This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အဂၤလန္အသင္းကို အႏိုင္ကစားၿပီး တတိယေနရာကို အရယူခဲ့တဲ့ ဘယ္လ္ဂ်ီယံအသင္း

ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ စတုတၳေနရာကို ရယူႏိုင္ခဲ့တာက အေကာင္းဆံုးမွတ္တမ္းျဖစ္ခဲ့တဲ့ ဘယ္လ္ဂ်ီယံအသင္းအတြက္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာေတာ့ ေအာင္ျမင္မႈမွတ္တိုင္တစ္ခု စိုက္ထူႏိုင္ခဲ့တာျဖစ္တယ္။ အုပ္စုတြင္းၿပိဳင္ဘက္ အဂၤလန္အသင္းနဲ႔ ျပန္လည္ရင္ဆိုင္ခဲ့တဲ့ ပြဲစဥ္မွာလည္း ပံုစံေကာင္းေတြ ျပသႏိုင္ခဲ့ၿပီး (၂-၀)ဂိုးနဲ႔ အႏုိင္ယူခဲ့ကာ တတိယေနရာကို အမွားအယြင္းမရွိ ရယူႏိုင္ခဲ့တယ္။ (၂)သင္းစလံုး အဓိက ကစားသမားအစံုအလင္ အသံုးမျပဳခဲ့ေပမယ့္ ဂုဏ္သိကၡာပိုင္းအရ တတိယေနရာကို ရယူႏိုင္ဖို႔ အေရးပါေနခဲ့လို႔ အားကုန္ထုတ္ကစားခဲ့တာကို ျမင္ေတြ႕ခဲ့ရတယ္။ ပြဲအစပိုင္းမွာတင္ ဦးေဆာင္ရရွိခဲ့လို႔ ဘယ္လ္ဂ်ီယံအသင္း ဖိအားကင္းကင္းနဲ႔ ကစားသြားခဲ့ၿပီး (၂)သင္းစလံုး အျပန္အလွန္တိုက္စစ္ဆင္မႈေတြနဲ႔ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့တယ္။

Meunier-score

Meunier-score

ဘယ္လ္ဂ်ီယံအသင္းရဲ႕ ဦးေဆာင္ဂိုးကို ပြဲအစ (၄)မိနစ္မွာတင္ ရရွိခဲ့ၿပီး ခ်က္ဒ္လီ Chadli ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ကြင္းလယ္ကစားသမား မူနီယာ Munier က ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္တယ္။ ဦးေဆာင္ဂိုး ရရွိၿပီးေနာက္ပိုင္း ဘယ္လ္ဂ်ီယံအသင္း အခြင့္အေရးတခ်ိဳ႕ ထပ္မံရရွိခဲ့ေပမယ့္ လူကာကူ Lukaku အဆံုးသတ္ အားနည္းခဲ့လို႔ ေနာက္ထပ္သြင္းဂိုးေတြ မရရွိခဲ့တာပါ။ ပြဲကစားခ်ိန္ (၃၉)မိနစ္မွာေတာ့ ဒဏ္ရာရရွိခဲ့တဲ့ ခ်က္ဒ္လီ Chadli ရဲ႕ ေနရာမွာ ဝါရင့္ေနာက္ခံလူ ဗာမယ္လန္း Vermaelen ကို လူစားလဲ ဝင္ေရာက္ ကစားေစခဲ့ၿပီး အႏုိင္ရလဒ္ကို ထိန္းခ်ဳပ္သြားဖို႔ ပထမပိုင္းကတည္းက ဘယ္လ္ဂ်ီယံအသင္း ျပင္ဆင္မႈေတြ ျပဳလုပ္သြားခဲ့တယ္။ နည္းျပ မာတီနက္ဇ္ Martinez ရဲ႕ ပြဲအေပၚခ်ဥ္းကပ္မႈက အလုပ္ျဖစ္ခဲ့ၿပီး အဂၤလန္အသင္းရဲ႕ အဓိက တိုက္စစ္မွဴး ဟယ္ရီကိန္းHarry Kane ကို ေနရာလြတ္မေပးဘဲ ထိန္းခ်ဳပ္သြားႏိုင္ခဲ့တယ္။ ပထမပိုင္းၿပီးဆံုးခ်ိန္မွာေတာ့ ဘယ္လ္ဂ်ီယံအသင္းက အဂၤလန္အသင္းကို (၁-၀)ဂိုးနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တယ္။

Belgium-players-goal-celebrations

Belgium-players-goal-celebrations

ဒုတိယပိုင္းမွာ ရက္ရွ္ဖို႔ဒ္ Rashford နဲ႔ လင္ဂတ္ဒ္ Lingard တို႔ကို အဂၤလန္အသင္း ထည့္သြင္းအသံုးျပဳခဲ့ၿပီး တိုက္စစ္ျမွင့္တင္မႈေတြ ျပဳလုပ္ကာ ဘယ္လ္ဂ်ီယံခံစစ္ေၾကာင္း ဖိအားေပးဖို႔ ႀကိဳးပမ္းလာခဲ့တယ္။ တိုက္စစ္ျမွင့္တင္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္ အဂၤလန္တိုက္စစ္ကစားသမားေတြ ဘယ္လ္ဂ်ီယံခံစစ္ေၾကာင္းကို ေက်ာ္ျဖတ္ဖို႔ ခက္ခဲခဲ့ၿပီး ပြဲကစားခ်ိန္ မိနစ္ (၇၀)မွာ ေခ်ပဂိုးျပန္လည္ရရွိဖို႔ နီးစပ္ခဲ့ေပမယ့္ ဒိုင္ယာ Dier ရဲ႕ ကန္သြင္းခ်က္ကို ဘယ္လ္ဂ်ီယံေနာက္ခံလူ အယ္လ္ဒါဝီရယ္လ္ Alderweireld က ဂိုးစည္းေပၚမေရာက္ခင္ အခ်ိန္မီ ရွင္းထုတ္ခဲ့ပါတယ္။ ပြဲကစားခ်ိန္ (၈၂)မိနစ္အေရာက္မွာေတာ့ ဘယ္လ္ဂ်ီယံအသင္းအတြက္ အႏိုင္ေသခ်ာေစမယ့္ ပြဲသိမ္းကို အသင္းေခါင္းေဆာင္ ဟာဇက္ Hazard က ကြင္းလယ္လူ ဒီဘရိုင္းနား DeBruyne ရဲ႕ အကြက္ျမင္ျမင္ ဖန္တီးေပးပို႔မႈကေန သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ လက္က်န္မိနစ္ေတြမွာ ဘယ္လ္ဂ်ီယံအသင္း အႏိုင္ရလဒ္ကို ထိန္းကစားသြားခဲ့လို႔ အဂၤလန္အသင္း ေခ်ပဂိုးတစ္ဂိုးေတာင္ မရရွိခဲ့ဘဲ စတုတၳေနရာနဲ႔ ေက်နပ္ခဲ့ရပါတယ္။

Man Of The Match – Hazard (Belgium)

Hazard-score

Hazard-score

ဘယ္လ္ဂ်ီယံ – အဂၤလန္ပြဲစဥ္မွ မွတ္တမ္းတခ်ိဳ႕

– အဂၤလန္အသင္း ေနာက္ဆံုးကစားခဲ့တဲ့ (၅)ပြဲမွာ ႏိုင္ပြဲ (၁)ပြဲသာရရွိခဲ့ၿပီး (၁)ပြဲသေရက်ကာ ရံႈးပြဲ (၃)ပြဲအထိ ႀကံဳေတြ႕ခဲ့ရတယ္။
– ၿပီးခဲ့တဲ့ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အီတလီအသင္းနဲ႔ ဥရုေဂြးအသင္းေတြကို (၂)ပြဲဆက္ ရံႈးနိမ့္ခဲ့တဲ့ ပြဲစဥ္ေနာက္ပိုင္း အဂၤလန္အသင္း ပထမဆံုးအႀကိမ္အျဖစ္ (၂)ဆက္ ရံႈးနိမ့္ခဲ့တာပါ။
– မူနီယာ Meunier ရဲ႕ အဖြင့္ဂိုးဟာ ဘယ္လ္ဂ်ီယံအသင္းရဲ႕ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ အျမန္ဆံုးသြင္းဂုိးအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး (၃.၃၇)စကၠန္႔နဲ႔ သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။
– ၂၀၀၂ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ (၂)ႀကိမ္ေတြ႔ဆံုခဲ့တဲ့ တူရကီအသင္းနဲ႔ ဘရာဇီးလ္အသင္းတို႔ ပြဲစဥ္ေနာက္ပိုင္း ၿပိဳင္ပြဲတစ္ခုအတြင္း (၂)ႀကိမ္ေတြ႔ဆံုခဲ့တဲ့ အသင္းေတြျဖစ္ခဲ့ပါတယ္။
– ဘယ္လ္ဂ်ီယံအသင္းဟာ ပိုလန္ (၁၉၇၄)၊ အီတလီ (၁၉၉၀)နဲ႔ နယ္သာလန္ (၂၀၁၀) အသင္းေတြေနာက္ပိုင္း ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ၿပိဳင္ပြဲတစ္ခုအတြင္း (၆)ပြဲအႏိုင္ရရွိခဲ့ေပမယ့္ ခ်န္ပီယံမျဖစ္ခဲ့တဲ့ (၄)သင္းေျမာက္ အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

Photo:FIFA.com, FIFA World Cup Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အင်္ဂလန်အသင်းကို အနိုင်ကစားပြီး တတိယနေရာကို အရယူခဲ့တဲ့ ဘယ်လ်ဂျီယံအသင်း

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် စတုတ္ထနေရာကို ရယူနိုင်ခဲ့တာက အကောင်းဆုံးမှတ်တမ်းဖြစ်ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းအတွက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာဖြစ်တယ်။ အုပ်စုတွင်းပြိုင်ဘက် အင်္ဂလန်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာလည်း ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပြီး (၂-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့ကာ တတိယနေရာကို အမှားအယွင်းမရှိ ရယူနိုင်ခဲ့တယ်။ (၂)သင်းစလုံး အဓိက ကစားသမားအစုံအလင် အသုံးမပြုခဲ့ပေမယ့် ဂုဏ်သိက္ခာပိုင်းအရ တတိယနေရာကို ရယူနိုင်ဖို့ အရေးပါနေခဲ့လို့ အားကုန်ထုတ်ကစားခဲ့တာကို မြင်တွေ့ခဲ့ရတယ်။ ပွဲအစပိုင်းမှာတင် ဦးဆောင်ရရှိခဲ့လို့ ဘယ်လ်ဂျီယံအသင်း ဖိအားကင်းကင်းနဲ့ ကစားသွားခဲ့ပြီး (၂)သင်းစလုံး အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်။

Meunier-score

Meunier-score

ဘယ်လ်ဂျီယံအသင်းရဲ့ ဦးဆောင်ဂိုးကို ပွဲအစ (၄)မိနစ်မှာတင် ရရှိခဲ့ပြီး ချက်ဒ်လီ Chadli ရဲ့ ဖြတ်တင်ပေးပို့မှုကို ကွင်းလယ်ကစားသမား မူနီယာ Munier က ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်တယ်။ ဦးဆောင်ဂိုး ရရှိပြီးနောက်ပိုင်း ဘယ်လ်ဂျီယံအသင်း အခွင့်အရေးတချို့ ထပ်မံရရှိခဲ့ပေမယ့် လူကာကူ Lukaku အဆုံးသတ် အားနည်းခဲ့လို့ နောက်ထပ်သွင်းဂိုးတွေ မရရှိခဲ့တာပါ။ ပွဲကစားချိန် (၃၉)မိနစ်မှာတော့ ဒဏ်ရာရရှိခဲ့တဲ့ ချက်ဒ်လီ Chadli ရဲ့ နေရာမှာ ဝါရင့်နောက်ခံလူ ဗာမယ်လန်း Vermaelen ကို လူစားလဲ ဝင်ရောက် ကစားစေခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းချုပ်သွားဖို့ ပထမပိုင်းကတည်းက ဘယ်လ်ဂျီယံအသင်း ပြင်ဆင်မှုတွေ ပြုလုပ်သွားခဲ့တယ်။ နည်းပြ မာတီနက်ဇ် Martinez ရဲ့ ပွဲအပေါ်ချဉ်းကပ်မှုက အလုပ်ဖြစ်ခဲ့ပြီး အင်္ဂလန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းHarry Kane ကို နေရာလွတ်မပေးဘဲ ထိန်းချုပ်သွားနိုင်ခဲ့တယ်။ ပထမပိုင်းပြီးဆုံးချိန်မှာတော့ ဘယ်လ်ဂျီယံအသင်းက အင်္ဂလန်အသင်းကို (၁-ဝ)ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့တယ်။

Belgium-players-goal-celebrations

Belgium-players-goal-celebrations

ဒုတိယပိုင်းမှာ ရက်ရှ်ဖို့ဒ် Rashford နဲ့ လင်ဂတ်ဒ် Lingard တို့ကို အင်္ဂလန်အသင်း ထည့်သွင်းအသုံးပြုခဲ့ပြီး တိုက်စစ်မြှင့်တင်မှုတွေ ပြုလုပ်ကာ ဘယ်လ်ဂျီယံခံစစ်ကြောင်း ဖိအားပေးဖို့ ကြိုးပမ်းလာခဲ့တယ်။ တိုက်စစ်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အင်္ဂလန်တိုက်စစ်ကစားသမားတွေ ဘယ်လ်ဂျီယံခံစစ်ကြောင်းကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပြီး ပွဲကစားချိန် မိနစ် (၇၀)မှာ ချေပဂိုးပြန်လည်ရရှိဖို့ နီးစပ်ခဲ့ပေမယ့် ဒိုင်ယာ Dier ရဲ့ ကန်သွင်းချက်ကို ဘယ်လ်ဂျီယံနောက်ခံလူ အယ်လ်ဒါဝီရယ်လ် Alderweireld က ဂိုးစည်းပေါ်မရောက်ခင် အချိန်မီ ရှင်းထုတ်ခဲ့ပါတယ်။ ပွဲကစားချိန် (၈၂)မိနစ်အရောက်မှာတော့ ဘယ်လ်ဂျီယံအသင်းအတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းကို အသင်းခေါင်းဆောင် ဟာဇက် Hazard က ကွင်းလယ်လူ ဒီဘရိုင်းနား DeBruyne ရဲ့ အကွက်မြင်မြင် ဖန်တီးပေးပို့မှုကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ ဘယ်လ်ဂျီယံအသင်း အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ အင်္ဂလန်အသင်း ချေပဂိုးတစ်ဂိုးတောင် မရရှိခဲ့ဘဲ စတုတ္ထနေရာနဲ့ ကျေနပ်ခဲ့ရပါတယ်။

Man Of The Match – Hazard (Belgium)

Hazard-score

Hazard-score

ဘယ်လ်ဂျီယံ – အင်္ဂလန်ပွဲစဉ်မှ မှတ်တမ်းတချို့

– အင်္ဂလန်အသင်း နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ နိုင်ပွဲ (၁)ပွဲသာရရှိခဲ့ပြီး (၁)ပွဲသရေကျကာ ရှုံးပွဲ (၃)ပွဲအထိ ကြုံတွေ့ခဲ့ရတယ်။
– ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်းနဲ့ ဥရုဂွေးအသင်းတွေကို (၂)ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း အင်္ဂလန်အသင်း ပထမဆုံးအကြိမ်အဖြစ် (၂)ဆက် ရှုံးနိမ့်ခဲ့တာပါ။
– မူနီယာ Meunier ရဲ့ အဖွင့်ဂိုးဟာ ဘယ်လ်ဂျီယံအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး (၃.၃၇)စက္ကန့်နဲ့ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
– ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၂)ကြိမ်တွေ့ဆုံခဲ့တဲ့ တူရကီအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ ပွဲစဉ်နောက်ပိုင်း ပြိုင်ပွဲတစ်ခုအတွင်း (၂)ကြိမ်တွေ့ဆုံခဲ့တဲ့ အသင်းတွေဖြစ်ခဲ့ပါတယ်။
– ဘယ်လ်ဂျီယံအသင်းဟာ ပိုလန် (၁၉၇၄)၊ အီတလီ (၁၉၉၀)နဲ့ နယ်သာလန် (၂၀၁၀) အသင်းတွေနောက်ပိုင်း ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ခုအတွင်း (၆)ပွဲအနိုင်ရရှိခဲ့ပေမယ့် ချန်ပီယံမဖြစ်ခဲ့တဲ့ (၄)သင်းမြောက် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo:FIFA.com, FIFA World Cup Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com