[Zawgyi]

Single တွေက အိမ်ထောင်ကျပြီးသူတွေထက် လေဖြတ်နိုင်ခြေပိုများတယ်တဲ့

Single ဖြစ်နေတဲ့ အမျိုးသား၊ အမျိုးသမီးတွေအတွက် စိတ်မကောင်းစရာ လေ့လာတွေ့ရှိမှုတစ်ခု ထွက်ပေါ်လာပါပြီ။ အဲဒီ လေ့လာရှာဖွေတွေ့ရှိမှုအသစ်မှာ ဖော်ပြထားတာကတော့ လက်ထပ်ခြင်းက နှလုံးရောဂါဖြစ်ခြင်းနဲ့ လေဖြတ်ခြင်း အန္တရာယ်တွေကို လျော့ချပေးနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

Lovely Couple

Lovely Couple

အဆိုပါအချက်နဲ့ပတ်သက်ပြီး United Kingdom ရှိ Keele University က Single ဖြစ်နေတဲ့ လူတွေနဲ့ လက်ထပ်ပြီးတဲ့ လူတွေကို ယှဉ်ပြီး သုတေသနပြုလုပ်ကာ လေ့လာကြည့်လိုက်တဲ့အခါမှာ Single ဖြစ်နေတဲ့ လူတွေက နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေပိုများပြီး အခန့်မသင့်ရင် သေစေနိုင်လောက်တဲ့အထိ နှလုံးရုတ်တရက် ထဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတွေကိုပါ ခံစားရနိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။

သုတေသနပညာရှင်တွေက အိမ်ထောင်သည်တွေဟာ ခင်ပွန်း(သို့) ဇနီးသည်ဆီကနေ စိတ်ခွန်အားတွေရရှိမှုနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးအကြံပေးချက်တွေ၊ အားပေးမှုတွေရရှိခြင်းကလည်း စိတ်ဖိစီးမှုကိုလျော့ချနိုင်တဲ့အတွက် ရောဂါဖြစ်နှုန်းကိုပါ လျော့ချပေးနိုင်တယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။

Lovely Couple

Lovely Couple

ဒါအပြင် နှလုံးရောဂါနဲ့ပတ်သက်ပြီး ထုတ်ဝေတဲ့ ကျန်းမာရေးစာစောင်မှာလည်း သုတေသီတွေက အိမ်ထောင်ရှိခြင်းမရှိခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ချေအကြား ဆက်စပ်မှုတွေကို လေ့လာရှာဖွေကာ သုတေသနပြုလုပ်ပြီး တင်ပြကြတာကို တွေ့ရပါတယ်။

သုတေသနပြုလုပ်တဲ့အဖွဲ့က လူသန်းပေါင်းနှစ်သန်းကျော်ကို လေ့လာစမ်းစစ်မှုပေါင်း ၃၀ ကျော် ပြုလုပ်ပြီး စစ်တမ်းကောက်ယူကာ ရလာတဲ့ရလဒ်ကတော့ Single ဖြစ်နေတဲ့လူတွေနဲ့ ကွာရှင်းပြတ်ဆဲထားတဲ့ လူတွေက နှလုံးရောဂါဖြစ်နိုင်ချေ ၄၂ ရာခိုင်နှုန်း ပိုမြင့်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါအပြင် တစ်ကိုယ်တည်းသမားတွေ နှလုံးရောဂါဖြစ်ပြီး သေဆုံးတဲ့ရာခိုင်နှုန်းက ၄၂ ရာခိုင်နှုန်းရှိပြီး လေဖြတ်ပြီး သေဆုံးတဲ့ ရာခိုင်နှုန်းကတော့ ၅၅ ရာခိုင်နှုန်းရှိတာကို သိရပါတယ်။

ဘာကြောင့် အဲ့လိုကွာဟမှုတွေဖြစ်ရလဲဆိုတော့ လက်ထပ်ထားတဲ့လူတွေဟာ ရုတ်တရက် နေမကောင်းဖြစ်တဲ့အခါမျိုးမှာ ဘေးနားမှာ လက်တွဲဖော် ခင်ပွန်း (သို့မဟုတ်) ဇနီးရှိတာမို့ လက်တွဲဖော်က ဂရုစိုက်ပေးတဲ့အတွက် ရောဂါကို စောစီးစွာသိရှိပြီး လျင်လျင်မြန်မြန်ကုသကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် လက်ထပ်ထားတဲ့သူတွေက ယနေ့ခေတ်မှာ အိမ်ထောင်ဘက်နှစ်ဦးစလုံး စီးပွားရှာကြတဲ့အတွက် Single တွေထက် ပိုမိုဝင်ငွေကောင်းတတ်ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ကောင်းကောင်းပြုလုပ်နိုင်ကြပါတယ်။

Lovely Couple

Lovely Couple

ဒီလိုအချက်တွေရှိတဲ့အတွက်ကြောင့် Single အဖြစ် အချိန်အကြာကြီး နေတာထက်စာရင် ကိုယ်အပေါ် နားလည်ချစ်ခင်ပြီး ကြင်နာဂရုစိုက်တဲ့ အိမ်ထောင်ဘက်မျိုးနဲ့ လက်ထပ်ခြင်းက ကျန်းမာရေးအတွက် ပိုမိုအထောက်အကူပြုပါတယ်။

H.H(Akhayar)

www.akhayar.com