[Zawgyi]

Priyanka Chopra အျမဲတမ္းလွေနတဲ့ လိ်ဳ႕ဝွက္ခ်က္နည္းလမး္သံုးခု

အိႏိၵယ မင္းသမီးလည္းျဖစ္၊ အဆိုေတာ္လည္းျဖစ္တဲ့ Priyanka Chopra က မိန္းကေလးေတြေရာ၊ ေယာက်ား္ေလးေတြေရာအားလံုး ေၾကြရပါတယ္။ သူရဲ႕ ညွိဳ႕အားျပင္းတဲ့မ်က္လံုးေလးေတြ၊ အသားညိဳေနေပးမယ့္ ညက္ေညာတဲ့သူရဲ႕အသားအေရေလးေတြေၾကာင့္ ပိုျပီး ေၾကြရပါတယ္။ အသက္ ၃၅ႏွစ္ရွိေနေပမယ့္ အခုခ်ိန္ထိလွေနဆဲျဖစ္ပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

သူ႕လိုမ်ိဳးအသားအေရညက္ေညာျပီး ျပီးျပည့္စံုတဲ့အလွတရားမ်ိဳးရရွိႏိုင္ဖို႔အတြက္ လ်ိဳ႕ဝွက္ခ်က္ေတြရွိေနမယ္လို႔မထင္ေလဘူးလား။ လ်ိဳ႔ဝွက္ခ်က္ေတြရွိပါတယ္တဲ့ေနာ္။ ေျပာျပလိုက္ရင္ ဒါပဲလားလို႔ေတာင္ထင္သြားႏိုင္ပါတယ္။ အဲဒီလ်ိဳ႕ဝွက္ခ်က္ကေတာ့ DIY Beauty Tips သံုးမ်ိဳးပဲျဖစ္ပါတယ္။ Scrub လို႔ေျပာလိုက္လို႔ အထင္မေသးသြားပါနဲ႔ေနာ္။ ဒီနည္းလမ္းသံုးခုက Priyanka Chopra ရဲ႕ အဖြားျဖစ္သူက သင္ျပထားတဲ့အလွနည္းလမ္းေတြအတိုင္းျပဳလုပ္ထားတာျဖစ္ပါတယ္။ အိႏိၵယမွာ ဖြားဖြားနဲ႔အတူ အျခား အိႏိၵယအမ်ိဳးသမီးေတြၾကားမွာ အခ်စ္ခံခဲ့ရတဲ့ Priyanka Chopra က သင္ယူခဲ့တာျဖစ္ပါတယ္တဲ့ေနာ္။

Lip Scrub

သူ႕ရဲ ႕ ႏႈတ္ခမ္းေလး အျမဲပန္းေရာင္သမ္းေနခဲ့တဲ့ အလွတရားရဲ႕ေနာက္ကြယ္က လ်ိဳ႕ဝွက္ခ်က္ေလးျဖစ္ပါတယ္။ ဒီ Lip Scrub ေလးကိုလုပ္ဖို႔အတြက္ Sea Salt ၊ Vegetable Glycerin နဲ႔ Rose Water တို႔လိုအပ္ပါတယ္။ “Sea Sult ကိုေတာ့ ကိုယ့္ရဲ႕ ႏႈတ္ခမး္တစ္ခုစာေလာက္ပဲထည့္ေပးရပါမယ္။ Vegetable Glycerin နဲ႔ Rose Water ကိုေတာ့ အနည္းငယ္ဆီပဲထည့္ပါ။” ဆိုျပီး ေျပာထားပါတယ္။ ျပီးရင္ေတာ့ ႏႈတ္ခမ္းကို လက္ေလးနဲ႔ အသာအယာ စက္ဝိုင္းပံုစံပြတ္ေပးရမွာျဖစ္ပါတယ္။

Priyanka Chopra

Priyanka Chopra

Body Scrub

ဒီ Body Scrub ကေတာ့ ကိုယ့္ရဲ႕အသားအေရကို အစိုဓာတ္ေပးေစမွာျဖစ္ျပီး ေရဓာတ္ကိုလည္း ျဖည့္ေပးမွာျဖစ္ပါတယ္။ ဒါတင္မကေသးပဲ ကိုယ့္ရဲ႕အသားအေရမညီတာေတြကိုလည္း သက္သာေပ်ာက္ကင္းေစပါေသးတယ္တဲ့။ Body Scrub ကို လုပ္ဖို႔အတြက္ Gram Flour ၊ Yogurt ၊ Lemon ၊ Milk ၊ Sandalwood Powder နဲ႔ Turmeric တို႔လိုအပ္ပါတယ္။ “Gram Flour ကို ထည့္တဲ့အခါ လက္သီးတစ္ဆုပ္စာေလာက္ထည့္ပါ။ Yogurt ကိုေတာ့ ဘာ Flavor မွမပါတဲ့ Plain Yogurt ကိုသာထည့္ရမွာျဖစ္ပါတယ္။ Lemon နည္းနည္းထည့္ပါ။ ျပီးရင္ေတာ့ သမေအာင္ေမႊေပးပါ။ အားလံုးကို ေမႊျပီးလို႔ သမသြားျပီ… ျပစ္သြားတဲ့အေနအထားကို ေရာက္ျပီဆိုရင္ေတာ့ ႏြားႏို႕ထည့္ေပးရမွာျဖစ္ပါတယ္။ ေနာက္ဆံုးအေနနဲ႔ေတာ့ Sandalwood Powder နဲ႔ Turmeric အနည္းငယ္ ကိုထည့္ရမွာျဖစ္ပါတယ္။”လို႔ေျပာျပသြားပါတယ္။ ကိုယ္နဲ႔ Allergic ျဖစ္မျဖစ္အရင္ဆံုး လက္ေပၚတင္ျပီး စမ္းၾကည့္ဖို႔လည္းေျပာသြားပါေသးတယ္။ ျပီးသြားျပီးဆိုရင္ေတာ့ ကိုယ္ခႏၶာေပၚတင္ျပီး ႏွ႔ံေအာင္ ပြတ္ေပးပါ။ ေျခာက္ေအာင္ထားေပးရပါမယ္။ ျပီးရင္ေတာ့ ေရေဆးခ်လိုက္ရံုပါပဲ။

Priyanka Chopra

Priyanka Chopra

Scalp Treatment

အခုေျပာျပသြားမယ့္ Scalp Treatment ကေတာ့ ဦးေရေျခာက္တဲ့သူေတြနဲ႔ ေဗာက္ထတဲ့သူေတြအတြက္ အသံုးတည့္မယ့္နည္းလမ္းျဖစ္ပါတယ္တဲ့ေနာ္။ ဒီလိုျပဳလုပ္ဖို႔အတြက္ Yogurt ၊ Honey နဲ႔ Egg (ၾကက္ဥ) တို႔ကို ထည့္ျပီး သမေအာင္ေမႊရမွာျဖစ္ပါတယ္။ Honey ကို ထည့္တဲ့အခါ အနည္းငယ္သာထည့္ဖို႔လိုအပ္မွာျဖစ္ပါတယ္။ သမေအာင္ေမႊထားတဲ့ Scalp Treatment ကို မိနစ္သံုးဆယ္ေလာက္ ေခါင္းမွာႏွပ္ထားပါ။ ႏွပ္ထားျပီးသြားရင္ေတာ့ Baby Mild Shampoo (သို႔) ကိုယ့္အသံုးျပဳေနက်ေခါငး္ေလွ်ာ္ရည္နဲ႔ ေလွ်ာ္ခ်လိုက္ပါ။ ေရေႏြးကို အသုံးျပဳဖို႔လိုအပ္ပါမယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ဒီေလာက္ဆိုရင္ေတာ့ မမေတြညီမေတြအားလံုး Priyanka Chopra လိုပဲ ညိဳ႕အားျပင္းၿပီး စိုေျပဝင္းပတဲ့အသားအေရကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Priyanka Chopra အမြဲတမ်းလှနေတဲ့ လျို့ဝှက်ချက်နည်းလမ်းသုံးခု

အိန္ဒိယ မင်းသမီးလည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ Priyanka Chopra က မိန်းကလေးတွေရော၊ ယောကျာ်းလေးတွေရောအားလုံး ကြွေရပါတယ်။ သူရဲ့ ညှို့အားပြင်းတဲ့ မျက်လုံးလေးတွေ၊ အသားညိုနေပေးမယ့် ညက်ညောတဲ့သူရဲ့အသားအရေလေးတွေကြောင့် ပိုပြီး ကြွေရပါတယ်။ အသက် ၃၅နှစ်ရှိနေပေမယ့် အခုချိန်ထိလှနေဆဲဖြစ်ပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

သူ့လိုမျိုးအသားအရေညက်ညောပြီး ပြီးပြည့်စုံတဲ့အလှတရားမျိုးရရှိနိုင်ဖို့အတွက် လျို့ဝှက်ချက်တွေရှိနေမယ်လို့မထင်လေဘူးလား။ လျို့ဝှက်ချက်တွေရှိပါတယ်တဲ့နော်။ ပြောပြလိုက်ရင် ဒါပဲလားလို့တောင်ထင်သွားနိုင်ပါတယ်။ အဲဒီလျို့ဝှက်ချက်ကတော့ DIY Beauty Tips သုံးမျိုးပဲဖြစ်ပါတယ်။ Scrub လို့ပြောလိုက်လို့ အထင်မသေးသွားပါနဲ့နော်။ ဒီနည်းလမ်းသုံးခုက Priyanka Chopra ရဲ့ အဖွားဖြစ်သူက သင်ပြထားတဲ့အလှနည်းလမ်းတွေအတိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။ အိန္ဒိယမှာ ဖွားဖွားနဲ့အတူ အခြား အိန္ဒိယအမျိုးသမီးတွေကြားမှာ အချစ်ခံခဲ့ရတဲ့ Priyanka Chopra က သင်ယူခဲ့တာဖြစ်ပါတယ်တဲ့နော်။

Lip Scrub

သူ့ရဲ့ နှုတ်ခမ်းလေး အမြဲပန်းရောင်သမ်းနေခဲ့တဲ့ အလှတရားရဲ့နောက်ကွယ်က လျို့ဝှက်ချက်လေးဖြစ်ပါတယ်။ ဒီ Lip Scrub လေးကိုလုပ်ဖို့အတွက် Sea Salt ၊ Vegetable Glycerin နဲ့ Rose Water တို့လိုအပ်ပါတယ်။ “Sea Sult ကိုတော့ ကိုယ့်ရဲ့ နှုတ်ခမ်းတစ်ခုစာလောက်ပဲထည့်ပေးရပါမယ်။ Vegetable Glycerin နဲ့ Rose Water ကိုတော့ အနည်းငယ်ဆီပဲထည့်ပါ။” ဆိုပြီး ပြောထားပါတယ်။ ပြီးရင်တော့ နှုတ်ခမ်းကို လက်လေးနဲ့ အသာအယာ စက်ဝိုင်းပုံစံပွတ်ပေးရမှာဖြစ်ပါတယ်။

Priyanka Chopra

Priyanka Chopra

Body Scrub

ဒီ Body Scrub ကတော့ ကိုယ့်ရဲ့အသားအရေကို အစိုဓာတ်ပေးစေမှာဖြစ်ပြီး ရေဓာတ်ကိုလည်း ဖြည့်ပေးမှာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ကိုယ့်ရဲ့အသားအရေမညီတာတွေကိုလည်း သက်သာပျောက်ကင်းစေပါသေးတယ်တဲ့။ Body Scrub ကို လုပ်ဖို့အတွက် Gram Flour ၊ Yogurt ၊ Lemon ၊ Milk ၊ Sandalwood Powder နဲ့ Turmeric တို့လိုအပ်ပါတယ်။ “Gram Flour ကို ထည့်တဲ့အခါ လက်သီးတစ်ဆုပ်စာလောက်ထည့်ပါ။ Yogurt ကိုတော့ ဘာ Flavor မှမပါတဲ့ Plain Yogurt ကိုသာထည့်ရမှာဖြစ်ပါတယ်။ Lemon နည်းနည်းထည့်ပါ။ ပြီးရင်တော့ သမအောင်မွှေပေးပါ။ အားလုံးကို မွှေပြီးလို့ သမသွားပြီ… ပြစ်သွားတဲ့အနေအထားကို ရောက်ပြီဆိုရင်တော့ နွားနို့ထည့်ပေးရမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့တော့ Sandalwood Powder နဲ့ Turmeric အနည်းငယ် ကိုထည့်ရမှာဖြစ်ပါတယ်။”လို့ပြောပြသွားပါတယ်။ ကိုယ်နဲ့ Allergic ဖြစ်မဖြစ်အရင်ဆုံး လက်ပေါ်တင်ပြီး စမ်းကြည့်ဖို့လည်းပြောသွားပါသေးတယ်။ ပြီးသွားပြီးဆိုရင်တော့ ကိုယ်ခန္ဓာပေါ်တင်ပြီး နှံ့အောင် ပွတ်ပေးပါ။ ခြောက်အောင်ထားပေးရပါမယ်။ ပြီးရင်တော့ ရေဆေးချလိုက်ရုံပါပဲ။

Priyanka Chopra

Priyanka Chopra

Scalp Treatment

အခုပြောပြသွားမယ့် Scalp Treatment ကတော့ ဦးရေခြောက်တဲ့သူတွေနဲ့ ဗောက်ထတဲ့သူတွေအတွက် အသုံးတည့်မယ့်နည်းလမ်းဖြစ်ပါတယ်တဲ့နော်။ ဒီလိုပြုလုပ်ဖို့အတွက် Yogurt ၊ Honey နဲ့ Egg (ကြက်ဥ) တို့ကို ထည့်ပြီး သမအောင်မွှေရမှာဖြစ်ပါတယ်။ Honey ကို ထည့်တဲ့အခါ အနည်းငယ်သာထည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။ သမအောင်မွှေထားတဲ့ Scalp Treatment ကို မိနစ်သုံးဆယ်လောက် ခေါင်းမှာနှပ်ထားပါ။ နှပ်ထားပြီးသွားရင်တော့ Baby Mild Shampoo (သို့) ကိုယ့်အသုံးပြုနေကျခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။ ရေနွေးကို အသုံးပြုဖို့လိုအပ်ပါမယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

ဒီလောက်ဆိုရင်တော့ မမတွေညီမတွေအားလုံး Priyanka Chopra လိုပဲ ညို့အားပြင်းပြီး စိုပြေဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။