[Zawgyi]

အၿပီးသတ္ လူစာရင္းကို အံ့အားသင့္ဖြယ္ ထုတ္ေဖာ္ခဲ့တဲ့ ဘယ္လ္ဂ်ီယံ ရုပ္သံလိုင္း TV VRT

ကမၻာ႔ဖလားၿပိဳင္ပြဲအတြက္ အၿပီးသတ္ လူစာရင္းကို အသင္းက မထုတ္ျပန္ခင္မွာတင္ ဘယ္လ္ဂ်ီယံ ရုပ္သံလိုင္း TV VRT က အံ့အားသင့္ဖြယ္ ထုတ္ေဖာ္ခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံ ကစားသမားေတြ ရုရွားေျမမွာ အသံုးျပဳမယ့္ အိပ္ရာအသံုးအေဆာင္ ပစၥည္းေတြကို ေထာက္ပံ့ေပးတဲ့ ကုမၸဏီက အၿပီးသတ္ စာရင္းမွာ ပါဝင္တဲ့ ကစားသမားေတြရဲ႕ နာမည္ေတြ အိပ္ရာလိပ္မွာ ေရးထိုးထားတာကို TV VRT က ထုတ္ေဖာ္ခဲ့တာ ျဖစ္ပါတယ္။ အခုအခ်ိန္မွာ ဘယ္လ္ဂ်ီယံအသင္းရဲ႕ အၿပီးသတ္ လူစာရင္းကို နည္းျပ မာတီနက္ဇ္ Martinez က ထုတ္ျပန္ျခင္းမရွိေသးဘဲ ပဏာမ (၂၈)ဦး စာရင္းသာ ထုတ္ျပန္ရေသးတာ ျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းရဲ႕ အၿပီးသတ္ လူစာရင္းကို လာမယ့္စေနေန႔မွာ ကစားမယ့္ ယူရိုခ်န္ပီယံ ေပၚတူဂီအသင္းနဲ႔ ေျခစမ္းပြဲအၿပီး တနလၤာေန႔မွာမွ ထုတ္ျပန္ေၾကညာဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

Belgian-TV-VRT-revealed-final-23-man-squad-with-names-on-mattresses-being-taken-to-Russia

Belgian-TV-VRT-revealed-final-23-man-squad-with-names-on-mattresses-being-taken-to-Russia

အိပ္ရာအသံုးအေဆာင္ပစၥည္းေတြ ထုတ္တဲ့ ကုမၸဏီကေန ေပါက္ၾကားခဲ့တဲ့ အၿပီးသတ္ ကစားသမားအမည္ေတြကို အမ်ားျပည္သူပိုင္ ရုပ္သံလိုင္း TV VRT က တိုက္ရိုက္ထုတ္လႊင့္ ျပသခဲ့တာ ျဖစ္ပါတယ္။ ဂိုးသမား မတ္ဇ္ဆဲလ္စ္ Metz Sels၊ ေနာက္ခံလူ ကဘာဆီလီ Kabasele၊ ေဂ်ာ္ဒန္လူကာကူ Jordan Lukaku၊ ကြင္းလယ္လူ ဒန္ဒြန္ကာ Dendoncker နဲ႔ ေတာင္ပံတိုက္စစ္ ကစားသမား ယာႏူဇိုက္ Januzaj တို႔ အၿပီးသတ္ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရေၾကာင္း TV VRT ရုပ္သံလိုင္းက ထုတ္ေဖာ္ခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြမတိုင္ခင္ ဇြန္လ (၂)ရက္ေန႔မွာ အီဂ်စ္၊ ဇြန္လ (၆)ရက္ေန႔မွာ ေကာ္စတာရီကာအသင္းေတြနဲ႔ ေျခစမ္းပြဲေတြ ကစားသြားမွာ ျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းဟာ အဂၤလန္၊ တူနီးရွား၊ ပနားမားအသင္းေတြနဲ႔ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ တစ္အုပ္စုတည္း က်ေရာက္ေနၿပီး အုပ္စုအဖြင့္ ပြဲစဥ္အျဖစ္ ဇြန္လ (၁၈)ရက္ေန႔မွာ ပနားမားအသင္း၊ ဇြန္လ (၂၃)ရက္ေန႔မွာ တူနီးရွားအသင္း၊ ဇြန္လ (၂၈)ရက္ေန႔မွာ အဂၤလန္အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။

TV VRT က ထုတ္ျပန္ခဲ့တဲ့ ဘယ္လ္ဂ်ီယံအသင္း အၿပီးသတ္ လူစာရင္း

Goalkeepers: Koen Casteels, Thibaut Courtois, Simon Mignolet

Defenders: Toby Alderweireld, Dedryck Boyata, Laurent Ciman, Vincent Kompany, Thomas Meunier, Thomas Vermaelen, Jan Vertonghen

Midfielders: Nacer Chadli, Kevin De Bruyne, Mousa Dembele, Marouane Fellaini, Youri Tielemans, Axel Witsel

Forwards: Michy Batshuayi, Christian Benteke, Yannick Carrasco, Eden Hazard, Thorgan Hazard, Romelu Lukaku, Dries Mertens

REF:Daily Mail
Photo:Mirror, Gazetaesportiva.com, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အပြီးသတ် လူစာရင်းကို အံ့အားသင့်ဖွယ် ထုတ်ဖော်ခဲ့တဲ့ ဘယ်လ်ဂျီယံ ရုပ်သံလိုင်း TV VRT

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် လူစာရင်းကို အသင်းက မထုတ်ပြန်ခင်မှာတင် ဘယ်လ်ဂျီယံ ရုပ်သံလိုင်း TV VRT က အံ့အားသင့်ဖွယ် ထုတ်ဖော်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံ ကစားသမားတွေ ရုရှားမြေမှာ အသုံးပြုမယ့် အိပ်ရာအသုံးအဆောင် ပစ္စည်းတွေကို ထောက်ပံ့ပေးတဲ့ ကုမ္ပဏီက အပြီးသတ် စာရင်းမှာ ပါဝင်တဲ့ ကစားသမားတွေရဲ့ နာမည်တွေ အိပ်ရာလိပ်မှာ ရေးထိုးထားတာကို TV VRT က ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဘယ်လ်ဂျီယံအသင်းရဲ့ အပြီးသတ် လူစာရင်းကို နည်းပြ မာတီနက်ဇ် Martinez က ထုတ်ပြန်ခြင်းမရှိသေးဘဲ ပဏာမ (၂၈)ဦး စာရင်းသာ ထုတ်ပြန်ရသေးတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းရဲ့ အပြီးသတ် လူစာရင်းကို လာမယ့်စနေနေ့မှာ ကစားမယ့် ယူရိုချန်ပီယံ ပေါ်တူဂီအသင်းနဲ့ ခြေစမ်းပွဲအပြီး တနင်္လာနေ့မှာမှ ထုတ်ပြန်ကြေညာဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Belgian-TV-VRT-revealed-final-23-man-squad-with-names-on-mattresses-being-taken-to-Russia

Belgian-TV-VRT-revealed-final-23-man-squad-with-names-on-mattresses-being-taken-to-Russia

အိပ်ရာအသုံးအဆောင်ပစ္စည်းတွေ ထုတ်တဲ့ ကုမ္ပဏီကနေ ပေါက်ကြားခဲ့တဲ့ အပြီးသတ် ကစားသမားအမည်တွေကို အများပြည်သူပိုင် ရုပ်သံလိုင်း TV VRT က တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမား မတ်ဇ်ဆဲလ်စ် Metz Sels၊ နောက်ခံလူ ကဘာဆီလီ Kabasele၊ ဂျော်ဒန်လူကာကူ Jordan Lukaku၊ ကွင်းလယ်လူ ဒန်ဒွန်ကာ Dendoncker နဲ့ တောင်ပံတိုက်စစ် ကစားသမား ယာနူဇိုက် Januzaj တို့ အပြီးသတ် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရကြောင်း TV VRT ရုပ်သံလိုင်းက ထုတ်ဖော်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဇွန်လ (၂)ရက်နေ့မှာ အီဂျစ်၊ ဇွန်လ (၆)ရက်နေ့မှာ ကော်စတာရီကာအသင်းတွေနဲ့ ခြေစမ်းပွဲတွေ ကစားသွားမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ အင်္ဂလန်၊ တူနီးရှား၊ ပနားမားအသင်းတွေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့် ပွဲစဉ်အဖြစ် ဇွန်လ (၁၈)ရက်နေ့မှာ ပနားမားအသင်း၊ ဇွန်လ (၂၃)ရက်နေ့မှာ တူနီးရှားအသင်း၊ ဇွန်လ (၂၈)ရက်နေ့မှာ အင်္ဂလန်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

TV VRT က ထုတ်ပြန်ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်း အပြီးသတ် လူစာရင်း