This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အုပ္စု ပထမေနရာအတြက္ ဂိုးျပတ္ႏို္င္ပြဲကို အမွားအယြင္းမရွိ ရယူခဲ့တဲ့ ဘယ္လ္ဂ်ီယံအသင္း

အုပ္စု ပထမေနရာအတြက္ အၿပိဳင္လုရဖို႔ ရွိေနတဲ့ ဘယ္လ္ဂ်ီယံအသင္းဟာ အုပ္စုအဖြင့္ ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ပနားမားအသင္းနဲ႔ ပြဲစဥ္မွာ အမွားအယြင္းမရွိ ကစားႏိုင္ခဲ့ၿပီး လိုအပ္တဲ့ ဂိုးျပတ္ႏိုင္ပြဲကို ရယူႏိုင္ခဲ့ပါတယ္။ အေရးပါတဲ့ အဖြင့္ပြဲစဥ္ျဖစ္ေနလို႔ ဘယ္လ္ဂ်ီယံအသင္းက အသင္းေခါင္းေဆာင္ ဟာဇက္အပါအဝင္ လူကာကူ၊ မာတင္စ္၊ ဒီဘရိုင္းနားနဲ႔ ကာရက္စ္ကို တို႔လို အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့ၿပီး ပြဲစကတည္းက ဖိအားေပး တိုက္စစ္ဆင္မႈေတြ ျပဳလုပ္ခဲ့တယ္။ ပနားမားအသင္းကေတာ့ သေရတစ္မွတ္ထက္ ပိုၿပီး ေမွ်ာ္လင့္လို႔မရႏိုင္တာကို တြက္ဆၿပီး ခံစစ္ အသားေပးတဲ့ ပံုစံနဲ႔ ပြဲထြက္လာခဲ့ေပမယ့္ ဘယ္လ္ဂ်ီယံအသင္းရဲ႕ တိုက္စစ္ကို မိနစ္ (၉၀)လံုး ေတာင့္ခံႏိုင္ျခင္းမရွိလို႔ (၃-၀)ဂိုးဆိုတဲ့ ရလဒ္နဲ႔ ဂိုးျပတ္ အရံႈးေပးခဲ့ရတာ ျဖစ္တယ္။ ကမၻာ႔ဖလားကို ပထမဆံုးအႀကိမ္ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရတဲ့ အသင္းျဖစ္ၿပီး နာမည္ေက်ာ္ ကစားသမားေတြ ပါဝင္ျခင္း မရွိေပမယ့္ ပနားမားအသင္းက ပံုစံေကာင္းတစ္ခုကို ျပသႏိုင္ခဲ့တယ္။ ဘယ္လ္ဂ်ီယံအသင္းက ပြဲစကတည္းက ေဘာလံုးပိုင္ဆိုင္မႈ အသာစီးရယူၿပီး ဖိအားေပးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ တစ္ဦးနဲ႔ တစ္ဦး နားလည္မႈ လြဲေခ်ာ္ေနခဲ့သလို၊ အသင္းေခါင္းေဆာင္ ဟာဇက္ကလည္း အသင္းလိုက္ ကစားဖို႔ထက္ တစ္ဦးခ်င္း ျဖတ္ေက်ာ္ဖို႔ အားထုတ္ေနခဲ့လို႔ ပနားမား ခံစစ္ေၾကာင္းကို မေက်ာ္ႏိုင္ခဲ့ဘဲ ဂိုးမရွိသေရ ရလဒ္နဲ႔ ပြဲၿပီးဆံုးခဲ့တယ္။ ပထမပိုင္းမွာ ပနားမားအသင္း ကစားပံုက ခ်ီးက်ဴးဖို႔ ေကာင္းခဲ့ၿပီး ဘယ္လ္ဂ်ီယံ ခံစစ္ေၾကာင္းကို တန္ျပန္တိုက္စစ္ကေန ဖိအားေပးမႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

Lukaku-goal-celebrations

Lukaku-goal-celebrations

ဒုတိယပိုင္းမွာေတာ့ ဘယ္လ္ဂ်ီယံအသင္း အႏိုင္ရဖို႔ လိုအပ္လာခဲ့လို႔ ပြဲစကတည္းက ပနားမား ခံစစ္ေၾကာင္းကို ပိုမို ဖိအားေပး တိုက္စစ္ဆင္မႈေတြ ျပဳလုပ္လာခဲ့တယ္။ ပြဲကစားခ်ိန္ (၄၇)မိနစ္မွာေတာ့ ဧရိယာထဲက ျပန္လွ်ံထြက္လာတဲ့ ေဘာလံုးကို ဧရိယာ အစပ္နားမွာရွိေနတဲ့ မာတင္စ္က ဂိုးသမားရဲ႕ အေဝးေထာင့္ကို ေျမမက် အျပင္းကန္သြင္းကာ အသင္းအတြက္ ဦးေဆာင္ဂိုး ရယူေပးခဲ့တယ္။ ဦးေဆာင္ဂိုးေပးလိုက္ရၿပီးေနာက္ပိုင္း ပနားမား ခံစစ္ေၾကာင္း ၿပိဳဆင္းသြားခဲ့လို႔ ဘယ္လ္ဂ်ီယံအသင္း တိုက္စစ္ကို စိတ္ႀကိဳက္ ပံုေဖာ္ႏိုင္ခဲ့တယ္။ ဒုတိယပိုင္းမွာ အသင္းေခါင္းေဆာင္ ဟာဇက္ တစ္ဦးခ်င္း ထိုးေဖာက္ဖို႔ မႀကိဳးပမ္းေတာ့ဘဲ အသင္းေဖာ္ေတြနဲ႔ တြဲကစားခဲ့လို႔ ဘယ္လ္ဂ်ီယံ တိုက္စစ္လမ္းေၾကာင္း ပိုပြင့္သြားခဲ့တာျဖစ္တယ္။ ဘယ္လ္ဂ်ီယံအသင္းအတြက္ ဒုတိယအႏိုင္ဂိုးကိုေတာ့ ပြဲကစားခ်ိန္ (၆၉)မိနစ္မွာ ဒီဘရိုင္းနားရဲ႕ ေသသပ္တဲ့ ျဖတ္တင္ ေပးပို႔မႈကေန တိုက္စစ္မွဴး လူကာကူက အပိုင္ေခါင္းတိုက္ သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ အႏိုင္ဂိုး (၂)ဂိုး ရရွိၿပီးေပမယ့္ ဂိုးျပတ္ အႏိုင္ရလဒ္ရရွိဖို႔ လိုအပ္ေနတာေၾကာင့္ ဘယ္လ္ဂ်ီယံအသင္း ကစားအားမခ်ခဲ့ဘဲ ပနားမား ခံစစ္ေၾကာင္းကို ဆက္လက္ဖိအားေပးခဲ့ၿပီး အသင္းအတြက္ တတိယေျမာက္ အႏိုင္ဂိုးကို ထပ္မံ ရယူခဲ့တယ္။

Lukaku-then-races-clear-and-dinks-a-delicate-finish-over-the-advancing-Penedo

Lukaku-then-races-clear-and-dinks-a-delicate-finish-over-the-advancing-Penedo

ဘယ္လ္ဂ်ီယံအသင္းရဲ႕ ပြဲသိမ္းဂိုးကိုေတာ့ ပြဲကစားခ်ိန္ (၇၅)မိနစ္မွာ တိုက္စစ္မွဴး လူကာကူကပဲ ဂိုးသမားနဲ႔ တစ္ဦးခ်င္း အေနအထားမွာ အသာအယာ မၿပီး သြင္းယူေပးခဲ့တာပါပဲ။ လူကာကူ သြင္းယူခဲ့တဲ့ ဘယ္လ္ဂ်ီယံအသင္းရဲ႕ တတိယဂိုးမွာ အသင္းေခါင္းေဆာင္ ဟာဇက္ရဲ႕ စြမ္းေဆာင္ရည္က မျဖစ္မေန အသိအမွတ္ ျပဳရမွာပါ။ ပနားမား ကစားသမားေတြ တိုက္စစ္လြန္ေနခ်ိန္မွာ ေဘာလံုးရရွိတာနဲ႔ ၿပိဳင္ဘက္ ကစားသမားေတြကို အေကာင္းဆံုး ေက်ာ္ျဖတ္ၿပီး အသင္းေဖာ္ လူကာကူ လြတ္လြတ္ကၽြတ္ကၽြတ္ ကန္ခြင့္ရေအာင္ အကြက္ျမင္ျမင္ ဖန္တီးေပးပို႔ေပးခဲ့တာ ျဖစ္ပါတယ္။ ပြဲၿပီးဖို႔ မိနစ္ပိုင္းအလိုမွာ လိုအပ္တာထက္ ေရွ႕ထြက္ေနတဲ့ ဘယ္လ္ဂ်ီယံ ဂိုးသမား ေကာ္တိုအာကို ပနားမားကြင္းလယ္လူက ကြင္းတစ္ဝက္ကေန လွမ္းကန္သြင္းခဲ့ေပမယ့္ ေကာ္တိုအာ အခ်ိန္မီ ကာကြယ္ႏိုင္ခဲ့လို႔ ေခ်ပဂိုး ျပန္လည္ ခြင့္ျပဳရမယ့္ အေနအထားနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။ ဒီေန႔ပြဲအတြက္ အေကာင္းဆံုး ကစားသမားဆုကို ဘယ္လ္ဂ်ီယံအသင္းအတြက္ အႏိုင္ဂိုး (၂)ဂိုး သြင္းယူေပးခဲ့တဲ့ တိုက္စစ္မွဴး လူကာကူက ရရွိခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံ-ပနားမားပြဲမွာ ထူးျခားခ်က္အခ်ိဳ႔

– ဘယ္လ္ဂ်ီယံ တိုက္စစ္ကစားသမား မာတင္စ္ကေတာ့ အသင္းရဲ႕ ေနာက္ဆံုး (၅)ဂိုးမွာ (၃)ဂိုးအထိ ပါဝင္ပတ္သက္ခဲ့တာ ျဖစ္ပါတယ္။ (၂ ဂိုးသြင္း၊ ၁ ဂိုးဖန္တီး)
– တိုက္စစ္မွဴး လူကာကူကေတာ့ ဘယ္လ္ဂ်ီယံအသင္းရဲ႕ ေနာက္ဆံုး (၁၈)ဂိုးမွာ (၁၂)ဂိုးအထိ ပါဝင္ ပတ္သက္ခဲ့ပါတယ္။ (၁၀ ဂိုးသြင္း၊ ၂ ဂိုးဖန္တီး)
– ၂၀၁၀ ကမၻာ႔ဖလား ဗိုလ္လုပြဲမွာ အဝါကတ္ (၇)ကတ္ ျပသခံခဲ့ရတဲ့ နယ္သာလန္ ကစားသမားေတြအၿပီး ကမၻာ႔ဖလားၿပိဳင္ပြဲမွာ တစ္ပြဲတည္း အဝါကတ္ အမ်ားဆံုးျပသခံရတဲ့ အသင္းအျဖစ္ ပနားမားအသင္းက (၅)ကတ္နဲ႔ မွတ္တမ္းဝင္ခဲ့ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အုပ်စု ပထမနေရာအတွက် ဂိုးပြတ်နိုင်ပွဲကို အမှားအယွင်းမရှိ ရယူခဲ့တဲ့ ဘယ်လ်ဂျီယံအသင်း

အုပ်စု ပထမနေရာအတွက် အပြိုင်လုရဖို့ ရှိနေတဲ့ ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပနားမားအသင်းနဲ့ ပွဲစဉ်မှာ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး လိုအပ်တဲ့ ဂိုးပြတ်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ အရေးပါတဲ့ အဖွင့်ပွဲစဉ်ဖြစ်နေလို့ ဘယ်လ်ဂျီယံအသင်းက အသင်းခေါင်းဆောင် ဟာဇက်အပါအဝင် လူကာကူ၊ မာတင်စ်၊ ဒီဘရိုင်းနားနဲ့ ကာရက်စ်ကို တို့လို အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ပွဲစကတည်းက ဖိအားပေး တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်။ ပနားမားအသင်းကတော့ သရေတစ်မှတ်ထက် ပိုပြီး မျှော်လင့်လို့မရနိုင်တာကို တွက်ဆပြီး ခံစစ် အသားပေးတဲ့ ပုံစံနဲ့ ပွဲထွက်လာခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းရဲ့ တိုက်စစ်ကို မိနစ် (၉၀)လုံး တောင့်ခံနိုင်ခြင်းမရှိလို့ (၃-ဝ)ဂိုးဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်တယ်။ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ အသင်းဖြစ်ပြီး နာမည်ကျော် ကစားသမားတွေ ပါဝင်ခြင်း မရှိပေမယ့် ပနားမားအသင်းက ပုံစံကောင်းတစ်ခုကို ပြသနိုင်ခဲ့တယ်။ ဘယ်လ်ဂျီယံအသင်းက ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ဖိအားပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် တစ်ဦးနဲ့ တစ်ဦး နားလည်မှု လွဲချော်နေခဲ့သလို၊ အသင်းခေါင်းဆောင် ဟာဇက်ကလည်း အသင်းလိုက် ကစားဖို့ထက် တစ်ဦးချင်း ဖြတ်ကျော်ဖို့ အားထုတ်နေခဲ့လို့ ပနားမား ခံစစ်ကြောင်းကို မကျော်နိုင်ခဲ့ဘဲ ဂိုးမရှိသရေ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တယ်။ ပထမပိုင်းမှာ ပနားမားအသင်း ကစားပုံက ချီးကျူးဖို့ ကောင်းခဲ့ပြီး ဘယ်လ်ဂျီယံ ခံစစ်ကြောင်းကို တန်ပြန်တိုက်စစ်ကနေ ဖိအားပေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

Lukaku-goal-celebrations

Lukaku-goal-celebrations

ဒုတိယပိုင်းမှာတော့ ဘယ်လ်ဂျီယံအသင်း အနိုင်ရဖို့ လိုအပ်လာခဲ့လို့ ပွဲစကတည်းက ပနားမား ခံစစ်ကြောင်းကို ပိုမို ဖိအားပေး တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာခဲ့တယ်။ ပွဲကစားချိန် (၄၇)မိနစ်မှာတော့ ဧရိယာထဲက ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဧရိယာ အစပ်နားမှာရှိနေတဲ့ မာတင်စ်က ဂိုးသမားရဲ့ အဝေးထောင့်ကို မြေမကျ အပြင်းကန်သွင်းကာ အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့တယ်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်း ပနားမား ခံစစ်ကြောင်း ပြိုဆင်းသွားခဲ့လို့ ဘယ်လ်ဂျီယံအသင်း တိုက်စစ်ကို စိတ်ကြိုက် ပုံဖော်နိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာ အသင်းခေါင်းဆောင် ဟာဇက် တစ်ဦးချင်း ထိုးဖောက်ဖို့ မကြိုးပမ်းတော့ဘဲ အသင်းဖော်တွေနဲ့ တွဲကစားခဲ့လို့ ဘယ်လ်ဂျီယံ တိုက်စစ်လမ်းကြောင်း ပိုပွင့်သွားခဲ့တာဖြစ်တယ်။ ဘယ်လ်ဂျီယံအသင်းအတွက် ဒုတိယအနိုင်ဂိုးကိုတော့ ပွဲကစားချိန် (၆၉)မိနစ်မှာ ဒီဘရိုင်းနားရဲ့ သေသပ်တဲ့ ဖြတ်တင် ပေးပို့မှုကနေ တိုက်စစ်မှူး လူကာကူက အပိုင်ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အနိုင်ဂိုး (၂)ဂိုး ရရှိပြီးပေမယ့် ဂိုးပြတ် အနိုင်ရလဒ်ရရှိဖို့ လိုအပ်နေတာကြောင့် ဘယ်လ်ဂျီယံအသင်း ကစားအားမချခဲ့ဘဲ ပနားမား ခံစစ်ကြောင်းကို ဆက်လက်ဖိအားပေးခဲ့ပြီး အသင်းအတွက် တတိယမြောက် အနိုင်ဂိုးကို ထပ်မံ ရယူခဲ့တယ်။

Lukaku-then-races-clear-and-dinks-a-delicate-finish-over-the-advancing-Penedo

Lukaku-then-races-clear-and-dinks-a-delicate-finish-over-the-advancing-Penedo

ဘယ်လ်ဂျီယံအသင်းရဲ့ ပွဲသိမ်းဂိုးကိုတော့ ပွဲကစားချိန် (၇၅)မိနစ်မှာ တိုက်စစ်မှူး လူကာကူကပဲ ဂိုးသမားနဲ့ တစ်ဦးချင်း အနေအထားမှာ အသာအယာ မပြီး သွင်းယူပေးခဲ့တာပါပဲ။ လူကာကူ သွင်းယူခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ တတိယဂိုးမှာ အသင်းခေါင်းဆောင် ဟာဇက်ရဲ့ စွမ်းဆောင်ရည်က မဖြစ်မနေ အသိအမှတ် ပြုရမှာပါ။ ပနားမား ကစားသမားတွေ တိုက်စစ်လွန်နေချိန်မှာ ဘောလုံးရရှိတာနဲ့ ပြိုင်ဘက် ကစားသမားတွေကို အကောင်းဆုံး ကျော်ဖြတ်ပြီး အသင်းဖော် လူကာကူ လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရအောင် အကွက်မြင်မြင် ဖန်တီးပေးပို့ပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာ လိုအပ်တာထက် ရှေ့ထွက်နေတဲ့ ဘယ်လ်ဂျီယံ ဂိုးသမား ကော်တိုအာကို ပနားမားကွင်းလယ်လူက ကွင်းတစ်ဝက်ကနေ လှမ်းကန်သွင်းခဲ့ပေမယ့် ကော်တိုအာ အချိန်မီ ကာကွယ်နိုင်ခဲ့လို့ ချေပဂိုး ပြန်လည် ခွင့်ပြုရမယ့် အနေအထားနဲ့ လွဲချော်ခဲ့ပါတယ်။ ဒီနေ့ပွဲအတွက် အကောင်းဆုံး ကစားသမားဆုကို ဘယ်လ်ဂျီယံအသင်းအတွက် အနိုင်ဂိုး (၂)ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး လူကာကူက ရရှိခဲ့ပါတယ်။

ဘယ်လ်ဂျီယံ-ပနားမားပွဲမှာ ထူးခြားချက်အချို့

– ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား မာတင်စ်ကတော့ အသင်းရဲ့ နောက်ဆုံး (၅)ဂိုးမှာ (၃)ဂိုးအထိ ပါဝင်ပတ်သက်ခဲ့တာ ဖြစ်ပါတယ်။ (၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီး)
– တိုက်စစ်မှူး လူကာကူကတော့ ဘယ်လ်ဂျီယံအသင်းရဲ့ နောက်ဆုံး (၁၈)ဂိုးမှာ (၁၂)ဂိုးအထိ ပါဝင် ပတ်သက်ခဲ့ပါတယ်။ (၁၀ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး)
– ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အဝါကတ် (၇)ကတ် ပြသခံခဲ့ရတဲ့ နယ်သာလန် ကစားသမားတွေအပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲတည်း အဝါကတ် အများဆုံးပြသခံရတဲ့ အသင်းအဖြစ် ပနားမားအသင်းက (၅)ကတ်နဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com