[Zawgyi]

ဗီဒယ္လ္ Vidal အတြက္ အင္တာမီလန္ရဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္

ခ်ီလီကြင္းလယ္လူ ဗီဒယ္လ္ Vidal အတြက္ အင္တာမီလန္ရဲ႕ ကမ္းလွမ္းမႈကို ဘိုင္ယန္ျမဴးနစ္အသင္းက လက္ခံခဲ့ၿပီး ကလပ္အသင္း (၂)သင္းၾကား ကစားသမားအေျပာင္းအေရႊ႕အတြက္ သေဘာတူညီမႈရရွိခဲ့ပါတယ္။ ကလပ္အသင္း (၂)သင္းရဲ႕ တာဝန္ရွိသူေတြဟာ ေနာက္ဆံုးအဆင့္ ေဆြးေႏြးမႈေတြကို ျပဳလုပ္ေနၿပီး လာမယ့္ရက္အနည္းငယ္အတြင္း အင္တာမီလန္ကစားသမားအျဖစ္ ဗီဒယ္လ္ Vidal ကို ျမင္ေတြ႔ရေတာ့မွာျဖစ္ပါတယ္။ အင္တာမီလန္အသင္းရဲ႕ ဘ႑ာေရးအေျခအေနေၾကာင့္ ဗီဒယ္လ္ Vidal ကို အျပတ္ေခၚယူခဲ့တာမဟုတ္ဘဲ တစ္ရာသီအငွားနဲ႔ ေခၚယူကာ အငွားစာခ်ဳပ္သက္တမ္းျပည့္ခ်ိန္မွ အၿပီးသတ္ေခၚယူသြားမွာပါ။

Arturo-Vidal

Arturo-Vidal

ဗီဒယ္လ္ Vidal ရဲ႕ ေျပာင္းေရႊ႕ေၾကးကို အတိအက်ထုတ္ျပန္ျခင္းမရွိေသးေပမယ့္ အင္တာမီလန္အသင္းက ယူရို (၂၂)သန္းဝန္းက်င္နဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ေၾကာင္း အီတလီမီဒီယာတခ်ိဳ႕က ေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔ကတည္းက အင္တာမီလန္အသင္းက ဗီဒယ္လ္ Vidal ကို ေခၚယူဖို႔ အႀကိဳသေဘာတူညီမႈ ရရွိခဲ့တာျဖစ္ၿပီး ေဆးစစ္မႈတခ်ိဳ႕ကို ျမဴးနစ္ၿမိဳ႕မွာတင္ ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။ FC Inter News ရဲ႕ ေဖာ္ျပခ်က္ေတြအရ ဗီဒယ္လ္ Vidal ကို တစ္ႏွစ္လုပ္ခ ယူရို (၄.၅)သန္း ေပးေခ်သြားရမွာျဖစ္ၿပီး (၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ ရွိေနပါတယ္။ အေစာပိုင္းက ဗီဒယ္လ္ Vidal ကို ေခၚယူဖို႔ ကာလရွည္ ပစ္မွတ္ထားခဲ့တဲ့ ပရီးမီးယားလိဂ္ကလပ္ မန္ယူအသင္းက ခ်ိတ္ဆက္မႈတခ်ိဳ႕ ျပဳလုပ္ခဲ့ေပမယ့္ တရားဝင္ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့ျခင္းမရွိေၾကာင္း သိရပါတယ္။

REF:Football Italia
Photo:Barrio Bravo, Metro
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဗီဒယ်လ် Vidal အတွက် အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ချီလီကွင်းလယ်လူ ဗီဒယ်လ် Vidal အတွက် အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ်အသင်းက လက်ခံခဲ့ပြီး ကလပ်အသင်း (၂)သင်းကြား ကစားသမားအပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပါတယ်။ ကလပ်အသင်း (၂)သင်းရဲ့ တာဝန်ရှိသူတွေဟာ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေကို ပြုလုပ်နေပြီး လာမယ့်ရက်အနည်းငယ်အတွင်း အင်တာမီလန်ကစားသမားအဖြစ် ဗီဒယ်လ် Vidal ကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ အင်တာမီလန်အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ဗီဒယ်လ် Vidal ကို အပြတ်ခေါ်ယူခဲ့တာမဟုတ်ဘဲ တစ်ရာသီအငှားနဲ့ ခေါ်ယူကာ အငှားစာချုပ်သက်တမ်းပြည့်ချိန်မှ အပြီးသတ်ခေါ်ယူသွားမှာပါ။

Arturo-Vidal

Arturo-Vidal

ဗီဒယ်လ် Vidal ရဲ့ ပြောင်းရွှေ့ကြေးကို အတိအကျထုတ်ပြန်ခြင်းမရှိသေးပေမယ့် အင်တာမီလန်အသင်းက ယူရို (၂၂)သန်းဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း အီတလီမီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကတည်းက အင်တာမီလန်အသင်းက ဗီဒယ်လ် Vidal ကို ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ဆေးစစ်မှုတချို့ကို မြူးနစ်မြို့မှာတင် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ FC Inter News ရဲ့ ဖော်ပြချက်တွေအရ ဗီဒယ်လ် Vidal ကို တစ်နှစ်လုပ်ခ ယူရို (၄.၅)သန်း ပေးချေသွားရမှာဖြစ်ပြီး (၃)နှစ်စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။ အစောပိုင်းက ဗီဒယ်လ် Vidal ကို ခေါ်ယူဖို့ ကာလရှည် ပစ်မှတ်ထားခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းက ချိတ်ဆက်မှုတချို့ ပြုလုပ်ခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

REF:Football Italia
Photo:Barrio Bravo, Metro
Aung Kyaw Wai (Akhayar)
www.akhayar.com