This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဂ်ပန္အသင္းကို ေနာက္ကလိုက္ကစားၿပီး ခက္ခက္ခဲခဲ အႏိုင္ရခဲ့တဲ့ ဘယ္လ္ဂ်ီယံ

ဂ်ပန္အသင္းရဲ႕ ဦးေဆာင္ဂိုးေတြေၾကာင့္ ဘယ္လ္ဂ်ီယံကိုလည္း ဒီအဆင့္နဲ႔ပဲ ေက်နပ္ရေတာ့မယ္လို႔ ထင္ခဲ့တယ္။ ၿပိဳင္ဘက္အသင္းကို ေလ်ာ႔တြက္တဲ့ ကစားပံုေၾကာင့္ ဘယ္လ္ဂ်ီယံတို႔ ခက္ခက္ခဲခဲ ရုန္းကန္ခဲ့ရၿပီး ေနာက္က်သြင္းဂိုးေတြေၾကာင့္ (၃-၂)ဂိုးဆိုတဲ့ ရလဒ္နဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏု္ိင္ခဲ့တယ္။ ကစားသမား အင္အားပိုင္းက အျပတ္အသတ္ကြာျခားခဲ့ေပမယ့္ ၿပိဳင္ဘက္အသင္းကို အေကာင္းဆံုး ကစားျပႏိုင္ခဲ့တဲ့ ဂ်ပန္အသင္းရဲ႕ ကစားပံုကေတာ့ မျဖစ္မေနခ်ီးက်ဴးရမွာပါ။ အာရွကိုယ္စားျပဳအသင္းေတြထဲမွာ ရံႈးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ တစ္သင္းတည္းေသာ အသင္းျဖစ္ခဲ့သလို ဘယ္လ္ဂ်ီယံအသင္းကို အေစာပိုင္းမွာ ဂိုးျပတ္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ကံတရားက ဂ်ပန္ကို မ်က္ႏွာသာမေပးခဲ့ပါဘူး။ (၂)သင္းစလံုး အုပ္စုတြင္းမွာ ေျခစြမ္းျပခဲ့တဲ့ အဓိကကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့ၿပီး အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကတယ္။ ပထမပိုင္းမွာ အခြင့္အေရးကိုယ္စီရရွိခဲ့ေပမယ့္ ႏွစ္ဘက္တိုက္စစ္မွဴးေတြ အသံုးမခ်ႏိုင္ခဲ့လို႔ ဂိုးမရွိသေရရလဒ္နဲ႔ပဲ ပြဲၿပီးဆံုးခဲ့တယ္။

Fellaini-score

Fellaini-score

ဒုတိယပိုင္းမွာေတာ့ ဂ်ပန္အသင္း ကစားပံုက ပထမပိုင္းထက္ ပိုမိုေကာင္းမြန္လာခဲ့ၿပီး ဟာရာဂူခ်ီ၊ အင္ႏူအီတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ဘယ္လ္ဂ်ီယံအသင္းကို ဦးေဆာင္ႏိုင္ခဲ့တယ္။ ဂ်ပန္အသင္း ဦးေဆာင္ဂိုးေတြ ရရွိခဲ့ေပမယ့္ ဘယ္လ္ဂ်ီယံအသင္းကို ခံစစ္ပိတ္မကစားခဲ့လို႔ သြင္းဂိုးေတြ ျပန္လည္ခြင့္ျပဳခဲ့ရတာျဖစ္တယ္။ မိနစ္ (၇၀)ေက်ာ္လာရင္ ကစားအားက်တက္တဲ့ ဂ်ပန္အသင္းရဲ႕ ပံုစံေၾကာင့္လည္း ဘယ္လ္ဂ်ီယံတို႔ သြင္းဂိုးေတြ ျပန္လည္ရရွိခဲ့တာျဖစ္ပါတယ္။ ပြဲကစားခ်ိန္ (၆၉)မိနစ္နဲ႔ (၇၄)မိနစ္ေတြမွာ ေနာက္ခံလူ ဗာတြန္ဂန္နဲ႔ ကြင္းလယ္လူ ဖယ္လိုင္နီတို႔က ေခါင္းတိုက္ဂိုးေတြနဲ႔ အသင္းအတြက္ ေခ်ပဂိုးေတြ ျပန္လည္သြင္းယူေပးခဲ့တယ္။ ေနာက္ပိုင္းမိနစ္ေတြမွာ အျပန္အလွန္ထိုးေဖာက္မႈေတြနဲ႔ ပြဲက ၿပိဳင္ဆိုင္မႈ ျပင္းထန္လာခဲ့ၿပီး ပြဲက သေရရလဒ္ဆီ ဦးတည္လာခဲ့တယ္။ အခ်ိန္ပိုေရာက္ဖို႔ နီးစပ္ခဲ့ေပမယ့္ နာက်င္အခ်ိန္ပို ေနာက္ဆံုးမိနစ္အေရာက္မွာ လူစားဝင္ကစားသမား ခ်က္ဒ္လီရဲ႕ သြင္းဂိုးေၾကာင့္ ႏုိင္ပြဲရယူႏိုင္ခဲ့ၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းဟာ ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ ဘရာဇီးလ္အသင္းနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

Man Of The Match – Hazard (Belgium)

Photo:Sporting News, RTL.de
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဂျပန်အသင်းကို နောက်ကလိုက်ကစားပြီး ခက်ခက်ခဲခဲ အနိုင်ရခဲ့တဲ့ ဘယ်လ်ဂျီယံ

ဂျပန်အသင်းရဲ့ ဦးဆောင်ဂိုးတွေကြောင့် ဘယ်လ်ဂျီယံကိုလည်း ဒီအဆင့်နဲ့ပဲ ကျေနပ်ရတော့မယ်လို့ ထင်ခဲ့တယ်။ ပြိုင်ဘက်အသင်းကို လျော့တွက်တဲ့ ကစားပုံကြောင့် ဘယ်လ်ဂျီယံတို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး နောက်ကျသွင်းဂိုးတွေကြောင့် (၃-၂)ဂိုးဆိုတဲ့ ရလဒ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တယ်။ ကစားသမား အင်အားပိုင်းက အပြတ်အသတ်ကွာခြားခဲ့ပေမယ့် ပြိုင်ဘက်အသင်းကို အကောင်းဆုံး ကစားပြနိုင်ခဲ့တဲ့ ဂျပန်အသင်းရဲ့ ကစားပုံကတော့ မဖြစ်မနေချီးကျူးရမှာပါ။ အာရှကိုယ်စားပြုအသင်းတွေထဲမှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ခဲ့သလို ဘယ်လ်ဂျီယံအသင်းကို အစောပိုင်းမှာ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် ကံတရားက ဂျပန်ကို မျက်နှာသာမပေးခဲ့ပါဘူး။ (၂)သင်းစလုံး အုပ်စုတွင်းမှာ ခြေစွမ်းပြခဲ့တဲ့ အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတယ်။ ပထမပိုင်းမှာ အခွင့်အရေးကိုယ်စီရရှိခဲ့ပေမယ့် နှစ်ဘက်တိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိသရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့တယ်။

Fellaini-score

Fellaini-score

ဒုတိယပိုင်းမှာတော့ ဂျပန်အသင်း ကစားပုံက ပထမပိုင်းထက် ပိုမိုကောင်းမွန်လာခဲ့ပြီး ဟာရာဂူချီ၊ အင်နူအီတို့ရဲ့ သွင်းဂိုးတွေနဲ့ ဘယ်လ်ဂျီယံအသင်းကို ဦးဆောင်နိုင်ခဲ့တယ်။ ဂျပန်အသင်း ဦးဆောင်ဂိုးတွေ ရရှိခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းကို ခံစစ်ပိတ်မကစားခဲ့လို့ သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်တယ်။ မိနစ် (၇၀)ကျော်လာရင် ကစားအားကျတက်တဲ့ ဂျပန်အသင်းရဲ့ ပုံစံကြောင့်လည်း ဘယ်လ်ဂျီယံတို့ သွင်းဂိုးတွေ ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် (၆၉)မိနစ်နဲ့ (၇၄)မိနစ်တွေမှာ နောက်ခံလူ ဗာတွန်ဂန်နဲ့ ကွင်းလယ်လူ ဖယ်လိုင်နီတို့က ခေါင်းတိုက်ဂိုးတွေနဲ့ အသင်းအတွက် ချေပဂိုးတွေ ပြန်လည်သွင်းယူပေးခဲ့တယ်။ နောက်ပိုင်းမိနစ်တွေမှာ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ပြီး ပွဲက သရေရလဒ်ဆီ ဦးတည်လာခဲ့တယ်။ အချိန်ပိုရောက်ဖို့ နီးစပ်ခဲ့ပေမယ့် နာကျင်အချိန်ပို နောက်ဆုံးမိနစ်အရောက်မှာ လူစားဝင်ကစားသမား ချက်ဒ်လီရဲ့ သွင်းဂိုးကြောင့် နိုင်ပွဲရယူနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘရာဇီးလ်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Man Of The Match – Hazard (Belgium)

Photo:Sporting News, RTL.de
Aung Kyaw Wai (Akhayar)
www.akhayar.com