This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အဂၤလန္နဲ႔ ပြဲစဥ္မွာ အဓိက ကစားသမားတခ်ိဳ႕ကို လက္လႊတ္ရဖို႔ရွိေနတဲ့ ဘယ္လ္ဂ်ီယံ

အုပ္စုတြင္း အဓိကၿပိဳင္ဘက္ အဂၤလန္အသင္းနဲ႔ ကစားရမယ့္ အုပ္စုေနာက္ဆံုးပြဲစဥ္မွာ ဒဏ္ရာျပႆနာေတြေၾကာင့္ အသင္းရဲ႕ အဓိက ကစားသမားတခ်ိဳ႕ကို ဘယ္လ္ဂ်ီယံအသင္း လက္လႊတ္ရဖို႔ ရွိေနပါတယ္။ အသင္းရဲ႕ အဓိက ကစားသမားေတြအျဖစ္ တိုက္စစ္မွာ ဦးေဆာင္ေနၿပီး အေရးပါတဲ့ သြင္းဂိုးေတြ သြင္းယူေပးထားတဲ့ အသင္းေခါင္းေဆာင္ ဟာဇက္ Hazard ၊လူကာကူ Lukaku နဲ႔ မာတင္စ္ Mertens တို႔ ဒဏ္ရာျပႆနာေတြေၾကာင့္ အုပ္စုေနာက္ဆံုးပြဲစဥ္ကို လြဲေခ်ာ္ဖို႔ရွိေနတာျဖစ္ပါတယ္။ တူနီးရွားကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အႏိုင္ဂိုးေတြ သြင္းယူေပးခဲ့တဲ့ ဟာဇက္ Hazard နဲ႔ လူကာကူ Lukaku တို႔ ဒဏ္ရာအနည္းငယ္စီ ရရွိခဲ့ေၾကာင္း ဘယ္လ္ဂ်ီယံအသင္းက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ေျခသလံုးၾကြက္သား နာက်င္မႈကို ခံစားေနရတဲ့ ဟာဇက္ Hazard ထက္ တိုက္စစ္မွဴး လူကာကူ Lukaku ရဲ႕ ဒဏ္ရာကို အနည္းငယ္ စိုးရိမ္ေနၿပီး ဒီေန႔ (တနဂၤေႏြေန႔)မွာ စစ္ေဆးမႈေတြ ျပဳလုပ္သြားမွာျဖစ္ေၾကာင္း နည္းျပ မာတီနက္ဇ္ Martinez က ေျပာၾကားခဲ့ပါတယ္။

Belgium-Medical-team-cured-Lukaku-injury

Belgium-Medical-team-cured-Lukaku-injury

တူနီးရွားနဲ႔ ပဲြစဥ္မွာ ရရွိခဲ့တဲ့ လူကာကူ Lukaku ရဲ႕ ေျခခ်င္းဝတ္ဒဏ္ရာက အနည္းငယ္ စိုးရိမ္ဖြယ္ရာျဖစ္ခဲ့လို႔ နည္းျပ မာတီနက္ဇ္ Martinez က ခ်က္ခ်င္း လူစားလဲလွယ္မႈ ျပလုပ္ခဲ့ရပါတယ္။ အသင္းေခါင္းေဆာင္ ဟာဇက္ Hazard ကေတာ့ ပြဲကစားခ်ိန္ (၆)မိနစ္မွာ ရရွိခဲ့တဲ့ ပယ္နယ္တီကို ကန္သြင္းအၿပီး ေျခသလံုးၾကြက္သား နာက်င္တဲ့ေဝဒနာကို ခံစားခဲ့ရတာျဖစ္ပါတယ္။ ဒဏ္ရာျပႆနာ ရွိခဲ့ေပမယ့္ အသင္းအတြက္ အႏိုင္ဂိုး (၂)ဂိုးကို ဟာဇက္ Hazard သြင္းယူေပးႏိုင္ခဲ့ၿပီး ပြဲကစားခ်ိန္ (၆၈)မိနစ္အေရာက္မွာေတာ့ ဒဏ္ရာက အနားယူဖို႔ လိုအပ္လာခဲ့လို႔ လူငယ္တိုက္စစ္မွဴး ဘတ္ရွဴအာယီ Batshuayi နဲ႔ လူစားလဲခဲ့ရပါတယ္။ ေနာက္ထပ္ တိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ မာတင္စ္ Mertens လည္း ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ အဂၤလန္နဲ႔ ပြဲကို လြဲေခ်ာ္ဖို႔ ရွိေနေၾကာင္း သတင္းေတြ ထပ္မံထြက္ေပၚလာခဲ့ပါတယ္။ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္ အေသးစားဒဏ္ရာေတြျဖစ္လို႔ အဂၤလန္နဲ႔ ပြဲမတိုင္မီ ျပန္လည္သက္သာလာဖို႔ ရွိေနေပမယ့္ နည္းျပ မာတီနက္ဇ္ Martinez က ကစားသမားေတြ ရာႏႈန္းျပည့္ ႀကံ့ခိုင္မႈ ရရွိေအာင္ အုပ္စုေနာက္ဆံုးပြဲစဥ္မွာ အနားေပးဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

REF:Express
Photo:Independent
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အင်္ဂလန်နဲ့ ပွဲစဉ်မှာ အဓိက ကစားသမားတချို့ကို လက်လွှတ်ရဖို့ရှိနေတဲ့ ဘယ်လ်ဂျီယံ

အုပ်စုတွင်း အဓိကပြိုင်ဘက် အင်္ဂလန်အသင်းနဲ့ ကစားရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ အဓိက ကစားသမားတချို့ကို ဘယ်လ်ဂျီယံအသင်း လက်လွှတ်ရဖို့ ရှိနေပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတွေအဖြစ် တိုက်စစ်မှာ ဦးဆောင်နေပြီး အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးထားတဲ့ အသင်းခေါင်းဆောင် ဟာဇက် Hazard ၊လူကာကူ Lukaku နဲ့ မာတင်စ် Mertens တို့ ဒဏ်ရာပြဿနာတွေကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ဖို့ရှိနေတာဖြစ်ပါတယ်။ တူနီးရှားကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တဲ့ ဟာဇက် Hazard နဲ့ လူကာကူ Lukaku တို့ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြောင်း ဘယ်လ်ဂျီယံအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ခြေသလုံးကြွက်သား နာကျင်မှုကို ခံစားနေရတဲ့ ဟာဇက် Hazard ထက် တိုက်စစ်မှူး လူကာကူ Lukaku ရဲ့ ဒဏ်ရာကို အနည်းငယ် စိုးရိမ်နေပြီး ဒီနေ့ (တနင်္ဂနွေနေ့)မှာ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း နည်းပြ မာတီနက်ဇ် Martinez က ပြောကြားခဲ့ပါတယ်။

Belgium-Medical-team-cured-Lukaku-injury

Belgium-Medical-team-cured-Lukaku-injury

တူနီးရှားနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ လူကာကူ Lukaku ရဲ့ ခြေချင်းဝတ်ဒဏ်ရာက အနည်းငယ် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့လို့ နည်းပြ မာတီနက်ဇ် Martinez က ချက်ချင်း လူစားလဲလှယ်မှု ပြလုပ်ခဲ့ရပါတယ်။ အသင်းခေါင်းဆောင် ဟာဇက် Hazard ကတော့ ပွဲကစားချိန် (၆)မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို ကန်သွင်းအပြီး ခြေသလုံးကြွက်သား နာကျင်တဲ့ဝေဒနာကို ခံစားခဲ့ရတာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာ ရှိခဲ့ပေမယ့် အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးကို ဟာဇက် Hazard သွင်းယူပေးနိုင်ခဲ့ပြီး ပွဲကစားချိန် (၆၈)မိနစ်အရောက်မှာတော့ ဒဏ်ရာက အနားယူဖို့ လိုအပ်လာခဲ့လို့ လူငယ်တိုက်စစ်မှူး ဘတ်ရှူအာယီ Batshuayi နဲ့ လူစားလဲခဲ့ရပါတယ်။ နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ မာတင်စ် Mertens လည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် အင်္ဂလန်နဲ့ ပွဲကို လွဲချော်ဖို့ ရှိနေကြောင်း သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် အသေးစားဒဏ်ရာတွေဖြစ်လို့ အင်္ဂလန်နဲ့ ပွဲမတိုင်မီ ပြန်လည်သက်သာလာဖို့ ရှိနေပေမယ့် နည်းပြ မာတီနက်ဇ် Martinez က ကစားသမားတွေ ရာနှုန်းပြည့် ကြံ့ခိုင်မှု ရရှိအောင် အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနားပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

REF:Express
Photo:Independent
Aung Kyaw Wai (Akhayar)
www.akhayar.com