[ZawGyi]

သန္႔စင္ခန္းဝင္ရင္ Hand Dryer နဲ႔တစ္ရွဴး ဘယ္ဟာသံုးသင္႔လဲ

သန္႔စင္ခန္းေတြမွာ လက္အေျခာက္ခံစက္ Hand Dryer သံုးျပီးလက္ကိုေျခာက္ေသြ႔ေစတာရယ္ တစ္ရွဴးနဲ႔သုတ္ျပီးေျခာက္ေသြ႔ေစတာရယ္ ဘယ္ဟာကပိုျပီးအႏၱရာယ္ကင္းမယ္ သင္႔က်န္းမာေရးအတြက္ပိုေကာင္းမယ္လုိ႔ထင္ပါသလဲ။ သန္႔စင္ခန္းထဲမွာ Hand Dryerကပိုအလုပ္ျဖစ္တယ္ တစ္ရွဴးကပိုေကာင္းတယ္။ စြမ္းအင္နဲ႔ စကၠဴေတြဘယ္ဟာ ပိုႏွေျမာဖုိ႔ေကာင္းတယ္စတဲ႔အခ်က္ေတြကိုႏိႈင္းယွဥ္ျပီး ျငင္းခုန္ေနၾကတာကေတာ႔ အျမဲပါပဲ။ အခုကေတာ႔ က်န္းမာေရးရႈေထာင္႔ကေန ေလ႔လာသံုးသပ္ထားတာျဖစ္ပါတယ္။

Hand Dryer နဲ႔ တစ္ရွဴး ႏွစ္ခုမွာ ဘယ္အရာကိုသံုးတာက က်န္းမာေရးနဲ႔ပိုညီညြတ္တယ္ဆုိတာကိုသိဖို႔အတြက္ ေလ႔လာသူေတြက အမ်ိဳးသားသန္႔စင္ခန္းေရာ၊ အမ်ိဳးသမီးသန္႔စင္ခန္းပါ စုစုေပါင္း ၃၆ ခန္းကိုေလ႔လာဆန္းစစ္မႈေတြျပဳခဲ႔ပါတယ္။

ေလ႔လာသူေတြရဲ႕စမ္းသပ္ခ်က္အရ Hand Dryer ေတြဟာ မ်ားစြာေသာဗက္တီးရီးယားေတြကို မႈတ္ထုတ္တယ္လုိ႔ဆုိပါတယ္။ စမ္းသပ္ပံုကေတာ႔ Hand Dryer ကမႈတ္ထုတ္လိုက္တဲ႔ ေလေအာက္မွာ Test Plate ေတြကိုထားရွိျပီး စမ္းသပ္ခဲ႔ၾကတာျဖစ္ပါတယ္။ သူတုိ႔ေတြဟာ ေလမႈတ္ခ်ိန္ ၃၀ စကၠန္႔ထားျပီးစမ္းသပ္ပါတယ္။ Test Plate မွာမတူညီတဲ႔ဗက္တီးရီးယား အမ်ိဳးေပါင္း ၆၀ ကိုေတြ႔ခဲ႔ရတာျဖစ္ပါတယ္။ ေလမ်ားမ်ားမႈတ္ထုတ္ေလ ဗက္တီးရီးယားေတြက ေဝးေဝးပ်႕ံႏွ႕ံေလလို႔ဆုိပါတယ္။ တစ္ရွဴးလိပ္နားက ေလကိုစမ္းသပ္ၾကည္႔ရာမွာေတာ႔ ဗက္တီးရီးယားေတြတည္ရွိေနမႈက Hand Dryer နားေလာက္မမ်ားျပားဘူးလုိ႔သိရတာျဖစ္ပါတယ္။

ဗက္တီးရီးယားပိုးေတြတိုင္းဟာ လူကိုဒုကၡေပးတာမ်ိဳးေတာ႔မဟုတ္ပါဘူး။ ခႏၶာကိုယ္အတြက္လိုအပ္တဲ႔ တခ်ိဳ႕ေသာပိုးေကာင္းေလးေတြဟာ လူေတြကိုပိုမိုခုခံႏိုင္စြမ္းရွိေအာင္ လုပ္ေဆာင္ေပးပါတယ္။ ေပေပေတေတေဆာ႔ေနတဲ႔ကေလးေတြပိုက်န္းမာတယ္ဆုိတဲ႔သေဘာတရာမ်ိဳးပါပဲ။ ဒါေပမဲ႔ အသက္ၾကီးသူေတြ နာမက်န္းျဖစ္ေနသူေတြအတြက္ေတာ႔ သန္႔စင္ခန္းကဗက္တီးရီးယားေတြဟာ က်န္းမာေရးထိခိုက္ေစတဲ႔အစြမ္းရွိပါတယ္။ လူတစ္ေယာက္ဟာ ကိုယ္ခံစြမ္းအားေကာင္းေနရင္ေရာဂါဘယကို တုိက္ထုတ္ႏိုင္စြမး္ရွိျပီး ေတာ္ရံုဗက္တီးရီးယားေတြကို ေၾကာက္ဖုိ႔မလုိပါဘူး။
ဒါေပမဲ႔ မွန္ကန္တဲ႔အေလ႔အက်င္႔ေကာင္းေတြျဖစ္တဲ႔ အစာမစားခင္လက္ေဆးတာ၊ အိမ္သာတက္ျပီးခ်ိန္ လက္ေဆးတာေတြကိုေတာ႔ တစ္သက္လံုးက်င္႔သံုးသြားရမွာျဖစ္ပါတယ္။
ေလ႔လာသူေတြထပ္ေလာင္းသတိေပးသြားတာကေတာ႔ ဘိုထိုင္အိမ္သာကိုသံုးခ်ိန္မွာ အိမ္သာခြက္ကိုတစ္ရွဴးစေလးခင္းျပီးသံုးဖို႔နဲ႔ အိမ္သာကိုေရဆြဲခ်ခ်ိန္မွာ အဖံုးပိတ္ျပီးမွဆြဲခ်ဖုိ႔ျဖစ္ပါတယ္။ အညစ္အေၾကးစြန္႔ျပီးခ်ိန္ အဖံုးဖြင္႔ထားလ်က္ေရဆြဲခ်မယ္ဆုိရင္ ဗက္တီးရီးယားေတြဟာအခန္းထဲမွာပိုမိုပ်႕႔ံႏွ႔ံသြားပါတယ္တဲ႔။

ဒါေၾကာင္႔ အိမ္သာအိုးကိုအဖံုးပိတ္ျပီးမွ ေရဆြဲခ်ဖို႔ပါ ထပ္ေလာင္းအၾကံျပဳလုိက္ပါရေစေနာ္။

www.akhayar.com

[Unicode]

သန့်စင်ခန်းဝင်ရင် Hand Dryer နဲ့တစ်ရှူး ဘယ်ဟာသုံးသင့်လဲ

သန့်စင်ခန်းတွေမှာ လက်အခြောက်ခံစက် Hand Dryer သုံးပြီးလက်ကိုခြောက်သွေ့စေတာရယ် တစ်ရှူးနဲ့သုတ်ပြီးခြောက်သွေ့စေတာရယ် ဘယ်ဟာကပိုပြီးအန္တရာယ်ကင်းမယ် သင့်ကျန်းမာရေးအတွက်ပိုကောင်းမယ်လို့ထင်ပါသလဲ။ သန့်စင်ခန်းထဲမှာ Hand Dryerကပိုအလုပ်ဖြစ်တယ် တစ်ရှူးကပိုကောင်းတယ်။ စွမ်းအင်နဲ့ စက္ကူတွေဘယ်ဟာ ပိုနှမြောဖို့ကောင်းတယ်စတဲ့အချက်တွေကိုနှိုင်းယှဉ်ပြီး ငြင်းခုန်နေကြတာကတော့ အမြဲပါပဲ။ အခုကတော့ ကျန်းမာရေးရှုထောင့်ကနေ လေ့လာသုံးသပ်ထားတာဖြစ်ပါတယ်။

Hand Dryer နဲ့ တစ်ရှူး နှစ်ခုမှာ ဘယ်အရာကိုသုံးတာက ကျန်းမာရေးနဲ့ပိုညီညွတ်တယ်ဆိုတာကိုသိဖို့အတွက် လေ့လာသူတွေက အမျိုးသားသန့်စင်ခန်းရော၊ အမျိုးသမီးသန့်စင်ခန်းပါ စုစုပေါင်း ၃၆ ခန်းကိုလေ့လာဆန်းစစ်မှုတွေပြုခဲ့ပါတယ်။

လေ့လာသူတွေရဲ့စမ်းသပ်ချက်အရ Hand Dryer တွေဟာ များစွာသောဗက်တီးရီးယားတွေကို မှုတ်ထုတ်တယ်လို့ဆိုပါတယ်။ စမ်းသပ်ပုံကတော့ Hand Dryer ကမှုတ်ထုတ်လိုက်တဲ့ လေအောက်မှာ Test Plate တွေကိုထားရှိပြီး စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့တွေဟာ လေမှုတ်ချိန် ၃၀ စက္ကန့်ထားပြီးစမ်းသပ်ပါတယ်။ Test Plate မှာမတူညီတဲ့ဗက်တီးရီးယား အမျိုးပေါင်း ၆၀ ကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။ လေများများမှုတ်ထုတ်လေ ဗက်တီးရီးယားတွေက ဝေးဝေးပျံ့နှံ့လေလို့ဆိုပါတယ်။ တစ်ရှူးလိပ်နားက လေကိုစမ်းသပ်ကြည့်ရာမှာတော့ ဗက်တီးရီးယားတွေတည်ရှိနေမှုက Hand Dryer နားလောက်မများပြားဘူးလို့သိရတာဖြစ်ပါတယ်။

ဗက်တီးရီးယားပိုးတွေတိုင်းဟာ လူကိုဒုက္ခပေးတာမျိုးတော့မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ တချို့သောပိုးကောင်းလေးတွေဟာ လူတွေကိုပိုမိုခုခံနိုင်စွမ်းရှိအောင် လုပ်ဆောင်ပေးပါတယ်။ ပေပေတေတေဆော့နေတဲ့ကလေးတွေပိုကျန်းမာတယ်ဆိုတဲ့သဘောတရာမျိုးပါပဲ။ ဒါပေမဲ့ အသက်ကြီးသူတွေ နာမကျန်းဖြစ်နေသူတွေအတွက်တော့ သန့်စင်ခန်းကဗက်တီးရီးယားတွေဟာ ကျန်းမာရေးထိခိုက်စေတဲ့အစွမ်းရှိပါတယ်။ လူတစ်ယောက်ဟာ ကိုယ်ခံစွမ်းအားကောင်းနေရင်ရောဂါဘယကို တိုက်ထုတ်နိုင်စွမ်းရှိပြီး တော်ရုံဗက်တီးရီးယားတွေကို ကြောက်ဖို့မလိုပါဘူး။
ဒါပေမဲ့ မှန်ကန်တဲ့အလေ့အကျင့်ကောင်းတွေဖြစ်တဲ့ အစာမစားခင်လက်ဆေးတာ၊ အိမ်သာတက်ပြီးချိန် လက်ဆေးတာတွေကိုတော့ တစ်သက်လုံးကျင့်သုံးသွားရမှာဖြစ်ပါတယ်။
လေ့လာသူတွေထပ်လောင်းသတိပေးသွားတာကတော့ ဘိုထိုင်အိမ်သာကိုသုံးချိန်မှာ အိမ်သာခွက်ကိုတစ်ရှူးစလေးခင်းပြီးသုံးဖို့နဲ့ အိမ်သာကိုရေဆွဲချချိန်မှာ အဖုံးပိတ်ပြီးမှဆွဲချဖို့ဖြစ်ပါတယ်။ အညစ်အကြေးစွန့်ပြီးချိန် အဖုံးဖွင့်ထားလျက်ရေဆွဲချမယ်ဆိုရင် ဗက်တီးရီးယားတွေဟာအခန်းထဲမှာပိုမိုပျ့ံ့နှံ့သွားပါတယ်တဲ့။

ဒါကြောင့် အိမ်သာအိုးကိုအဖုံးပိတ်ပြီးမှ ရေဆွဲချဖို့ပါ ထပ်လောင်းအကြံပြုလိုက်ပါရစေနော်။

www.akhayar.com