This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဘရာဇီးလ္ကို အႏိုင္ယူၿပီး ၃၂ ႏွစ္အၾကာမွာ တစ္ေက်ာ႔ျပန္ ဆီမီးတက္ခဲ့တဲ့ ဘယ္လ္ဂ်ီယံ

၁၉၈၆ ကမၻာ႔ဖလားေနာက္ပိုင္း ႏွစ္ေပါင္း (၃၂)ႏွစ္အၾကာ ေဝးကြာေနခဲ့တဲ့ ဆီမီးဖိုင္နယ္အဆင့္ကို ဘယ္လ္ဂ်ီယံအသင္း တစ္ေက်ာ႔ျပန္ တက္ေရာက္ႏိုင္ခဲ့တယ္။ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ ဘရာဇီးလ္ကို (၂-၁)ဂိုးနဲ႔ အႏိုင္ကစားၿပီး ဆယ္စုႏွစ္ (၃)ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ အိပ္မက္ကို ဘယ္လ္ဂ်ီယံတို႔ ပံုေဖာ္ႏိုင္ခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ေတာင္အေမရိကအသင္းေတြနဲ႔ ေတြ႔ဆံုတိုင္းရလဒ္မေကာင္းတဲ့ မွတ္တမ္းဆိုးကိုလည္း ေခ်ဖ်က္ႏိုင္ခဲ့တယ္။ ႏွစ္သင္းစလံုး အဓိကကစားသမားအစံုအလင္နဲ႔ ပြဲထြက္လာခဲ့ၿပီး ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့တယ္။ ဘယ္လ္ဂ်ီယံရဲ႕ ကစားပံုက ခံစစ္ကို အသားေပးခဲ့ေပမယ့္ တန္ျပန္တိုက္စစ္ပံုေဖာ္မႈက အေကာင္းဆံုးအေနအထားမွာ ရွိခဲ့လို႔ ဂိုးသြင္းခြင့္ေတြ အေျမာက္အမ်ားရရွိခဲ့တယ္။

Fernandinho-own-goal

Fernandinho-own-goal

ပြဲအစ (၁၃)မိနစ္မွာတင္ ဟာဇက္ရဲ႕ ေထာင့္ကန္ေဘာကို ေခါင္းတိုက္ရွင္းထုတ္ရင္း ဖာနန္ဒင္ဟုိ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့လို႔ ဘယ္လ္ဂ်ီယံတို႔ ပြဲကို ဦးေဆာင္ႏိုင္ခဲ့တယ္။ ဒီေန႔ပြဲမွာ ဘရာဇီးလ္ကစားသမားေတြက အသင္းေခါင္းေဆာင္ ဟာဇက္နဲ႔ တိုက္စစ္မွဴး လူကာကူတို႔အေပၚ အာရံုမ်ားေနခဲ့လို႔ တျခားဘယ္လ္ဂ်ီယံကစားသမားေတြ ကစားေပါက္ေခ်ာင္ခဲ့တယ္။ ဘရာဇီးလ္ေနာက္တန္းရဲ႕ ေနာက္ခံအစြန္ (၂)ဖက္က တိုက္စစ္ကို လိုက္ပါလြန္းတာေၾကာင့္လည္း ဘယ္လ္ဂ်ီယံရဲ႕ လွ်င္ျမန္တဲ့ တန္ျပန္တိုက္စစ္ေတြကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ခဲ့ရတယ္။ ဘယ္လ္ဂ်ီယံရဲ႕ တန္ျပန္တိုက္စစ္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ပြဲကစားခ်ိန္ (၃၁)မိနစ္မွာ ေနာက္ထပ္ဦးေဆာင္ဂိုးတစ္ဂိုးကို ဘရာဇီးလ္အသင္း ထပ္မံခြင့္ျပဳခဲ့ရတယ္။ ဒီဘရိုင္းနား သြင္းယူခဲ့တဲ့ ဒုတိယဂိုးမွာ တိုက္စစ္မွဴး လူကာကူရဲ႕ လွ်င္ျမန္မႈႏႈန္းက အဓိကက်ခဲ့ၿပီး သူ႔ရဲ႕ ရုန္းအား၊ လွ်င္ျမန္မႈနဲ႔ ေဘာလံုးေပးပို႔မႈအျမင္ေတြက အေကာင္းဆံုးအေနအထားမွာ ရွိေနခဲ့တယ္။ အဆံုးသတ္ကန္သြင္းခဲ့တဲ့ ဒီဘရိုင္းနားရဲ႕ ကန္ခ်က္ကလည္း တိက်ခဲ့ၿပီး သူ႔ရဲ႕ ကန္သြင္းေနက်ပံုစံအတိုင္း အေဝးကန္ခ်က္နဲ႔ ဂိုးရယူခဲ့တာပါ။ ပထမပိုင္းၿပီးဆံုးခ်ိန္မွာေတာ့ ဘယ္လ္ဂ်ီယံအသင္းက (၂-၀)ဂိုးနဲ႔ ဘရာဇီးလ္အသင္းကို ဦးေဆာင္ထားႏိုင္ခဲ့တယ္။

De-Bruyne-score

De-Bruyne-score

ဒုတိယပိုင္းမွာေတာ့ ဘရာဇီးလ္အသင္း ေခ်ပဂိုးေတြ ရရွိဖို႔ တိုက္စစ္ျမွင့္တင္လာခဲ့ၿပီး ပြြဲခ်ိန္ျပည့္နီးပါး ဖိအားေပး ကစားႏိုင္ခဲ့တယ္။ ဖာမီႏို၊ ေဒါက္ဂလပ္ေကာ္စတာတို႔ကို ထည့္သြင္းခဲ့ၿပီး တိုက္စစ္ျမွင့္တင္ခဲ့ခ်ိန္မွာ ပြဲစကတည္းက ဒီကစားသမားေတြကို နည္းျပ ထိထီဘာလို႔ အသံုးမျပဳခဲ့လဲဆိုတာ ေမးခြန္းထုတ္စရာျဖစ္ခဲ့တယ္။ သူတို႔ ဝင္လာၿပီးေနာက္ပိုင္း ဘရာဇီးလ္တိုက္စစ္ကစားပံုက ပထမပိုင္းကထက္ ပိုမိုေကာင္းမြန္လာခဲ့ၿပီး ဂိုးကန္သြင္းခြင့္ေတြ ပိုမိုရရွိခဲ့တယ္။ ပြဲကစားခ်ိန္ (၇၆)မိနစ္မွာေတာ့ ဘရာဇီးလ္အသင္း ေခ်ပဂိုးတစ္ဂိုးကို ျပန္လည္ရယူႏိုင္ခဲ့တယ္။ ေကာ္တင္ဟိုရဲ႕ ေပးပို႔မႈကို လူစားဝင္ကစားသမား ရီနာတိုၾသဂတ္စ္တိုက ေခါင္းတိုက္ အဆံုးသတ္ခဲ့တာပါ။ ေခ်ပဂိုးသြင္းယူေပးခဲ့ၿပီး မိနစ္ပိုင္းအၾကာမွာပဲ ၾသဂတ္စ္တို အခြင့္အေရးတစ္ႀကိမ္ ထပ္မံရရွိခဲ့ေပမယ့္ သူ႔ရဲ႕ ကန္ခ်က္က အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ လြဲေခ်ာ္ခဲ့တယ္။ လက္က်န္မိနစ္ေတြမွာ ေခ်ပဂိုးထပ္မံရရွိဖို႔ ဘရာဇီးလ္အသင္း တိုက္စစ္ျမွင့္တင္လာခဲ့ၿပီး အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ တိုက္စစ္ကစားသမားေတြ အဆံုးသတ္အားနည္းခဲ့သလို ဘယ္လ္ဂ်ီယံဂိုးသမား ေက္ာတိုအာရဲ႕ လက္စြမ္းျပမႈေတြေၾကာင့္ အရံႈးနဲ႔ ရင္ဆိုင္သြားခဲ့ရတယ္။

Man of The Match – De Bruyne

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဘရာဇီးလ်ကို အနိုင်ယူပြီး ၃၂ နှစ်အကြာမှာ တစ်ကျော့ပြန် ဆီမီးတက်ခဲ့တဲ့ ဘယ်လ်ဂျီယံ

၁၉၈၆ ကမ္ဘာ့ဖလားနောက်ပိုင်း နှစ်ပေါင်း (၃၂)နှစ်အကြာ ဝေးကွာနေခဲ့တဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ဘယ်လ်ဂျီယံအသင်း တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့တယ်။ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘရာဇီးလ်ကို (၂-၁)ဂိုးနဲ့ အနိုင်ကစားပြီး ဆယ်စုနှစ် (၃)ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အိပ်မက်ကို ဘယ်လ်ဂျီယံတို့ ပုံဖော်နိုင်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိကအသင်းတွေနဲ့ တွေ့ဆုံတိုင်းရလဒ်မကောင်းတဲ့ မှတ်တမ်းဆိုးကိုလည်း ချေဖျက်နိုင်ခဲ့တယ်။ နှစ်သင်းစလုံး အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်။ ဘယ်လ်ဂျီယံရဲ့ ကစားပုံက ခံစစ်ကို အသားပေးခဲ့ပေမယ့် တန်ပြန်တိုက်စစ်ပုံဖော်မှုက အကောင်းဆုံးအနေအထားမှာ ရှိခဲ့လို့ ဂိုးသွင်းခွင့်တွေ အမြောက်အများရရှိခဲ့တယ်။

Fernandinho-own-goal

Fernandinho-own-goal

ပွဲအစ (၁၃)မိနစ်မှာတင် ဟာဇက်ရဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်ရှင်းထုတ်ရင်း ဖာနန်ဒင်ဟို ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ ဘယ်လ်ဂျီယံတို့ ပွဲကို ဦးဆောင်နိုင်ခဲ့တယ်။ ဒီနေ့ပွဲမှာ ဘရာဇီးလ်ကစားသမားတွေက အသင်းခေါင်းဆောင် ဟာဇက်နဲ့ တိုက်စစ်မှူး လူကာကူတို့အပေါ် အာရုံများနေခဲ့လို့ တခြားဘယ်လ်ဂျီယံကစားသမားတွေ ကစားပေါက်ချောင်ခဲ့တယ်။ ဘရာဇီးလ်နောက်တန်းရဲ့ နောက်ခံအစွန် (၂)ဖက်က တိုက်စစ်ကို လိုက်ပါလွန်းတာကြောင့်လည်း ဘယ်လ်ဂျီယံရဲ့ လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတယ်။ ဘယ်လ်ဂျီယံရဲ့ တန်ပြန်တိုက်စစ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ပွဲကစားချိန် (၃၁)မိနစ်မှာ နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုးကို ဘရာဇီးလ်အသင်း ထပ်မံခွင့်ပြုခဲ့ရတယ်။ ဒီဘရိုင်းနား သွင်းယူခဲ့တဲ့ ဒုတိယဂိုးမှာ တိုက်စစ်မှူး လူကာကူရဲ့ လျှင်မြန်မှုနှုန်းက အဓိကကျခဲ့ပြီး သူ့ရဲ့ ရုန်းအား၊ လျှင်မြန်မှုနဲ့ ဘောလုံးပေးပို့မှုအမြင်တွေက အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့တယ်။ အဆုံးသတ်ကန်သွင်းခဲ့တဲ့ ဒီဘရိုင်းနားရဲ့ ကန်ချက်ကလည်း တိကျခဲ့ပြီး သူ့ရဲ့ ကန်သွင်းနေကျပုံစံအတိုင်း အဝေးကန်ချက်နဲ့ ဂိုးရယူခဲ့တာပါ။ ပထမပိုင်းပြီးဆုံးချိန်မှာတော့ ဘယ်လ်ဂျီယံအသင်းက (၂-ဝ)ဂိုးနဲ့ ဘရာဇီးလ်အသင်းကို ဦးဆောင်ထားနိုင်ခဲ့တယ်။

De-Bruyne-score

De-Bruyne-score

ဒုတိယပိုင်းမှာတော့ ဘရာဇီးလ်အသင်း ချေပဂိုးတွေ ရရှိဖို့ တိုက်စစ်မြှင့်တင်လာခဲ့ပြီး ပွဲချိန်ပြည့်နီးပါး ဖိအားပေး ကစားနိုင်ခဲ့တယ်။ ဖာမီနို၊ ဒေါက်ဂလပ်ကော်စတာတို့ကို ထည့်သွင်းခဲ့ပြီး တိုက်စစ်မြှင့်တင်ခဲ့ချိန်မှာ ပွဲစကတည်းက ဒီကစားသမားတွေကို နည်းပြ ထိထီဘာလို့ အသုံးမပြုခဲ့လဲဆိုတာ မေးခွန်းထုတ်စရာဖြစ်ခဲ့တယ်။ သူတို့ ဝင်လာပြီးနောက်ပိုင်း ဘရာဇီးလ်တိုက်စစ်ကစားပုံက ပထမပိုင်းကထက် ပိုမိုကောင်းမွန်လာခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေ ပိုမိုရရှိခဲ့တယ်။ ပွဲကစားချိန် (၇၆)မိနစ်မှာတော့ ဘရာဇီးလ်အသင်း ချေပဂိုးတစ်ဂိုးကို ပြန်လည်ရယူနိုင်ခဲ့တယ်။ ကော်တင်ဟိုရဲ့ ပေးပို့မှုကို လူစားဝင်ကစားသမား ရီနာတိုသြဂတ်စ်တိုက ခေါင်းတိုက် အဆုံးသတ်ခဲ့တာပါ။ ချေပဂိုးသွင်းယူပေးခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ သြဂတ်စ်တို အခွင့်အရေးတစ်ကြိမ် ထပ်မံရရှိခဲ့ပေမယ့် သူ့ရဲ့ ကန်ချက်က အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လွဲချော်ခဲ့တယ်။ လက်ကျန်မိနစ်တွေမှာ ချေပဂိုးထပ်မံရရှိဖို့ ဘရာဇီးလ်အသင်း တိုက်စစ်မြှင့်တင်လာခဲ့ပြီး အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ အဆုံးသတ်အားနည်းခဲ့သလို ဘယ်လ်ဂျီယံဂိုးသမား ကေ်ာတိုအာရဲ့ လက်စွမ်းပြမှုတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်သွားခဲ့ရတယ်။

Man of The Match – De Bruyne

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com