[Zawgyi]

အသင္းေဟာင္းကို တစ္ရာသီအငွားနဲ႔ ျပန္လည္ေျပာင္းေရႊ႕ခဲ့တဲ့ ေပၚလင္ဟုိ Paulinho

ဘာစီလိုနာအသင္းကထြက္ခြာခဲ့တဲ့ ကြင္းလယ္လူ ေပၚလင္ဟို Paulinho ဟာ အသင္းေဟာင္း ကြမ္က်ိဳးအဲဗားဂရန္းအသင္းကို တစ္ရာသီအငွားနဲ႔ ျပန္လည္ေျပာင္းေရႊ႕ခဲ့ပါတယ္။ အသက္ (၂၉)ႏွစ္အရြယ္ရွိ ေပၚလင္ဟို Paulinho ကို တစ္ရာသီအငွားနဲ႔ ျပန္လည္ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း တရုတ္စူပါလိဂ္ကလပ္ ကြမ္က်ိဳးအဲဗားဂရန္းက တရားဝင္ေၾကညာခဲ့ၿပီး ေျပာင္းေရႊ႕ေၾကးအတိအက်ကို ထုတ္ျပန္ခဲ့ျခင္းမရွိပါဘူး။ စာခ်ဳပ္သက္တမ္းျပည့္ခ်ိန္မွာ ကြင္းလယ္လူ ေပၚလင္ဟို Paulinho ကို ကြမ္က်ိဳးအဲဗားဂရန္းအသင္းက အၿပီးသတ္ေခၚယူသြားမွာျဖစ္ပါတယ္။ ကြင္းလယ္္လူ ေပၚလင္ဟို Paulinho ကြမ္က်ိဳးအဲဗားဂရန္းအသင္းကို ေျပာင္းေရႊ႕ေတာ့မွာျဖစ္ေၾကာင္း ဘာစီလိုနာအသင္းကလည္း အသင္းပိုင္ဝက္ဘ္ဆိုက္ကေန အတည္ျပဳေပးခဲ့တာျဖစ္ပါတယ္။

Paulinho-rejoins-Guangzhou-Evergrande

Paulinho-rejoins-Guangzhou-Evergrande

ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ေပၚလင္ဟို Paulinho အေနနဲ႔ ဘာစီလိုနာအသင္းအတြက္ လိဂ္ပြဲ (၃၄)ပြဲ ကစားေပးခဲ့ၿပီး (၉)ဂိုးအထိ သြင္းယူေပးခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ေပၚလင္ဟို Paulinho ဟာ၂၀၁၅ ခုႏွစ္မွာ ပရီးမီးယားလိဂ္ကလပ္ စပါးအသင္းကေန တရုတ္စူပါလိဂ္ကလပ္ ကြမ္က်ိဳးအဲဗားဂရန္းအသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ ကြမ္က်ိဳးအဲဗားဂရန္းအသင္းမွာ (၂)ရာသီၾကာ ကစားခဲ့ၿပီးေနာက္ စပိန္လာလီဂါထိပ္သီး ဘာစီလိုနာအသင္းကို ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းမွာ ကစားသမားဘဝ တစ္ရာသီၾကာ ျဖတ္သန္းခဲ့ၿပီးေနာက္ ကြမ္က်ိဳးအဲဗားဂရန္းအသင္းကို တစ္ေက်ာ႔ျပန္ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

REF:BBC Sports
Photo:Visão de Mercado, Gazeta Esportiva
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အသင်းဟောင်းကို တစ်ရာသီအငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ ပေါ်လင်ဟို Paulinho

ဘာစီလိုနာအသင်းကထွက်ခွာခဲ့တဲ့ ကွင်းလယ်လူ ပေါ်လင်ဟို Paulinho ဟာ အသင်းဟောင်း ကွမ်ကျိုးအဲဗားဂရန်းအသင်းကို တစ်ရာသီအငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ အသက် (၂၉)နှစ်အရွယ်ရှိ ပေါ်လင်ဟို Paulinho ကို တစ်ရာသီအငှားနဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းက တရားဝင်ကြေညာခဲ့ပြီး ပြောင်းရွှေ့ကြေးအတိအကျကို ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ စာချုပ်သက်တမ်းပြည့်ချိန်မှာ ကွင်းလယ်လူ ပေါ်လင်ဟို Paulinho ကို ကွမ်ကျိုးအဲဗားဂရန်းအသင်းက အပြီးသတ်ခေါ်ယူသွားမှာဖြစ်ပါတယ်။ ကွင်းလယ်လူ ပေါ်လင်ဟို Paulinho ကွမ်ကျိုးအဲဗားဂရန်းအသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း ဘာစီလိုနာအသင်းကလည်း အသင်းပိုင်ဝက်ဘ်ဆိုက်ကနေ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

Paulinho-rejoins-Guangzhou-Evergrande

Paulinho-rejoins-Guangzhou-Evergrande

ပြီးခဲ့တဲ့ ဘောလုံးရာသီက ပေါ်လင်ဟို Paulinho အနေနဲ့ ဘာစီလိုနာအသင်းအတွက် လိဂ်ပွဲ (၃၄)ပွဲ ကစားပေးခဲ့ပြီး (၉)ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပေါ်လင်ဟို Paulinho ဟာ၂၀၁၅ ခုနှစ်မှာ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကနေ တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ကွမ်ကျိုးအဲဗားဂရန်းအသင်းမှာ (၂)ရာသီကြာ ကစားခဲ့ပြီးနောက် စပိန်လာလီဂါထိပ်သီး ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ ကစားသမားဘဝ တစ်ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက် ကွမ်ကျိုးအဲဗားဂရန်းအသင်းကို တစ်ကျော့ပြန်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

REF:BBC Sports
Photo:Visão de Mercado, Gazeta Esportiva
Aung Kyaw Wai (Akhayar)
www.akhayar.com