[Zawgyi]

ဥေရာပကလပ္ေတြထဲမွာ ကစားသမား လစာေငြေပးေခ်မႈ အမ်ားဆုံးျဖစ္ခဲ့တဲ့ ဘာစီလုိနာ

လာလီဂါ ထိပ္သီးကလပ္ ဘာစီလုိနာအသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဥေရာပကလပ္ေတြထဲမွာ ကစားသမား လစာေငြ ေပးေခ်မႈ အမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနပါတယ္။ ဘာစီလုိနာအသင္းရဲ႕ ကစားသမား လစာေငြ အသုံးစရိတ္က ေပါင္(၄၂၃)သန္းအထိ ရွိေနၿပီး အဓိက တိုက္စစ္မွဴး မက္ဆီ Lionel Messi ကုိ ျမင့္မားတဲ့ လစာေငြနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့အတြက္ အခုေလာက္ထိ ျမင့္တက္သြားတာပါ။ ဘာစီလုိနာအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္က မက္ဆီကုိ ၂၀၂၁ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး တစ္ပတ္လစာေငြကုိ ေပါင္(၅၈၀၀၀၀)အထိ တိုးျမႇင့္ေပးခဲ့တယ္။

Messi-Contract-Extension

Messi-Contract-Extension

မက္ဆီဟာ အရင္စာခ်ဳပ္အရ တစ္ပတ္ကုိ ေပါင္(၃၃၄၀၀၀)သာ ရရွိေနေပမယ့္ ဘာစီလုိနာအသင္းက သူတို႔ရဲ႕ အဓိက ကစားသမားကုိ လက္မလႊတ္ရေစဖုိ႔ ၿပီးခဲ့တဲ့ႏွစ္၊ ႏုိ၀င္ဘာလတုန္းက (၃)ႏွစ္စာခ်ဳပ္ သက္တမ္းတိုးခဲ့တဲ့အျပင္ စာခ်ဳပ္ေလ်ာ္ေၾကးကုိလည္း ေပါင္(၆၂၆)သန္းအထိ တိုးျမႇင့္ခဲ့ပါတယ္။

Top-10-wage-bills-in-Europe-for-2017-18-season

Top-10-wage-bills-in-Europe-for-2017-18-season

ဘာစီလုိနာအသင္းရဲ႕ ေနာက္မွာေတာ့ သူတို႔ရဲ႕ အဓိကၿပိဳင္ဘက္ ရီးယဲလ္ (ေပါင္ ၃၄၂သန္း)နဲ႔ ပရီးမီးယားလိဂ္ထိပ္သီး မန္ယူအသင္း (ေပါင္ ၂၉၃သန္း)တို႔က လစာေငြေပးေခ်မႈအမ်ားဆုံးအျဖစ္ ရပ္တည္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ရာသီ ဥေရာပကလပ္ေတြရဲ႕ လစာေငြေပးေခ်မႈ အမ်ားဆုံးထိပ္ဆုံး(၁၀)သင္းစာရင္းမွာ ထိပ္သီးအသင္းေတြျဖစ္တဲ့ မန္စီးတီး၊ PSG ၊ ဘာစီလုိနာ၊ ဂ်ဴဗင္တပ္စ္တို႔အျပင္ ပရီးမီးယားလိဂ္က ခ်ယ္လ္ဆီး၊ လီဗာပူးလ္၊ အာဆင္နယ္တို႔လည္း ပါ၀င္ခဲ့ၾကတယ္။

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဥရောပကလပ်တွေထဲမှာ ကစားသမား လစာငွေပေးချေမှု အများဆုံးဖြစ်ခဲ့တဲ့ ဘာစီလိုနာ

လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဥရောပကလပ်တွေထဲမှာ ကစားသမား လစာငွေ ပေးချေမှု အများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကစားသမား လစာငွေ အသုံးစရိတ်က ပေါင်(၄၂၃)သန်းအထိ ရှိနေပြီး အဓိက တိုက်စစ်မှူး မက်ဆီ Lionel Messi ကို မြင့်မားတဲ့ လစာငွေနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့အတွက် အခုလောက်ထိ မြင့်တက်သွားတာပါ။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်က မက်ဆီကို ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပြီး တစ်ပတ်လစာငွေကို ပေါင်(၅၈၀၀၀၀)အထိ တိုးမြှင့်ပေးခဲ့တယ်။

Messi-Contract-Extension

Messi-Contract-Extension

မက်ဆီဟာ အရင်စာချုပ်အရ တစ်ပတ်ကို ပေါင်(၃၃၄၀၀၀)သာ ရရှိနေပေမယ့် ဘာစီလိုနာအသင်းက သူတို့ရဲ့ အဓိက ကစားသမားကို လက်မလွှတ်ရစေဖို့ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းက (၃)နှစ်စာချုပ် သက်တမ်းတိုးခဲ့တဲ့အပြင် စာချုပ်လျော်ကြေးကိုလည်း ပေါင်(၆၂၆)သန်းအထိ တိုးမြှင့်ခဲ့ပါတယ်။

Top-10-wage-bills-in-Europe-for-2017-18-season

Top-10-wage-bills-in-Europe-for-2017-18-season

ဘာစီလိုနာအသင်းရဲ့ နောက်မှာတော့ သူတို့ရဲ့ အဓိကပြိုင်ဘက် ရီးယဲလ် (ပေါင် ၃၄၂သန်း)နဲ့ ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်း (ပေါင် ၂၉၃သန်း)တို့က လစာငွေပေးချေမှုအများဆုံးအဖြစ် ရပ်တည်နေကြပါတယ်။ ပြီးခဲ့တဲ့ရာသီ ဥရောပကလပ်တွေရဲ့ လစာငွေပေးချေမှု အများဆုံးထိပ်ဆုံး(၁၀)သင်းစာရင်းမှာ ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီး၊ PSG ၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်တို့အပြင် ပရီးမီးယားလိဂ်က ချယ်လ်ဆီး၊ လီဗာပူးလ်၊ အာဆင်နယ်တို့လည်း ပါဝင်ခဲ့ကြတယ်။

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com