[Zawgyi]

အလွနတ္သမီး အက္ရွ္ဝါရိုင္း ရဲ႕ႏုပ်ိဳျခင္းလွ်ိဳ႕ဝွက္ခ်က္မ်ား

အက္ရွ္ဝါရိုင္း (Aishwarya Rai) ဆိုတာ လွပျခင္းနဲ႔ ဥာဏ္ရည္ထက္ျမက္ျခင္းကိုေပါင္းစပ္ထားတဲ႔သူတစ္ေယာက္ပါ။ Miss World 1994 မွသည္ နာမည္ၾကီးေဘာလိဝုဒ္ မင္းသမီးတစ္ေယာက္ ၊ Cosmetic Brand မ်ားစြာကို ကိုယ္စားျပဳေပးေနတဲ႔ အလွနတ္သမီးတစ္ေယာက္လည္း ျဖစ္ပါတယ္။ အသက္ ၄၃ ႏွစ္ အရြယ္ရွိျပီး သမီးေလးတစ္ေယာက္အေမျဖစ္ေပမယ္႔ လွပႏုပ်ိဳေနဆဲပါ။

အိႏၵိယအမ်ိဳးသမီးတစ္ေယာက္ျဖစ္တဲ႔သူမက လွပျခင္းနဲ႔ပတ္သက္ျပီး ဘယ္လုိထံုးတမ္းစဥ္လာေတြကို လိုက္နာသလဲ ဘာေတြက သူမရဲ႕အလွအပလ်ွိဳ႕ဝွက္ခ်က္မ်ားျဖစ္ေနမလဲဆိုတာ စိတ္ဝင္စားစရာၾကီးပါေန္ာ။

ကဲ…သူမရဲ႕ အလွအပကမၻာထဲဝင္ေရာက္ၾကည္႔ရေအာင္လား။

လွ်ိဳ႕ဝွက္ခ်က္ (၁)

အသားအေရနဲ႔ ဆံပင္ေကာင္းတဲ႔သူမက ဒီအလွေတြတည္ျမဲဖို႔ က်န္းမာတဲ႔လူေနမႈဘဝကို ဖက္တြယ္သူပါ။ ဆီေၾကာ္ေတြ ၊ အသင္႔စား အစားအေသာက္ေတြ ၊ စည္သြပ္ဘူးေတြ ၊ ေဆးလိပ္ ၊ အရက္ေတြေရွာင္ပါတယ္။ ကဖင္းေရွာင္ပါတယ္ ၊ Green Tea ေသာက္ပါတယ္။

အိမ္မွာခ်က္ျပဳတ္စားေသာက္ရတာပိုသေဘာက်တယ္လို႔ သူမကဆိုပါတယ္။ ဒီအခ်က္ေတြက တစ္ခါတစ္ရံမဟုတ္ဘဲ တစ္သက္လံုးလိုက္နာသြားရမယ္႔အခ်က္ေတြပါလို႔ အၾကံျပဳထားတာပါ။ ဆန္လံုးညိဳ နဲ႔ ခ်ပါတီစားေလ႔ရွိျပီး အစားကို နည္းနည္းနဲ႔မၾကာမၾကာစားေလ႔ရွွိပါတယ္။

လွ်ိဳ႕ဝွက္ခ်က္ (၂)

သူမက အသားအေရနဲ႔ပတ္သက္ျပီး ဆဲလ္ေသဖယ္ရွားျပီး အသားအေရလွဖို႔အတြက္ ႏြားႏို႔နဲ႔နႏြင္းကိုေရာျပီး ခႏၶာကိုယ္ေပၚပြတ္တိုက္ေလ႔ရွိတယ္လို႔ ေျပာခဲ႔ဖူးပါတယ္။

ျပီးေတာ႔ ဒိန္ခ်ဥ္နဲ႔ သခြားသီးက သူမအတြက္ အေကာင္းဆံုး Face Mask ပါတဲ႔။ Skincare သံုးရင္ေတာ႔ မ်က္ႏွာသစ္ေဆးနဲ႔ Moisturizer ကုိအထူးပဲအေလးထားပါတယ္။ မ်က္ႏွာကိုေရဓာတ္ျဖည္႔ေပးႏိုင္မယ္႔ အမ်ိဳးအစားကိုပဲ သံုးေလ႔ရွိပါတယ္။ Skin Care နဲ႔ပတ္သက္ရင္ Quality ကိုၾကည္႔တယ္လုိ႔ ေျပာဖူးပါတယ္။

မိတ္ကပ္ပစၥည္းေတြထဲမွာ သူမအၾကိဳက္ဆံုး Brand ေတြကေတာ႔ MAC ၊ NARS ၊ Bobbi Brown ၊ Revlon နဲ႔ Maybelline တို႔ပါပဲ။ အညိဳ ၊ ပန္းေရာင္ ၊ မက္မြန္ေရာင္ေတြက သူမအၾကိဳက္ဆံုး နႈတ္ခမ္းနီအေရာင္ေတြလို႔ဆိုပါတယ္။

လ်ွိဳ႕ဝွက္ခ်က္ (၃)

သူမကိုႏုပ်ိဳလန္းဆန္းေနေစတာကေတာ႔ ေယာဂ ပါပဲ။ ေယာဂကို စြဲစြဲျမဲျမဲေလ႔က်င္႔ျပီး တရားလည္းထိုင္ပါတယ္တဲ႔။ မနက္ခင္းတုိင္းမွာ ပ်ားရည္နဲ႔သံပရာသီးေရာေသာက္ေလ႔ရွိတယ္လို႔ ေျပာထားပါတယ္။ ဒါက သူမကုိေသြးလည္ပတ္မႈေကာင္းေစျပီး အဆီက်ေစတယ္လုိ႔ ဝန္ခံထားတာျဖစ္ပါတယ္။

လွ်ိဳ႕ဝွက္ခ်က္ (၄)

အဲ…တစ္ခုရွိတာက တစ္လႏွစ္ၾကိမ္ေလာက္ Spa သြားေလ႔ရွိတယ္လို႔လည္း ဆိုထားပါေသးတယ္။

(ဟီးး….ကိုယ္ေတြလည္း ၂ လတစ္ၾကိမ္ေလာက္ေတာ႔ ျဖစ္ေအာင္သြားသင္႔တာေပါ႔ေနာ)

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

[Unicode]

အလှနတ်သမီး အက်ရှ်ဝါရိုင်း ရဲ့နုပျိုခြင်းလျှို့ဝှက်ချက်များ

အက်ရှ်ဝါရိုင်း (Aishwarya Rai) ဆိုတာ လှပခြင်းနဲ့ ဉာဏ်ရည်ထက်မြက်ခြင်းကိုပေါင်းစပ်ထားတဲ့သူတစ်ယောက်ပါ။ Miss World 1994 မှသည် နာမည်ကြီးဘောလိဝုဒ် မင်းသမီးတစ်ယောက် ၊ Cosmetic Brand များစွာကို ကိုယ်စားပြုပေးနေတဲ့ အလှနတ်သမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ အသက် ၄၃ နှစ် အရွယ်ရှိပြီး သမီးလေးတစ်ယောက်အမေဖြစ်ပေမယ့် လှပနုပျိုနေဆဲပါ။

အိန္ဒိယအမျိုးသမီးတစ်ယောက်ဖြစ်တဲ့သူမက လှပခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုထုံးတမ်းစဉ်လာတွေကို လိုက်နာသလဲ ဘာတွေက သူမရဲ့အလှအပလျှို့ဝှက်ချက်များဖြစ်နေမလဲဆိုတာ စိတ်ဝင်စားစရာကြီးပါနေ်ာ။

ကဲ…သူမရဲ့ အလှအပကမ္ဘာထဲဝင်ရောက်ကြည့်ရအောင်လား။

လျှို့ဝှက်ချက် (၁)

အသားအရေနဲ့ ဆံပင်ကောင်းတဲ့သူမက ဒီအလှတွေတည်မြဲဖို့ ကျန်းမာတဲ့လူနေမှုဘဝကို ဖက်တွယ်သူပါ။ ဆီကြော်တွေ ၊ အသင့်စား အစားအသောက်တွေ ၊ စည်သွပ်ဘူးတွေ ၊ ဆေးလိပ် ၊ အရက်တွေရှောင်ပါတယ်။ ကဖင်းရှောင်ပါတယ် ၊ Green Tea သောက်ပါတယ်။

အိမ်မှာချက်ပြုတ်စားသောက်ရတာပိုသဘောကျတယ်လို့ သူမကဆိုပါတယ်။ ဒီအချက်တွေက တစ်ခါတစ်ရံမဟုတ်ဘဲ တစ်သက်လုံးလိုက်နာသွားရမယ့်အချက်တွေပါလို့ အကြံပြုထားတာပါ။ ဆန်လုံးညို နဲ့ ချပါတီစားလေ့ရှိပြီး အစားကို နည်းနည်းနဲ့မကြာမကြာစားလေ့ရှိပါတယ်။

လျှို့ဝှက်ချက် (၂)

သူမက အသားအရေနဲ့ပတ်သက်ပြီး ဆဲလ်သေဖယ်ရှားပြီး အသားအရေလှဖို့အတွက် နွားနို့နဲ့နနွင်းကိုရောပြီး ခန္ဓာကိုယ်ပေါ်ပွတ်တိုက်လေ့ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

ပြီးတော့ ဒိန်ချဉ်နဲ့ သခွားသီးက သူမအတွက် အကောင်းဆုံး Face Mask ပါတဲ့။ Skincare သုံးရင်တော့ မျက်နှာသစ်ဆေးနဲ့ Moisturizer ကိုအထူးပဲအလေးထားပါတယ်။ မျက်နှာကိုရေဓာတ်ဖြည့်ပေးနိုင်မယ့် အမျိုးအစားကိုပဲ သုံးလေ့ရှိပါတယ်။ Skin Care နဲ့ပတ်သက်ရင် Quality ကိုကြည့်တယ်လို့ ပြောဖူးပါတယ်။

မိတ်ကပ်ပစ္စည်းတွေထဲမှာ သူမအကြိုက်ဆုံး Brand တွေကတော့ MAC ၊ NARS ၊ Bobbi Brown ၊ Revlon နဲ့ Maybelline တို့ပါပဲ။ အညို ၊ ပန်းရောင် ၊ မက်မွန်ရောင်တွေက သူမအကြိုက်ဆုံး နှုတ်ခမ်းနီအရောင်တွေလို့ဆိုပါတယ်။

လျှို့ဝှက်ချက် (၃)

သူမကိုနုပျိုလန်းဆန်းနေစေတာကတော့ ယောဂ ပါပဲ။ ယောဂကို စွဲစွဲမြဲမြဲလေ့ကျင့်ပြီး တရားလည်းထိုင်ပါတယ်တဲ့။ မနက်ခင်းတိုင်းမှာ ပျားရည်နဲ့သံပရာသီးရောသောက်လေ့ရှိတယ်လို့ ပြောထားပါတယ်။ ဒါက သူမကိုသွေးလည်ပတ်မှုကောင်းစေပြီး အဆီကျစေတယ်လို့ ဝန်ခံထားတာဖြစ်ပါတယ်။

လျှို့ဝှက်ချက် (၄)

အဲ…တစ်ခုရှိတာက တစ်လနှစ်ကြိမ်လောက် Spa သွားလေ့ရှိတယ်လို့လည်း ဆိုထားပါသေးတယ်။

(ဟီးး….ကိုယ်တွေလည်း ၂ လတစ်ကြိမ်လောက်တော့ ဖြစ်အောင်သွားသင့်တာပေါ့နော)

ဂျူဂျူး(အခရာ)

www.akhayar.com