[Zawgyi]

ဒဏ္ရာေၾကာင္႔ အနားယူရဖို႔ရိွေနတဲ႔ ဘာစီလိုနာ ကြင္းလယ္လူ ေကာ္တင္ဟုိ Coutinho

ဘာစီလိုနာ ကြင္းလယ္လူ ေကာ္တင္ဟုိ Coutinho ဟာ ၾကြက္သားဒဏ္ရာေၾကာင္႔ (၂)ပတ္ကေန (၃)ပတ္ၾကားအနားယူရဖို႔ ရိွေနပါတယ္။ ဘာစီလိုနာအသင္းဘက္ကလည္း ေကာ္တင္ဟုိ ရဲ႕ ဘယ္ဘက္ေျခေထာက္မွာ ေပါင္ၾကြက္သား စုတ္ၿပဲတဲ႔ ဒဏ္ရာ ရိွေနတယ္လို႔ အတည္ျပဳခဲ႔ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္ တိုက္စစ္မွဴး မက္ဆီ Messi ဒဏ္ရာကေန ျပန္လည္သက္သာျပဳစမွာပဲ အသင္းရဲ႕ ေနာက္ထပ္ အဓိကကစားသမားတစ္ဦးျဖစ္တဲ႔ ေကာ္တင္ဟုိ က ဒဏ္ရာျပႆနာနဲ႔ ၾကံဳေတြ႕ခဲ႔ရတာပါ။

Coutinho

Coutinho

ဒီဒဏ္ရာေၾကာင္္႔ ေကာ္တင္ဟို ဟာ လာမယ္႔ တနဂၤေႏြေန႔မွာ ကစားမယ္႔ ဘက္တစ္နဲ႔ ပြဲကိုလြဲေခ်ာ္မွာျဖစ္ေပမယ္႔ ႏိုင္ငံတကာပြဲစဥ္ေတြ အျပီးမွာ ကစားမယ္႔ အက္သလက္တီကိုနဲ႔ ပြဲမွာေတာ႔ ့ျပန္လည္ပါ၀င္ႏိုင္ဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။ အသက္(၂၆)ႏွစ္ အရြယ္ရိွျပီျဖစ္သူ ေကာ္တင္ဟုိ ဟာ ဒီႏွစ္ေဘာလံုးရာသီမွာ လက္ရိွအခ်ိန္ထိ ဘာစီလိုနာအသင္းအတြက္ ျပိဳင္ပြဲစံု(၁၆)ပြဲမွာ (၅)ဂိုးသြင္းယူထားပါတယ္။

Ref: Bleacher Report Football
Photo: The Independent , TSJ101 Sports!
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒဏ်ရာကြောင့် အနားယူရဖို့ရှိနေတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ဟို Coutinho

ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ဟို Coutinho ဟာ ကြွက်သားဒဏ်ရာကြောင့် (၂)ပတ်ကနေ (၃)ပတ်ကြားအနားယူရဖို့ ရှိနေပါတယ်။ ဘာစီလိုနာအသင်းဘက်ကလည်း ကော်တင်ဟို ရဲ့ ဘယ်ဘက်ခြေထောက်မှာ ပေါင်ကြွက်သား စုတ်ပြဲတဲ့ ဒဏ်ရာ ရှိနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ Messi ဒဏ်ရာကနေ ပြန်လည်သက်သာပြုစမှာပဲ အသင်းရဲ့ နောက်ထပ် အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ကော်တင်ဟို က ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတာပါ။

Coutinho

Coutinho

ဒီဒဏ်ရာကြောင့်် ကော်တင်ဟို ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဘက်တစ်နဲ့ ပွဲကိုလွဲချော်မှာဖြစ်ပေမယ့် နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ ကစားမယ့် အက်သလက်တီကိုနဲ့ ပွဲမှာတော့ပြန်လည်ပါဝင်နိုင်ဖို့ ရာခိုင်နှုန်းများနေပါတယ်။ အသက်(၂၆)နှစ် အရွယ်ရှိပြီဖြစ်သူ ကော်တင်ဟို ဟာ ဒီနှစ်ဘောလုံးရာသီမှာ လက်ရှိအချိန်ထိ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၁၆)ပွဲမှာ (၅)ဂိုးသွင်းယူထားပါတယ်။

Ref: Bleacher Report Football
Photo: The Independent , TSJ101 Sports!
Ko Kyue(Akhayar)
www.akhayar.com