[Zawgyi]

ၾကီးမားတဲ့ ျပစ္ဒဏ္ေတြ ခ်မွတ္ခံရဖုိ႔ရွိေနတဲ့ ဘာစီလုိနာနဲ႔ ဂရစ္ဇ္မန္း Griezmann

ဘာစီလုိနာအသင္းဟာ အက္သလက္တီကုိ တိုက္စစ္မွဴးဂရစ္ဇ္မန္း Griezmann ကုိ ေခၚယူဖုိ႔ ႀကိဳးပမ္းတာ မွာ ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္(ဖီဖာ)ရဲ႕ စည္းကမ္းေတြကုိ ခ်ိဳးေဖာက္သလုိ ျဖစ္ခဲ့တာေၾကာင့္ ဘာစီလုိနာသာမက ဂရစ္ဇ္မန္းပါ ႀကီးမားတဲ့ ျပစ္ဒဏ္ေတြ ခ်မွတ္ခံမယ့္အေနအထားရွိေနပါၿပီ။ ဘာစီလုိနာအသင္းဟာ ဂရစ္ဇ္မန္းကုိ ေခၚဖုိ႔ ႀကိဳးပမ္းေနတယ္ဆုိတာ အားလုံးအသိပဲျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္သန္း(၁၀၀)နဲ႔ ေခၚယူ ႏုိင္ေတာ့မယ္လုိ႔ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ မၾကာေသးခင္က မီဒီယာေတြဟာ ဂရစ္ဇ္မန္းရဲ႕ အေျပာင္းအေရႊ႕နဲ႔ပတ္သက္လုိ႔ ဘာစီလုိနာ ဥကၠဌ ဘာတိုမူ Bartomeu ကုိ ေမးျမန္းခဲ့ခ်ိန္မွာ သူက ”ကၽြန္ေတာ္ ဒီႏွစ္ထဲမွာ ဂရစ္ဇ္မန္းနဲ႔ ေတြ႕ဆုံစကားေျပာတာ မရွိေသးပါဘူး။ ဒါေပမဲ့ ေအာက္တိုဘာလတုန္းကေတာ့ သူ႕ရဲ႕ေအးဂ်င့္နဲ႔ စကားေျပာခဲ့ဖူးပါတယ္”လုိ႔ ၀န္ခံခဲ့ပါတယ္။

Antoine-Griezmann-could-face-a-six-month-ban-if-found-guilty-by-Fifa

Antoine-Griezmann-could-face-a-six-month-ban-if-found-guilty-by-Fifa

ဂရစ္ဇ္မန္းဟာ ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီကာလတုန္းက အက္သလက္တီကုိကေန ထြက္ခြာဖုိ႔ နီးစပ္ခဲ့ေပမယ့္လည္း သူ႔ ဆုံးျဖတ္ခ်က္ကုိ ျပင္ဆင္ၿပီး အသင္းနဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း တိုးခဲ့တာလည္းျဖစ္ပါတယ္။ ဖီဖာက ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြအရ ကစားသမားတစ္ဦးဟာ လက္ရွိကလပ္နဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားတာ ဒါမွမဟုတ္ စာခ်ဳပ္ကုန္ဆုံးဖုိ႔ (၆)လသာ လုိေတာ့တဲ့အခ်ိန္မွသာ တျခားကလပ္အသင္း တစ္သင္းနဲ႔ အေျပာင္းအေရႊ႕ကိစၥေဆြးေႏြးခြင့္ရွိၿပီး တကယ္လုိ႔ တားျမစ္ခ်က္ကုိ ခ်ိဳးေဖာက္ရင္ေတာ့ ထုိက္သင့္တဲ့ အေရးယူမႈနဲ႔ ရင္ဆုိင္ရမွာပါ။ ဒါေၾကာင့္ ဘာစီလုိနာအသင္းဟာ ဂရစ္ဇ္မန္းကုိ ႀကိဳးပမ္းတဲ့ေနရာမွာ ဖီဖာ ရဲ႕စည္းမ်ဥ္းကုိ ခ်ိဳးေဖာက္သလုိျဖစ္ခဲ့တဲ့အတြက္ အျပစ္ရွိေၾကာင္းေတြ႕ရွိခဲ့ရင္ အေျပာင္းအေရႊ႕ေစ်းကြက္ (၃)ခုကေန (၅)ခုအတြင္း ကစားသမားေခၚယူခြင့္ ပိတ္ပင္ခံရဖုိ႔အထိရွိေနပါၿပီ။ ဘာစီလုိနာ အသင္းဟာ ၂၀၁၅ ခုႏွစ္တုန္းကလည္း အေျပာင္းအေရႊ႕စည္းမ်ဥ္းေတြကုိ ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ ကစားသ မား ေခၚယူခြင့္ပိတ္ပင္ခံခဲ့ရဖူးၿပီး အဲဒီတုန္းက သူတို႔ ေခၚယူခဲ့တဲ့ အာဒါတူရန္ Arda Turan၊ အဲလစ္ဗီဒယ္လ္ Aleix Vidal တို႔လည္း (၆)လၾကာမွသာ ဘာစီလုိနာအတြက္ ကစားခြင့္ရခ့ဲတာပါ။ဒါ့အျပင္ ဂရစ္ဇ္မန္းလည္း ေဘာလုံးကစားခြင့္ (၆)လအထိ ပိတ္ပင္ခံရမယ့္အေနအထားရွိေနပါၿပီ။

Kakuta-And-Mexes

Kakuta-And-Mexes

၂၀၀၉ ခုႏွစ္တုန္းက ခ်ယ္လ္ဆီးအသင္းဟာ လန္းစ္ လူငယ္ကစားသမား ကာကူတာ Kakuta ကုိ စည္းမ်ဥ္းေတြ ခ်ိဳးေဖာက္ၿပီး ေခၚယူခဲ့လုိ႔ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရဖူးသလုိ ၂၀၀၄ ခုႏွစ္ကလည္း ႐ုိးမားအသင္းက ေအာ္ေဇး ေနာက္ခံလူ မက္ဆက္စ္ Mexes ကုိ တရားမ၀င္တဲ့ နည္းလမ္းေတြနဲ႔ ေခၚယူခဲ့တာေၾကာင့္ မက္ဆက္စ္ဟာ ေဘာလုံးကစားခြင့္ ပိတ္ပင္ခံခဲ့ရတဲ့အျပင္ ႐ုိးမားအသင္းကလည္း ေအာ္ေဇးအသင္းကုိ နစ္နာေၾကးေပးခဲ့ ရတဲ့ျဖစ္ရပ္ေတြ ရွိခဲ့ပါတယ္။

REF:The Sun
Photo: The Sun,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရဖို့ရှိနေတဲ့ ဘာစီလိုနာနဲ့ ဂရစ်ဇ်မန်း Griezmann

ဘာစီလိုနာအသင်းဟာ အက်သလက်တီကို တိုက်စစ်မှူးဂရစ်ဇ်မန်း Griezmann ကို ခေါ်ယူဖို့ ကြိုးပမ်းတာ မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ စည်းကမ်းတွေကို ချိုးဖောက်သလို ဖြစ်ခဲ့တာကြောင့် ဘာစီလိုနာသာမက ဂရစ်ဇ်မန်းပါ ကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံမယ့်အနေအထားရှိနေပါပြီ။ ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းကို ခေါ်ဖို့ ကြိုးပမ်းနေတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူ နိုင်တော့မယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မကြာသေးခင်က မီဒီယာတွေဟာ ဂရစ်ဇ်မန်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဘာစီလိုနာ ဥက္ကဌ ဘာတိုမူ Bartomeu ကို မေးမြန်းခဲ့ချိန်မှာ သူက ”ကျွန်တော် ဒီနှစ်ထဲမှာ ဂရစ်ဇ်မန်းနဲ့ တွေ့ဆုံစကားပြောတာ မရှိသေးပါဘူး။ ဒါပေမဲ့ အောက်တိုဘာလတုန်းကတော့ သူ့ရဲ့အေးဂျင့်နဲ့ စကားပြောခဲ့ဖူးပါတယ်”လို့ ဝန်ခံခဲ့ပါတယ်။

Antoine-Griezmann-could-face-a-six-month-ban-if-found-guilty-by-Fifa

Antoine-Griezmann-could-face-a-six-month-ban-if-found-guilty-by-Fifa

ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကာလတုန်းက အက်သလက်တီကိုကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့်လည်း သူ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့တာလည်းဖြစ်ပါတယ်။ ဖီဖာက ချမှတ်ထားတဲ့ စည်းမျဉ်းတွေအရ ကစားသမားတစ်ဦးဟာ လက်ရှိကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာ ဒါမှမဟုတ် စာချုပ်ကုန်ဆုံးဖို့ (၆)လသာ လိုတော့တဲ့အချိန်မှသာ တခြားကလပ်အသင်း တစ်သင်းနဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးခွင့်ရှိပြီး တကယ်လို့ တားမြစ်ချက်ကို ချိုးဖောက်ရင်တော့ ထိုက်သင့်တဲ့ အရေးယူမှုနဲ့ ရင်ဆိုင်ရမှာပါ။ ဒါကြောင့် ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းကို ကြိုးပမ်းတဲ့နေရာမှာ ဖီဖာ ရဲ့စည်းမျဉ်းကို ချိုးဖောက်သလိုဖြစ်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရင် အပြောင်းအရွှေ့ဈေးကွက် (၃)ခုကနေ (၅)ခုအတွင်း ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံရဖို့အထိရှိနေပါပြီ။ ဘာစီလိုနာ အသင်းဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း အပြောင်းအရွှေ့စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ကစားသ မား ခေါ်ယူခွင့်ပိတ်ပင်ခံခဲ့ရဖူးပြီး အဲဒီတုန်းက သူတို့ ခေါ်ယူခဲ့တဲ့ အာဒါတူရန် Arda Turan၊ အဲလစ်ဗီဒယ်လ် Aleix Vidal တို့လည်း (၆)လကြာမှသာ ဘာစီလိုနာအတွက် ကစားခွင့်ရခဲ့တာပါ။ဒါ့အပြင် ဂရစ်ဇ်မန်းလည်း ဘောလုံးကစားခွင့် (၆)လအထိ ပိတ်ပင်ခံရမယ့်အနေအထားရှိနေပါပြီ။

Kakuta-And-Mexes

Kakuta-And-Mexes

၂၀၀၉ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းဟာ လန်းစ် လူငယ်ကစားသမား ကာကူတာ Kakuta ကို စည်းမျဉ်းတွေ ချိုးဖောက်ပြီး ခေါ်ယူခဲ့လို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသလို ၂၀၀၄ ခုနှစ်ကလည်း ရိုးမားအသင်းက အော်ဇေး နောက်ခံလူ မက်ဆက်စ် Mexes ကို တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ ခေါ်ယူခဲ့တာကြောင့် မက်ဆက်စ်ဟာ ဘောလုံးကစားခွင့် ပိတ်ပင်ခံခဲ့ရတဲ့အပြင် ရိုးမားအသင်းကလည်း အော်ဇေးအသင်းကို နစ်နာကြေးပေးခဲ့ ရတဲ့ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

REF:The Sun
Photo: The Sun,
Naing Linn(Akhayar)
www.akhayar.com