[Zawgyi]

ဒုတိယ ကမာၻစစ္ ေနာက္ခံထားျပီး Battle Royale Mode ပါဝင္လာတဲ့ Battlefield V

Battlefield 1 ထြက္ခဲ့တုန္းက ပထမကမာၻစစ္ကို ဇာတ္အိမ္ယူထားေပမယ့္ Multiplayer အသားေပးထားတာဆိုေတာ့ ကစားရတာ ပ်င္းဖို႔ေကာင္းေနခဲ့မယ္ ထင္ပါတယ္။ ဒီၾကားထဲ အထင္ကရ တိုက္ပြဲဆိုလို႔ မဟာမိတ္နဲ႔ ဂ်ာမန္နယ္စပ္ကို ပိုင္းျခားထားတဲ့ No Man’s Land  ျဖတ္ေျပးရတဲ့ အခန္းေလာက္ပဲ ကစားရတာ ေရလည္ Feel တာပါ၊ ေနာက္ လန္ဒန္ျမိဳ႕ထဲ ဂ်ာမန္ေလတပ္ ဝင္စီးလို႔ မဟာမိတ္ဖက္က စစ္ကူေပးရတဲ့ အခန္းဆို ကစားရတာ ပထမကမာၻစစ္ထဲ ေရာက္သြားသလိုပါပဲ။

Pass the No Man’s Land?

ဒီလို Shooting Game ထဲမွာ သမိုင္းေၾကာင္း ေနာက္ခံထားတဲ့ ဂိမ္းေကာင္း ထုတ္ေပးေနတာဆိုလို႔  Activision နဲ႔ EA ပဲ ရွိတာပါ။ အခုေခတ္ Modern တိုက္ပြဲလို Graphics အလန္းစား Shooting Game ေတြ ေပၚမလာခင္တုန္းက Call of Duty: World at War နဲ႔ Battlefield Vietnam လို ဂိမ္းေတြပဲ ေခတ္စားခဲ့တာပါ။ ဒါေတာင္မွ ဂိမ္မာေတြ ထုတ္ေပးပါလုိ႔ အတင္းေတာင္းဆိုထားလို႔ သမိုင္းေၾကာင္း ေနာက္ခံထားတဲ့ ဂိမ္းေကာင္းေတြ ထြက္လာတာလို႔ ေျပာရပါမယ္။

Battlefield V Cinematic Wallpaper

အဲ့ဒါေတာင္ Story Line အဓိကထားျပီး စစ္ပြဲထဲ စီးေမ်ာေပးရမယ့္အစား Multiplayer ပဲ အသားေပးထားလို႔ Battlefield 1 ထြက္လာတဲ့အခါ ပထမကမာၻစစ္ရဲ႕ အထင္ကရ တိုက္ပြဲေတြ မ်ားမ်ားစားစား ပါမလာခဲ့ပါဘူး။ ဒီၾကားထဲ Call of Duty ကေန ဒုတိယ ကမာၻစစ္ေနာက္ခံျပဳထားတဲ့ D-Day နဲ႔ ေနာ္မန္ဒီ ကမ္းတက္တိုက္ပြဲလို တကယ္ျပင္းထန္လြန္းတဲ့ စစ္ပြဲေတြနဲ႔ အဖြင့္လွသြားခဲ့တာေၾကာင့္ Battlefield Fan ေတြ အေတာ္ေလး Feel ၾကဲသြားခဲ့မယ္ ထင္ပါတယ္။

Air Strike or Heavy Bombing?

ဒါေၾကာင့္မလို႔ အားက်မခံ Battlefield V ဆိုျပီး ဒုတိယကမာၻစစ္တုန္းက Battle of Rotterdam ကို ဇာတ္အိမ္ယူထားတဲ့ Trailer ထုတ္ျပလိုက္ပါျပီ။ အရင္ Battlefield 1 Trailer တုန္းလို Cinematic ခပ္က်ဲက်ဲ သုံးထားျပီး Multiplayer ကစားပုံျပထားရင္း Rotterdam ျမိဳ႕ထဲ ဂ်ာမန္ေတြ ပစ္ခ်လိုက္တဲ့ လက္နက္ၾကီးေတြေၾကာင့္ မဟာမိတ္တပ္ေရာ၊  ဒတ္ခ်္စစ္သားေတြပါ ေခြးေျပး၊ ဝက္ေျပးေျပးရင္း မြစာၾကဲကုန္တာ ေတြ႔ရမွာပါ။

Rotterdam City – Netherlands

ဆိုေတာ့ တကယ္စစ္ပြဲတုန္းကလို Rotterdam Booming လို႔ အမည္ရတဲ့ နာမည္ေက်ာ္တိုက္ပြဲကို ဇာတ္အိမ္ယူထားတာမလို႔ ေသခ်ာပါတယ္၊ E3 ကတည္းက EA Tease လုပ္ထားခဲ့တဲ့ Battle Royale Mode ပါ။ Trailer မွာ ျပသြားတဲ့ ကစားကြက္ေတြက ေရလည္လန္းပါတယ္၊ ဘယ္အခ်ိန္ ဘာျဖစ္မလဲ လုံးဝ မွန္းဆထားလို႔မရဘဲ ေျပးရင္းလႊားရင္း မိုးေပၚက ပ်က္က်လာတဲ့ ေလယာဥ္ထိရင္ ေသသြားတာမ်ိဳးေတာင္ ပါပါတယ္။ ဂိမ္းက ဘယ္ေလာက္ Intense ျဖစ္သလဲဆိုရင္ Rotterdam ျမိဳ႕က လႊတ္ခါနီး ဂ်ာမန္ေတြ ေဆာ္ထဲ့လုိက္တဲ့ လက္နက္ၾကီးက်လို႔ ဖရိုဖရဲျဖစ္သြားတဲ့အခ်ိန္ ေဘးကေန ေလာင္ခ်ာဒုံးနဲ႔ ထပ္အထုခံရတာကိုပါ ျပထားပါတယ္။

Wall of fire (Battle of Rotterdam)

Trailer အဆုံးမွာ ငရဲမီးဗုံးမိလို႔ တျဖည္းျဖည္း ဝိုင္းလာတဲ့ မီးလွ်ံအၾကား ေျပးေပါက္မဲ့ေနတဲ့ စစ္သားေတြကို ျပသထားတာေၾကာင့္ Fortnite နဲ႔ PUBG မွာလို Restricted Area ထဲ ေရာက္သြားလို႔ ေရွာသြားတာလား၊ ဒါမွမဟုတ္ Battle Royale Mode မွာ တိုက္ပြဲပိုပိုျပီး ျပင္းထန္လာလို႔ Player ေတြ ကစားေဘာင္ တျဖည္းျဖည္းက်ဥ္းလာတာကို EA တမင္ျပထားတာလား ေဝခြဲမရပါဘူး။ ဒါမယ့္ ဘယ္လိုပဲ ကစားရ ကစားရ လမ္းမွာ ေတြ႕ေတြ႕သမွ် တင့္ကားေတြ၊ စစ္ေလယာဥ္ၾကီးေတြစီးျပီး သူခ်ကိုယ္ခ်၊ ဗုံးေတြတမုန္းခ်ဲလို႔ ရတာမ်ိဳး ျပထားတာဆိုေတာ့ Battlefield Fans ေတြ ေက်နပ္အားရမယ့္ ဂိမ္းေကာင္းျဖစ္လာဦးမွာပါ။

Watch Devastation of Rotterdam here.

2B (Akhayar)

www.akhayar.com

[Unicode]

ဒုတိယ ကမ္ဘာစစ် နောက်ခံထားပြီး Battle Royale Mode ပါဝင်လာတဲ့ Battlefield V

Battlefield 1 ထွက်ခဲ့တုန်းက ပထမကမ္ဘာစစ်ကို ဇာတ်အိမ်ယူထားပေမယ့် Multiplayer အသားပေးထားတာဆိုတော့ ကစားရတာ ပျင်းဖို့ကောင်းနေခဲ့မယ် ထင်ပါတယ်။ ဒီကြားထဲ အထင်ကရ တိုက်ပွဲဆိုလို့ မဟာမိတ်နဲ့ ဂျာမန်နယ်စပ်ကို ပိုင်းခြားထားတဲ့ No Man’s Land  ဖြတ်ပြေးရတဲ့ အခန်းလောက်ပဲ ကစားရတာ ရေလည် Feel တာပါ၊ နောက် လန်ဒန်မြို့ထဲ ဂျာမန်လေတပ် ဝင်စီးလို့ မဟာမိတ်ဖက်က စစ်ကူပေးရတဲ့ အခန်းဆို ကစားရတာ ပထမကမ္ဘာစစ်ထဲ ရောက်သွားသလိုပါပဲ။

Pass the No Man’s Land?

ဒီလို Shooting Game ထဲမှာ သမိုင်းကြောင်း နောက်ခံထားတဲ့ ဂိမ်းကောင်း ထုတ်ပေးနေတာဆိုလို့  Activision နဲ့ EA ပဲ ရှိတာပါ။ အခုခေတ် Modern တိုက်ပွဲလို Graphics အလန်းစား Shooting Game တွေ ပေါ်မလာခင်တုန်းက Call of Duty: World at War နဲ့ Battlefield Vietnam လို ဂိမ်းတွေပဲ ခေတ်စားခဲ့တာပါ။ ဒါတောင်မှ ဂိမ်မာတွေ ထုတ်ပေးပါလို့ အတင်းတောင်းဆိုထားလို့ သမိုင်းကြောင်း နောက်ခံထားတဲ့ ဂိမ်းကောင်းတွေ ထွက်လာတာလို့ ပြောရပါမယ်။

Battlefield V Cinematic Wallpaper

အဲ့ဒါတောင် Story Line အဓိကထားပြီး စစ်ပွဲထဲ စီးမျောပေးရမယ့်အစား Multiplayer ပဲ အသားပေးထားလို့ Battlefield 1 ထွက်လာတဲ့အခါ ပထမကမ္ဘာစစ်ရဲ့ အထင်ကရ တိုက်ပွဲတွေ များများစားစား ပါမလာခဲ့ပါဘူး။ ဒီကြားထဲ Call of Duty ကနေ ဒုတိယ ကမ္ဘာစစ်နောက်ခံပြုထားတဲ့ D-Day နဲ့ နော်မန်ဒီ ကမ်းတက်တိုက်ပွဲလို တကယ်ပြင်းထန်လွန်းတဲ့ စစ်ပွဲတွေနဲ့ အဖွင့်လှသွားခဲ့တာကြောင့် Battlefield Fan တွေ အတော်လေး Feel ကြဲသွားခဲ့မယ် ထင်ပါတယ်။

Air Strike or Heavy Bombing?

ဒါကြောင့်မလို့ အားကျမခံ Battlefield V ဆိုပြီး ဒုတိယကမ္ဘာစစ်တုန်းက Battle of Rotterdam ကို ဇာတ်အိမ်ယူထားတဲ့ Trailer ထုတ်ပြလိုက်ပါပြီ။ အရင် Battlefield 1 Trailer တုန်းလို Cinematic ခပ်ကျဲကျဲ သုံးထားပြီး Multiplayer ကစားပုံပြထားရင်း Rotterdam မြို့ထဲ ဂျာမန်တွေ ပစ်ချလိုက်တဲ့ လက်နက်ကြီးတွေကြောင့် မဟာမိတ်တပ်ရော၊  ဒတ်ချ်စစ်သားတွေပါ ခွေးပြေး၊ ဝက်ပြေးပြေးရင်း မွစာကြဲကုန်တာ တွေ့ရမှာပါ။

Rotterdam City – Netherlands

ဆိုတော့ တကယ်စစ်ပွဲတုန်းကလို Rotterdam Booming လို့ အမည်ရတဲ့ နာမည်ကျော်တိုက်ပွဲကို ဇာတ်အိမ်ယူထားတာမလို့ သေချာပါတယ်၊ E3 ကတည်းက EA Tease လုပ်ထားခဲ့တဲ့ Battle Royale Mode ပါ။ Trailer မှာ ပြသွားတဲ့ ကစားကွက်တွေက ရေလည်လန်းပါတယ်၊ ဘယ်အချိန် ဘာဖြစ်မလဲ လုံးဝ မှန်းဆထားလို့မရဘဲ ပြေးရင်းလွှားရင်း မိုးပေါ်က ပျက်ကျလာတဲ့ လေယာဉ်ထိရင် သေသွားတာမျိုးတောင် ပါပါတယ်။ ဂိမ်းက ဘယ်လောက် Intense ဖြစ်သလဲဆိုရင် Rotterdam မြို့က လွှတ်ခါနီး ဂျာမန်တွေ ဆော်ထဲ့လိုက်တဲ့ လက်နက်ကြီးကျလို့ ဖရိုဖရဲဖြစ်သွားတဲ့အချိန် ဘေးကနေ လောင်ချာဒုံးနဲ့ ထပ်အထုခံရတာကိုပါ ပြထားပါတယ်။

Wall of fire (Battle of Rotterdam)

Trailer အဆုံးမှာ ငရဲမီးဗုံးမိလို့ တဖြည်းဖြည်း ဝိုင်းလာတဲ့ မီးလျှံအကြား ပြေးပေါက်မဲ့နေတဲ့ စစ်သားတွေကို ပြသထားတာကြောင့် Fortnite နဲ့ PUBG မှာလို Restricted Area ထဲ ရောက်သွားလို့ ရှောသွားတာလား၊ ဒါမှမဟုတ် Battle Royale Mode မှာ တိုက်ပွဲပိုပိုပြီး ပြင်းထန်လာလို့ Player တွေ ကစားဘောင် တဖြည်းဖြည်းကျဉ်းလာတာကို EA တမင်ပြထားတာလား ဝေခွဲမရပါဘူး။ ဒါမယ့် ဘယ်လိုပဲ ကစားရ ကစားရ လမ်းမှာ တွေ့တွေ့သမျှ တင့်ကားတွေ၊ စစ်လေယာဉ်ကြီးတွေစီးပြီး သူချကိုယ်ချ၊ ဗုံးတွေတမုန်းချဲလို့ ရတာမျိုး ပြထားတာဆိုတော့ Battlefield Fans တွေ ကျေနပ်အားရမယ့် ဂိမ်းကောင်းဖြစ်လာဦးမှာပါ။

Watch Devastation of Rotterdam here.

2B (Akhayar)

www.akhayar.com