဆံုး တိုက္စစ္စြမ္းေဆာင္ရည္ေတြကို ျပသကာ ဂိုးျပတ္ႏိုင္ပြဲရယူခဲ့တဲ့ ဘယ္လ္ဂ်ီယံအသင္း

အုပ္စု ပထမေနရာအရယူဖို႔ ပြဲတိုင္းကို အေကာင္းဆံုး ယွဥ္ၿပိဳင္ကစားေနတဲ့ ဘယ္လ္ဂ်ီယံအသင္း ဒီေန႔ပြဲစဥ္မွာလည္း သူတို႔ရဲ႕ ပံုစံေကာင္းကို ဆက္ထိန္းၿပီး တူနီးရွားအသင္းကို (၅-၂)ဂိုးဆိုတဲ့ ရလဒ္နဲ႔ ဂိုးျပတ္အႏိုင္ယူခဲ့တယ္။ ကမၻာ႔ဖလားေျခစစ္ပြဲေအာင္လာတဲ့ အာဖရိက ကုိယ္စားျပဳ အသင္းေတြထဲမွာ တူနီးရွားအသင္းဟာ ကစားသမားစုဖြဲ႔မႈ အားအနည္းဆံုးျဖစ္သလို၊ ေျခစြမ္းပိုင္းလည္း က်န္ၿပိဳင္ပြဲဝင္အာဖရိကအသင္းေတြေလာက္ ေကာင္းမြန္ခဲ့ျခင္းမရွိပါဘူး။ ဘယ္လ္ဂ်ီယံအသင္းကေတာ့ အုပ္စုပထမေနရာကို အရယူဖို႔ ဟာဇက္ Hazard၊ လူကာကူ Lukaku၊ ဒီဘရိုင္းနား De Bruyne နဲ႔ မာတင္စ္ Mertens တို႔လို အဓိက တိုက္စစ္ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့ၿပီး ပြဲအစကတည္းက တူနီးရွားခံစစ္ေၾကာင္းကို ဖိအားေပး ကစားႏိုင္ခဲ့တယ္။ တူနီးရွားကေတာ့ ဘယ္လ္ဂ်ီယံဆီကေန သိပ္ၿပီးေမွ်ာ္လင့္စရာမရွိလို႔ ခံစစ္အသားေပး ကစားပံုနဲ႔ ပြဲထြက္ လာခဲ့တယ္။ ဘယ္လ္ဂ်ီယံအသင္းရဲ႕ တိုက္စစ္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းရင္း ပထမပိုင္းမွာတင္ တူနီးရွား ကစားသမား (၂)ေယာက္ ဒဏ္ရာရရွိခဲ့လို႔ လူစားလဲမႈေတြ ျပဳလုပ္ခဲ့ရပါတယ္။ ပနားမားအသင္းကို အႏိုင္ရခဲ့တဲ့ အုပ္စုအဖြင့္ပြဲမွာ ပံုမွန္ေျခစြမ္းေအာက္ ေရာက္ရွိေနခဲ့တဲ့ အသင္းေခါင္းေဆာင္ ဟာဇက္ Hazard သူ႔ရဲ႕ ပံုမွန္ေျခစြမ္းကို ျပန္လည္ျပသႏိုင္ခဲ့ၿပီး အသင္းအတြက္ အႏိုင္ဂိုး (၂)ဂိုးကို သြင္းယူေပးႏိုင္ခဲ့တယ္။

Belgium-Captain-Hazard-goal-celebrations

Belgium-Captain-Hazard-goal-celebrations

ဘယ္လ္ဂ်ီယံအသင္းအတြက္ အဖြင့္ဂိုးကို ပြဲကစားခ်ိန္ (၆)မိနစ္မွာတင္ရရွိခဲ့ၿပီး ဟာဇက္ Hazard က သူ႔ေၾကာင့္ရရွိခဲ့တဲ့ ပယ္နယ္တီကို အမွားအယြင္းမရွိ ကန္သြင္းယူေပးခဲ့တယ္။ ပြဲအစပိုင္းမွာတင္ ဘယ္လ္ဂ်ီယံအသင္း ဦးေဆာင္ဂိုး ရရွိခဲ့လို႔ တစ္ပြဲလံုးကို ထိန္းခ်ဳပ္ကစားသြားႏိုင္ခဲ့ၿပီး ကြင္းလယ္နဲ႔ တိုက္စစ္က ပံုစံေကာင္းေတြ ျပသႏိုင္ခဲ့ေပမယ့္ ခံစစ္ေၾကာင္းကေတာ့ အနည္းငယ္ အားနည္းခ်က္ေတြ ရွိေနခဲ့တာကို ေတြ႔ရတယ္။ ဒီအားနည္းခ်က္ကိုသာ နည္းျပ မာတီနက္ဇ္ Martinez အခ်ိန္မီ ျပင္ဆင္ႏိုင္ခဲ့မယ္ဆိုရင္ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယံတို႔ အေကာင္းဆံုး အေနအထားတစ္ရပ္အထိ အေရာက္သြားဖို႔ ရွိေနတယ္။ ပြဲကစားခ်ိန္ (၁၆)မိနစ္မွာေတာ့ ဘယ္လ္ဂ်ီယံအသင္း ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ရရွိခဲ့ၿပီး ပနားမားနဲ႔ ပြဲစဥ္မွာ ေျခစြမ္းျပ ကစားႏိုင္ခဲ့တဲ့ တိုက္စစ္မွဴး လူကာကူ Lukaku က မာတင္စ္ Mertens ရဲ႕ ဖန္တီးေပးမႈကို အျပင္းကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ပြဲအစပိုင္းမွာတင္ သြင္းဂိုး (၂)ဂိုး ရရွိခဲ့လို႔ ဘယ္လ္ဂ်ီယံတို႔ ကစားအားအနည္းငယ္ ေလ်ာ႔ခ်လိုက္တဲ့အတြက္ ပြဲကစားခ်ိန္ (၁၈)မိနစ္မွာ တူနီးရွားအသင္း ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့တယ္။ ဘယ္လ္ဂ်ီယံ ခံစစ္ေၾကာင္းရဲ႕ Set-piece ေတြ ရွင္းထုတ္ရာမွာ အားနည္းတဲ့ အေျခအေနကို တူနီးရွား ေနာက္ခံလူ ဘရြန္း Bronn က အေကာင္းဆံုး အသံုးခ်ၿပီး အသင္းအတြက္ ေခ်ပဂိုးကို ျပန္လည္ ရယူေပးခဲ့တယ္။ ပထမပိုင္း နာက်င္အခ်ိန္ပို အေရာက္မွာ မူနီယာ Meunier ရဲ႕ အကြက္ျမင္ျမင္ ဖန္တီးေပးပို႔မႈကို တိုက္စစ္မွဴး လူကာကူ Lukaku က အေကာင္းဆံုး အဆံုးသတ္ၿပီး ဘယ္လ္ဂ်ီယံအတြက္ တတိယေျမာက္ အႏိုင္ဂိုးကို ရယူေပးခဲ့တယ္။ ပထမပိုင္းၿပီးဆံုးခ်ိန္မွာေတာ့ ဘယ္လ္ဂ်ီယံအသင္းက (၃-၁)ဆိုတဲ့ ရလဒ္နဲ႔ တူနီးရွားအသင္းကို ဦးေဆာင္ထားႏိုင္ခဲ့တယ္။

Lukaku-score

Lukaku-score

ဒုတိယပိုင္း ပြဲခ်ိန္ေတြမွာလည္း ဘယ္လ္ဂ်ီယံအသင္းကပဲ ပြဲကို ဦးေဆာင္ထားႏိုင္ခဲ့ၿပီး ပြဲကစားခ်ိန္ (၅၁)မိနစ္မွာ ပံုစံေကာင္းျပသေနတဲ့ အသင္းေခါင္းေဆာင္ ဟာဇက္ Hazard က တူနီးရွားေနာက္ခံလူေတြနဲ႔ ဂိုးသမားတို႔ကိုပါ အေကာင္းဆံုး ေက်ာ္ျဖတ္ၿပီး အသင္းအတြက္ စတုတၳေ့ျမာက္ ဦးေဆာင္ဂိုးကို ရယူေပးခဲ့တယ္။ ပြဲကစားခ်ိန္ (၅၉)မိနစ္အေရာက္မွာေတာ့ အသင္းအတြက္ ကမၻာ႔ဖလားသြင္းဂိုး (၄)ဂိုးအထိ ရယူေပးထားတဲ့ အဓိက တိုက္စစ္မွဴး လူကာကူ Lukaku ဒဏ္ရာအနည္းငယ္ရရွိခဲ့လို႔ ကြင္းလယ္လူ ဖယ္လိုင္နီ Fellaini နဲ႔ လူစားလဲခဲ့ရတယ္။ ျပတ္သားတဲ့ ရလဒ္တစ္ခုကို ပိုင္ဆိုင္ထားေပမယ့္ ဘယ္လ္ဂ်ီယံအသင္းရဲ႕ ကစားပံုက တူနီးရွားေနာက္တန္းကို ဆက္လက္ဖိအားေပးထားခဲ့ၿပီး ပြဲကစားခ်ိန္ မိနစ္ (၉၀)အေရာက္မွာေတာ့ လူစားဝင္တိုက္စစ္မွဴး ဘတ္ရွဴအာယီ Barshuayi က ပဥၥမေျမာက္ အႏိုင္ဂိုးကို ဆက္လက္သြင္းယူေပးခဲ့ပါတယ္။ ဘတ္ရွဴအာယီ Barshuayi အေနနဲ႔ ဒီဂိုးမတိုင္ခင္ ဂိုးအျဖစ္ေျပာင္းလဲႏိုင္မယ့္ အပိုင္အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ အဆံုးသတ္အားနည္းခဲ့လို႔ အခုထက္ ပိုမိုျပတ္သားတဲ့ ရလဒ္မထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ (၅-၁)ဆိုတဲ့ ရလဒ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့လို႔ ဘယ္လ္ဂ်ီယံအသင္း ကစားအားေလ်ာ႔ခ်ခဲ့ၿပီး မိနစ္ပိုင္းအၾကာမွာပဲ တူနီးရွားအသင္းေခါင္းေဆာင္ ခါဇာရီ Khazri က အသင္းအတြက္ ေခ်ပဂိုးတစ္ဂိုးကို နာက်င္အခ်ိန္ပိုမွာ ျပန္လည္သြင္းယူေပးခဲ့ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အကောင်းဆုံး တိုက်စစ်စွမ်းဆောင်ရည်တွေကို ပြသကာ ဂိုးပြတ်နိုင်ပွဲရယူခဲ့တဲ့ ဘယ်လ်ဂျီယံအသင်း

အုပ်စု ပထမနေရာအရယူဖို့ ပွဲတိုင်းကို အကောင်းဆုံး ယှဉ်ပြိုင်ကစားနေတဲ့ ဘယ်လ်ဂျီယံအသင်း ဒီနေ့ပွဲစဉ်မှာလည်း သူတို့ရဲ့ ပုံစံကောင်းကို ဆက်ထိန်းပြီး တူနီးရှားအသင်းကို (၅-၂)ဂိုးဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်လာတဲ့ အာဖရိက ကိုယ်စားပြု အသင်းတွေထဲမှာ တူနီးရှားအသင်းဟာ ကစားသမားစုဖွဲ့မှု အားအနည်းဆုံးဖြစ်သလို၊ ခြေစွမ်းပိုင်းလည်း ကျန်ပြိုင်ပွဲဝင်အာဖရိကအသင်းတွေလောက် ကောင်းမွန်ခဲ့ခြင်းမရှိပါဘူး။ ဘယ်လ်ဂျီယံအသင်းကတော့ အုပ်စုပထမနေရာကို အရယူဖို့ ဟာဇက် Hazard၊ လူကာကူ Lukaku၊ ဒီဘရိုင်းနား De Bruyne နဲ့ မာတင်စ် Mertens တို့လို အဓိက တိုက်စစ်ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ပွဲအစကတည်းက တူနီးရှားခံစစ်ကြောင်းကို ဖိအားပေး ကစားနိုင်ခဲ့တယ်။ တူနီးရှားကတော့ ဘယ်လ်ဂျီယံဆီကနေ သိပ်ပြီးမျှော်လင့်စရာမရှိလို့ ခံစစ်အသားပေး ကစားပုံနဲ့ ပွဲထွက် လာခဲ့တယ်။ ဘယ်လ်ဂျီယံအသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းရင်း ပထမပိုင်းမှာတင် တူနီးရှား ကစားသမား (၂)ယောက် ဒဏ်ရာရရှိခဲ့လို့ လူစားလဲမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ပနားမားအသင်းကို အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာ ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေခဲ့တဲ့ အသင်းခေါင်းဆောင် ဟာဇက် Hazard သူ့ရဲ့ ပုံမှန်ခြေစွမ်းကို ပြန်လည်ပြသနိုင်ခဲ့ပြီး အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးကို သွင်းယူပေးနိုင်ခဲ့တယ်။

Belgium-Captain-Hazard-goal-celebrations

Belgium-Captain-Hazard-goal-celebrations

ဘယ်လ်ဂျီယံအသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် (၆)မိနစ်မှာတင်ရရှိခဲ့ပြီး ဟာဇက် Hazard က သူ့ကြောင့်ရရှိခဲ့တဲ့ ပယ်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းယူပေးခဲ့တယ်။ ပွဲအစပိုင်းမှာတင် ဘယ်လ်ဂျီယံအသင်း ဦးဆောင်ဂိုး ရရှိခဲ့လို့ တစ်ပွဲလုံးကို ထိန်းချုပ်ကစားသွားနိုင်ခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ်က ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ခံစစ်ကြောင်းကတော့ အနည်းငယ် အားနည်းချက်တွေ ရှိနေခဲ့တာကို တွေ့ရတယ်။ ဒီအားနည်းချက်ကိုသာ နည်းပြ မာတီနက်ဇ် Martinez အချိန်မီ ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံတို့ အကောင်းဆုံး အနေအထားတစ်ရပ်အထိ အရောက်သွားဖို့ ရှိနေတယ်။ ပွဲကစားချိန် (၁၆)မိနစ်မှာတော့ ဘယ်လ်ဂျီယံအသင်း ဒုတိယမြောက် ဦးဆောင်ဂိုးကို ရရှိခဲ့ပြီး ပနားမားနဲ့ ပွဲစဉ်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ တိုက်စစ်မှူး လူကာကူ Lukaku က မာတင်စ် Mertens ရဲ့ ဖန်တီးပေးမှုကို အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲအစပိုင်းမှာတင် သွင်းဂိုး (၂)ဂိုး ရရှိခဲ့လို့ ဘယ်လ်ဂျီယံတို့ ကစားအားအနည်းငယ် လျော့ချလိုက်တဲ့အတွက် ပွဲကစားချိန် (၁၈)မိနစ်မှာ တူနီးရှားအသင်း ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တယ်။ ဘယ်လ်ဂျီယံ ခံစစ်ကြောင်းရဲ့ Set-piece တွေ ရှင်းထုတ်ရာမှာ အားနည်းတဲ့ အခြေအနေကို တူနီးရှား နောက်ခံလူ ဘရွန်း Bronn က အကောင်းဆုံး အသုံးချပြီး အသင်းအတွက် ချေပဂိုးကို ပြန်လည် ရယူပေးခဲ့တယ်။ ပထမပိုင်း နာကျင်အချိန်ပို အရောက်မှာ မူနီယာ Meunier ရဲ့ အကွက်မြင်မြင် ဖန်တီးပေးပို့မှုကို တိုက်စစ်မှူး လူကာကူ Lukaku က အကောင်းဆုံး အဆုံးသတ်ပြီး ဘယ်လ်ဂျီယံအတွက် တတိယမြောက် အနိုင်ဂိုးကို ရယူပေးခဲ့တယ်။ ပထမပိုင်းပြီးဆုံးချိန်မှာတော့ ဘယ်လ်ဂျီယံအသင်းက (၃-၁)ဆိုတဲ့ ရလဒ်နဲ့ တူနီးရှားအသင်းကို ဦးဆောင်ထားနိုင်ခဲ့တယ်။

Lukaku-score

Lukaku-score

ဒုတိယပိုင်း ပွဲချိန်တွေမှာလည်း ဘယ်လ်ဂျီယံအသင်းကပဲ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပြီး ပွဲကစားချိန် (၅၁)မိနစ်မှာ ပုံစံကောင်းပြသနေတဲ့ အသင်းခေါင်းဆောင် ဟာဇက် Hazard က တူနီးရှားနောက်ခံလူတွေနဲ့ ဂိုးသမားတို့ကိုပါ အကောင်းဆုံး ကျော်ဖြတ်ပြီး အသင်းအတွက် စတုတ္ထေ့မြာက် ဦးဆောင်ဂိုးကို ရယူပေးခဲ့တယ်။ ပွဲကစားချိန် (၅၉)မိနစ်အရောက်မှာတော့ အသင်းအတွက် ကမ္ဘာ့ဖလားသွင်းဂိုး (၄)ဂိုးအထိ ရယူပေးထားတဲ့ အဓိက တိုက်စစ်မှူး လူကာကူ Lukaku ဒဏ်ရာအနည်းငယ်ရရှိခဲ့လို့ ကွင်းလယ်လူ ဖယ်လိုင်နီ Fellaini နဲ့ လူစားလဲခဲ့ရတယ်။ ပြတ်သားတဲ့ ရလဒ်တစ်ခုကို ပိုင်ဆိုင်ထားပေမယ့် ဘယ်လ်ဂျီယံအသင်းရဲ့ ကစားပုံက တူနီးရှားနောက်တန်းကို ဆက်လက်ဖိအားပေးထားခဲ့ပြီး ပွဲကစားချိန် မိနစ် (၉၀)အရောက်မှာတော့ လူစားဝင်တိုက်စစ်မှူး ဘတ်ရှူအာယီ Barshuayi က ပဉ္စမမြောက် အနိုင်ဂိုးကို ဆက်လက်သွင်းယူပေးခဲ့ပါတယ်။ ဘတ်ရှူအာယီ Barshuayi အနေနဲ့ ဒီဂိုးမတိုင်ခင် ဂိုးအဖြစ်ပြောင်းလဲနိုင်မယ့် အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အဆုံးသတ်အားနည်းခဲ့လို့ အခုထက် ပိုမိုပြတ်သားတဲ့ ရလဒ်မထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ (၅-၁)ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့လို့ ဘယ်လ်ဂျီယံအသင်း ကစားအားလျော့ချခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ တူနီးရှားအသင်းခေါင်းဆောင် ခါဇာရီ Khazri က အသင်းအတွက် ချေပဂိုးတစ်ဂိုးကို နာကျင်အချိန်ပိုမှာ ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com