[ZawGyi]

မုိးေတြရြာေတာ့မယ္၊ မုိးၾကိဳးအႏၱရာယ္ဂရုစုိက္ကြယ္

မိုးကတစ္ညတစ္ရက္ တစိမ္႔စိမ္႔ရြာေနေတာ႔ ေပ်ာ္စရာေတာ႔ေကာင္းတာေပါ႔ေလ။ ဒါေပမဲ႔ တစ္ဖက္ကၾကည္႔ျပန္ရင္လည္း သတိထားစရာေတြက အမ်ားသား။ ေၾကာက္စရာအေကာင္းဆံုးက မိုးၾကိဳးပစ္ခ်တာပါပဲ။ ဒါဟာ မျဖစ္မေနသိထားသင္႔တဲ႔ ဗဟုသုတမို႔ မိုးၾကိဳးအႏၱရာယ္ကို ဘယ္လုိကာကြယ္ရမလဲဆုိတာ မွ်ေဝခ်င္ပါတယ္ ခင္ဗ်။

၁။ မုိးေလဝသ သတင္းေတြကို နားစြင့္ထားပါ။

ဒါကေတာ့ ခုလို မုိးရြာမယ္၊ မုိးၾကိဳးပစ္တာေတြ ရွိမယ္ဆိုတာမ်ိဳးကို ၾကိဳသိေနေစဖို႔ပါ။ ဥပမာ ကိုယ္က outdoor activites ေတြ လုပ္စရာရွိရင္ ဥပမာ ကြင္းျပင္ထဲ Tent ထုိးျပီး စခန္းခ် (camping ) လုပ္မွာမ်ိဳး၊ ေဘာလံုးကို ကြင္းထဲ သြားကန္ဖို႔ ခ်ိန္းထားတာမ်ိဳး ရွိရင္ ရာသီဥတုေပၚလိုက္ျပီး ခ်ိန္လို႔ ရတာေပါ့။

၂။ ကြင္းျပင္ႏွင့္ ျမင့္မားတဲ့ အရာေတြကို ေရွာင္ေနပါ။

ေယဘူယ်အားျဖင့္ အရာဝတၳဳတစ္ခုဟာ ရွည္ေလ၊ ပိုျမင့္မားေလ မိုးၾကိဳးထိမွန္ခံရႏႈန္းပိုျမင့္ေလပါပဲ။ ေရစုိစြတ္ေနတဲ့ ဧရိယာေတြလည္း လံုျခံဳစိတ္ခ်ရဖို႔ မရွိဘဲ ခင္ဗ်ားအတြက္ မိုးၾကိဳးထိမွန္ခံရႏႈန္းပိုျမင့္ႏုိင္ပါတယ္။ ကိုယ့္ေနရာမွာ ေလျပင္းတိုက္၊ မိုးၾကိဳးလည္း တဂ်ိမ္းဂ်ိမ္းပစ္ေနျပီဆိုရင္ ေျခာက္ေသြ႔တံ ေနရာမွာေနျပီး သင့္ဒူးေခါင္းၾကားထဲမွာ သင့္ေခါင္းကို ထားျပီး နားနွစ္ဖက္ကို လက္နဲ႔ ဖံုးအုပ္ထားပါ။ ပံုပါအတိုင္း ေျခဖေနာင့္ႏွစ္ဖက္ကို ထိထားေပးပါ။ဒါမွသာ မေတာ္တဆ မိုးၾကိဳးထိမွန္ခံရရင္ လွ်ပ္စီး စီးဆင္းမႈက သင့္ႏွလံုးဆီကို ေရာက္ရွိသြားမွာကို ကာကြယ္ႏုိင္မွာပါ။ ၾကမ္းျပင္ေပၚမွာ အျပားလိုက္လွဲအိပ္ခ်တာမ်ဳိး လုပ္စရာမလိုပါဘူး။

lighting struck

lighting struck

၃။ လွ်ပ္ကူးေစတတ္တဲ့ ပစၥည္းေတြကေန ေဝးေဝးေနပါ။

ျခံစည္းရိုးသံတုိင္ေတြေတြလိုဟာမ်ိဳးေပါ့၊ သြားရင္းလာရင္း မုိးရြာေနတုန္း သတၳဳပစၥည္းေတြ သယ္လာရင္ ျဖစ္ႏုိင္ရင္ ခဏခ်ျပီး ေဝးေဝးေနပါ။ နားကပ္တို႔၊ ခႏၶာကိုယ္မွာ သတၳဳကြင္းတပ္တာမ်ိဳးေလာက္ကေတာ့ ျပႆနာမရွိႏုိင္ပါဘူး။

၄။ အဆင္ေျပရင္ ကားထဲ ဝင္ခုိေနပါ။

ကားေတြဟာ ေဘာ္ဒီအစိတ္အပိုင္းအားလံုးနီးပါး သတၳဳနဲ႔ ျပဳလုပ္ထားေပမယ့္ မိုးၾကိဳးမုန္တိုင္းက်ခ်ိန္မွာေတာ့ သူတို႔ဟာ အလံုျခံဳဆံုးေနရာေတြပါပဲ။ အကယ္၍ ကားကို မေတာ္တဆမိုးၾကိဳးထိမယ္ဆိုရင္ေတာင္ ခင္ဗ်ားကို လာထိေရာက္မွာမဟုတ္ဘဲ လွ်ပ္စီးဟာ ေျမၾကီးထဲကိုပဲ စီးဆင္းသြားမွာပါ။ သတိထားရမွာက သင့္လက္ေတြကို ေပါင္ေပၚမွာပဲ ထင္ထားျပီး အထဲက ပစၥည္းေတြနဲ႔ ( ဥပမာ Steering Wheel ဒါမွမဟုတ္ တံခါးလက္ကိုင္) တတ္ႏုိင္သမွ် မထိေအာင္ေနပါ။

၅။ ဖုန္းေတြ၊ ကြန္ပ်ဴတာေတြနဲ႔ အျခား အီလက္ထေရာနစ္ ပစၥည္းေတြမသံုးရင္ ပိုေကာင္းပါတယ္။

၆။ ျပတင္းတံခါးေတြ၊ တံခါးေတြနဲ႔ ဝရန္တာေတြကေန ေဝးေဝးေနတာ ေကာင္းပါတယ္။

၇။ ကြင္းျပင္ထဲ တစ္ပင္တည္းထီးထီးၾကီး ရွိေနတဲ့ သစ္ပင္ေအာက္ မိုးခိုတာမ်ိဳး ေရွာင္ပါ။

၈။ မုိးရြာ၊ မုိးၾကိဳးပစ္ေနတုန္း ေရကန္ထဲ ၊ ေရကူးကန္ထဲ ေရာက္ေနရင္ ျမန္ျမန္တက္ပါ။

၉။ အိမ္မွာဆိုလည္း ေရပိုက္လုိင္း ၊ေရပိုက္ေခါင္း၊ ေဘစင္ေတြကေန ေဝးေဝးေနပါ။

အခရာ ပရိသတ္ၾကီးလည္း မိုးရြာလာလို႔ အေပ်ာ္လြန္ျပီး၊ မိုးရြာရင္ မုိးေရခ်ိဳးမယ္ ဆိုရင္လည္း ဒါေလးေတြ ဖတ္ျပီးမွ ခ်ိဳးၾကေနာ္။

ရိုးလူ (အခရာ)

www.akhayar.com

[Unicode]

မိုးတွေရွာတော့မယ်၊ မိုးကြိုးအန ္တရာယ်ဂရုစိုက်ကွယ်

မိုးကတစ်ညတစ်ရက် တစိမ့်စိမ့်ရွာနေတော့ ပျော်စရာတော့ကောင်းတာပေါ့လေ။ ဒါပေမဲ့ တစ်ဖက်ကကြည့်ပြန်ရင်လည်း သတိထားစရာတွေက အများသား။ ကြောက်စရာအကောင်းဆုံးက မိုးကြိုးပစ်ချတာပါပဲ။ ဒါဟာ မဖြစ်မနေသိထားသင့်တဲ့ ဗဟုသုတမို့ မိုးကြိုးအန္တရာယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ မျှဝေချင်ပါတယ် ခင်ဗျ။

၁။ မိုးလေဝသ သတင်းတွေကို နားစွင့်ထားပါ။

ဒါကတော့ ခုလို မိုးရွာမယ်၊ မိုးကြိုးပစ်တာတွေ ရှိမယ်ဆိုတာမျိုးကို ကြိုသိနေစေဖို့ပါ။ ဥပမာ ကိုယ်က outdoor activites တွေ လုပ်စရာရှိရင် ဥပမာ ကွင်းပြင်ထဲ Tent ထိုးပြီး စခန်းချ (camping ) လုပ်မှာမျိုး၊ ဘောလုံးကို ကွင်းထဲ သွားကန်ဖို့ ချိန်းထားတာမျိုး ရှိရင် ရာသီဥတုပေါ်လိုက်ပြီး ချိန်လို့ ရတာပေါ့။

၂။ ကွင်းပြင်နှင့် မြင့်မားတဲ့ အရာတွေကို ရှောင်နေပါ။

ယေဘူယျအားဖြင့် အရာဝတ္ထုတစ်ခုဟာ ရှည်လေ၊ ပိုမြင့်မားလေ မိုးကြိုးထိမှန်ခံရနှုန်းပိုမြင့်လေပါပဲ။ ရေစိုစွတ်နေတဲ့ ဧရိယာတွေလည်း လုံခြုံစိတ်ချရဖို့ မရှိဘဲ ခင်ဗျားအတွက် မိုးကြိုးထိမှန်ခံရနှုန်းပိုမြင့်နိုင်ပါတယ်။ ကိုယ့်နေရာမှာ လေပြင်းတိုက်၊ မိုးကြိုးလည်း တဂျိမ်းဂျိမ်းပစ်နေပြီဆိုရင် ခြောက်သွေ့တံ နေရာမှာနေပြီး သင့်ဒူးခေါင်းကြားထဲမှာ သင့်ခေါင်းကို ထားပြီး နားနှစ်ဖက်ကို လက်နဲ့ ဖုံးအုပ်ထားပါ။ ပုံပါအတိုင်း ခြေဖနောင့်နှစ်ဖက်ကို ထိထားပေးပါ။ဒါမှသာ မတော်တဆ မိုးကြိုးထိမှန်ခံရရင် လျှပ်စီး စီးဆင်းမှုက သင့်နှလုံးဆီကို ရောက်ရှိသွားမှာကို ကာကွယ်နိုင်မှာပါ။ ကြမ်းပြင်ပေါ်မှာ အပြားလိုက်လှဲအိပ်ချတာမျိုး လုပ်စရာမလိုပါဘူး။

lighting struck

lighting struck

၃။ လျှပ်ကူးစေတတ်တဲ့ ပစ္စည်းတွေကနေ ဝေးဝေးနေပါ။

ခြံစည်းရိုးသံတိုင်တွေတွေလိုဟာမျိုးပေါ့၊ သွားရင်းလာရင်း မိုးရွာနေတုန်း သတ္ထုပစ္စည်းတွေ သယ်လာရင် ဖြစ်နိုင်ရင် ခဏချပြီး ဝေးဝေးနေပါ။ နားကပ်တို့၊ ခန္ဓာကိုယ်မှာ သတ္ထုကွင်းတပ်တာမျိုးလောက်ကတော့ ပြဿနာမရှိနိုင်ပါဘူး။

၄။ အဆင်ပြေရင် ကားထဲ ဝင်ခိုနေပါ။

ကားတွေဟာ ဘော်ဒီအစိတ်အပိုင်းအားလုံးနီးပါး သတ္ထုနဲ့ ပြုလုပ်ထားပေမယ့် မိုးကြိုးမုန်တိုင်းကျချိန်မှာတော့ သူတို့ဟာ အလုံခြုံဆုံးနေရာတွေပါပဲ။ အကယ်၍ ကားကို မတော်တဆမိုးကြိုးထိမယ်ဆိုရင်တောင် ခင်ဗျားကို လာထိရောက်မှာမဟုတ်ဘဲ လျှပ်စီးဟာ မြေကြီးထဲကိုပဲ စီးဆင်းသွားမှာပါ။ သတိထားရမှာက သင့်လက်တွေကို ပေါင်ပေါ်မှာပဲ ထင်ထားပြီး အထဲက ပစ္စည်းတွေနဲ့ ( ဥပမာ Steering Wheel ဒါမှမဟုတ် တံခါးလက်ကိုင်) တတ်နိုင်သမျှ မထိအောင်နေပါ။

၅။ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အခြား အီလက်ထရောနစ် ပစ္စည်းတွေမသုံးရင် ပိုကောင်းပါတယ်။

၆။ ပြတင်းတံခါးတွေ၊ တံခါးတွေနဲ့ ဝရန်တာတွေကနေ ဝေးဝေးနေတာ ကောင်းပါတယ်။

၇။ ကွင်းပြင်ထဲ တစ်ပင်တည်းထီးထီးကြီး ရှိနေတဲ့ သစ်ပင်အောက် မိုးခိုတာမျိုး ရှောင်ပါ။

၈။ မိုးရွာ၊ မိုးကြိုးပစ်နေတုန်း ရေကန်ထဲ ၊ ရေကူးကန်ထဲ ရောက်နေရင် မြန်မြန်တက်ပါ။

၉။ အိမ်မှာဆိုလည်း ရေပိုက်လိုင်း ၊ရေပိုက်ခေါင်း၊ ဘေစင်တွေကနေ ဝေးဝေးနေပါ။

အခရာ ပရိသတ်ကြီးလည်း မိုးရွာလာလို့ အပျော်လွန်ပြီး၊ မိုးရွာရင် မိုးရေချိုးမယ် ဆိုရင်လည်း ဒါလေးတွေ ဖတ်ပြီးမှ ချိုးကြနော်။

ရိုးလူ (အခရာ)

www.akhayar.com