[Zawgyi]

ထိပ္တန္း Bollywood မင္းသမီး (၆) ေယာက္ရဲ႕ အသားအေရ ထိန္းသိမ္းနည္းမ်ား

မိန္းကေလးတုိင္းရဲ႕ အိပ္မက္ထဲမွာ သူမတို႔ ႏွစ္သက္အားက်ရတဲ့ သရုပ္ေဆာင္မင္းသမီးေတြအလား ေကာင္းမြန္ၿပီး လွပတဲ့ အသားအေရကို ပိုင္ဆိုင္ခ်င္တာလည္း တစ္ခုအပါအ၀င္ ျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ခါတေလမွာ ကိုယ္ေတြအေနနဲ႔ သေဘာက်ရတဲ့ မင္းသမီးတုိ႔ရဲ႕ အသားအေရ ထိန္းသိမ္းနည္းေတြကို လက္လြတ္မခံဘဲ ၾကည့္ေနရတာကိုက အလုပ္တစ္ခုလို ျဖစ္ေနတာပါ။ အခု ဒီေအာက္မွာ ေျပာျပမယ့္ အခ်က္ေတြကေတာ့ Bollywoodက နာမည္ေက်ာ္ ဒိတ္ဒိတ္ႀကဲ  မင္းသမီးေတြရဲ႕ အလွအပေရးရာ ထိန္းသိမ္းနည္းေတြ ျဖစ္ၿပီးေတာ့ သူမတို႔ က်င့္သံုးတဲ့ နည္းလမ္းေတြက မိန္းကေလးတိုင္း လိုက္လုပ္ၾကည့္ဖို႔ လြယ္ကူတာလည္း ေတြ႔ရပါလိမ့္မယ္။

Deepika Padukone

Deepika Padukone

Deepika Padukone

မိန္းကေလးတုိင္းအတြက္ ပိုက္ဆံမ်ားမ်ားစားစားမကုန္ဘဲ အသားအေရ လွေစမယ့္ နည္းလမ္းေတြထဲက တစ္ခုက ေရမ်ားမ်ားေသာက္တာပါ။ ေရေသာက္နည္းရင္ အသားအေရအတြက္ေရာ ၊ ခႏၶာကိုယ္အတြက္ေရာ အဆင္မေျပႏုိင္ပါဘူး။ Deepika ဆိုရင္ တစ္ေန႔မွာ ေရ ၁၂ ခြက္ေသာက္ၿပီး ေရဓာတ္ေကာင္းေကာင္း ျဖည့္တင္းေပးႏုိင္တဲ့ Hydrating Cream ကို သံုးတယ္လို႔ ဆိုပါတယ္။ ေရေသာက္ရံုေလးနဲ႔တင္ အသားအေရက ေျပာင္းလဲသြားပါ့မလားလုိ႔ေတာ့ စိတ္မပူပါနဲ႔။ စမ္းၾကည့္ပါ..တကယ္ကို အလုပ္ျဖစ္တာ ေတြ႔ရပါလိမ့္မယ္။  ေရေသာက္တာအျပင္ Deepika ရဲ႕ ေနာက္ထပ္ အသားအေရ ထိန္းသိမ္းနည္းတစ္ခုက မ်က္ႏွာကို အလွအပပစၥည္းေတြ အမ်ားႀကီးမသံုးသလို မိတ္ကပ္ကိုလည္း ခပ္ပါးပါးပဲ လိမ္းပါတယ္တဲ့။

Aishwarya Rai Bachchan

Aishwarya Rai Bachchan

Aishwarya Rai Bachchan

Aishwarya Rai က အိမ္တြင္းကိုယ္တိုင္လုပ္ အလွအပပစၥည္းေတြနဲ႔ အသားအေရကုိ ထိန္းသိမ္းရတာ ႏွစ္သက္သူပါ။ India ရိုးရာနည္းအတုိင္း တျခားေကာင္မေလးေတြ လုပ္ၾကသလိုပါပဲ။ Aishwarya Rai Bachchan က ကုလားပဲမႈန္႔ကို မ်က္ႏွာ Mask အျဖစ္ သံုးၿပီးေတာ့ အသားအေရတင္းရင္းဖို႔ကိုေတာ့ သခြားသီး Mask လုပ္ၿပီး ကပ္ေပးေလ့ရွိပါတယ္။ ေန႔တိုင္းမဟုတ္ေပမယ့္ ဒီနည္း ႏွစ္ခုကိုေတာ့ သူမက အားရင္ အားသလို အခ်ိန္ေပးၿပီး လုပ္ပါတယ္တဲ့။

Anushka Sharma

Anushka Sharma

Anushka Sharma

Anushka ဟာလည္း သဘာ၀အတိုင္းလွပတဲ့ အသားအေရကို ပိုင္ဆုိင္ထားသူတစ္ေယာက္ပါ။ Anushka က အသားအေရအတြက္ အဆင့္အမ်ားႀကီး ခက္ခက္ခဲခဲ သိပ္မလုပ္သလို ေရမ်ားမ်ားေသာက္ေပးတာနဲ႔ မိတ္ကပ္ဖ်က္တာကိုပဲ  ေသခ်ာအဓိက လုပ္ေလ့ရွိတယ္လို႔ ဆိုတဲ့အျပင္ တမာရြက္ကို အသားအေရမွာ ရွိတဲ့ အညစ္အေၾကးေတြကို သန္႔စင္ဖို႔အတြက္ သံုးပါတယ္။ ဒီလို တမာရြက္ကို အသားအေရအတြက္ သံုးတာက  အဆီျပန္တဲ့သူေတြအတြက္ အထူးသင့္ေတာ္ပါတယ္တဲ့။

Alia Bhatt

Alia Bhatt

 Alia Bhatt

Alia ရဲ႕ skincare ထိန္းသိမ္းနည္းကေတာ့ ရိုးရိုးရွင္းရွင္းေလးပါ။ သူမက မ်က္ႏွာကို ေရခဲနဲ႔ကပ္ၿပီး အသားအေရတင္းရင္းေအာင္ လုပ္ေလ့ရွိပါတယ္။

Katrina Kaif

Katrina Kaif

Katrina Kaif

Katrina ရဲ႕ skincare ထိန္းသိမ္းနည္းထဲမွာ Luxury Product ေတြလည္း ပါ၀င္ေပမယ့္ မျဖစ္မေနသံုးတဲ့အရာ ကေတာ့ အလွဆီပါ။ အလွဆီကို Katrina Kaif က မ်က္ႏွာအသားအေရကို သန္႔စင္ေခ်ာေမြ႔ၿပီး အာဟာရ ဓာတ္ျပည့္၀ေနေအာင္ သံုးေပးေလ့ရွိပါတယ္။

Kareena Kapoor Khan

Kareena Kapoor Khan

Kareena Kapoor Khan

Kareena ကေတာ့ အင္တာဗ်ဴးတစ္ခုမွာ သူမအေနနဲ႔ မ်က္ႏွာသစ္ဆပ္ျပာသံုးရတာ မႀကိဳက္သလို ပ်ားရည္နဲ႔ မ်က္ႏွာကို ႏွိပ္နယ္ခံရတာကို သေဘာက်တယ္လုိ႔ ေျဖခဲ့ဖူးပါတယ္။ ၿပီးရင္ေတာ့ Baby Oil နဲ႔ မိတ္ကပ္ဖ်က္ၿပီး အသားအေရကို အစိုဓာတ္နဲ႔ ေရဓာတ္ရေအာင္ Baby Oil လိမ္းေပးပါတယ္တဲ့။

Su Yi Htet (Akhayar)

[Unicode]

ထိပ်တန်း Bollywood မင်းသမီး (၆) ယောက်ရဲ့ အသားအရေ ထိန်းသိမ်းနည်းများ

မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲမှာ သူမတို့ နှစ်သက်အားကျရတဲ့ သရုပ်ဆောင်မင်းသမီးတွေအလား ကောင်းမွန်ပြီး လှပတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ ကိုယ်တွေအနေနဲ့ သဘောကျရတဲ့ မင်းသမီးတို့ရဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကို လက်လွတ်မခံဘဲ ကြည့်နေရတာကိုက အလုပ်တစ်ခုလို ဖြစ်နေတာပါ။ အခု ဒီအောက်မှာ ပြောပြမယ့် အချက်တွေကတော့ Bollywoodက နာမည်ကျော် ဒိတ်ဒိတ်ကြဲ မင်းသမီးတွေရဲ့ အလှအပရေးရာ ထိန်းသိမ်းနည်းတွေ ဖြစ်ပြီးတော့ သူမတို့ ကျင့်သုံးတဲ့ နည်းလမ်းတွေက မိန်းကလေးတိုင်း လိုက်လုပ်ကြည့်ဖို့ လွယ်ကူတာလည်း တွေ့ရပါလိမ့်မယ်။

Deepika Padukone

Deepika Padukone

Deepika Padukone

မိန်းကလေးတိုင်းအတွက် ပိုက်ဆံများများစားစားမကုန်ဘဲ အသားအရေ လှစေမယ့် နည်းလမ်းတွေထဲက တစ်ခုက ရေများများသောက်တာပါ။ ရေသောက်နည်းရင် အသားအရေအတွက်ရော ၊ ခန္ဓာကိုယ်အတွက်ရော အဆင်မပြေနိုင်ပါဘူး။ Deepika ဆိုရင် တစ်နေ့မှာ ရေ ၁၂ ခွက်သောက်ပြီး ရေဓာတ်ကောင်းကောင်း ဖြည့်တင်းပေးနိုင်တဲ့ Hydrating Cream ကို သုံးတယ်လို့ ဆိုပါတယ်။ ရေသောက်ရုံလေးနဲ့တင် အသားအရေက ပြောင်းလဲသွားပါ့မလားလို့တော့ စိတ်မပူပါနဲ့။ စမ်းကြည့်ပါ..တကယ်ကို အလုပ်ဖြစ်တာ တွေ့ရပါလိမ့်မယ်။ ရေသောက်တာအပြင် Deepika ရဲ့ နောက်ထပ် အသားအရေ ထိန်းသိမ်းနည်းတစ်ခုက မျက်နှာကို အလှအပပစ္စည်းတွေ အများကြီးမသုံးသလို မိတ်ကပ်ကိုလည်း ခပ်ပါးပါးပဲ လိမ်းပါတယ်တဲ့။

Aishwarya Rai Bachchan

Aishwarya Rai Bachchan

Aishwarya Rai Bachchan

Aishwarya Rai က အိမ်တွင်းကိုယ်တိုင်လုပ် အလှအပပစ္စည်းတွေနဲ့ အသားအရေကို ထိန်းသိမ်းရတာ နှစ်သက်သူပါ။ India ရိုးရာနည်းအတိုင်း တခြားကောင်မလေးတွေ လုပ်ကြသလိုပါပဲ။ Aishwarya Rai Bachchan က ကုလားပဲမှုန့်ကို မျက်နှာ Mask အဖြစ် သုံးပြီးတော့ အသားအရေတင်းရင်းဖို့ကိုတော့ သခွားသီး Mask လုပ်ပြီး ကပ်ပေးလေ့ရှိပါတယ်။ နေ့တိုင်းမဟုတ်ပေမယ့် ဒီနည်း နှစ်ခုကိုတော့ သူမက အားရင် အားသလို အချိန်ပေးပြီး လုပ်ပါတယ်တဲ့။

Anushka Sharma

Anushka Sharma

Anushka Sharma

Anushka ဟာလည်း သဘာဝအတိုင်းလှပတဲ့ အသားအရေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ Anushka က အသားအရေအတွက် အဆင့်အများကြီး ခက်ခက်ခဲခဲ သိပ်မလုပ်သလို ရေများများသောက်ပေးတာနဲ့ မိတ်ကပ်ဖျက်တာကိုပဲ သေချာအဓိက လုပ်လေ့ရှိတယ်လို့ ဆိုတဲ့အပြင် တမာရွက်ကို အသားအရေမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ဖို့အတွက် သုံးပါတယ်။ ဒီလို တမာရွက်ကို အသားအရေအတွက် သုံးတာက အဆီပြန်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်တဲ့။

Alia Bhatt

Alia Bhatt

Alia Bhatt

Alia ရဲ့ skincare ထိန်းသိမ်းနည်းကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ သူမက မျက်နှာကို ရေခဲနဲ့ကပ်ပြီး အသားအရေတင်းရင်းအောင် လုပ်လေ့ရှိပါတယ်။

Katrina Kaif

Katrina Kaif

Katrina Kaif

Katrina ရဲ့ skincare ထိန်းသိမ်းနည်းထဲမှာ Luxury Product တွေလည်း ပါဝင်ပေမယ့် မဖြစ်မနေသုံးတဲ့အရာ ကတော့ အလှဆီပါ။ အလှဆီကို Katrina Kaif က မျက်နှာအသားအရေကို သန့်စင်ချောမွေ့ပြီး အာဟာရ ဓာတ်ပြည့်ဝနေအောင် သုံးပေးလေ့ရှိပါတယ်။

Kareena Kapoor Khan

Kareena Kapoor Khan

Kareena Kapoor Khan

Kareena ကတော့ အင်တာဗျူးတစ်ခုမှာ သူမအနေနဲ့ မျက်နှာသစ်ဆပ်ပြာသုံးရတာ မကြိုက်သလို ပျားရည်နဲ့ မျက်နှာကို နှိပ်နယ်ခံရတာကို သဘောကျတယ်လို့ ဖြေခဲ့ဖူးပါတယ်။ ပြီးရင်တော့ Baby Oil နဲ့ မိတ်ကပ်ဖျက်ပြီး အသားအရေကို အစိုဓာတ်နဲ့ ရေဓာတ်ရအောင် Baby Oil လိမ်းပေးပါတယ်တဲ့။

Su Yi Htet (Akhayar)