This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေအာင္ျမင္မႈေတြရယူႏုိင္ဖုိ႔ အသင့္ရွိေနၿပီျဖစ္တဲ့ ဘယ္လ္ဂ်ီယံအသင္း

ကမၻာ႔အဆင့္ကစားသမားေကာင္းမ်ားစြာ ရွိေနတဲ့ ဘယ္လ္ဂ်ီယံအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဗုိလ္စဲြဖုိ႔ အေလးေပးခ်က္မွာ အဆင့္(၆)ေနရာမွာ ရွိေနပါတယ္။ ၀ီလ္မုိ႔စ္ Wilmots ၊ အမ္ပင္ဇာ Mpenza ညီေနာင္တို႔က ဘယ္လ္ဂ်ီယံ ေခတ္တစ္ခတ္ကုိ တည္ေထာင္ခဲ့ၿပီး ၂၀၀၀ ေနာက္ပုိင္းမွာေတာ့ ဘယ္လ္ဂ်ီယံအသင္းဟာ အနိမ့္အျမင့္အတက္အက်ေတြနဲ႔အတူ ေဘာလုံးဇာတ္ခုံမွာ ျမင္လုိက္ေပ်ာက္လုိက္ျဖစ္ေနခဲ့တယ္။ ဒါေပမဲ့ ၂၀၁၀ ကစၿပီး ဘယ္လ္ဂ်ီယံတို႔ရဲ႕ ေရႊေရာင္မ်ိဳးဆက္လုိ႔ တင္စားရမယ့္ ဟာဇက္ Hazard၊ လူကာကူ Lukaku၊ ဒီဘ႐ုိင္းနား De Bruyne၊ ေကာ္တုိအာ Courtois တို႔အပါအ၀င္ World Class Player ေတြ နဲ႔ စုဖြဲ႕ထားတဲ့ ဘယ္လ္ဂ်ီယံအသင္းဟာ ေအာင္ျမင္မႈေတြကုိ ရယူဖုိ႔ အသင့္ရွိေနၿပီလုိ႔ ဆုိရမွာပါ။ အခု ကမၻာ႔ဖလားၿပိဳင္ပဲြ အုပ္စုတြင္းမွာလည္း အဂၤလန္ကလဲြၿပီး က်န္တဲ့အသင္းေတြက အလယ္အလတ္အဆင့္သာရွိတာေၾကာင့္ ေနာက္တစ္ဆင့္တက္ဖုိ႔ အခက္အခဲမရွိႏုိင္ပါဘူး။

Belgium-National-Football-Team

Belgium-National-Football-Team

ဘယ္လ္ဂ်ီယံအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း

ဘယ္လ္ဂ်ီယံအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာငး္ကုိ ျပန္ၾကည့္ရင္ ထူးထူးျခားျခားေအာင္ျမင္မႈေတာ့ မရွိပါဘူး။ ၁၉၈၆ ကမၻာ႔ဖလားမွာ စတုတၳရခဲ့တာကလဲြၿပီး သူတို႔ေနာက္ဆုံး ယွဥ္ၿပိဳင္ခဲ့တဲ့ ကမၻာ႔ဖလား(၅)ႀကိမ္မွာ အျမင့္ဆုံးေရာက္ရွိခဲ့တာက ကြာတားဖုိင္နယ္(၂၀၁၄)ပဲျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းဟာ ၁၉၃၀၊ ၁၉၃၄၊ ၁၉၃၈၊ ၁၉၅၄၊ ၁၉၇၀၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၁၄ ခုႏွစ္ေတြမွာ ယွဥ္ၿပိဳင္ခြင့္ရခဲ့ၿပီး မ်ားေသာအားျဖင့္ အုပ္စုအဆင့္က လွည့္ျပန္ခဲ့ရတာ မ်ားပါတယ္။

Hazard-Playing-Style

Hazard-Playing-Style

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ

ဘယ္လ္ဂ်ီယံအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြမွာ အသင္းႀကီးေတြမပါ၀င္ဘဲ သူတို႔ထက္ တစ္ဆင့္နိမ့္တဲ့အသင္းေတြနဲ႔သာ ရင္ဆုိင္ရတာေၾကာင့္ အခက္အခဲမရွိခဲ့ပါဘူး။ (၁၀)ပဲြကစား (၉)ပဲြႏုိင္၊ (၁)ပဲြသေရ ႐ႈံးပဲြမရွိဘဲ (၂၈)မွတ္နဲ႔ ကမၻာ႔ဖလားေျခစစ္ပဲြ ေစာေစာစီးစီးေအာင္ျမင္ခဲ့တဲ့အသင္းေတြထဲမွာ တစ္သင္းအ ပါအ၀င္ျဖစ္ခဲ့တယ္။ ေျခစစ္ပဲြမွာ လူကာကူ Lukaku က (၁၁)ဂုိးနဲ႔ အုပ္စုတြင္း သြင္းဂုိးအမ်ားဆုံးျဖစ္ခဲ့ၿပီး ဟာဇက္ Hazard က (၆)ဂုိး၊ မာတင္စ္ Mertens၊ မူနီယာ Meunier တို႔က (၅)ဂုိးစီ သြင္းခဲ့ၾကပါတယ္။

Lukaku

Lukaku

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား

ထိပ္တန္းအဆင့္ကစားသမားေတြ မ်ားျပားေနတဲ့ ဘယ္လ္ဂ်ီယံအသင္းဟာ တျခားအသင္းေတြထက္ ယွဥ္ရင္ အားသာခ်က္တစ္ခုျဖစ္ေနတယ္။ ဟာဇက္က အသင္းကုိ ဦးေဆာင္မယ့္ ကစားသမားျဖစ္လာႏုိင္ၿပီး လူကာကူ၊ မာတင္စ္၊ ဘတ္႐ွဴအာယီ Batshuayi တို႔ရဲ႕တိုက္စစ္၊ ဒီဘ႐ုိင္းနား၊ ဖယ္ေလနီ Fellaini၊ ကာရက္စ္ကုိ Carrasco တို႔ရဲ႕ ကြင္းလယ္၊ ဗာမယ္လန္း Vermaelen၊ ကြန္ပနီ Kompany တို႔ရဲ႕ခံစစ္၊ မစ္ဂႏုိလက္ Mignolet၊ ေကာ္တိုအာတို႔လုိ ဂုိးသမားေကာင္းေတြရွိေနတဲ့ ဘယ္လ္ဂ်ီယံအသင္းဟာ ဒီတစ္ႀကိမ္ ကမၻာ႔ဖလားမွာ မထင္မွတ္တာေတြကုိ လုပ္ျပႏုိင္စြမ္းရွိတဲ့အသင္းတစ္သင္းလည္းျဖစ္ပါတယ္။

Photo:Social News,US Sports Guru,Goal.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အောင်မြင်မှုတွေရယူနိုင်ဖို့ အသင့်ရှိနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံအသင်း

ကမ္ဘာ့အဆင့်ကစားသမားကောင်းများစွာ ရှိနေတဲ့ ဘယ်လ်ဂျီယံအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အလေးပေးချက်မှာ အဆင့်(၆)နေရာမှာ ရှိနေပါတယ်။ ဝီလ်မို့စ် Wilmots ၊ အမ်ပင်ဇာ Mpenza ညီနောင်တို့က ဘယ်လ်ဂျီယံ ခေတ်တစ်ခတ်ကို တည်ထောင်ခဲ့ပြီး ၂၀၀၀ နောက်ပိုင်းမှာတော့ ဘယ်လ်ဂျီယံအသင်းဟာ အနိမ့်အမြင့်အတက်အကျတွေနဲ့အတူ ဘောလုံးဇာတ်ခုံမှာ မြင်လိုက်ပျောက်လိုက်ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ၂၀၁၀ ကစပြီး ဘယ်လ်ဂျီယံတို့ရဲ့ ရွှေရောင်မျိုးဆက်လို့ တင်စားရမယ့် ဟာဇက် Hazard၊ လူကာကူ Lukaku၊ ဒီဘရိုင်းနား De Bruyne၊ ကော်တိုအာ Courtois တို့အပါအဝင် World Class Player တွေ နဲ့ စုဖွဲ့ထားတဲ့ ဘယ်လ်ဂျီယံအသင်းဟာ အောင်မြင်မှုတွေကို ရယူဖို့ အသင့်ရှိနေပြီလို့ ဆိုရမှာပါ။ အခု ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုတွင်းမှာလည်း အင်္ဂလန်ကလွဲပြီး ကျန်တဲ့အသင်းတွေက အလယ်အလတ်အဆင့်သာရှိတာကြောင့် နောက်တစ်ဆင့်တက်ဖို့ အခက်အခဲမရှိနိုင်ပါဘူး။

Belgium-National-Football-Team

Belgium-National-Football-Team

ဘယ်လ်ဂျီယံအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း

ဘယ်လ်ဂျီယံအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်းကို ပြန်ကြည့်ရင် ထူးထူးခြားခြားအောင်မြင်မှုတော့ မရှိပါဘူး။ ၁၉၈၆ ကမ္ဘာ့ဖလားမှာ စတုတ္ထရခဲ့တာကလွဲပြီး သူတို့နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား(၅)ကြိမ်မှာ အမြင့်ဆုံးရောက်ရှိခဲ့တာက ကွာတားဖိုင်နယ်(၂၀၁၄)ပဲဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ၁၉၃၀၊ ၁၉၃၄၊ ၁၉၃၈၊ ၁၉၅၄၊ ၁၉၇၀၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၁၄ ခုနှစ်တွေမှာ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး များသောအားဖြင့် အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရတာ များပါတယ်။

Hazard-Playing-Style

Hazard-Playing-Style

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု

ဘယ်လ်ဂျီယံအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းကြီးတွေမပါဝင်ဘဲ သူတို့ထက် တစ်ဆင့်နိမ့်တဲ့အသင်းတွေနဲ့သာ ရင်ဆိုင်ရတာကြောင့် အခက်အခဲမရှိခဲ့ပါဘူး။ (၁၀)ပွဲကစား (၉)ပွဲနိုင်၊ (၁)ပွဲသရေ ရှုံးပွဲမရှိဘဲ (၂၈)မှတ်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ စောစောစီးစီးအောင်မြင်ခဲ့တဲ့အသင်းတွေထဲမှာ တစ်သင်းအ ပါအဝင်ဖြစ်ခဲ့တယ်။ ခြေစစ်ပွဲမှာ လူကာကူ Lukaku က (၁၁)ဂိုးနဲ့ အုပ်စုတွင်း သွင်းဂိုးအများဆုံးဖြစ်ခဲ့ပြီး ဟာဇက် Hazard က (၆)ဂိုး၊ မာတင်စ် Mertens၊ မူနီယာ Meunier တို့က (၅)ဂိုးစီ သွင်းခဲ့ကြပါတယ်။

Lukaku

Lukaku

စောင့်ကြည့်ရမယ့်ကစားသမားများ

ထိပ်တန်းအဆင့်ကစားသမားတွေ များပြားနေတဲ့ ဘယ်လ်ဂျီယံအသင်းဟာ တခြားအသင်းတွေထက် ယှဉ်ရင် အားသာချက်တစ်ခုဖြစ်နေတယ်။ ဟာဇက်က အသင်းကို ဦးဆောင်မယ့် ကစားသမားဖြစ်လာနိုင်ပြီး လူကာကူ၊ မာတင်စ်၊ ဘတ်ရှူအာယီ Batshuayi တို့ရဲ့တိုက်စစ်၊ ဒီဘရိုင်းနား၊ ဖယ်လေနီ Fellaini၊ ကာရက်စ်ကို Carrasco တို့ရဲ့ ကွင်းလယ်၊ ဗာမယ်လန်း Vermaelen၊ ကွန်ပနီ Kompany တို့ရဲ့ခံစစ်၊ မစ်ဂနိုလက် Mignolet၊ ကော်တိုအာတို့လို ဂိုးသမားကောင်းတွေရှိနေတဲ့ ဘယ်လ်ဂျီယံအသင်းဟာ ဒီတစ်ကြိမ် ကမ္ဘာ့ဖလားမှာ မထင်မှတ်တာတွေကို လုပ်ပြနိုင်စွမ်းရှိတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

Photo:Social News,US Sports Guru,Goal.com
Naing Linn(Akhayar)
www.akhayar.com