[Zawgyi]

Princess Diana ရဲ႕  နန္းဆန္တဲ့ အလွတရား
ေနာက္ကြယ္က လွ်ိဳ႕၀ွက္ခ်က္မ်ား

ပိတ္သားထက္က ေငြၾကယ္ပြင့္မဟုတ္ေပမယ့္ ဒီကေန႔တိုင္ လူေတြၾကားထဲ အမွတ္ရေနဆဲ
သူေတြထဲမွာ Princess Diana လည္း တစ္ေယာက္အပါအ၀င္ပါ။ သူမရဲ႕ ပံုရိပ္ေတြနဲ႔အတူ ရိုးရွင္းတဲ့ အလွအပျပင္ဆင္မႈေတြ၊ သူမတူတဲ့ ေတာ္၀င္ဖက္ရွင္ဟန္ပန္ေတြက Diana ေသဆံုးသြားတာ ၂၁ ႏွစ္ရွိၿပီဆုိေပမယ့္လည္း ခုခ်ိန္ထိကို လူေတြၾကားထဲ လႊမ္းမိုးႏိုင္ဆဲျဖစ္ပါတယ္။ Style Icon တစ္ေယာက္ျဖစ္ရံုသာမက Diana ရဲ႕ ဆံပင္ပံုစံ၊ မိတ္ကပ္ပံုစံေတြဟာ အဲဒီေခတ္က အမ်ိဳးသမီး
ၾကားထဲ ေရပန္းစားခဲ့တာ တကယ့္ကို အႀကီးအက်ယ္ပါ။ ဒီကေန႔ထိေတာင္ ၾကည့္လို႔မရိုးႏိုင္ဘူးလုိ႔ ဆိုလို႔ရပါတယ္။ ဒါျဖင့္ ကၽြန္မတုိ႔အေနနဲ႔ Style Icon တစ္ေယာက္ျဖစ္တဲ့ Lady Diana ရဲ႕  မရိုးသြားႏိုင္တဲ့ သူမရဲ႕ အလွတရားေနာက္ကြယ္မွာ ဘယ္လုိအလွအပေရးရာေတြ ရွိမလဲဆိုတာ စပ္စုလုိက္ရေအာင္လား။

Princess Diana

Princess Diana

အသားအေရကို ထိန္းသိမ္းဂရုစိုက္ပါ။
Princess Diana ဟာ သူမရဲ႕ အသားအေရနဲ႔ ပတ္သက္လို႔ ေကာင္းေကာင္းထိန္းသိမ္းဂရုစိုက္တတ္သူ တစ္ေယာက္ျဖစ္ပါတယ္။ Diana  ဟာ မိတ္ကပ္ကို မ်က္ႏွာမွာ ၾကာၾကာမထားသလို ညအိပ္ရာ၀င္ခါနီးမွာ မိတ္ကပ္ကို ေသခ်ာဖ်က္ၿပီးမွ အိပ္ေလ့ရွိပါတယ္။ Toner,Moisturizer ေတြကိုလည္း တစ္ဆင့္ၿပီး တစ္ဆင့္သံုးေပးေလ့ရွိတဲ့အျပင္ Sun Block ကိုလည္း ေသခ်ာလိမ္းတတ္သူပါ။ သူမရဲ႕ ျပစ္မ်ိဳးမထင္လွေစတဲ့အလွတရားေနာက္ကြယ္မွာ ဒီ Skincare Routine ေတြေၾကာင့္ဆိုတာ အမ်ားႀကီး သက္ဆုိင္ပါတယ္။

ေရေမႊးကို အၿမဲသံုးဖို႔မေမ့ပါနဲ႔။
Princess Diana က ေရေမႊးအၿမဲသံုးေလ့ရွိပါတယ္။ Hermes 24 Faubourg ကို မစြတ္ဘဲ Diana ဟာ အိမ္ကေန ထြက္ေလ့မရွိပါဘူးတဲ့။ ဒီအခ်က္ေလးကို နမူနာထားၿပီး သင့္ရဲ႕ စိတ္အေျခအေန၊ သြားရမယ့္ ေနရာကို မူတည္လို႔ ကိုယ္အႏွစ္သက္ဆံုး ေမႊးရနံ႔ကုိ ေရြးခ်ယ္သင့္သလို အိတ္ေဆာင္ အေနနဲ႔ တစ္ပါတည္း ယူေဆာင္သြားသင့္ပါတယ္။

Princess Diana

Princess Diana

ကိုယ္နဲ႔ လိုက္ဖက္မယ့္ဆံပင္ပံုစံကို ေရြးပါ။
တစ္ခါတေလ ေခတ္ေရစီးေၾကာင္းမွာ ေခတ္ထေနေပမယ့္ ကိုယ္နဲ႔မလိုက္ဖက္တဲ့ ဆံပင္ပံုစံ ဆိုတာလည္း ရွိတတ္ပါတယ္။ ကၽြန္မတုိ႔အေနနဲ႔ ေခတ္စားတိုင္း လိုက္ညွပ္စရာ မလိုသလို ကိုယ္နဲ႔ အလုိက္ဖက္ဆံုးကုိ ေရြးခ်ယ္တတ္ရပါမယ္။ Diana ညွပ္ထားတဲ့ဆံပင္ပံုစံဆိုရင္ 1994 နဲ႔ 1996 အတြင္းက ေခတ္စားခဲ့တဲ့ “Friends” ဇာတ္ကားစီးရီးရဲ႕ First and Second Season ထဲမွာ Jennifer Aniston သရုပ္ေဆာင္ထားတဲ့ “Rachel” ဆုိတဲ့ ဇာတ္ရုပ္က ဆံပင္ပံုစံကို နမူနာယူၿပီး အထပ္ထပ္ပံုသြင္းၿပီး ညွပ္ထားတာျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းကဆိုရင္ Princess Diana ရဲ႕ ဆံပင္ပံုစံအတိုင္း မိန္းကေလးေတာ္ေတာ္မ်ားမ်ားက Diana ေက လို႔ေတာင္ လိုက္ၿပီး ညွပ္ခဲ့ၾကတဲ့အထိ ေခတ္စားခဲ့ပါတယ္။ Diana ရဲ႕ ဆံပင္ပံုစံဟာ Rachel ဇာတ္ရုပ္ရဲ႕ ဆံပင္ပံုစံနဲ႔ လံုး၀ဆင္တူမဟုတ္ေပမယ့္လည္း သူမနဲ႔ လိုက္ဖက္တဲ့ပံုစံကုိ ထြင္ညွပ္ခဲ့တာက စတိုင္လ္တစ္ခု ျဖစ္သြားခဲ့တာပါ။ ဒါေၾကာင့္ ကိုယ္နဲ႔ လိုက္ဖက္တဲ့ ဆံပင္ပံုစံကုိ အၿမဲေျပာင္းလဲေပးဖို႔မေမ့ပါနဲ႔။

ဆံပင္ပံုသြင္းဖို႔၊ ဆံပင္ပံုေျပာင္းလဲဖို႔ မေမ့ပါနဲ႔။
Princess Diana  ရဲ႕ ဆံပင္က တကယ္တမ္းဆို တိုေပမယ့္ ဆြဲေဆာင္မႈရွိပါတယ္။ ဒီလို အၿမဲပံုက်ၿပီး ဆြဲေဆာင္မႈရွိေနတဲ့ သူမရဲ႕ဆံပင္ေတြကို Diana က ေန႔တိုင္း တိေပးသလို ေသခ်ာအခ်ိန္ယူၿပီး ပံုသြင္းပါတယ္တဲ့။ ဒါ့အျပင္ ဆံပင္ကို ပ်က္စီးေစႏုိင္မယ့္ Product မွန္သမွ်ကို ေရွာင္ၿပီး  ဆံသားကို ထိန္းသိမ္းတယ္လို႔ ဆိုပါတယ္။ သင္ရဲ႕ ဒုတိယမ်က္ႏွာက ဆံပင္ျဖစ္လို႔ ဆံပင္ပံုစံကုိ ေသခ်ာ ျပင္ဆင္ရင္ အေကာင္းဆံုးပဲေပါ့။

Princess Diana

Princess Diana

မ်က္ႏွာမွာ ကိုယ္နဲ႔ လိုက္ဖက္တဲ့ျပင္ဆင္မႈရွိပါေစ။
Princess Diana ကို ၾကည့္လိုက္ရင္ သူမရဲ႕မ်က္ႏွာမွာ Eyeliner နဲ႔ Eyeshadow ကို ခပ္ပါးပါးပဲ ျခယ္ထားတာ ေတြ႔ရမွာျဖစ္ပါတယ္။ သူမနဲ႔ မလိုက္ဖက္၊ မအပ္စပ္တဲ့ အေရာင္ေတာက္ေတာက္ေတြ၊ Eyeliner ခပ္ထူထူေတြကို ဘယ္ေသာအခါမွ ျခယ္တာမေတြ႔ရပါဘူး။ ပါးနီခပ္ေဖ်ာ့ေဖ်ာ့နဲ႔ သင့္ေတာ္တဲ့ ေဖာင္ေဒးရွင္းပမာဏကို လိမ္းျခယ္ေလ့ရွိသလုိ မ်က္ႏွာျပင္တစ္၀ိုက္က နီရဲေနတာေတြ ေလ်ာ့ဖို႔ ေကာင္းမြန္တဲ့ Concealer ကို သံုးတယ္လို႔ Diana ရဲ႕ မိတ္ကပ္ဆရာက ဆိုပါတယ္။ ဒါ့အျပင္ ေကာ့ညြတ္ၿပီး ရွည္လ်ားထူထဲတဲ့ မ်က္ေတာင္ေတြအတြက္ Diana က Mascara ကို အၿမဲသံုးေလ့ရွိပါတယ္။

Princess Diana

Princess Diana

လက္သည္းအလွကိုလည္း ျပင္ဆင္ပါ။
ေတာ္၀င္မိသားစု၀င္ေတြအေနနဲ႔ လက္သည္းကို အေရာင္ေဖ်ာ့ေတြ၊ အသားေရာင္ေတြပဲ ဆိုးဖို႔ အခြင့္အေရး
ရွိၾကေပမယ့္ Princess Diana ကေတာ့ အေရးႀကီးတဲ့ပြဲလမ္းသဘင္ေတြ သြားစရာရွိတဲ့အခါ အနီေရာင္ လက္သည္းနီကို အၿမဲဆုိးေလ့ရွိပါတယ္။ တစ္ခါတစ္ရံမွာ ကိုယ္ရဲ႕ ပင္ကိုယ္ ကိုယ္ရည္ကုိယ္ေသြးကို လက္သည္းေတြကတစ္ဆင့္လည္း ေဖာ္က်ဴးလို႔ရတယ္ေလ။ သင့္လက္သည္းေတြရဲ႕ အလွက သင့္အတြက္ အေရးႀကီးတာ မေမ့ပါနဲ႔။

Su Yi Htet (Akhayar)

[Unicode]

Princess Diana ရဲ့ တော်ဝင် အလှတရားနောက်ကွယ်က လျှို့ဝှက်ချက်များ

ပိတ်သားထက်က ငွေကြယ်ပွင့်မဟုတ်ပေမယ့် ဒီကနေ့တိုင် လူတွေကြားထဲ အမှတ်ရနေဆဲ
သူတွေထဲမှာ Princess Diana လည်း တစ်ယောက်အပါအဝင်ပါ။ သူမရဲ့ ပုံရိပ်တွေနဲ့အတူ ရိုးရှင်းတဲ့ အလှအပပြင်ဆင်မှုတွေ၊ သူမတူတဲ့ တော်ဝင်ဖက်ရှင်ဟန်ပန်တွေက Diana သေဆုံးသွားတာ ၂၁ နှစ်ရှိပြီဆိုပေမယ့်လည်း ခုချိန်ထိကို လူတွေကြားထဲ လွှမ်းမိုးနိုင်ဆဲဖြစ်ပါတယ်။ Style Icon တစ်ယောက်ဖြစ်ရုံသာမက Diana ရဲ့ ဆံပင်ပုံစံ၊ မိတ်ကပ်ပုံစံတွေဟာ အဲဒီခေတ်က အမျိုးသမီး
ကြားထဲ ရေပန်းစားခဲ့တာ တကယ့်ကို အကြီးအကျယ်ပါ။ ဒီကနေ့ထိတောင် ကြည့်လို့မရိုးနိုင်ဘူးလို့ ဆိုလို့ရပါတယ်။ ဒါဖြင့် ကျွန်မတို့အနေနဲ့ Style Icon တစ်ယောက်ဖြစ်တဲ့ Lady Diana ရဲ့ မရိုးသွားနိုင်တဲ့ သူမရဲ့ အလှတရားနောက်ကွယ်မှာ ဘယ်လိုအလှအပရေးရာတွေ ရှိမလဲဆိုတာ စပ်စုလိုက်ရအောင်လား။

Princess Diana

Princess Diana

အသားအရေကို ထိန်းသိမ်းဂရုစိုက်ပါ။
Princess Diana ဟာ သူမရဲ့ အသားအရေနဲ့ ပတ်သက်လို့ ကောင်းကောင်းထိန်းသိမ်းဂရုစိုက်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ Diana ဟာ မိတ်ကပ်ကို မျက်နှာမှာ ကြာကြာမထားသလို ညအိပ်ရာဝင်ခါနီးမှာ မိတ်ကပ်ကို သေချာဖျက်ပြီးမှ အိပ်လေ့ရှိပါတယ်။ Toner,Moisturizer တွေကိုလည်း တစ်ဆင့်ပြီး တစ်ဆင့်သုံးပေးလေ့ရှိတဲ့အပြင် Sun Block ကိုလည်း သေချာလိမ်းတတ်သူပါ။ သူမရဲ့ ပြစ်မျိုးမထင်လှစေတဲ့အလှတရားနောက်ကွယ်မှာ ဒီ Skincare Routine တွေကြောင့်ဆိုတာ အများကြီး သက်ဆိုင်ပါတယ်။

ရေမွှေးကို အမြဲသုံးဖို့မမေ့ပါနဲ့။
Princess Diana က ရေမွှေးအမြဲသုံးလေ့ရှိပါတယ်။ Hermes 24 Faubourg ကို မစွတ်ဘဲ Diana ဟာ အိမ်ကနေ ထွက်လေ့မရှိပါဘူးတဲ့။ ဒီအချက်လေးကို နမူနာထားပြီး သင့်ရဲ့ စိတ်အခြေအနေ၊ သွားရမယ့် နေရာကို မူတည်လို့ ကိုယ်အနှစ်သက်ဆုံး မွှေးရနံ့ကို ရွေးချယ်သင့်သလို အိတ်ဆောင် အနေနဲ့ တစ်ပါတည်း ယူဆောင်သွားသင့်ပါတယ်။

Princess Diana

Princess Diana

ကိုယ်နဲ့ လိုက်ဖက်မယ့်ဆံပင်ပုံစံကို ရွေးပါ။
တစ်ခါတလေ ခေတ်ရေစီးကြောင်းမှာ ခေတ်ထနေပေမယ့် ကိုယ်နဲ့မလိုက်ဖက်တဲ့ ဆံပင်ပုံစံ ဆိုတာလည်း ရှိတတ်ပါတယ်။ ကျွန်မတို့အနေနဲ့ ခေတ်စားတိုင်း လိုက်ညှပ်စရာ မလိုသလို ကိုယ်နဲ့ အလိုက်ဖက်ဆုံးကို ရွေးချယ်တတ်ရပါမယ်။ Diana ညှပ်ထားတဲ့ဆံပင်ပုံစံဆိုရင် 1994 နဲ့ 1996 အတွင်းက ခေတ်စားခဲ့တဲ့ “Friends” ဇာတ်ကားစီးရီးရဲ့ First and Second Season ထဲမှာ Jennifer Aniston သရုပ်ဆောင်ထားတဲ့ “Rachel” ဆိုတဲ့ ဇာတ်ရုပ်က ဆံပင်ပုံစံကို နမူနာယူပြီး အထပ်ထပ်ပုံသွင်းပြီး ညှပ်ထားတာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် Princess Diana ရဲ့ ဆံပင်ပုံစံအတိုင်း မိန်းကလေးတော်တော်များများက Diana ကေ လို့တောင် လိုက်ပြီး ညှပ်ခဲ့ကြတဲ့အထိ ခေတ်စားခဲ့ပါတယ်။ Diana ရဲ့ ဆံပင်ပုံစံဟာ Rachel ဇာတ်ရုပ်ရဲ့ ဆံပင်ပုံစံနဲ့ လုံးဝဆင်တူမဟုတ်ပေမယ့်လည်း သူမနဲ့ လိုက်ဖက်တဲ့ပုံစံကို ထွင်ညှပ်ခဲ့တာက စတိုင်လ်တစ်ခု ဖြစ်သွားခဲ့တာပါ။ ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို အမြဲပြောင်းလဲပေးဖို့မမေ့ပါနဲ့။

ဆံပင်ပုံသွင်းဖို့၊ ဆံပင်ပုံပြောင်းလဲဖို့ မမေ့ပါနဲ့။
Princess Diana ရဲ့ ဆံပင်က တကယ်တမ်းဆို တိုပေမယ့် ဆွဲဆောင်မှုရှိပါတယ်။ ဒီလို အမြဲပုံကျပြီး ဆွဲဆောင်မှုရှိနေတဲ့ သူမရဲ့ဆံပင်တွေကို Diana က နေ့တိုင်း တိပေးသလို သေချာအချိန်ယူပြီး ပုံသွင်းပါတယ်တဲ့။ ဒါ့အပြင် ဆံပင်ကို ပျက်စီးစေနိုင်မယ့် Product မှန်သမျှကို ရှောင်ပြီး ဆံသားကို ထိန်းသိမ်းတယ်လို့ ဆိုပါတယ်။ သင်ရဲ့ ဒုတိယမျက်နှာက ဆံပင်ဖြစ်လို့ ဆံပင်ပုံစံကို သေချာ ပြင်ဆင်ရင် အကောင်းဆုံးပဲပေါ့။

Princess Diana

Princess Diana

မျက်နှာမှာ ကိုယ်နဲ့ လိုက်ဖက်တဲ့ပြင်ဆင်မှုရှိပါစေ။
Princess Diana ကို ကြည့်လိုက်ရင် သူမရဲ့မျက်နှာမှာ Eyeliner နဲ့ Eyeshadow ကို ခပ်ပါးပါးပဲ ခြယ်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ သူမနဲ့ မလိုက်ဖက်၊ မအပ်စပ်တဲ့ အရောင်တောက်တောက်တွေ၊ Eyeliner ခပ်ထူထူတွေကို ဘယ်သောအခါမှ ခြယ်တာမတွေ့ရပါဘူး။ ပါးနီခပ်ဖျော့ဖျော့နဲ့ သင့်တော်တဲ့ ဖောင်ဒေးရှင်းပမာဏကို လိမ်းခြယ်လေ့ရှိသလို မျက်နှာပြင်တစ်ဝိုက်က နီရဲနေတာတွေ လျော့ဖို့ ကောင်းမွန်တဲ့ Concealer ကို သုံးတယ်လို့ Diana ရဲ့ မိတ်ကပ်ဆရာက ဆိုပါတယ်။ ဒါ့အပြင် ကော့ညွတ်ပြီး ရှည်လျားထူထဲတဲ့ မျက်တောင်တွေအတွက် Diana က Mascara ကို အမြဲသုံးလေ့ရှိပါတယ်။

Princess Diana

Princess Diana

လက်သည်းအလှကိုလည်း ပြင်ဆင်ပါ။
တော်ဝင်မိသားစုဝင်တွေအနေနဲ့ လက်သည်းကို အရောင်ဖျော့တွေ၊ အသားရောင်တွေပဲ ဆိုးဖို့ အခွင့်အရေး
ရှိကြပေမယ့် Princess Diana ကတော့ အရေးကြီးတဲ့ပွဲလမ်းသဘင်တွေ သွားစရာရှိတဲ့အခါ အနီရောင် လက်သည်းနီကို အမြဲဆိုးလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ရဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးကို လက်သည်းတွေကတစ်ဆင့်လည်း ဖော်ကျူးလို့ရတယ်လေ။ သင့်လက်သည်းတွေရဲ့ အလှက သင့်အတွက် အရေးကြီးတာ မမေ့ပါနဲ့။

Su Yi Htet (Akhayar)