[Zawgyi]

ေဘာလီး၀ုဒ္မင္းသမီး Priyanka Chopra ရဲ႕ အလွအပလွ်ိဳ႕၀ွက္ခ်က္မ်ား

Priyanka Chopra ကိုေတာ့ လူတိုင္းသိၾကမွာပါ။ Chopra ဟာဆုိရင္ Miss World လည္းဟုတ္၊ နာမည္ေက်ာ္ ေဘာလီး၀ုဒ္မင္းသမီးတစ္ဦးျဖစ္သလို လတ္တေလာမွာလည္း မိန္းကေလးတို႔ရဲ႕ အသည္းစြဲ Jonas Brothers ထဲက တစ္ေယာက္ျဖစ္တဲ့ Nick Jonas နဲ႔လည္း ေစ့စပ္ထားသူပါ။ Nick ထက္ ဆယ္ႏွစ္ေလာက္ႀကီးတဲ့ မမ Chopra တစ္ေယာက္ဟာ အရမ္းကို ႏုနယ္လြန္းလို႔ Nick နဲ႔ေတာင္ အရြယ္မတိမ္းမယိမ္းလို႔ ထင္ရသူျဖစ္ပါတယ္။ ဒီလို ႏုနယ္ပ်ိဳမ်စ္မႈေတြရဲ႕ ေနာက္ကြယ္မွာ Chopra ရဲ႕ အလွအပလွ်ိဳ႕၀ွက္ခ်က္ဆိုတာ မရွိဘဲမေနႏိုင္ပါဘူး။
ခုခ်ိန္မွာ မိန္းကေလးအမ်ားစုကလည္း သူမအရြယ္တင္ႏုပ်ိဳလွပေနတဲ့ လွ်ိဳ႕၀ွက္ခ်က္က ဘာမ်ားပါလဲလို႔ ေတြးေကာင္း
ေတြးေနပါလိမ့္မယ္။ စပ္စုမိထားသေလာက္ကေတာ့ Chopra ရဲ႕ Beauty Secret က အမ်ားႀကီး မဟုတ္သလို နည္းလမ္းေလးေတြကလည္း ရိုးရွင္းပါတယ္။ ကဲ..အရမ္းကို သိခ်င္ၾကေနၿပီဟုတ္။

မ်က္ႏွာကို ေသခ်ာသန္႔စင္ပါ။
Chopra ဟာ မင္းသမီးမျဖစ္ခင္ Pageant စျပိဳင္တည္းက မိတ္ကပ္ေတြ ခဏခဏဆုိသလို လိမ္းရတဲ့အတြက္ သူမရဲ႕အေမျဖစ္သူက မိတ္ကပ္လိမ္းၿပီးတိုင္း ေျပာင္စင္ေအာင္ ေသခ်ာသန္႔ရွင္းဖို႔ အၿမဲသတိေပးေလ့ရွိပါတယ္တဲ့။
အဲဒီကစလို႔ Chopra က သူမရဲ႕ မ်က္ႏွာကို မိတ္ကပ္ေတြလိမ္းၿပီးတာနဲ႔ ဖ်က္တယ္။ညအိပ္ယာ၀င္တာခါနီး မ်က္ႏွာကို ေသခ်ာသန္႔စင္ၿပီးမွ အိပ္ေလ့ရွိပါတယ္။

coconut oil

coconut oil

အုန္းဆီကို အရမ္းအေထာက္အကူျဖစ္ပါတယ္။
Chopra မွာ မိတ္ကပ္ဖ်က္တဲ့အခါ အကူအညီေပးတဲ့ ပစၥည္းေလးတစ္ခုရွိပါတယ္။ အဲဒါကေတာ့ အုန္းဆီပါ။
Chopra က သဘာ၀အုန္းဆီကုိ မိတ္ကပ္ဖ်က္တဲ့အခါမွာသံုးသလို ဖ်က္ၿပီးတာနဲ႔ အုန္းဆီကိုခ်က္ခ်င္း
ေရေဆးတာတို႔၊ ဖယ္ပစ္တာတို႔ မလုပ္ပါဘူး။ မ်က္ႏွာေပၚမွာ မိနစ္အနည္းငယ္ထားၿပီးမွ တာ၀ါခပ္စိုစိုေလးနဲ႔ ဖယ္ပစ္ပါတယ္တဲ့။ ဘာေၾကာင့္လဲဆိုရင္ ဒီနည္းလမ္းက မ်က္ႏွာမွာ ရွိတဲ့အညစ္အေၾကးေတြကို ဖယ္ရွားၿပီးသား ျဖစ္သြားသလို မ်က္ႏွာအစိုဓာတ္လည္း ရေစလို႔ပါပဲ။

Priyanka Chopra

Priyanka Chopra

မိတ္ကပ္အမ်ားႀကီးမလိမ္းပါဘူး။
Chopra က Miss ကေန မင္းသမီးအျဖစ္တက္လွမ္းလာတဲ့သူဆိုေတာ့ ေတာက္ေလွ်ာက္ျပိဳင္ပြဲ၀င္တည္းက မိတ္ကပ္ေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳးလိမ္းရတာမ်ိဳး ရွိတယ္ဆိုေပမယ့္ မိတ္ကပ္ကို မ်က္ႏွာေပၚမွာ ၾကာၾကာထားေလ့မရွိပါဘူး။ ၿပီးရင္ မိတ္ကပ္လိမ္းတဲ့အခါ အမ်ားႀကီး ျပင္ဆင္ေလ့မရွိပါဘူး။ သူမအတြက္ကေတာ့ အသားအရည္က ၾကည္လင္သန္႔ရွင္းၿပီး အစိုဓာတ္ျပည့္၀ေနဖို႔ကသာ အေရးႀကီးတယ္လို႔ ဆိုပါတယ္။ ေပါင္ဒါ နည္းနည္းလိမ္းမယ္၊ မ်က္ေတာင္ေကာ့ေဆးသံုးမယ္၊ ႏႈတ္ခမ္းနီဆိုးမယ္။ ဒါဆို သူမအတြက္ အဆင္ေျပသြားပါၿပီတဲ့။

Priyanka Chopra

Priyanka Chopra

ရိုးရာနည္းေတြကိုလည္း သံုးပါ။
တခါတေလမွာ ေခတ္အဆက္ဆက္သံုးလာတဲ့ ေပါင္းတင္နည္းေတြ၊ အသားအေရထိန္းသိမ္းနည္းေတြကလည္း တကယ္ကို အသံုး၀င္ပါတယ္။ Chopra ဆိုရင္ သူမတို႔ဆီက Indian Culture နဲ႔ Face Mask ကို အၿမဲျပဳလုပ္ေလ့ရွိပါတယ္။ ၿပီးေတာ့ အဲဒီ Mask ကလည္း ကိုယ့္အိမ္ မီးဖိုေခ်ာင္မွာ လြယ္လြယ္ရႏုိင္မယ့္ ပစၥည္းေတြနဲ႔ပဲ လုပ္တာပါ။ Mask နာမည္ကိုေတာ့ Ubtan လို႔ ေခၚၾကၿပီးေတာ့ အိႏိၵယရိုးရာ မန္က်ည္းသီး၊ဆႏြင္းနဲ႔ စားစရာတစ္ခ်ိဳ႕ကို အေျခခံၿပီး လုပ္ထားတာျဖစ္ပါတယ္။ လိုအပ္တဲ့ ပစၥည္းေတြကလည္း ရွာရလြယ္တဲ့ ဂ်ံဳမႈန္႔၊ဆႏြင္းမႈန္႔၊သံပရာရည္၊အဆီျပည့္ ဒိန္ခ်ဥ္ နဲ႔ Rose Water တို႔ပဲ ပါ၀င္တာပါ။ ပါ၀င္ပစၥည္းေတြကို ဇလံုခပ္ႀကီးႀကီးထဲမွာ ေရာေမႊလုိက္ၿပီး လိုအပ္တဲ့ Rose Water နည္းနည္းထပ္ထည့္လိုက္ရင္ Ubtan ကိုရမွာပါ။ မ်က္ႏွာေပၚမွာ  ၁၅မိနစ္ကေန မိနစ္ ၂၀ ေလာက္ထားၿပီးတဲ့ အခ်ိန္မွာေတာ့ ခပ္ဖြဖြေလး Scrub လုပ္သလို ပြတ္ေပးၿပီး ေရေဆးခ်လိုက္ရင္ လံုး၀ ၾကည္လင္တဲ့မ်က္ႏွာကို ေတြ႔ရပါလိမ့္မယ္လို႔ Chopra က ဆုိပါတယ္။

Priyanka Chopra

Priyanka Chopra

ဆံေကသာကိုလည္း ထိန္းသိမ္းပါ။
Chopra က အတြက္ သူမရဲ႕ဆံပင္ေတြကလည္း တကယ္ကို အေရးပါပါတယ္။ ဆံသားနဲ႔ပတ္သက္လို႔ Chopra က ကိုယ္နဲ႔၊ကိုယ္ဦးေရျပား၊ဆံပင္သားစတာေတြအတြက္ သင့္တင့္မွ်တတဲ့ Shampoo နဲ႔ Conditioner ကို သံုးေပးေလ့ရွိပါတယ္တဲ့။ ဒါ့အျပင္ Shampoo နဲ႔ Conditioner အတြဲအစပ္တင္မကပဲ အနည္းဆံုး တစ္ပတ္မွာ ႏွစ္ႀကိမ္ေလာက္ေတာ့ ဦးေရျပားကို ထိထိေရာက္ေရာက္ သန္႔စင္ေပးႏိုင္မယ့္Deep-Conditioning Mask သံုးေပးဖို႔လည္း လိုတယ္လို႔ Chopra က ဆုိပါတယ္။

ဆံသားနဲ႔ ဦးေရျပားကို ဆီလိမ္းေပးပါတယ္။
အုန္းဆီက Chopra အတြက္ေတာ့ မိတ္ကပ္ဖ်က္တဲ့အခါမွာတင္မကပဲ ဆံသားေတြ နက္ေမွာင္ထူထဲေအာင္ လုပ္တဲ့ေနရာမွာလည္း အသံုး၀င္ပါေသးတယ္။ Chopra က ဆံပင္ကို ဆီလိမ္းရတာ ႏွစ္သက္တဲ့သူတစ္ေယာက္
ျဖစ္ၿပီးေတာ့ ဦးေရျပားကို အုန္းဆီထည့္ေလ႔ရွိပါတယ္။ ဒီနည္းလမ္းက ေသြးလွည့္ပတ္မႈကိုလည္း အံ့ၾသေလာက္ေအာင္ ေကာင္းေစလို႔ပါတဲ့။

Priyanka Chopra

Priyanka Chopra

အခုအေပၚမွာေျပာျပေပးသြားတဲ့ နည္းလမ္းေတြက Priyanka Chopra တကယ္ကို က်င့္သံုးလိုက္နာတဲ့ အလွအပ
နည္းလမ္းေတြပါ။ လွခ်င္တယ္၊ႏုနယ္ပ်ိဳမ်စ္ခ်င္တယ္ဆိုရင္ေတာ့ ျမန္ျမန္ လိုက္လုပ္ၾကည့္ဖို႔ ပ်င္းမေနနဲ႔ေတာ့ေနာ္။

Su Yi Htet (Akhayar)

[Unicode]

ဘောလီးဝုဒ်မင်းသမီး Priyanka Chopra ရဲ့ အလှအပလျှို့ဝှက်ချက်များ

Priyanka Chopra ကိုတော့ လူတိုင်းသိကြမှာပါ။ Chopra ဟာဆိုရင် Miss World လည်းဟုတ်၊ နာမည်ကျော် ဘောလီးဝုဒ်မင်းသမီးတစ်ဦးဖြစ်သလို လတ်တလောမှာလည်း မိန်းကလေးတို့ရဲ့ အသည်းစွဲ Jonas Brothers ထဲက တစ်ယောက်ဖြစ်တဲ့ Nick Jonas နဲ့လည်း စေ့စပ်ထားသူပါ။ Nick ထက် ဆယ်နှစ်လောက်ကြီးတဲ့ မမ Chopra တစ်ယောက်ဟာ အရမ်းကို နုနယ်လွန်းလို့ Nick နဲ့တောင် အရွယ်မတိမ်းမယိမ်းလို့ ထင်ရသူဖြစ်ပါတယ်။ ဒီလို နုနယ်ပျိုမျစ်မှုတွေရဲ့ နောက်ကွယ်မှာ Chopra ရဲ့ အလှအပလျှို့ဝှက်ချက်ဆိုတာ မရှိဘဲမနေနိုင်ပါဘူး။ ခုချိန်မှာ မိန်းကလေးအများစုကလည်း သူမအရွယ်တင်နုပျိုလှပနေတဲ့ လျှို့ဝှက်ချက်က ဘာများပါလဲလို့ တွေးကောင်း
တွေးနေပါလိမ့်မယ်။ စပ်စုမိထားသလောက်ကတော့ Chopra ရဲ့ Beauty Secret က အများကြီး မဟုတ်သလို နည်းလမ်းလေးတွေကလည်း ရိုးရှင်းပါတယ်။ ကဲ..အရမ်းကို သိချင်ကြနေပြီဟုတ်။

မျက်နှာကို သေချာသန့်စင်ပါ။
Chopra ဟာ မင်းသမီးမဖြစ်ခင် Pageant စပြိုင်တည်းက မိတ်ကပ်တွေ ခဏခဏဆိုသလို လိမ်းရတဲ့အတွက် သူမရဲ့အမေဖြစ်သူက မိတ်ကပ်လိမ်းပြီးတိုင်း ပြောင်စင်အောင် သေချာသန့်ရှင်းဖို့ အမြဲသတိပေးလေ့ရှိပါတယ်တဲ့။
အဲဒီကစလို့ Chopra က သူမရဲ့ မျက်နှာကို မိတ်ကပ်တွေလိမ်းပြီးတာနဲ့ ဖျက်တယ်။ညအိပ်ယာဝင်တာခါနီး မျက်နှာကို သေချာသန့်စင်ပြီးမှ အိပ်လေ့ရှိပါတယ်။

coconut oil

coconut oil

အုန်းဆီကို အရမ်းအထောက်အကူဖြစ်ပါတယ်။
Chopra မှာ မိတ်ကပ်ဖျက်တဲ့အခါ အကူအညီပေးတဲ့ ပစ္စည်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ အုန်းဆီပါ။
Chopra က သဘာဝအုန်းဆီကို မိတ်ကပ်ဖျက်တဲ့အခါမှာသုံးသလို ဖျက်ပြီးတာနဲ့ အုန်းဆီကိုချက်ချင်း
ရေဆေးတာတို့၊ ဖယ်ပစ်တာတို့ မလုပ်ပါဘူး။ မျက်နှာပေါ်မှာ မိနစ်အနည်းငယ်ထားပြီးမှ တာဝါခပ်စိုစိုလေးနဲ့ ဖယ်ပစ်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုရင် ဒီနည်းလမ်းက မျက်နှာမှာ ရှိတဲ့အညစ်အကြေးတွေကို ဖယ်ရှားပြီးသား ဖြစ်သွားသလို မျက်နှာအစိုဓာတ်လည်း ရစေလို့ပါပဲ။

Priyanka Chopra

Priyanka Chopra

မိတ်ကပ်အများကြီးမလိမ်းပါဘူး။
Chopra က Miss ကနေ မင်းသမီးအဖြစ်တက်လှမ်းလာတဲ့သူဆိုတော့ တောက်လျှောက်ပြိုင်ပွဲဝင်တည်းက မိတ်ကပ်တွေ တစ်မျိုးပြီးတစ်မျိုးလိမ်းရတာမျိုး ရှိတယ်ဆိုပေမယ့် မိတ်ကပ်ကို မျက်နှာပေါ်မှာ ကြာကြာထားလေ့မရှိပါဘူး။ ပြီးရင် မိတ်ကပ်လိမ်းတဲ့အခါ အများကြီး ပြင်ဆင်လေ့မရှိပါဘူး။ သူမအတွက်ကတော့ အသားအရည်က ကြည်လင်သန့်ရှင်းပြီး အစိုဓာတ်ပြည့်ဝနေဖို့ကသာ အရေးကြီးတယ်လို့ ဆိုပါတယ်။ ပေါင်ဒါ နည်းနည်းလိမ်းမယ်၊ မျက်တောင်ကော့ဆေးသုံးမယ်၊ နှုတ်ခမ်းနီဆိုးမယ် ဒါဆို သူမအတွက်က အဆင်ပြေ
လုံလောက်သွားပါပြီတဲ့။

Priyanka Chopra

Priyanka Chopra

ရိုးရာနည်းတွေကိုလည်း သုံးပါ။
တခါတလေမှာ ခေတ်အဆက်ဆက်သုံးလာတဲ့ ပေါင်းတင်နည်းတွေ၊ အသားအရေထိန်းသိမ်းနည်းတွေကလည်း တကယ်ကို အသုံးဝင်ပါတယ်။ Chopra ဆိုရင် သူမတို့ဆီက Indian Culture နဲ့ Face Mask ကို အမြဲပြုလုပ်လေ့ရှိပါတယ်။ ပြီးတော့ အဲဒီ Mask ကလည်း ကိုယ့်အိမ် မီးဖိုချောင်မှာ လွယ်လွယ်ရနိုင်မယ့် ပစ္စည်းတွေနဲ့ပဲ လုပ်တာပါ။ Mask နာမည်ကိုတော့ Ubtan လို့ ခေါ်ကြပြီးတော့ အိန္ဒိယရိုးရာ မန်ကျည်းသီး၊ဆနွင်းနဲ့ စားစရာတစ်ချို့ကို အခြေခံပြီး လုပ်ထားတာဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကလည်း ရှာရလွယ်တဲ့ ဂျုံမှုန့်၊ဆနွင်းမှုန့်၊သံပရာရည်၊အဆီပြည့် ဒိန်ချဉ် နဲ့ Rose Water တို့ပဲ ပါဝင်တာပါ။ ပါဝင်ပစ္စည်းတွေကို ဇလုံခပ်ကြီးကြီးထဲမှာ ရောမွှေလိုက်ပြီး လိုအပ်တဲ့ Rose Water နည်းနည်းထပ်ထည့်လိုက်ရင် Ubtan ကို
ရမှာဖြစ်ပါတယ်။ မျက်နှာပေါ်မှာ ၁၅မိနစ်ကနေ မိနစ် ၂၀ လောက်ထားပြီးတဲ့ အချိန်မှာတော့ ခပ်ဖွဖွလေး Scrub လုပ်သလို ပွတ်ပေးပြီး ရေဆေးချလိုက်ရင် လုံး၀ ကြည်လင်တဲ့မျက်နှာကို တွေ့ရပါလိမ့်မယ်လို့ Chopra က
ဆိုပါတယ်။

Priyanka Chopra

Priyanka Chopra

ဆံကေသာကိုလည်း ထိန်းသိမ်းပါ။
Chopra က အတွက် သူမရဲ့ဆံပင်တွေကလည်း တကယ်ကို အရေးပါပါတယ်။ ဆံသားနဲ့ပတ်သက်လို့ Chopra က ကိုယ်နဲ့၊ကိုယ်ဦးရေပြား၊ဆံပင်သားစတာတွေအတွက် သင့်တင့်မျှတတဲ့ Shampoo နဲ့ Conditioner ကို သုံးပေးလေ့ရှိပါတယ်တဲ့။ ဒါ့အပြင် Shampoo နဲ့ Conditioner အတွဲအစပ်တင်မကပဲ အနည်းဆုံး တစ်ပတ်မှာ နှစ်ကြိမ်လောက်တော့ ဦးရေပြားကို ထိထိရောက်ရောက် သန့်စင်ပေးနိုင်မယ့် Deep-Conditioning Maskကိုလည်းသုံးပေးဖို့လည်း လိုတယ်လို့ Chopra က ဆိုပါတယ်။

ဆံသားနဲ့ ဦးရေပြားကို ဆီလိမ်းပေးပါတယ်။
အုန်းဆီက Chopra အတွက်တော့ မိတ်ကပ်ဖျက်တဲ့အခါမှာတင်မကပဲ ဆံသားတွေ နက်မှောင်ထူထဲအောင် လုပ်တဲ့နေရာမှာလည်း အသုံးဝင်ပါသေးတယ်။ Chopra က ဆံပင်ကို ဆီလိမ်းရတာ နှစ်သက်တဲ့သူ
တစ်ယောက်ဖြစ်ပြီးတော့ ဦးရေပြားကို အုန်းဆီထည့်လေ့ရှိပါတယ်။ ဒီနည်းလမ်းက သွေးလှည့်ပတ်မှုကိုလည်း အံ့သြလောက်အောင် ကောင်းစေလို့ပါတဲ့။

Priyanka Chopra

Priyanka Chopra

အခုအပေါ်မှာပြောပြပေးသွားတဲ့ နည်းလမ်းတွေက Priyanka Chopra တကယ်ကို ကျင့်သုံးလိုက်နာတဲ့ အလှအပနည်းလမ်းတွေပါ။ လှချင်တယ်၊နုနယ်ပျိုမျစ်ချင်တယ်ဆိုရင်တော့ မြန်မြန် လိုက်လုပ်ကြည့်ဖို့ ပျင်းမနေနဲ့တော့နော်။

Su Yi Htet (Akhayar)