အပြောင်းအရွှေ့ဈေးကွက်ထဲမှာ တောင်ပံတိုက်စစ်ကစားသမား ရှာဖွေနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိမှာတော့ သတင်းတွေထွက်ပေါ်နေတဲ့ အတိုင်း အင်တာမီလန်တောင်ပံကစားသမား ပါရီဆစ် Ivan Perisic ကို တစ်ရာသီအငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ပါရီဆစ် နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့စာချုပ်ထဲမှာတော့ အပြီးသတ်ခေါ်ယူခွင့်လည်းပါဝင်နေပြီး အငှားအတွက် ယူရို(၅)သန်း ၊ အပြီးသတ်ခေါ်ယူမယ်ဆိုရင်တော့ နောက်ထပ်ယူရိုသန်း(၂၀)ဘိုင်ယန်မြူးနစ်အသင်းက အသုံးပြုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီတုန်းက ပါရီဆစ် ကိုခေါ်ယူဖို့ အာဆင်နယ်အသင်းက ကြိုးပမ်းခဲ့သလို အဲဒီအချိန်မတိုင်ခင်တုန်းကတော့ မန်ယူအသင်းက ခေါ်ယူဖို့ ထဲထဲဝင်ဝင်ကြိုးပမ်းခဲ့ပါတယ်။

ပါရီဆစ် ဟာ ဂျာမန်မြေကိုစွန့်ခွာပြီး (၄)နှစ်အကြာမှာ ပြန်လည်ရောက်ရှိခဲ့တာဖြစ်သလို အရင်ကစားခဲ့တဲ့ ဒေါ့မွန် ၊ ၀ုလ်ဖ်ဘတ်အသင်းတွေအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ချန်ပီယံဆုဖလားတွေရရှိခဲ့တာကြောင့် ဂျာမန်မြေက သူ့အတွက် အောင်မြေတစ်ခုလို့ ပြောရမှာပါ။ ဒါကြောင့် ဒီတစ်ကြိမ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပေါင်းစပ်မှုမှာလည်း ပါရီဆစ် အစွမ်းပြပြီး ချန်ပီယံဆုဖလားတွေရယူနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ပါရီဆစ် က ” ဂျာမနီကို ပြန်လာရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဥရောပရဲ့ အကြီးဆုံးကလပ်အသင်းတစ်သင်းပါ။ ကျွန်တော်တို့ ဘွန်ဒစ်လီဂါနဲ့ ဂျာမန်ပိုကယ်ဖလားကိုသာမကဘဲ ချန်ပီယံလိဂ်ဖလားကိုလည်း ရရှိဖို့ တိုက်ပွဲဝင်သွားမှာပါ ” လို့ ပြောကြားခဲ့ပါတယ်။

Ivan Perisic ရဲ့ ဂျာမန်မြေက အောင်မြင်မှုများ

Borussia Dortmund

Bundesliga: 2011–12
DFB-Pokal: 2011–12

VfL Wolfsburg

DFB-Pokal: 2014–15
DFL-Supercup: 2015

Ref: BBC Sports , bavarianfootballworks.com
Photo: Bayern Munich Twitter
Ko Kyue(Akhayar)
www.akhayar.com