[Zawgyi] 

Instagram ဆိုတာကို ျဖစ္လာေစခဲ့တဲ့ Founder Kevin Systrom ဆိုသူကိုေတာ့ လူေတာ္ေတာ္မ်ားမ်ား သိၾကမယ့္ မထင္ပါဘူး။ ဒါေပမယ့္ Instagram ဆိုတာကိုေတာ့ အခုအခ်ိန္မွာ Facebook သံုးသူေတာ္ေတာ္မ်ားမ်ား သံုးလာၿပီျဖစ္လို႔ လူသိမ်ားလာပါတယ္။ Facebook အေနနဲ႔ Instagram ကို အေမရိကန္ေဒၚလာ သိန္းတစ္ေထာင္နဲ႔ ၂၀၁၂ ခုႏွစ္က ဝယ္ယူခဲ့ၿပီး Facebook ရဲ႕တြက္ဖက္ ဝန္ေဆာင္မႈ Photo Platform တစ္ခုအျဖစ္ ဆက္ၿပီးရွိေနပါတယ္။ 

Instagram ရဲ႕ CEO Kevin Systrom နဲ႔ CTO တို႔က ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၄ ရက္ေန႔မွာပဲ Instagram ရဲ႕ သက္ဆိုင္ရာ ရာထူးကေန ႏႈတ္ထြက္တယ္လို႔ ေၾကညာခဲ့ပါတယ္။ အခုလိုအျဖစ္အပ်က္ကေတာ့ Facebook CEO Mark Zuckerberg နဲ႔ Instagram Founder ေတြၾကားမွာ မေက်မနပ္ျဖစ္စရာေတြေၾကာင့္ အစခ်ီခဲ့တာပါ။ 

Instagram on iPhone X

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ Systrom နဲ႔ Krieger တို႔က သူတို႔ကိုယ္တုိင္ အေသးစိတ္ဖန္တီးခဲ့တဲ့ App တစ္ခုကို ဒီတိုင္း ပစ္ထားခဲ့မယ္ဆိုတဲ့အခ်က္ပါ။ 

Instagram ဆိုတာက Systrom ရဲ႕ ဓာတ္ပံုေတြအေပၚ ခ်စ္ျမတ္ႏိုးတဲ့႐ူးသြပ္မႈကေန အစခ်ီၿပီးျဖစ္လာခဲ့ၿပီး အခုအခ်ိန္မွာေတာ့ အေအာင္ျမင္ဆံုး Social Media App စာရင္းထဲမွာရွိေနပါၿပီ။ Instagram မွာ အသံုးျပဳသူေပါင္း သိန္းတစ္ေထာင္ ရွိတယ္ဆိုတာကိုလည္း ဒီႏွစ္အေစာပိုင္းက စစ္တမ္းအရသိရပါတယ္။ 

အခုလို ေအာင္ျမင္တဲ့ Instagram ျဖစ္မလာခင္မွာ Systrom ဘာေတြလုပ္ေနခဲ့တာလဲ? 

Boston, Massachusetts

Kevin Systrom ကိုေတာ့ American ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာရွိတဲ့ Massachusetts ျပည္နယ္၊ Holliston ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္ ။ သူ႔ရဲ႕ ဖခင္ျဖစ္သူကေတာ့ HR Executive အျဖစ္ အလုပ္လုပ္ခဲ့ၿပီး မိခင္ကေတာ့ Monster ၊ Swapit နဲ႔ Zipcar ကုမၸဏီေတြမွာ Tech အပိုင္းအတြက္ အလုပ္လုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဆယ္ေက်ာ္သက္ဘဝမွာေတာ့ Systrom က သီခ်င္းေခြေတြစုတာနဲ႔ DJ အပိုင္းကိုပဲ စိတ္ဝင္စားေနခဲ့ပါတယ္။ အထက္တန္းေက်ာင္းသားအ႐ြယ္မွာလည္း သူ႔ကို Boston တစ္ဝိုက္က အေတြ႕အႀကံဳရွိ DJ သမားေတြရွိတဲ့ Club ေတြကို ခိုင္းဝင္ႏိုင္ေအာင္လုပ္ေပးမယ့္ သူငယ္ခ်င္းေတြရွိခဲ့ပါေသးတယ္။ 

Stanford University

ပညာေရးနဲ႔ပတ္သက္လို႔ေတာ့ Systrom က Stanford တကၠသိုလ္ကို တက္ဖို႔ ျမန္ျမန္ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ ပထမကေတာ့ သူက Computer Science တက္ဖို႔ရည္႐ြယ္ၿပီး Stanford ကိုသြားခဲ့တာျဖစ္ေပမယ့္ သူေရာက္သြားၿပီးတဲ့အခ်ိန္မွာေတာ့ Management Science And Engineering Major ဖက္ကို ေျပာင္းဖို႔ ဆံုးျဖတ္ခ်က္ထပ္ခ်ခဲ့တာပါ။ 

Instagram စျဖစ္လာဖို႔ အခ်ိန္

အဲ့ဒီေနာက္မွာေတာ့ Systrom က ဓာတ္ပုံေတြကို စၿပီးစိတ္ဝင္စားလာပါတယ္။ အဲ့ဒီလို စိတ္ဝင္စားမႈကပဲ သူ႔ကို ဓာတ္ပံုေတြ Share ဖို႔ Website တစ္ခုကို ဖန္တီးေစခဲ့တာပါ။ အဲ့ဒီ Website ကိုေတာ့ သူနဲ႔ ဝါသနာတူသူငယ္ခ်င္းေတြအတြက္ သူ႔အားလပ္ခ်ိန္ေတြမွာ ဖန္တီးခဲ့တာပါ။ ေက်ာင္းပထမႏွစ္အတြင္းမွာပဲ ဓာတ္ပံုနဲ႔ပတ္သက္တဲ့ ႏွစ္ဝက္အတန္းတစ္ခုကို Italy ႏိုင္ငံက Florence ၿမိဳ႕မွာ သြားတက္ခဲ့ပါေသးတယ္။ 

Holga Camera

Instagram ဆိုတာျဖစ္လာဖို႔အေၾကာင္းကေတာ့ Systrom Florence ကိုေရာက္ေနခ်ိန္ကေန စတာပါ။ သူ႔ကို ဓာတ္ပံုပညာအေၾကာင္းသင္ေပးတဲ့ ပါေမာကၡတစ္ေယာက္က Holga လို႔ေခၚတဲ့ ေစ်းေပါေပါ Flim Camera တစ္လံုးကို ျပလိုက္ၿပီးေနာက္ပိုင္း အဲ့ဒီ Camera ကထြက္လာတဲ့ပံုေတြက ေခတ္ေဟာင္းဆန္ေနၿပီး ၾကည့္ေကာင္းေနတာကို Systrom သေဘာက်သြားပါတယ္။ 

Jack Dorsey (ဘယ္ဖက္) နဲ႔ Evan Williams (Twitter Founder)

Stanford မွာ Senior ႏွစ္မစခင္မွာပဲ Systrom က Podcast ကုမၸဏီျဖစ္တဲ့ Odeo မွာ အလုပ္သင္အျဖစ္ ဝင္ေရာက္ခဲ့ပါေသးတယ္။ Odeo ကုမၸဏီကိုေတာ့ Twitter Founder ျဖစ္လာမယ့္ Evan Williams ဆိုသူက တည္ေထာင္ခဲ့တာပါ။ Twitter ရဲ႕ CEO ျဖစ္လာမယ့္ Jack Dorsey ကလည္း တစ္ခ်ိန္တည္းမွာပဲ Odeo မွာ အလုပ္လုပ္ေနခဲ့ရင္း Systrom နဲ႔ သူငယ္ခ်င္းေတြျဖစ္ခဲ့ၾကပါတယ္။ Systrom ဘြဲ႕ရၿပီးေနာက္ပိုင္း Google က အလုပ္ကမ္းလွမ္းလာတာကို ရရွိခဲ့ပါတယ္။ Google မွာ သံုးႏွစ္ၾကာေအာင္ အလုပ္လုပ္ခဲ့ၿပီးေနာက္ပိုင္း Nextstop ဆိုတဲ့ Startup ကုမၸဏီတစ္ခုမွာ အလုပ္ဝင္ခဲ့ပါေသးတယ္။ Nextstop ကိုလည္း Facebook က ၂၀၁၀ ခုႏွစ္မွာ ဝယ္ယူခဲ့ပါတယ္။ 

Systrom testing the App

အဲ့ဒီအခ်ိန္မွာပဲ Systrom က Burbn လို႔နာမည္ေပးထားတဲ့ ကိုယ္ပိုင္ App တစ္ခုအေပၚ အာရံုစိုက္ေနခဲ့ပါတယ္။ Burbn ကေတာ့ ဓာတ္ပံုေတြ Share ႏုိင္မယ့္ Social Network တစ္ခုပါ။ Steve Anderson ဆိုတဲ့ Baseline Ventures က ရင္းႏွီးႁမွဳပ္ႏွံသူတစ္ဦးျဖစ္ၿပီး Burbn အေပၚ ေဒၚလာ ၂ သိန္းခြဲအထိ ရင္းႏွီးႁမွဳပ္ႏွံဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ Marc Andreessen နဲ႔ Ben Horowitz တို႔ႏွစ္ဦးကလည္း ေနာက္ထပ္ ေဒၚလာ ၂ သိန္းခြဲထပ္ထည့္ခဲ့ပါေသးတယ္။ 

Marc Andreessen (ဘယ္ဖက္) နဲ႔ Ben Horowitz

အျဖစ္အပ်က္ေတြက ျမန္သြားခဲ့သလို Burbn ကေန Instagram ျဖစ္လာဖို႔ ပိုနီးလာခဲ့ပါတယ္။ Burbn ေပၚက ဓာတ္ပံုေတြက သိပ္ၾကည့္မေကာင္းဘူးဆိုၿပီး Filter ေတြထည့္လိုက္ရင္ရတယ္ဆိုတဲ့အႀကံကို ရည္းစားျဖစ္သူ (ယခု ဇနီး) Nicole က ေပးခဲ့တာပါ။ ပထမဦးဆံုးထည့္ေပးခဲ့တဲ့ Filter ကေတာ့ X-Pro II လို႔နာမည္ေပးထာတဲ့ Fileter ျဖစ္ၿပီး အခုအခ်ိန္အထိ App မွာ ပါေနပါေသးတယ္။ 

Systrom နဲ႔ Mark Zuckerberg

ေအာက္တိုဘာ ၂၀၁၀ မွာေတာ့ Systrom နဲ႔ Krieger တို႔က App ကို Instagram ဆိုၿပီး နာမည္ေျပာင္းေပးခဲ့တာပါ။ Instagram ဆိုတာကေတာ့ Instant ဆိုတဲ့စကားလံုးနဲ႔ Telegram ဆိုတာကို ေပါင္းထားၿပီး ျဖစ္လာတာပါ။ Instagram ဆိုၿပီး App ထြက္လာတဲ့အခါလည္း ၂၄ နာရီအတြင္း Download လုပ္သူေပါင္း ၂ ေသာင္းခြဲေက်ာ္ခဲ့ပါတယ္။ ဒီလိုတဟုန္ထိုးေအာင္ျမင္လာတာနဲ႔အမွ် ၂၀၁၂ ေအပရယ္မွာ Mark Zuckerberg က Instagram ကို ေဒၚလာသိန္း တစ္ေထာင္နဲ႔ဝယ္ယူခဲ့ပါတယ္။ ဒါေပမယ့္ Systrom အေနနဲ႔ Instagram ကို 40% အထိ ပိုင္ဆိုင္ေနတုန္းပါ။ 

Ref: Forbes | Business Insider | Fortune | Wikipedia | Reuters

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Kevin Systrom

Instagram CEO ဟောင်း Kevin Systrom ရဲ့ နောက်ကွယ်က ဘဝအကြောင်းတွေ

Instagram ဆိုတာကို ဖြစ်လာစေခဲ့တဲ့ Founder Kevin Systrom ဆိုသူကိုတော့ လူတော်တော်များများ သိကြမယ့် မထင်ပါဘူး။ ဒါပေမယ့် Instagram ဆိုတာကိုတော့ အခုအချိန်မှာ Facebook သုံးသူတော်တော်များများ သုံးလာပြီဖြစ်လို့ လူသိများလာပါတယ်။ Facebook အနေနဲ့ Instagram ကို အမေရိကန်ဒေါ်လာ သိန်းတစ်ထောင်နဲ့ ၂၀၁၂ ခုနှစ်က ဝယ်ယူခဲ့ပြီး Facebook ရဲ့တွက်ဖက် ဝန်ဆောင်မှု Photo Platform တစ်ခုအဖြစ် ဆက်ပြီးရှိနေပါတယ်။ 

Instagram ရဲ့ CEO Kevin Systrom နဲ့ CTO တို့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာပဲ Instagram ရဲ့ သက်ဆိုင်ရာ ရာထူးကနေ နှုတ်ထွက်တယ်လို့ ကြေညာခဲ့ပါတယ်။ အခုလိုအဖြစ်အပျက်ကတော့ Facebook CEO Mark Zuckerberg နဲ့ Instagram Founder တွေကြားမှာ မကျေမနပ်ဖြစ်စရာတွေကြောင့် အစချီခဲ့တာပါ။ 

Instagram on iPhone X

စိတ်ဝင်စားဖို့ကောင်းတာကတော့ Systrom နဲ့ Krieger တို့က သူတို့ကိုယ်တိုင် အသေးစိတ်ဖန်တီးခဲ့တဲ့ App တစ်ခုကို ဒီတိုင်း ပစ်ထားခဲ့မယ်ဆိုတဲ့အချက်ပါ။ 

Instagram ဆိုတာက Systrom ရဲ့ ဓာတ်ပုံတွေအပေါ် ချစ်မြတ်နိုးတဲ့ရူးသွပ်မှုကနေ အစချီပြီးဖြစ်လာခဲ့ပြီး အခုအချိန်မှာတော့ အအောင်မြင်ဆုံး Social Media App စာရင်းထဲမှာရှိနေပါပြီ။ Instagram မှာ အသုံးပြုသူပေါင်း သိန်းတစ်ထောင် ရှိတယ်ဆိုတာကိုလည်း ဒီနှစ်အစောပိုင်းက စစ်တမ်းအရသိရပါတယ်။ 

အခုလို အောင်မြင်တဲ့ Instagram ဖြစ်မလာခင်မှာ Systrom ဘာတွေလုပ်နေခဲ့တာလဲ? 

Boston, Massachusetts

Kevin Systrom ကိုတော့ American နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Massachusetts ပြည်နယ်၊ Holliston မြို့မှာ မွေးဖွားခဲ့ပါတယ် ။ သူ့ရဲ့ ဖခင်ဖြစ်သူကတော့ HR Executive အဖြစ် အလုပ်လုပ်ခဲ့ပြီး မိခင်ကတော့ Monster ၊ Swapit နဲ့ Zipcar ကုမ္ပဏီတွေမှာ Tech အပိုင်းအတွက် အလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆယ်ကျော်သက်ဘဝမှာတော့ Systrom က သီချင်းခွေတွေစုတာနဲ့ DJ အပိုင်းကိုပဲ စိတ်ဝင်စားနေခဲ့ပါတယ်။ အထက်တန်းကျောင်းသားအရွယ်မှာလည်း သူ့ကို Boston တစ်ဝိုက်က အတွေ့အကြုံရှိ DJ သမားတွေရှိတဲ့ Club တွေကို ခိုင်းဝင်နိုင်အောင်လုပ်ပေးမယ့် သူငယ်ချင်းတွေရှိခဲ့ပါသေးတယ်။ 

Stanford University

ပညာရေးနဲ့ပတ်သက်လို့တော့ Systrom က Stanford တက္ကသိုလ်ကို တက်ဖို့ မြန်မြန်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပထမကတော့ သူက Computer Science တက်ဖို့ရည်ရွယ်ပြီး Stanford ကိုသွားခဲ့တာဖြစ်ပေမယ့် သူရောက်သွားပြီးတဲ့အချိန်မှာတော့ Management Science And Engineering Major ဖက်ကို ပြောင်းဖို့ ဆုံးဖြတ်ချက်ထပ်ချခဲ့တာပါ။ 

Instagram စဖြစ်လာဖို့ အချိန်

အဲ့ဒီနောက်မှာတော့ Systrom က ဓာတ်ပုံတွေကို စပြီးစိတ်ဝင်စားလာပါတယ်။ အဲ့ဒီလို စိတ်ဝင်စားမှုကပဲ သူ့ကို ဓာတ်ပုံတွေ Share ဖို့ Website တစ်ခုကို ဖန်တီးစေခဲ့တာပါ။ အဲ့ဒီ Website ကိုတော့ သူနဲ့ ဝါသနာတူသူငယ်ချင်းတွေအတွက် သူ့အားလပ်ချိန်တွေမှာ ဖန်တီးခဲ့တာပါ။ ကျောင်းပထမနှစ်အတွင်းမှာပဲ ဓာတ်ပုံနဲ့ပတ်သက်တဲ့ နှစ်ဝက်အတန်းတစ်ခုကို Italy နိုင်ငံက Florence မြို့မှာ သွားတက်ခဲ့ပါသေးတယ်။ 

Holga Camera

Instagram ဆိုတာဖြစ်လာဖို့အကြောင်းကတော့ Systrom Florence ကိုရောက်နေချိန်ကနေ စတာပါ။ သူ့ကို ဓာတ်ပုံပညာအကြောင်းသင်ပေးတဲ့ ပါမောက္ခတစ်ယောက်က Holga လို့ခေါ်တဲ့ ဈေးပေါပေါ Flim Camera တစ်လုံးကို ပြလိုက်ပြီးနောက်ပိုင်း အဲ့ဒီ Camera ကထွက်လာတဲ့ပုံတွေက ခေတ်ဟောင်းဆန်နေပြီး ကြည့်ကောင်းနေတာကို Systrom သဘောကျသွားပါတယ်။  

Jack Dorsey (ဘယ်ဖက်) နဲ့ Evan Williams (Twitter Founder)

Stanford မှာ Senior နှစ်မစခင်မှာပဲ Systrom က Podcast ကုမ္ပဏီဖြစ်တဲ့ Odeo မှာ အလုပ်သင်အဖြစ် ဝင်ရောက်ခဲ့ပါသေးတယ်။ Odeo ကုမ္ပဏီကိုတော့ Twitter Founder ဖြစ်လာမယ့် Evan Williams ဆိုသူက တည်ထောင်ခဲ့တာပါ။ Twitter ရဲ့ CEO ဖြစ်လာမယ့် Jack Dorsey ကလည်း တစ်ချိန်တည်းမှာပဲ Odeo မှာ အလုပ်လုပ်နေခဲ့ရင်း Systrom နဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ Systrom ဘွဲ့ရပြီးနောက်ပိုင်း Google က အလုပ်ကမ်းလှမ်းလာတာကို ရရှိခဲ့ပါတယ်။ Google မှာ သုံးနှစ်ကြာအောင် အလုပ်လုပ်ခဲ့ပြီးနောက်ပိုင်း Nextstop ဆိုတဲ့ Startup ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့ပါသေးတယ်။ Nextstop ကိုလည်း Facebook က ၂၀၁၀ ခုနှစ်မှာ ဝယ်ယူခဲ့ပါတယ်။ 

Systrom testing the App

အဲ့ဒီအချိန်မှာပဲ Systrom က Burbn လို့နာမည်ပေးထားတဲ့ ကိုယ်ပိုင် App တစ်ခုအပေါ် အာရုံစိုက်နေခဲ့ပါတယ်။ Burbn ကတော့ ဓာတ်ပုံတွေ Share နိုင်မယ့် Social Network တစ်ခုပါ။ Steve Anderson ဆိုတဲ့ Baseline Ventures က ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ပြီး Burbn အပေါ် ဒေါ်လာ ၂ သိန်းခွဲအထိ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Marc Andreessen နဲ့ Ben Horowitz တို့နှစ်ဦးကလည်း နောက်ထပ် ဒေါ်လာ ၂ သိန်းခွဲထပ်ထည့်ခဲ့ပါသေးတယ်။ 

Marc Andreessen (ဘယ်ဖက်) နဲ့ Ben Horowitz

အဖြစ်အပျက်တွေက မြန်သွားခဲ့သလို Burbn ကနေ Instagram ဖြစ်လာဖို့ ပိုနီးလာခဲ့ပါတယ်။ Burbn ပေါ်က ဓာတ်ပုံတွေက သိပ်ကြည့်မကောင်းဘူးဆိုပြီး Filter တွေထည့်လိုက်ရင်ရတယ်ဆိုတဲ့အကြံကို ရည်းစားဖြစ်သူ (ယခု ဇနီး) Nicole က ပေးခဲ့တာပါ။ ပထမဦးဆုံးထည့်ပေးခဲ့တဲ့ Filter ကတော့ X-Pro II လို့နာမည်ပေးထာတဲ့ Fileter ဖြစ်ပြီး အခုအချိန်အထိ App မှာ ပါနေပါသေးတယ်။ 

Systrom နဲ့ Mark Zuckerberg

အောက်တိုဘာ ၂၀၁၀ မှာတော့ Systrom နဲ့ Krieger တို့က App ကို Instagram ဆိုပြီး နာမည်ပြောင်းပေးခဲ့တာပါ။ Instagram ဆိုတာကတော့ Instant ဆိုတဲ့စကားလုံးနဲ့ Telegram ဆိုတာကို ပေါင်းထားပြီး ဖြစ်လာတာပါ။ Instagram ဆိုပြီး App ထွက်လာတဲ့အခါလည်း ၂၄ နာရီအတွင်း Download လုပ်သူပေါင်း ၂ သောင်းခွဲကျော်ခဲ့ပါတယ်။ ဒီလိုတဟုန်ထိုးအောင်မြင်လာတာနဲ့အမျှ ၂၀၁၂ အေပရယ်မှာ Mark Zuckerberg က Instagram ကို ဒေါ်လာသိန်း တစ်ထောင်နဲ့ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် Systrom အနေနဲ့ Instagram ကို 40% အထိ ပိုင်ဆိုင်နေတုန်းပါ။ 

Ref: Forbes | Business Insider | Fortune | Wikipedia | Reuters

Min Than Htike (Akhayar)

www.akhayar.com