[Zawgyi]

အိပ္ရာခင္းအေရာင္ေတြကေပးတဲ့ စိတ္ခံစားမႈေတြ

အေရာင္ေတြမွာ အဓိပၸါယ္အမ်ိဳးမ်ိဳးဆီရွိပါတယ္။ အေရာင္ေတြကပဲ လူေတြရဲ႕ အသြင္ပံုစံနဲ႔ စိတ္ခံစားခ်က္ကိုေဖာ္ျပေစတယ္။ စိတ္ရဲ႕ ခံစားခ်က္ကိုေျပာင္းလဲေစပါတယ္။ ပန္းေရာင္ၾကိဳက္တတ္တဲ့သူဟာ စိတ္ထားနူးညံ့တယ္ ေပ်ာ့ေျပာင္းတယ္။ အျဖဴေရာင္ၾကိဳက္တတ္တဲ့သူဟာ တည္ၾကည္တယ္ ရိုးသားတယ္ အစရွိသျဖင့္ ကြဲျပားၾကတယ္။

အေရာင္ေတြရဲ႕ စိတ္ခံစားခ်က္ကို ေျပာင္းလဲေပးႏိုင္တဲ့ စြမ္းအားေၾကာင့္ ကိုယ့္ အိပ္ခန္းေတြမွာ စိတ္ကို ေအးခ်မ္းေစမယ့္အေရာင္မ်ိဳး၊ ပင္ပန္းႏြမ္းနယ္တာကို ေလ်ာ့က်ေစမယ့္ အေရာင္တို႔နဲ႔ အလွဆင္ယ္။ စိတ္ကုထံုးတစ္မ်ိဳးလို႔ဆိုလို႔ရပါတယ္။ ဘယ္လိုအေရာင္မ်ိဳးေတြက အိပ္ခန္းေတြမွာ အလွဆင္သင့္လဲဆိုရင္…

၁။ Dark Gray-Blue

ခဲျပာရင့္ေရာင္က စိတ္ကိုေအးခ်မ္းေစတဲ့အျပာေရာင္နဲ႔ စိတ္ကို ျငိမ္သက္ေစတဲ့ ခဲေရာင္ေလးနဲ႔ ေပါင္းစပ္ထားတဲ့အတြက္ စိတ္ကို နားနားေနေနျဖစ္ေစေအာင္ ေျပာင္းလဲေပးမွာျဖစ္ပါတယ္။ က်ား၊ မ မေရြးလိုက္ဖက္တဲ့ အေရာင္ျဖစ္တဲ့အတြက္ အဆင္ေျပပါတယ္။ ခဲျပာရင့္ေရာင္ေလးက ေန႔အလင္းေရာင္ေရာ ညအလင္းေရာင္မွာပါ အေရာင္ထြက္လွတဲ့ ကာလာေလးျဖစ္ပါတယ္။ ကာလာလြင္လြင္ေလးေတြမၾကိဳက္တတ္တဲ့သူေတြအတြက္ ဆိုရင္ေတာ့ အိပ္ခန္းအလွဆင္ဖို႔အတြက္ သင့္ေတာ္ပါတယ္။

dark-gray

dark-gray

၂။ Light Green

အစိမ္းႏုေရာင္ေလးက စိတ္ကို လန္းဆန္းေစတယ္။ အသစ္တစ္ဖန္ျပန္လည္ အားျဖည့္ေပးတဲ့ခံစားမႈကိုေပးတယ္။ ေနဓာတ္အစား အေအးဓာတ္ကို စုတ္တဲ့ကာလာလည္းျဖစ္ပါတယ္။ လူငယ္ေတာ္ေတာ္မ်ားမ်ားနဲ႔ Minimalist ေတြ အေတာ္အမ်ားၾကိဳက္ႏွစ္သက္တဲ့ ကာလာေလးျဖစ္ပါတယ္။ စိတ္ေနစိတ္ထား ရိုးရွင္းတဲ့သူေတြ အၾကိဳက္မ်ားတဲ့ ကာလာျဖစ္တဲ့အတြက္ စိတ္ပင္ပန္းမႈေတြေလ်ာ့က်ေစျပီး ျပန္လည္အားျဖည့္ေပးတဲ့ ခံစားမႈကိုရခ်င္တဲ့သူေတြအတြက္ အသင့္ေတာ္ဆံုးကာလာျဖစ္ပါတယ္။

light-green-bedroom

light-green-bedroom

၃။ ပန္းႏုေရာင္

ပန္းႏုေရာင္ကေတာ့ ခ်စ္ဖို႔ေကာင္းတယ္၊ ကဗ်ာဆန္တယ္။ ပန္းႏုေရာင္ကို အိပ္ခန္းအလွဆင္ျခင္းအားျဖင့္ စိတ္ခံစားမႈဟာ အျမဲတမ္း လန္းဆန္းတက္ၾကြေနမယ္။ အျမဲတမ္းၾကည္ႏူးျပီး ေပ်ာ္ရြင္တဲ့ခံစားမႈမ်ိဳးကို ရရွိေစလိမ့္မွာပါ။ ေမြးကင္းစ ကေလးေတြအတြက္သင့္ေတာ္ျပီး ဆယ္ေက်ာ္သက္ မိန္းကေလးေတြအတြက္လည္း သင့္ေတာ္သလို မဂၤလာအိပ္ခန္းေတြအတြက္လည္းသင့္ေတာ္တဲ့ ကာလာေလးလည္းျဖစ္ပါတယ္။

pinkish-bedroom

pinkish-bedroom

 

၄။ Cream Color

Cream Color က စိတ္ကို ျငိမ္သက္ေစတယ္။ ေႏြးေထြးေစတဲ့ ခံစားမႈကိုေပးတယ္။ သဘာဝရဲ႕ အေျခခံကာလာလည္းျဖစ္တဲ့အတြက္ တိတ္ဆိတ္ျငိမ္သက္ျပီး ေအးခ်မ္းတဲ့အိမ္တစ္အိမ္တည္းမွာ မိသားစုနဲ႔ အတူတူ လံုလံုျခံဳျခံဳေနရတဲ့ ခံစားမႈမ်ိဳးကိုေပးပါတယ္။ Foreign ဘက္ နဲ႔ အိမ္တြင္းအလွဆင္တဲ့အခါမွာ အသံုးမ်ားတဲ့ ကာလာေလးလည္းျဖစ္ပါတယ္။ အေရာင္အႏုအရြေတြမၾကိဳက္တတ္တဲ့ တစ္ကိုယ္တည္းသမားေတြအတြက္ အသင့္ေတာ္ဆံုးကာလာေလးျဖစ္ပါတယ္။

cream-color-bedroom

cream-color-bedroom

၅။ Lavender

ေဗဒါေရာင္ေလးကေတာ့ ကဗ်ာဆန္တဲ့ကာလာေလးျဖစ္တဲ့အတြက္ မိန္းကေလးေတြ အသည္းစြဲ အိပ္ခန္းအလွဆင္ကာလာေလးျဖစ္ပါတယ္။ သူကေတာ့ စိတ္ကို သိမ္ေမြ႔တဲ့ ခံစားခ်က္ကိုေပးတယ္။ ေဗဒါပန္းအေရာင္ေလးျဖစ္တဲ့အတြက္ အခန္းထဲဝင္လိုက္တာနဲ႔ ပန္းခင္းထဲေရာက္သြားသလိုခံစားရေစပါတယ္။ ကဗ်ာဆန္တတ္တဲ့ ပ်ိဳေမတို႔အတြက္ မျဖစ္မေန အလွဆင္သင့္တဲ့ အေရာင္ေလးပါ။

အိပ္ခန္းအတြင္းအလွဆင္တာျဖစ္တဲ့အတြက္ စိတ္ပင္ပန္းတာေတြ ေလ်ာ့က်ေစဖို႔အေရးၾကီးပါတယ္။ အေရာင္ႏုေလးေတြ အေရာင္အေဖ်ာ့ေလးေတြနဲ႔ အခန္းကို နံရံအလွဆင္တာအျပင္ ပန္းအိုးေလးေတြထားျပီးလည္း အလွဆင္သင့္ပါတယ္။ အိမ္တြင္းစိုက္ ပန္းပင္ေလးေတြစိုက္တာကလည္း Oxygen ပိုရရွိတဲ့အတြက္ စိတ္ကိုပိုျပီး လန္းဆန္းေစပါတယ္။

lavender-bedroom

lavender-bedroom

RedRose(အခရာ)

www.akhayar.com

[Unicode]

အိပ်ရာခင်းအရောင်တွေကပေးတဲ့ စိတ်ခံစားမှုတွေ

အရောင်တွေမှာ အဓိပ္ပါယ်အမျိုးမျိုးဆီရှိပါတယ်။ အရောင်တွေကပဲ လူတွေရဲ့ အသွင်ပုံစံနဲ့ စိတ်ခံစားချက်ကိုဖော်ပြစေတယ်။ စိတ်ရဲ့ ခံစားချက်ကိုပြောင်းလဲစေပါတယ်။ ပန်းရောင်ကြိုက်တတ်တဲ့သူဟာ စိတ်ထားနူးညံ့တယ် ပျော့ပြောင်းတယ်။ အဖြူရောင်ကြိုက်တတ်တဲ့သူဟာ တည်ကြည်တယ် ရိုးသားတယ် အစရှိသဖြင့် ကွဲပြားကြတယ်။

အရောင်တွေရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားကြောင့် ကိုယ့် အိပ်ခန်းတွေမှာ စိတ်ကို အေးချမ်းစေမယ့်အရောင်မျိုး၊ ပင်ပန်းနွမ်းနယ်တာကို လျော့ကျစေမယ့် အရောင်တို့နဲ့ အလှဆင်ယ်။ စိတ်ကုထုံးတစ်မျိုးလို့ဆိုလို့ရပါတယ်။ ဘယ်လိုအရောင်မျိုးတွေက အိပ်ခန်းတွေမှာ အလှဆင်သင့်လဲဆိုရင်…

၁။ Dark Gray-Blue

ခဲပြာရင့်ရောင်က စိတ်ကိုအေးချမ်းစေတဲ့အပြာရောင်နဲ့ စိတ်ကို ငြိမ်သက်စေတဲ့ ခဲရောင်လေးနဲ့ ပေါင်းစပ်ထားတဲ့အတွက် စိတ်ကို နားနားနေနေဖြစ်စေအောင် ပြောင်းလဲပေးမှာဖြစ်ပါတယ်။ ကျား၊ မ မရွေးလိုက်ဖက်တဲ့ အရောင်ဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ ခဲပြာရင့်ရောင်လေးက နေ့အလင်းရောင်ရော ညအလင်းရောင်မှာပါ အရောင်ထွက်လှတဲ့ ကာလာလေးဖြစ်ပါတယ်။ ကာလာလွင်လွင်လေးတွေမကြိုက်တတ်တဲ့သူတွေအတွက် ဆိုရင်တော့ အိပ်ခန်းအလှဆင်ဖို့အတွက် သင့်တော်ပါတယ်။

၂။ Light Green

အစိမ်းနုရောင်လေးက စိတ်ကို လန်းဆန်းစေတယ်။ အသစ်တစ်ဖန်ပြန်လည် အားဖြည့်ပေးတဲ့ခံစားမှုကိုပေးတယ်။ နေဓာတ်အစား အအေးဓာတ်ကို စုတ်တဲ့ကာလာလည်းဖြစ်ပါတယ်။ လူငယ်တော်တော်များများနဲ့ Minimalist တွေ အတော်အများကြိုက်နှစ်သက်တဲ့ ကာလာလေးဖြစ်ပါတယ်။ စိတ်နေစိတ်ထား ရိုးရှင်းတဲ့သူတွေ အကြိုက်များတဲ့ ကာလာဖြစ်တဲ့အတွက် စိတ်ပင်ပန်းမှုတွေလျော့ကျစေပြီး ပြန်လည်အားဖြည့်ပေးတဲ့ ခံစားမှုကိုရချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးကာလာဖြစ်ပါတယ်။

၃။ ပန်းနုရောင်

ပန်းနုရောင်ကတော့ ချစ်ဖို့ကောင်းတယ်၊ ကဗျာဆန်တယ်။ ပန်းနုရောင်ကို အိပ်ခန်းအလှဆင်ခြင်းအားဖြင့် စိတ်ခံစားမှုဟာ အမြဲတမ်း လန်းဆန်းတက်ကြွနေမယ်။ အမြဲတမ်းကြည်နူးပြီး ပျော်ရွင်တဲ့ခံစားမှုမျိုးကို ရရှိစေလိမ့်မှာပါ။ မွေးကင်းစ ကလေးတွေအတွက်သင့်တော်ပြီး ဆယ်ကျော်သက် မိန်းကလေးတွေအတွက်လည်း သင့်တော်သလို မင်္ဂလာအိပ်ခန်းတွေအတွက်လည်းသင့်တော်တဲ့ ကာလာလေးလည်းဖြစ်ပါတယ်။

၄။ Cream Color

Cream Color က စိတ်ကို ငြိမ်သက်စေတယ်။ နွေးထွေးစေတဲ့ ခံစားမှုကိုပေးတယ်။ သဘာဝရဲ့ အခြေခံကာလာလည်းဖြစ်တဲ့အတွက် တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းတဲ့အိမ်တစ်အိမ်တည်းမှာ မိသားစုနဲ့ အတူတူ လုံလုံခြုံခြုံနေရတဲ့ ခံစားမှုမျိုးကိုပေးပါတယ်။ Foreign ဘက် နဲ့ အိမ်တွင်းအလှဆင်တဲ့အခါမှာ အသုံးများတဲ့ ကာလာလေးလည်းဖြစ်ပါတယ်။ အရောင်အနုအရွတွေမကြိုက်တတ်တဲ့ တစ်ကိုယ်တည်းသမားတွေအတွက် အသင့်တော်ဆုံးကာလာလေးဖြစ်ပါတယ်။

၅။ Lavender

ဗေဒါရောင်လေးကတော့ ကဗျာဆန်တဲ့ကာလာလေးဖြစ်တဲ့အတွက် မိန်းကလေးတွေ အသည်းစွဲ အိပ်ခန်းအလှဆင်ကာလာလေးဖြစ်ပါတယ်။ သူကတော့ စိတ်ကို သိမ်မွေ့တဲ့ ခံစားချက်ကိုပေးတယ်။ ဗေဒါပန်းအရောင်လေးဖြစ်တဲ့အတွက် အခန်းထဲဝင်လိုက်တာနဲ့ ပန်းခင်းထဲရောက်သွားသလိုခံစားရစေပါတယ်။ ကဗျာဆန်တတ်တဲ့ ပျိုမေတို့အတွက် မဖြစ်မနေ အလှဆင်သင့်တဲ့ အရောင်လေးပါ။

အိပ်ခန်းအတွင်းအလှဆင်တာဖြစ်တဲ့အတွက် စိတ်ပင်ပန်းတာတွေ လျော့ကျစေဖို့အရေးကြီးပါတယ်။ အရောင်နုလေးတွေ အရောင်အဖျော့လေးတွေနဲ့ အခန်းကို နံရံအလှဆင်တာအပြင် ပန်းအိုးလေးတွေထားပြီးလည်း အလှဆင်သင့်ပါတယ်။ အိမ်တွင်းစိုက် ပန်းပင်လေးတွေစိုက်တာကလည်း Oxygen ပိုရရှိတဲ့အတွက် စိတ်ကိုပိုပြီး လန်းဆန်းစေပါတယ်။

RedRose(အခရာ)

www.akhayar.com