[Zawgyi]

အသင္းေဟာင္းကို ျပန္လည္ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနတဲ့ အယ္လ္ကန္တာရာ Alcantara

ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ အယ္လ္ကန္တာရာ Alcantara အေနနဲ႔ အခုႏွစ္အေျပာင္းအေရႊ႕ကာလမွာ အသင္းေဟာင္း ဘာစီလိုနာအသင္းကို ျပန္လည္ေျပာင္းေရႊ႕ကစားဖို႔ ဆႏၵရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ စပိန္ကြင္းလယ္လူ အယ္လ္ကန္တာရာ Alcantara ဟာ ဂ်ာမန္ေျမမွာ မေပ်ာ္ရႊင္ေတာ့ဘဲ အသင္းက ထြက္ခြာဖို႔ ဆံုးျဖတ္ထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ အနာဂတ္မတည္မၿငိမ္ျဖစ္လာတဲ့ အယ္လ္ကန္တာရာ Alcantara ကို ဥေရာပထိပ္တန္းအသင္းႀကီး အမ်ားစုက ေခၚယူဖို႔ ပစ္မွတ္ထားေနခဲ့ေပမယ့္ ကစားသမားက ဘာစီလိုနာအသင္းကိုသာ ျပန္လည္ေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။ အယ္လ္ကန္တာရာ Alcantara ရဲ႕ ေျခစြမ္းကို သေဘာက်ေနတဲ့ ရီးယဲလ္အသင္းနည္းျပသစ္ လိုပယ္တက္ဂီ Lopetegui က အသင္းကြင္းလယ္ကို အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္သြားဖို႔ ဘိုင္ယန္ကြင္းလယ္လူကို ပစ္မွတ္ထားေနခဲ့ပါတယ္။

Thiago-Alcantara

Thiago-Alcantara

ဘိုင္ယန္ျမဴးနစ္နည္းျပသစ္ျဖစ္လာတဲ့ ကိုဗက္ Kovac နဲ႔ အဆင္မေျပမႈေတြ ရွိေနတာေၾကာင့္ အသက္ (၂၇)ႏွစ္အရြယ္ရွိ အယ္လ္ကန္တာရာ Alcantara က အသင္းက ထြက္ခြာဖို႔ ဆႏၵရွိေနခဲ့တာပါ။ လြန္ခဲ့တဲ့ (၅)ႏွစ္က စပိန္ေျမကေန ထြက္ခြာခဲ့ၿပီး ဂ်ာမန္ေျမကို ေရာက္ရွိလာခဲ့တဲ့ အယ္လ္ကန္တာရာ Alcantara ဟာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ကြင္း္လယ္မွာ အဓိကကစားသမားတစ္ဦးအျဖစ္ ပါဝင္ေနခဲ့တာျဖစ္ပါတယ္။ အင္နီေယစတာ Iniesta အနားယူသြားၿပီးေနာက္ပိုင္း အသင္းကြင္းလယ္ကို အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္သြားဖို႔ ဘာစီလိုနာအသင္း စီစဥ္ေနခဲ့တာေၾကာင့္ အယ္လ္ကန္တာရာ Alcantara က အသင္းေဟာင္းမွာ ျပန္ကစားဖို႔ ဆႏၵျပင္းျပေနခဲ့တာပါ။

REF:Goal.com
Photo:Gazeta Esportiva, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့ အယ်လ်ကန်တာရာ Alcantara

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ အယ်လ်ကန်တာရာ Alcantara အနေနဲ့ အခုနှစ်အပြောင်းအရွှေ့ကာလမှာ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စပိန်ကွင်းလယ်လူ အယ်လ်ကန်တာရာ Alcantara ဟာ ဂျာမန်မြေမှာ မပျော်ရွှင်တော့ဘဲ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်လာတဲ့ အယ်လ်ကန်တာရာ Alcantara ကို ဥရောပထိပ်တန်းအသင်းကြီး အများစုက ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပေမယ့် ကစားသမားက ဘာစီလိုနာအသင်းကိုသာ ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ အယ်လ်ကန်တာရာ Alcantara ရဲ့ ခြေစွမ်းကို သဘောကျနေတဲ့ ရီးယဲလ်အသင်းနည်းပြသစ် လိုပယ်တက်ဂီ Lopetegui က အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားဖို့ ဘိုင်ယန်ကွင်းလယ်လူကို ပစ်မှတ်ထားနေခဲ့ပါတယ်။

Thiago-Alcantara

Thiago-Alcantara

ဘိုင်ယန်မြူးနစ်နည်းပြသစ်ဖြစ်လာတဲ့ ကိုဗက် Kovac နဲ့ အဆင်မပြေမှုတွေ ရှိနေတာကြောင့် အသက် (၂၇)နှစ်အရွယ်ရှိ အယ်လ်ကန်တာရာ Alcantara က အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့တာပါ။ လွန်ခဲ့တဲ့ (၅)နှစ်က စပိန်မြေကနေ ထွက်ခွာခဲ့ပြီး ဂျာမန်မြေကို ရောက်ရှိလာခဲ့တဲ့ အယ်လ်ကန်တာရာ Alcantara ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်မှာ အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်နေခဲ့တာဖြစ်ပါတယ်။ အင်နီယေစတာ Iniesta အနားယူသွားပြီးနောက်ပိုင်း အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားဖို့ ဘာစီလိုနာအသင်း စီစဉ်နေခဲ့တာကြောင့် အယ်လ်ကန်တာရာ Alcantara က အသင်းဟောင်းမှာ ပြန်ကစားဖို့ ဆန္ဒပြင်းပြနေခဲ့တာပါ။

REF:Goal.com
Photo:Gazeta Esportiva, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com