[Zawgyi]

ဘိုင္ယန္ျမဴးနစ္အသင္းမွာ အနာဂတ္လႈပ္ခတ္လာတဲ႔ နည္းျပ ကိုဗက္ Kovač

ဘိုင္ယန္ျမဴးနစ္အသင္းမွာ နည္းျပ ကိုဗက္ Kovač ရဲ႕ အနာဂတ္ဟာ လႈပ္ခတ္လာခဲ႔ပါျပီ။ နည္းျပကိုဗက္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို ဒီႏွစ္ေဘာလံုးရာသီအစမွာ စတင္ကိုယ္တြယ္ခဲ႔သူျဖစ္ျပီး လက္ရိွမွာေတာ႔ အသင္းဟာ ရလဒ္ဆိုးေတြနဲ႔ ႐ုန္းကန္ေနရပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ျပိဳင္ပြဲစံု(၄)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔ျပီး ဘြန္ဒစ္လီဂါမွာေတာ႔ (၃)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ႔သလို (၂)ပြဲဆက္ ႐ံႈးနိမ္႔ခဲ႔ပါတယ္။ ဒီလိုအေနအထားေတြေၾကာင္႔ နည္းျပ ကိုဗက္ဟာ ဖိအားေတြမ်ားလာခဲ႔ျပီး ဘိုင္ယန္ျမဴးနစ္အသင္းဟာလည္း ဘြန္ဒစ္လီဂါမွာ အဆင္႔(၆)ေနရာကို ေရာက္ရိွေနပါတယ္။ လက္ရိွမွာေတာ႔ ဘိုင္ယန္ျမဴးနစ္အသင္းဟာ နည္းျပ ကိုဗက္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ နာမည္ေက်ာ္နည္းျပေတြျဖစ္တဲ႔ ဘလန္႔ Blanc ၊ ဇီဒန္း Zidane နဲ႔ အာစင္၀င္းဂါး Arsène Wenger တို႔ကို ပစ္မွတ္ထားေနပါတယ္။ ထူးျခားခ်က္တစ္ခုကေတာ႔ ဘိုင္ယန္ျမဴးနစ္အသင္း ပစ္မွတ္ထားေနတဲ႔ နည္းျပ(၃)ဦးလံုးဟာ ျပင္သစ္သားေတြ ျဖစ္ေနတာပါပဲ။

Bayern-München

Bayern-München

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ လက္ရိွက်ဆင္းမႈေတြမွာ အဓိက ကစားသမားေတြ အသက္အရြယ္ၾကီးလာၾကတာကလည္း အေၾကာင္းအရင္းတစ္ခု အပါအ၀င္ပဲျဖစ္ပါတယ္။ နည္းျပကိုဗက္ဟာ အသင္းရဲ႕ ကြင္းတြင္းျပႆနာအျပင္ အ၀တ္လဲခန္းတြင္းျပႆနာကိုပါ ရင္ဆိုင္ေနရတာပါ။ ဒီလိုအေနအထားေတြေၾကာင္႔ ဘိုင္ယန္ျမဴးနစ္အသင္းဟာ နည္းျပသစ္ကို ကမၻာ႔အဆင္႔ရိွနာမည္ေက်ာ္နည္းျပကို ခန္႔အပ္ဖို႔ပစ္မွတ္ထားေနတာပဲျဖစ္ပါတယ္။ ဒါေၾကာင္႔နည္းျပ ကိုဗက္ရဲ႕ ဘိုင္ယန္ျမဴးနစ္နည္းျပဘ၀ အနာဂတ္ဟာ စိတ္၀င္စားဖို႔ေကာင္းေနျပီလို႔ပဲ ေျပာရပါလိမ္႔မယ္။

Ref: Sport Bible
Photo: The Independent , Bayern Munich Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘိုင်ယန်မြူးနစ်အသင်းမှာ အနာဂတ်လှုပ်ခတ်လာတဲ့ နည်းပြ ကိုဗက် Kovač

ဘိုင်ယန်မြူးနစ်အသင်းမှာ နည်းပြ ကိုဗက် Kovač ရဲ့ အနာဂတ်ဟာ လှုပ်ခတ်လာခဲ့ပါပြီ။ နည်းပြကိုဗက်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဒီနှစ်ဘောလုံးရာသီအစမှာ စတင်ကိုယ်တွယ်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အသင်းဟာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြိုင်ပွဲစုံ(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဘွန်ဒစ်လီဂါမှာတော့ (၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့သလို (၂)ပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။ ဒီလိုအနေအထားတွေကြောင့် နည်းပြ ကိုဗက်ဟာ ဖိအားတွေများလာခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာလည်း ဘွန်ဒစ်လီဂါမှာ အဆင့်(၆)နေရာကို ရောက်ရှိနေပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ ကိုဗက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် နာမည်ကျော်နည်းပြတွေဖြစ်တဲ့ ဘလန့် Blanc ၊ ဇီဒန်း Zidane နဲ့ အာစင်ဝင်းဂါး Arsène Wenger တို့ကို ပစ်မှတ်ထားနေပါတယ်။ ထူးခြားချက်တစ်ခုကတော့ ဘိုင်ယန်မြူးနစ်အသင်း ပစ်မှတ်ထားနေတဲ့ နည်းပြ(၃)ဦးလုံးဟာ ပြင်သစ်သားတွေ ဖြစ်နေတာပါပဲ။

Bayern-München

Bayern-München

ဘိုင်ယန်မြူးနစ်အသင်းရဲ့ လက်ရှိကျဆင်းမှုတွေမှာ အဓိက ကစားသမားတွေ အသက်အရွယ်ကြီးလာကြတာကလည်း အကြောင်းအရင်းတစ်ခု အပါအဝင်ပဲဖြစ်ပါတယ်။ နည်းပြကိုဗက်ဟာ အသင်းရဲ့ ကွင်းတွင်းပြဿနာအပြင် အဝတ်လဲခန်းတွင်းပြဿနာကိုပါ ရင်ဆိုင်နေရတာပါ။ ဒီလိုအနေအထားတွေကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြသစ်ကို ကမ္ဘာ့အဆင့်ရှိနာမည်ကျော်နည်းပြကို ခန့်အပ်ဖို့ပစ်မှတ်ထားနေတာပဲဖြစ်ပါတယ်။ ဒါကြောင့်နည်းပြ ကိုဗက်ရဲ့ ဘိုင်ယန်မြူးနစ်နည်းပြဘ၀ အနာဂတ်ဟာ စိတ်ဝင်စားဖို့ကောင်းနေပြီလို့ပဲ ပြောရပါလိမ့်မယ်။

Ref: Sport Bible
Photo: The Independent , Bayern Munich Twitter
Ko Kyue(Akhayar)
www.akhayar.com