[Zawgyi]

ဖားကို အသက္ထြက္မတက္ အရမ္းေၾကာက္ပါတယ္ဆိုတဲ့ Beauty Blogger ဝင္းမင္းသန္း

လူတစ္ေယာက္ဆီတိုင္းမွာ ေၾကာက္တတ္တဲ့ အေကာင္ေလးေတြဆိုတာ တစ္ေယာက္တစ္မ်ိဳးစီ ရွိတတ္ၾကပါတယ္။ အဲ့လိုေၾကာက္တတ္တဲ့ အေကာင္ေတြထဲ ကမွ တခ်ိဳ႕ က အေကာင္သတၱဝါ ႀကီးႀကီးေတြ ျဖစ္တဲ့ ဆင္၊ ျခေသၤ႔ ေတြကို ေၾကာက္တတ္ၾကေပမယ့္ လည္း တခ်ိဳ႕ က်ေတာ့ အင္းဆက္ေသးေသးေလးေတြ ဥပမာ ပိုးဟပ္ ၊ အိမ္ေျမာင္ ၊ ပင့္ကူ အစရွိသျဖင့္ ေၾကာက္တတ္ၾကတာေတြရွိပါတယ္။ Beauty Blogger ဝင္းမင္းသန္းနဲ႕ ေတြ႕ဆံုခုိက္ သူေၾကာက္တဲ့ အေကာင္ကေရာဘာအေကာင္ျဖစ္ေနမလဲ လို႕ ေမးလိုက္တဲ့ အခါမွာေတာ့ ……

Beauty Blogger ဝင္းမင္းသန္း

“အသက္ထြက္မတက္ေၾကာက္တာ ဖားပါ ။ ဘာျဖစ္လို႕မွန္းမသိဘူး ဖားကို ဆိုရင္ ဓါတ္ပံုလည္း မၾကည့္ဘူး တီဗီမွာပါလာရင္ကို မ်က္စိကို အုပ္ထားတယ္။ ၿပီးရင္ မိုးတြင္းေတြဘာေတြ မွာဆိုရင္လည္း ျမက္ခင္းျပင္ေတြေပၚသြားရင္လည္း သတိထားၿပီးၾကည့္ျဖစ္တယ္ ဘယ္အခ်ိန္မ်ား ဖားက ကိုယ့္ အေပၚကို ခုန္တတ္လာမလဲ ဆိုတာကို သတိထားတယ္ အျမဲတမ္းေလ။ လံုးဝ ကို ဖားနဲ႕ ပတ္သက္လာရင္ အသိဥာဏ္ေတြပါကင္းမဲ့ ၿပီးေတာ့ ကို ေၾကာက္တတ္တယ္။

Beauty Blogger ဝင္းမင္းသန္း

အဲ့အေကာင္နဲ႕ ပတ္သက္တဲ့ အမွတ္တရ ဆိုတာကိုျပန္ကိုမေျပာခ်င္တာ ဘာမွကို အမွတ္တရမရွိခ်င္တာပါ။ ဖားကိုေၾကာက္တာမွေလ ရွိသမွ်အာရံု ၆ ပါး အကုန္လံုးကို ခ်ဳပ္ၿငိမ္းၿပီးေတာ့ကို ေၾကာက္တာပါ။ ဒါေပမယ့္ ငယ္ငယ္ကေတာ့ အျဖစ္အပ်က္ေလးတစ္ခုရွိဖူးတယ္။

Beauty Blogger ဝင္းမင္းသန္း

ငယ္ငယ္က ညေနဘက္ ေမွာင္ရီပ်ိဳးစ အခ်ိန္မွာ ကိုယ္ကဘာမွန္းမသိဘဲ တတ္နင္းလိုက္တာဖားျဖစ္ေနတယ္။ နဂိုထဲက ဖားေၾကာက္ပါတယ္ဆိုမွ တက္နင္းလိုက္တာက ဖားႀကီးျဖစ္ေနတယ္ဆိုေတာ့ ေၾကာက္တဲ့ စိတ္ေတြကပိုသြားတာေပါ့ေနာ္။ ေနာက္တစ္ခုကက်ေတာ့ ငယ္ငယ္တုန္းကအေဖစက္ရံုမွာ ညဘက္သြားအိပ္ေတာ့ မ်က္လံုးလည္း ဖြင့္လိုက္ေရာ အေပၚမွာရွိတဲ့ ျပတင္းေပါက္မွာ ဖားပ်ံႀကီးကပ္ေနတာေပါ့ အဲ့ဒါကို ျမင္ဖူးပါတယ္။ ကိုယ္ကေတာ့ ေၾကာက္တတ္တဲ့ အခါက်ေတာ့ အဲ့အေကာင္ရွိတဲ့ေနရာမ်ိဳးေတြဆိုရင္ အျမဲသတိထားလို႕ အဲ့ထက္ပိုၿပီးေတာ့ အမွတ္တရလည္း မရွိရေအာင္ အျမဲတမ္းေရွာင္ပါတယ္လို႕” ဆိုၿပီးေတာ့ ဖားကို အရမ္းရမ္းကို ေၾကာက္ပါတယ္ လို႕ Beauty Blogger ဝင္းမင္းသန္း က ေျပာျပခဲ့တာျဖစ္ပါတယ္။

Photo Credit: Win Min Than Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

ဖားကို အသက်ထွက်မတက် အရမ်းကြောက်ပါတယ်ဆိုတဲ့ Beauty Blogger ဝင်းမင်းသန်း

လူတစ်ယောက်ဆီတိုင်းမှာ ကြောက်တတ်တဲ့ အကောင်လေးတွေဆိုတာ တစ်ယောက်တစ်မျိုးစီ ရှိတတ်ကြပါတယ်။ အဲ့လိုကြောက်တတ်တဲ့ အကောင်တွေထဲ ကမှ တချို့ က အကောင်သတ္တဝါ ကြီးကြီးတွေ ဖြစ်တဲ့ ဆင်၊ ခင်္သြေ့ တွေကို ကြောက်တတ်ကြပေမယ့် လည်း တချို့ ကျတော့ အင်းဆက်သေးသေးလေးတွေ ဥပမာ ပိုးဟပ် ၊ အိမ်မြောင် ၊ ပင့်ကူ အစရှိသဖြင့် ကြောက်တတ်ကြတာတွေရှိပါတယ်။ Beauty Blogger ဝင်းမင်းသန်းနဲ့ တွေ့ဆုံခိုက် သူကြောက်တဲ့ အကောင်ကရောဘာအကောင်ဖြစ်နေမလဲ လို့ မေးလိုက်တဲ့ အခါမှာတော့ ……

Beauty Blogger ဝင်းမင်းသန်း

“အသက်ထွက်မတက်ကြောက်တာ ဖားပါ ။ ဘာဖြစ်လို့မှန်းမသိဘူး ဖားကို ဆိုရင် ဓါတ်ပုံလည်း မကြည့်ဘူး တီဗီမှာပါလာရင်ကို မျက်စိကို အုပ်ထားတယ်။ ပြီးရင် မိုးတွင်းတွေဘာတွေ မှာဆိုရင်လည်း မြက်ခင်းပြင်တွေပေါ်သွားရင်လည်း သတိထားပြီးကြည့်ဖြစ်တယ် ဘယ်အချိန်များ ဖားက ကိုယ့် အပေါ်ကို ခုန်တတ်လာမလဲ ဆိုတာကို သတိထားတယ် အမြဲတမ်းလေ။ လုံးဝ ကို ဖားနဲ့ ပတ်သက်လာရင် အသိဉာဏ်တွေပါကင်းမဲ့ ပြီးတော့ ကို ကြောက်တတ်တယ်။

Beauty Blogger ဝင်းမင်းသန်း

အဲ့အကောင်နဲ့ ပတ်သက်တဲ့ အမှတ်တရ ဆိုတာကိုပြန်ကိုမပြောချင်တာ ဘာမှကို အမှတ်တရမရှိချင်တာပါ။ ဖားကိုကြောက်တာမှလေ ရှိသမျှအာရုံ ၆ ပါး အကုန်လုံးကို ချုပ်ငြိမ်းပြီးတော့ကို ကြောက်တာပါ။ ဒါပေမယ့် ငယ်ငယ်ကတော့ အဖြစ်အပျက်လေးတစ်ခုရှိဖူးတယ်။

Beauty Blogger ဝင်းမင်းသန်း

ငယ်ငယ်က ညနေဘက် မှောင်ရီပျိုးစ အချိန်မှာ ကိုယ်ကဘာမှန်းမသိဘဲ တတ်နင်းလိုက်တာဖားဖြစ်နေတယ်။ နဂိုထဲက ဖားကြောက်ပါတယ်ဆိုမှ တက်နင်းလိုက်တာက ဖားကြီးဖြစ်နေတယ်ဆိုတော့ ကြောက်တဲ့ စိတ်တွေကပိုသွားတာပေါ့နော်။ နောက်တစ်ခုကကျတော့ ငယ်ငယ်တုန်းကအဖေစက်ရုံမှာ ညဘက်သွားအိပ်တော့ မျက်လုံးလည်း ဖွင့်လိုက်ရော အပေါ်မှာရှိတဲ့ ပြတင်းပေါက်မှာ ဖားပျံကြီးကပ်နေတာပေါ့ အဲ့ဒါကို မြင်ဖူးပါတယ်။ ကိုယ်ကတော့ ကြောက်တတ်တဲ့ အခါကျတော့ အဲ့အကောင်ရှိတဲ့နေရာမျိုးတွေဆိုရင် အမြဲသတိထားလို့ အဲ့ထက်ပိုပြီးတော့ အမှတ်တရလည်း မရှိရအောင် အမြဲတမ်းရှောင်ပါတယ်လို့” ဆိုပြီးတော့ ဖားကို အရမ်းရမ်းကို ကြောက်ပါတယ် လို့ Beauty Blogger ဝင်းမင်းသန်း က ပြောပြခဲ့တာဖြစ်ပါတယ်။

Photo Credit: Win Min Than Facebook

ကြည်သာ (Akhayar)

www.akhayar.com