[Zawgyi]

၂၀၁၈ BBC အာဖရိက အေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ခါတင္စာရင္း ထြက္ေပၚလာၿပီ

နာမည္ႀကီး သတင္းဌာနကျဖစ္တဲ့ BBC က ခ်ီးျမႇင့္မယ့္ ၂၀၁၈ ခုႏွစ္ အာဖရိကအေကာင္းဆုံး ေဘာလုံးသမားဆုအတြက္ ဆန္ခါတင္(၅)ဦးစာရင္းကုိ ထုတ္ျပန္လုိက္ၿပီျဖစ္ပါတယ္။ အခုစာရင္းထဲမွာ ဘီနာတီယာ Medhi Benatia (Morocco), ကူလီဘလီ Kalidou Koulibaly (Senegal), မာေနး Sadio Mane (Senegal), ေသာမတ္စ္ပါေတး Thomas Partey (Ghana) နဲ႔ မုိဟာမတ္ဆာလာ Mohamed Salah (Egypt) တို႔ ပါ၀င္ခဲ့ပါတယ္။ အခု ဆန္ခါတင္စာရင္းကုိ အာဖရိကရဲ႕ ၀ါရင့္အားကစားဂ်ာနယ္လစ္ေတြက ေရြးခ်ယ္ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ဒီဆုအတြက္ မဲေတြကုိ ႏုိ၀င္ဘာလ(၁၇)ရက္ကတည္းက စတင္ လက္ခံေနၿပီျဖစ္ၿပီး ဒီဇင္ဘာလ(၂)ရက္က်ရင္ ပိတ္သိမ္းမွာျဖစ္ပါတယ္။

BBC-African-Footballer-of-the-Year-2018-Nominees

BBC-African-Footballer-of-the-Year-2018-Nominees

ဆုရရွိသူကုိေတာ့ လာမယ့္ ဒီဇင္ဘာ (၁၄)ရက္က်ရင္ BBC World News ႐ုပ္သံအစီအစဥ္မွာ ထုတ္ျပန္ေၾကညာသြားမွာပါ။ BBC အာဖရိကအေကာင္းဆုံး ကစားသမားဆုကုိ အရင္က အုိကုိခ်ာ Jay-Jay Okocha, အက္ဆီယန္ Michael Essien, ဒေရာ႔ဘာ Didier Drogba, ယာယာတိုေရး Yaya Toure နဲ႔ မာရက္ဇ္ Riyad Mahrez စတဲ့ အာဖရိက နာမည္ေက်ာ္ကစားသမားေတြ ဆြတ္ခူးခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ကေတာ့ လီဗာပူးလ္အသငး္ရဲ႕ အီဂ်စ္တိုက္စစ္မွဴး ဆာလာ က ဆုရရွိခဲ့ပါတယ္။ BBC အာဖရိကအေကာင္းဆုံး ကစားသမားဆုကုိ ၁၉၉၂ ခုႏွစ္က စတင္ခ်ီးျမွင့္ခဲ့ၿပီး အႀကိမ္အမ်ားဆုံးအျဖစ္ ကႏူး Nwankwo Kanu ၊ အုိကုိခ်ာ Jay-Jay Okocha ၊ ယာယာတိုေရး Yaya Touré တို႔က (၂)ႀကိမ္စီနဲ႔ ဆြတ္ခူးခဲ့ပါတယ္။

BBC အာဖရိကအေကာင္းဆုံး ကစားသမားဆုရရွိခဲ့သူမ်ားစာရင္း ၾကည့္ရန္လင့္ခ္

REF:BBC
Photo:You Tube,BBC,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ BBC အာဖရိက အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်လာပြီ

နာမည်ကြီး သတင်းဌာနကဖြစ်တဲ့ BBC က ချီးမြှင့်မယ့် ၂၀၁၈ ခုနှစ် အာဖရိကအကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင်(၅)ဦးစာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ အခုစာရင်းထဲမှာ ဘီနာတီယာ Medhi Benatia (Morocco), ကူလီဘလီ Kalidou Koulibaly (Senegal), မာနေး Sadio Mane (Senegal), သောမတ်စ်ပါတေး Thomas Partey (Ghana) နဲ့ မိုဟာမတ်ဆာလာ Mohamed Salah (Egypt) တို့ ပါဝင်ခဲ့ပါတယ်။ အခု ဆန်ခါတင်စာရင်းကို အာဖရိကရဲ့ ဝါရင့်အားကစားဂျာနယ်လစ်တွေက ရွေးချယ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီဆုအတွက် မဲတွေကို နိုဝင်ဘာလ(၁၇)ရက်ကတည်းက စတင် လက်ခံနေပြီဖြစ်ပြီး ဒီဇင်ဘာလ(၂)ရက်ကျရင် ပိတ်သိမ်းမှာဖြစ်ပါတယ်။

BBC-African-Footballer-of-the-Year-2018-Nominees

BBC-African-Footballer-of-the-Year-2018-Nominees

ဆုရရှိသူကိုတော့ လာမယ့် ဒီဇင်ဘာ (၁၄)ရက်ကျရင် BBC World News ရုပ်သံအစီအစဉ်မှာ ထုတ်ပြန်ကြေညာသွားမှာပါ။ BBC အာဖရိကအကောင်းဆုံး ကစားသမားဆုကို အရင်က အိုကိုချာ Jay-Jay Okocha, အက်ဆီယန် Michael Essien, ဒရော့ဘာ Didier Drogba, ယာယာတိုရေး Yaya Toure နဲ့ မာရက်ဇ် Riyad Mahrez စတဲ့ အာဖရိက နာမည်ကျော်ကစားသမားတွေ ဆွတ်ခူးခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကတော့ လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး ဆာလာ က ဆုရရှိခဲ့ပါတယ်။ BBC အာဖရိကအကောင်းဆုံး ကစားသမားဆုကို ၁၉၉၂ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး အကြိမ်အများဆုံးအဖြစ် ကနူး Nwankwo Kanu ၊ အိုကိုချာ Jay-Jay Okocha ၊ ယာယာတိုရေး Yaya Touré တို့က (၂)ကြိမ်စီနဲ့ ဆွတ်ခူးခဲ့ပါတယ်။

BBC အာဖရိကအကောင်းဆုံး ကစားသမားဆုရရှိခဲ့သူများစာရင်း ကြည့်ရန်လင့်ခ်

REF:BBC
Photo:You Tube,BBC,
Naing Linn(Akhayar)
www.akhayar.com