[Zawgyi]

ရင္ခုန္စိတ္လႈပ္ရွားစရာေတြ ေပးစြမ္းခဲ့ၿပီး သေရက်ခဲ့တဲ့ ခ်ယ္လ္ဆီးနဲ႔ မန္ယူ

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးပဲြစဥ္တစ္ပဲြျဖစ္တဲ့ ခ်ယ္လ္ဆီး-မန္ယူပဲြမွာေတာ့ ပဲြၿပီးခါနီး ႐ုန္းရင္းဆန္ခတ္ ျဖစ္ရပ္ေတြနဲ႔အတူ ရင္ခုန္စိတ္လႈပ္ရွားစရာနဲ႔ ၿပီးဆုံးခဲ့တယ္။ ပထမပုိင္းမွာ ခ်ယ္လ္ဆီးရဲ႕ ကစားပုံက အားရစရာပါပဲ။ ဟာဇက္ Hazard ရဲ႕ Solo Attacking က အက္ရွ္ေလယန္း Ashley Young ကုိ ေကာင္းေကာင္း ဒုကၡေပးခဲ့ၿပီး သူတို႔ႏွစ္ေယာက္ ထိပ္တုိက္ေတြ႕ဆုံမႈတိုင္းမွာ အက္ရွ္ေလယန္း က်ဆုံးခဲ့တယ္။ ခ်ယ္လ္ဆီးရဲ႕ ဘယ္ဘက္ျခမ္းက ဟာဇက္ Hazard ၊ ကုိဗာခ်စ္ Kovacic ၊ မားကုိ႔စ္အလြန္ဆုိ Marcos Alonso တို႔ကုိ မန္ယူ ခံစစ္ ထိန္းခ်ဳပ္ရခက္ခဲခဲ့ေပမယ့္ စေမာလင္း Smalling ၊ လင္ဒီေလာ့ဖ္ Lindelöf တို႔ အမွား မရွိခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္း Clear Cut Chances ေတြေတာ့ မရခဲ့ဘူး။

Willian-against-Luke-Shaw

Willian-against-Luke-Shaw

မန္ယူကေတာ့ အခ်ိတ္အဆက္မရွိ၊ နားလည္မႈမရွိ၊ တစ္ဦးခ်င္းလည္း မေကာင္းပုံစံနဲ႔ ကစားခဲ့ၿပီး ပထမပုိင္း တစ္ပုိငး္လည္း ဂုိးေပါက္ကန္ခ်က္ (၁)ႀကိမ္ပဲရွိခဲ့တယ္။ ခ်ယ္လ္ဆီးအသင္းရဲ႕ အဖြင့္ဂုိးကုိ (၂၁)မိနစ္မွာ ၀ီလီယံ Willian ရဲ႕ ေထာင့္ကန္ေဘာကေန ႐ူဒီဂါ Rüdiger က လြတ္လြတ္ကၽြတ္ကၽြတ္ ေခါင္းတိုက္ သြင္းခဲ့တာပါ။ ဒီဂုိးဟာ ေပ့ါဘာ Pogba ရဲ႕ Marking ည့ံဖ်င္းမႈေၾကာင့္ ေပးခဲ့ရတာျဖစ္ၿပီး ေပါ့ဘာဟာ မဆီမဆုိင္ လင္ဒီေလာ့ဖ္ကုိ အျပစ္တင္ခဲ့တာေတာ့ ရယ္စရာပါပဲ။ ဒုတိယပုိင္းမွာ မန္ယူ ကစားပုံ တည္ၿငိမ္လာခဲ့ၿပီး ခ်ယ္လ္ဆီးတိုက္စစ္ဆင္မႈကုိ ထိန္းခ်ဳပ္လာႏုိင္ခဲ့တယ္။

Rudiger-Scores

Rudiger-Scores

ခ်ယ္လ္ဆီးနည္းျပဆာရီ Sarri ဟာ တိုက္စစ္မွာ လူပုိသက္သက္ျဖစ္ေနတဲ့ မုိရာတာ Morata ကို ဂ်႐ူး Giroud နဲ႔ ေစာေစာစီးစီး လူစားလဲသင့္သလုိ၊ ဟာဇက္ရဲ႕ ကစားအားကုိပဲ ဦးတည္ကစားေစခဲ့လုိ႔ ပဲြခ်ိန္ၾကာလာတာနဲ႔အမွ် ဟာဇက္လည္း ကုန္သြားေတာ့တယ္။ ဟာဇက္ ကုန္သြားတဲ့အခ်ိန္မွာ ခ်ယ္လ္ဆီး တိုက္စစ္အားက သိသိသာသာကုိ က်ဆင္းသြားၿပီး မန္ယူက ျပန္စီးသလုိျဖစ္ခဲ့တယ္။ (၅၅)မိနစ္မွာ မန္ယူ ေခ်ပဂုိးျပန္ရခဲ့ၿပီး မာစီယဲလ္ Martial က သြင္းခဲ့တာပါ။ ဂုိးမသြင္းခင္ ခ်ယ္လ္ဆီးေနာက္ခံလူ မားကုိ႔စ္အလြန္ဆုိ ပယ္နယ္တီစည္းထဲမွာ ဒဏ္ရာရေနေပမယ့္ ကြင္းလယ္ဒုိင္ မုိက္ဒင္း Mike Dean က ပဲြကုိ ဆက္ကစားေစခဲ့တာျဖစ္ပါတယ္။

Martials-Goal

Martials-Goal

(၇၃)မိနစ္မွာ မာစီယဲလ္ကပဲ ဒုတိယဂုိး ထပ္သြင္းခဲ့ၿပီး မန္ယူအသင္းအတြက္ ဦးေဆာင္ခြင့္ ျပန္လည္ရယူခဲ့တယ္။ ဒါေပမဲ့ ခ်ယ္လ္ဆီးအသင္း ကံေကာင္းခဲ့တာက နာက်င္အခ်ိန္ပုိၿပီးခါနီးမွာ ဘာကေလ Barkley က ေခ်ပဂုိးသြင္းခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းဘက္က နည္းျပအဖဲြ႕၀င္တစ္ဦး ေမာ္ရင္ဟုိေရွ႕မွာ ေလွာင္ေျပာင္ေအာင္ပဲြခံခဲ့လုိ႔ အျပန္အလွန္အခ်င္းမ်ားခဲ့သလုိ ကြင္းထဲမွာလည္း ႏွစ္ဖက္ကစားသမားေတြ အခ်င္းမ်ားခဲ့ၾကတယ္။

Mourinho-looked-to-chase-Ianni-down-the-tunnel-before-being-blocked-by-stewards

Mourinho-looked-to-chase-Ianni-down-the-tunnel-before-being-blocked-by-stewards

ပဲြအၿပီးမွာေတာ့ (၂)ဂုိးစီ သေရက်ခဲ့ၿပီး ဒါဟာ ႏွစ္သင္းစလုံးအတြက္ မွ်တတဲ့ရလဒ္လုိ႔ပဲ ေျပာရမွာပါ။

Photo:Manchester United Twitter,Chelsea Twitter,Reuters
Naing Linn(Akhayar)
www.akhayar.com

[ZUnicode]

ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းခဲ့ပြီး သရေကျခဲ့တဲ့ ချယ်လ်ဆီးနဲ့ မန်ယူ

ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီး-မန်ယူပွဲမှာတော့ ပွဲပြီးခါနီး ရုန်းရင်းဆန်ခတ် ဖြစ်ရပ်တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစရာနဲ့ ပြီးဆုံးခဲ့တယ်။ ပထမပိုင်းမှာ ချယ်လ်ဆီးရဲ့ ကစားပုံက အားရစရာပါပဲ။ ဟာဇက် Hazard ရဲ့ Solo Attacking က အက်ရှ်လေယန်း Ashley Young ကို ကောင်းကောင်း ဒုက္ခပေးခဲ့ပြီး သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ အက်ရှ်လေယန်း ကျဆုံးခဲ့တယ်။ ချယ်လ်ဆီးရဲ့ ဘယ်ဘက်ခြမ်းက ဟာဇက် Hazard ၊ ကိုဗာချစ် Kovacic ၊ မားကို့စ်အလွန်ဆို Marcos Alonso တို့ကို မန်ယူ ခံစစ် ထိန်းချုပ်ရခက်ခဲခဲ့ပေမယ့် စမောလင်း Smalling ၊ လင်ဒီလော့ဖ် Lindelöf တို့ အမှား မရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်း Clear Cut Chances တွေတော့ မရခဲ့ဘူး။

Willian-against-Luke-Shaw

Willian-against-Luke-Shaw

မန်ယူကတော့ အချိတ်အဆက်မရှိ၊ နားလည်မှုမရှိ၊ တစ်ဦးချင်းလည်း မကောင်းပုံစံနဲ့ ကစားခဲ့ပြီး ပထမပိုင်း တစ်ပိုင်းလည်း ဂိုးပေါက်ကန်ချက် (၁)ကြိမ်ပဲရှိခဲ့တယ်။ ချယ်လ်ဆီးအသင်းရဲ့ အဖွင့်ဂိုးကို (၂၁)မိနစ်မှာ ဝီလီယံ Willian ရဲ့ ထောင့်ကန်ဘောကနေ ရူဒီဂါ Rüdiger က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက် သွင်းခဲ့တာပါ။ ဒီဂိုးဟာ ပေ့ါဘာ Pogba ရဲ့ Marking ညံ့ဖျင်းမှုကြောင့် ပေးခဲ့ရတာဖြစ်ပြီး ပေါ့ဘာဟာ မဆီမဆိုင် လင်ဒီလော့ဖ်ကို အပြစ်တင်ခဲ့တာတော့ ရယ်စရာပါပဲ။ ဒုတိယပိုင်းမှာ မန်ယူ ကစားပုံ တည်ငြိမ်လာခဲ့ပြီး ချယ်လ်ဆီးတိုက်စစ်ဆင်မှုကို ထိန်းချုပ်လာနိုင်ခဲ့တယ်။

Rudiger-Scores

Rudiger-Scores

ချယ်လ်ဆီးနည်းပြဆာရီ Sarri ဟာ တိုက်စစ်မှာ လူပိုသက်သက်ဖြစ်နေတဲ့ မိုရာတာ Morata ကို ဂျရူး Giroud နဲ့ စောစောစီးစီး လူစားလဲသင့်သလို၊ ဟာဇက်ရဲ့ ကစားအားကိုပဲ ဦးတည်ကစားစေခဲ့လို့ ပွဲချိန်ကြာလာတာနဲ့အမျှ ဟာဇက်လည်း ကုန်သွားတော့တယ်။ ဟာဇက် ကုန်သွားတဲ့အချိန်မှာ ချယ်လ်ဆီး တိုက်စစ်အားက သိသိသာသာကို ကျဆင်းသွားပြီး မန်ယူက ပြန်စီးသလိုဖြစ်ခဲ့တယ်။ (၅၅)မိနစ်မှာ မန်ယူ ချေပဂိုးပြန်ရခဲ့ပြီး မာစီယဲလ် Martial က သွင်းခဲ့တာပါ။ ဂိုးမသွင်းခင် ချယ်လ်ဆီးနောက်ခံလူ မားကို့စ်အလွန်ဆို ပယ်နယ်တီစည်းထဲမှာ ဒဏ်ရာရနေပေမယ့် ကွင်းလယ်ဒိုင် မိုက်ဒင်း Mike Dean က ပွဲကို ဆက်ကစားစေခဲ့တာဖြစ်ပါတယ်။

Martials-Goal

Martials-Goal

(၇၃)မိနစ်မှာ မာစီယဲလ်ကပဲ ဒုတိယဂိုး ထပ်သွင်းခဲ့ပြီး မန်ယူအသင်းအတွက် ဦးဆောင်ခွင့် ပြန်လည်ရယူခဲ့တယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်း ကံကောင်းခဲ့တာက နာကျင်အချိန်ပိုပြီးခါနီးမှာ ဘာကလေ Barkley က ချေပဂိုးသွင်းခဲ့ပြီး ချယ်လ်ဆီးအသင်းဘက်က နည်းပြအဖွဲ့ဝင်တစ်ဦး မော်ရင်ဟိုရှေ့မှာ လှောင်ပြောင်အောင်ပွဲခံခဲ့လို့ အပြန်အလှန်အချင်းများခဲ့သလို ကွင်းထဲမှာလည်း နှစ်ဖက်ကစားသမားတွေ အချင်းများခဲ့ကြတယ်။

Mourinho-looked-to-chase-Ianni-down-the-tunnel-before-being-blocked-by-stewards

Mourinho-looked-to-chase-Ianni-down-the-tunnel-before-being-blocked-by-stewards

ပွဲအပြီးမှာတော့ (၂)ဂိုးစီ သရေကျခဲ့ပြီး ဒါဟာ နှစ်သင်းစလုံးအတွက် မျှတတဲ့ရလဒ်လို့ပဲ ပြောရမှာပါ။

Photo:Manchester United Twitter,Chelsea Twitter,Reuters
Naing Linn(Akhayar)
www.akhayar.com