This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အဂၤလန္နဲ႔  အာဂ်င္တီးနားတို႔ ဗိုလ္လုပြဲမွာ ေတြ႔မယ္လို႔ ေဟာကိန္းထုတ္ခဲ့တဲ့ ဘက္ခမ္း Beckham

ကမၻာ႔ဖလား ဗိုလ္လုပြဲမွာ အဂၤလန္နဲ႔ အာဂ်င္တီးနားတို႔ ေတြ႔ဆံုမွာျဖစ္ေၾကာင္း အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ဘက္ခမ္း Beckham က ေဟာကိန္းထုတ္ခဲ့ပါတယ္။ ဟယ္ရီကိန္း Harry Kane နဲ႔ မက္ဆီ Messi တို႔ရဲ႕ အားၿပိဳင္မႈေတြကို ဗိုလ္လုပြဲမွာ ျမင္ေတြ႔ရမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဘက္ခမ္ Beckham က “အာဂ်င္တီးနားနဲ႔ အဂၤလန္အသင္းတို႔ ဗိုလ္လုပြဲမွာ ေတြ႔ဆံုၿပီး အဂၤလန္အသင္း အႏိုင္ရ ဗုိလ္စြဲလိမ့္မယ္လို႔ ထင္ပါတယ္” လို႔ သူ႔ရဲ႕ ခန္႔မွန္းခ်က္ကို ေျပာၾကားခဲ့ပါတယ္။ ဘက္ခမ္း Beckham ရဲ႕ကစားသမားဘဝ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းနဲ႔ (၂)ႀကိမ္ ေတြ႔ဆံုခဲ့ဖူးၿပီး ၁၉၉၈ ၿပိဳင္ပြဲမွာ တုိက္ရိုက္ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး ၂၀၀၂ ၿပိဳင္ပြဲမွာေတာ့ သူ႔ရဲ႕ ပယ္နယ္တီ သြင္းဂိုးအႏိုင္ရရွိခဲ့ပါတယ္။

Beckham-predicts-England-Argentina-World-Cup-final

Beckham-predicts-England-Argentina-World-Cup-final

ရုရွားေျမမွာ က်င္းပေနတဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲမွာေတာ့ အဂၤလန္အသင္းက အုပ္စုအဖြင့္ပြဲစဥ္မွာ တူနီးရွားအသင္းကို အႏိုင္ယူၿပီး ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ အေျခအေနေကာင္းေနေပမယ့္ အာဂ်င္တီးနားအသင္းကေတာ့ (၂)ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ (၁)မွတ္သာ ရရွိေသးတာေၾကာင့္ ေနာက္တစ္ဆင့္ တက္ေရာက္ဖို႔ ရုန္းကန္ေနရတဲ့ အသင္းျဖစ္ပါတယ္။ (၂)သင္းစလံုး (၁)ပြဲစီ ကစားၿပီးခ်ိန္မွာ ဘက္ခမ္း Beckham က ခန္႔မွန္းမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ခန္႔မွန္းမႈအၿပီးမွာေတာ့ အာဂ်င္တီးနားအသင္းက ခရိုေအးရွားအသင္းကို (၃-၀)ဂိုးနဲ႔ ဂိုးျပတ္ရံႈးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

REF:AS
Photo:People, Getwallpapersinhd
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အင်္ဂလန်နဲ့  အာဂျင်တီးနားတို့ ဗိုလ်လုပွဲမှာ တွေ့မယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့ ဘက်ခမ်း Beckham

ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အင်္ဂလန်နဲ့ အာဂျင်တီးနားတို့ တွေ့ဆုံမှာဖြစ်ကြောင်း အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဘက်ခမ်း Beckham က ဟောကိန်းထုတ်ခဲ့ပါတယ်။ ဟယ်ရီကိန်း Harry Kane နဲ့ မက်ဆီ Messi တို့ရဲ့ အားပြိုင်မှုတွေကို ဗိုလ်လုပွဲမှာ မြင်တွေ့ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘက်ခမ် Beckham က “အာဂျင်တီးနားနဲ့ အင်္ဂလန်အသင်းတို့ ဗိုလ်လုပွဲမှာ တွေ့ဆုံပြီး အင်္ဂလန်အသင်း အနိုင်ရ ဗိုလ်စွဲလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူ့ရဲ့ ခန့်မှန်းချက်ကို ပြောကြားခဲ့ပါတယ်။ ဘက်ခမ်း Beckham ရဲ့ကစားသမားဘဝ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့ (၂)ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ၁၉၉၈ ပြိုင်ပွဲမှာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ၂၀၀၂ ပြိုင်ပွဲမှာတော့ သူ့ရဲ့ ပယ်နယ်တီ သွင်းဂိုးအနိုင်ရရှိခဲ့ပါတယ်။

Beckham-predicts-England-Argentina-World-Cup-final

Beckham-predicts-England-Argentina-World-Cup-final

ရုရှားမြေမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အင်္ဂလန်အသင်းက အုပ်စုအဖွင့်ပွဲစဉ်မှာ တူနီးရှားအသင်းကို အနိုင်ယူပြီး နောက်တစ်ဆင့်တက်ရောက်ဖို့ အခြေအနေကောင်းနေပေမယ့် အာဂျင်တီးနားအသင်းကတော့ (၂)ပွဲကစားပြီးချိန်မှာ ရမှတ် (၁)မှတ်သာ ရရှိသေးတာကြောင့် နောက်တစ်ဆင့် တက်ရောက်ဖို့ ရုန်းကန်နေရတဲ့ အသင်းဖြစ်ပါတယ်။ (၂)သင်းစလုံး (၁)ပွဲစီ ကစားပြီးချိန်မှာ ဘက်ခမ်း Beckham က ခန့်မှန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ခန့်မှန်းမှုအပြီးမှာတော့ အာဂျင်တီးနားအသင်းက ခရိုအေးရှားအသင်းကို (၃-ဝ)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

REF:AS
Photo:People, Getwallpapersinhd
Aung Kyaw Wai (Akhayar)
www.akhayar.com