[ZawGyi]

ကိုရီးယားအႏုပညာရွင္ေတြရဲ႕ မရွိမျဖစ္အလွအပပစၥည္းမ်ား

ကိုရီးယားအႏုပညာရွင္ေတြဆီကေန အလွအပနဲ႔ပတ္သက္ျပီး ေကာင္မေလးေတာ္ေတာ္မ်ားမ်ားအားက်တာက သူတုိ႔ရဲ႕ၾကည္လင္ရွင္းသန္႔လြန္းတဲ႔အသားအေရနဲ႔ သဘာဝဆန္တဲ႔မိတ္ကပ္ျပင္ဆင္မႈပါပဲ။ တစ္ခုရွိတာက သူတို႔ေတြက Skincare နဲ႔ Cosmetic မ်ိဳးစံု ကိုကိုယ္စားျပဳေၾကာ္ျငာေပးေနျပန္ေတာ႔ သူတုိ႔တကယ္တမ္းဘာေတြသံုးလဲဆိုတဲ႔အခ်က္ကလည္း စိတ္ဝင္စားဖုိ႔ေကာင္းေနပါတယ္။ ဒါေၾကာင္႔ နာမည္ၾကီးကိုရီးယားအႏုပညာရွင္ေတြ တကယ္တမ္းဘယ္ Brand ေတြသံုးေနလဲ၊ သူတုိ႔အတြက္ မရွိမျဖစ္အရာကဘာေတြျဖစ္မလဲဆိုတာကို ရွာေဖြစူးစမ္းမွ်ေဝေပးလုိက္ပါတယ္။

Suzy

Suzy-Bae

Suzy-Bae

Miss A ရဲ႕အဖြဲ႕ဝင္ေဟာင္းျဖစ္ျပီး ေအာင္ျမင္မႈေတြဆုပ္ကိုင္ထားဆဲ Suzy ကသူမရဲ႕အႏုပညာအရည္အေသြးအျပင္ ေခ်ာေမာလွပတဲ႔ရုပ္ရည္ေၾကာင္႔လည္း ထင္ရွားပါတယ္။ Suzy က Cosmetic Brand ေတြလည္း ကိုယ္စားျပဳေၾကာ္ျငာသူေလးမုိ႔ သူမသံုးတဲ႔အလွကုန္ေတြကလည္း စိတ္ဝင္စားစရာပါ။ Suzy ကေတာ႔ သူမအတြက္ မရွိမျဖစ္အလွကုန္ပစၥည္းက Lancome ရဲ႕ L’Absolu Rouge Hydrating Shaping Lipstick လို႔ဆုိထားပါတယ္။

Lancome-lipstick

Lancome-lipstick

Sooyoung

SooYoung

SooYoung

Girls’Generation အဖြဲ႔ဝင္ေဟာင္း Sooyoung က သူမရဲ႕ၾကည္လင္လွပတဲ႔အသားအေရေၾကာင္႔ လူအမ်ားအားက်ခံရသူပါ။ သူမက SKII ကိုအသဲစြဲလုိ႔ဆုိထားပါတယ္။ SKII ထဲက Overnight Miracle Mask ကသူမအတြက္မရွိမျဖစ္ပါပဲတဲ႔။ ဒီ Mask က အသားအေရကိုအစိုဓာတ္ျပည္႔ဝေစျပီး အိပ္ရာႏိုးလာတာနဲ႔ၾကည္လင္ျပီး အင္အားျပည္႔တဲ႔အသားအေရကိုပိုင္ဆိုင္ႏိုင္ေစတယ္လုိ႔ဆုိထားပါတယ္။

Overnight-Miracle-Mask

Overnight-Miracle-Mask

Soyou

Soyou

Soyou

Sistar အဖြဲ႕ရဲ႕အဖြဲ႔ဝင္ေဟာင္း Soyou က Etude House ၾကိဳက္သူပါ။ သူမအတြက္မရွိမျဖစ္က Etude House ရဲ႕ Soon Jung Sleeping Pack ပါပဲတဲ႔။ ဒီ Sleeping Pack ေလးလိမ္းျပီး ညအိပ္တာက မနက္လင္းလာနဲ႔လင္းလက္ေတာက္ပတဲ႔အသားအေရကို ပိုင္ဆုိင္ႏိုင္ေစတယ္လုိ႔ သူမကေျပာထားပါေသးတယ္။

Soon-Jung-sleeping-pack

Soon-Jung-sleeping-pack

Pony

Pony

Pony

အမ်ိဳးသမီးေတြရဲ႕ အသဲစြဲ Youtuber ေလး Pony ကေတာ႔ သူမရဲ႕အလွျပင္ဗီဒီယိုေတြကို အခ်ိန္တိုင္းအားေပးသူမ်ားေနဆဲပါ။ Kat Von D Everlasting Liquid Lipstick ကိုၾကိဳက္သူပါတဲ႔။ ဒီႏႈတ္ခမ္းနီမွာက ဗီတာမင္ A,C,E ပါဝင္ျပီး အစိုဓာတ္ျဖည္႔ေပးႏိုင္တယ္လုိ႔ သိရပါတယ္။

KatVonD

KatVonD

www.akhayar.com

[Unicode]

ကိုရီးယားအနုပညာရှင်တွေရဲ့ မရှိမဖြစ်အလှအပပစ္စည်းများ

ကိုရီးယားအနုပညာရှင်တွေဆီကနေ အလှအပနဲ့ပတ်သက်ပြီး ကောင်မလေးတော်တော်များများအားကျတာက သူတို့ရဲ့ကြည်လင်ရှင်းသန့်လွန်းတဲ့အသားအရေနဲ့ သဘာဝဆန်တဲ့မိတ်ကပ်ပြင်ဆင်မှုပါပဲ။ တစ်ခုရှိတာက သူတို့တွေက Skincare နဲ့ Cosmetic မျိုးစုံ ကိုကိုယ်စားပြုကြော်ငြာပေးနေပြန်တော့ သူတို့တကယ်တမ်းဘာတွေသုံးလဲဆိုတဲ့အချက်ကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါကြောင့် နာမည်ကြီးကိုရီးယားအနုပညာရှင်တွေ တကယ်တမ်းဘယ် Brand တွေသုံးနေလဲ၊ သူတို့အတွက် မရှိမဖြစ်အရာကဘာတွေဖြစ်မလဲဆိုတာကို ရှာဖွေစူးစမ်းမျှဝေပေးလိုက်ပါတယ်။

Suzy

Suzy-Bae

Suzy-Bae

Miss A ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်ပြီး အောင်မြင်မှုတွေဆုပ်ကိုင်ထားဆဲ Suzy ကသူမရဲ့အနုပညာအရည်အသွေးအပြင် ချောမောလှပတဲ့ရုပ်ရည်ကြောင့်လည်း ထင်ရှားပါတယ်။ Suzy က Cosmetic Brand တွေလည်း ကိုယ်စားပြုကြော်ငြာသူလေးမို့ သူမသုံးတဲ့အလှကုန်တွေကလည်း စိတ်ဝင်စားစရာပါ။ Suzy ကတော့ သူမအတွက် မရှိမဖြစ်အလှကုန်ပစ္စည်းက Lancome ရဲ့ L’Absolu Rouge Hydrating Shaping Lipstick လို့ဆိုထားပါတယ်။

Lancome-lipstick

Lancome-lipstick

Sooyoung

SooYoung

SooYoung

Girls’Generation အဖွဲ့ဝင်ဟောင်း Sooyoung က သူမရဲ့ကြည်လင်လှပတဲ့အသားအရေကြောင့် လူအများအားကျခံရသူပါ။ သူမက SKII ကိုအသဲစွဲလို့ဆိုထားပါတယ်။ SKII ထဲက Overnight Miracle Mask ကသူမအတွက်မရှိမဖြစ်ပါပဲတဲ့။ ဒီ Mask က အသားအရေကိုအစိုဓာတ်ပြည့်ဝစေပြီး အိပ်ရာနိုးလာတာနဲ့ကြည်လင်ပြီး အင်အားပြည့်တဲ့အသားအရေကိုပိုင်ဆိုင်နိုင်စေတယ်လို့ဆိုထားပါတယ်။

Overnight-Miracle-Mask

Overnight-Miracle-Mask

Soyou

Soyou

Soyou

Sistar အဖွဲ့ရဲ့အဖွဲ့ဝင်ဟောင်း Soyou က Etude House ကြိုက်သူပါ။ သူမအတွက်မရှိမဖြစ်က Etude House ရဲ့ Soon Jung Sleeping Pack ပါပဲတဲ့။ ဒီ Sleeping Pack လေးလိမ်းပြီး ညအိပ်တာက မနက်လင်းလာနဲ့လင်းလက်တောက်ပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေတယ်လို့ သူမကပြောထားပါသေးတယ်။

Soon-Jung-sleeping-pack

Soon-Jung-sleeping-pack

Pony

Pony

Pony

အမျိုးသမီးတွေရဲ့ အသဲစွဲ Youtuber လေး Pony ကတော့ သူမရဲ့အလှပြင်ဗီဒီယိုတွေကို အချိန်တိုင်းအားပေးသူများနေဆဲပါ။ Kat Von D Everlasting Liquid Lipstick ကိုကြိုက်သူပါတဲ့။ ဒီနှုတ်ခမ်းနီမှာက ဗီတာမင် A,C,E ပါဝင်ပြီး အစိုဓာတ်ဖြည့်ပေးနိုင်တယ်လို့ သိရပါတယ်။

KatVonD

KatVonD

www.akhayar.com