[Zawgyi]

El Clásico ပဲြကုိ မက္ဆီ Messi လဲြေခ်ာ္မယ္လုိ႔ ဘာစီလုိနာ အတည္ျပဳလုိက္ၿပီ

ဘာစီလုိနာအသင္း အဓိက တိုက္စစ္မွဴး မက္ဆီ Messi ဟာ ညာဘက္လက္ေမာင္း႐ုိးက်ိဳးတဲ့ ဒဏ္ရာေၾကာင့္ လာမယ့္တစ္ပတ္ကစားမယ့္ ရီးယဲလ္နဲ႔ El Clásico ပဲြကုိ လဲြေခ်ာ္မယ္လုိ႔ ဘာစီလုိနာအသင္းက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ မက္ဆီဟာ စေနေန႔က ဆီဗီလာအသင္းကုိ (၄-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ပဲြ ပထမပုိင္းမွာ အဲဒီဒဏ္ရာ ရရွိခဲ့တာျဖစ္ၿပီး (၃)ပတ္ေလာက္ အနားယူရမယ္လုိ႔ သိရပါတယ္။ မက္ဆီရဲ႕ ဒဏ္ရာအေျခအေနနဲ႔ပတ္သက္ၿပီး ဘာစီလုိနာအသင္းက သူတို႔ Twitter စာမ်က္ႏွာမွာ အခုလုိ ေဖာ္ျပခဲ့တယ္။ “မက္ဆီရဲ႕ ဒဏ္ရာကုိ စမ္းသပ္စစ္ေဆးမႈေတြ လုပ္ခဲ့ၿပီးေနာက္မွာေတာ့ ညာဘက္ လက္ေမာင္း႐ုိးက်ိဳးသြားခဲ့တယ္လုိ႔ ေတြ႕ရွိခဲ့ရတယ္။ မက္ဆီဟာ (၃)ပတ္နီးပါး အနားယူရေတာ့မွာပါ”လုိ႔ ေရးသားခဲ့တယ္။

Messi-s-Injury

Messi-s-Injury

ဒါေၾကာင့္ မက္ဆီအေနနဲ႔ ရီးယဲလ္နဲ႔ပြဲအပါအ၀င္ ဘာစီလုိနာအသင္း ကစားမယ့္ ပဲြစဥ္(၆)ပဲြကုိ လဲြေခ်ာ္ဖုိ႔ရွိေနပါၿပီ။ ဘာစီလုိနာအသင္းဟာ အခုဗုဒၶဟူးေန႔က စလုိ႔ ၿပိဳင္ပဲြစုံ ပဲြစဥ္(၆)ပဲြကုိ ရက္ပုိင္းသာျခားၿပီး ကစားရမွာျဖစ္တာေၾကာင့္ မက္ဆီရဲ႕ ဒဏ္ရာသတင္းဟာ အသင္းအတြက္ ႀကီးမားတဲ့ ထုိးႏွက္ခ်က္ျဖစ္ခ့ဲရတယ္။ မက္ဆီဟာ ဒီရာသီ လာလီဂါမွာ (၇)ဂုိးသြင္းထားၿပီး ၿပိဳင္ပဲြစုံ (၁၂)ပဲြမွာ (၁၂)ဂုိးသြင္းယူထားသူပါ။ မက္ဆီ မပါႏုိင္ရင္ ဘာစီလုိနာအသင္း ႐ုန္းကန္ရေလ့ရွိတာေၾကာင့္ လာမယ့္ပဲြေတြကုိ ဘယ္လုိေက်ာ္ျဖတ္မလဲဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Messi-breaks-right-arm-out-for-about-3-weeks

Messi-breaks-right-arm-out-for-about-3-weeks

မက္ဆီ လဲြေခ်ာ္ဖုိ႔ရွိေနတဲ့ ဘာစီလုိနာအသင္းရဲ႕ပဲြစဥ္မ်ား

25/10/18 UCL Barcelona – Internazionale
28/10/18 LAL Barcelona – Real Madrid
01/11/18 CDR Cultural Leonesa – Barcelona
04/11/18 LAL Rayo Vallecano – Barcelona
07/11/18 UCL Internazionale – Barcelona
11/11/18 LAL Barcelona – Real Betis

REF:Guardian
Photo:independent,.foxsportsasia,SCNow
Naing Linn(Akhayar)
www.akhayar.com

[Unicode]

El Clásico ပွဲကို မက်ဆီ Messi လွဲချော်မယ်လို့ ဘာစီလိုနာ အတည်ပြုလိုက်ပြီ

ဘာစီလိုနာအသင်း အဓိက တိုက်စစ်မှူး မက်ဆီ Messi ဟာ ညာဘက်လက်မောင်းရိုးကျိုးတဲ့ ဒဏ်ရာကြောင့် လာမယ့်တစ်ပတ်ကစားမယ့် ရီးယဲလ်နဲ့ El Clásico ပွဲကို လွဲချော်မယ်လို့ ဘာစီလိုနာအသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မက်ဆီဟာ စနေနေ့က ဆီဗီလာအသင်းကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ ပထမပိုင်းမှာ အဲဒီဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး (၃)ပတ်လောက် အနားယူရမယ်လို့ သိရပါတယ်။ မက်ဆီရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းက သူတို့ Twitter စာမျက်နှာမှာ အခုလို ဖော်ပြခဲ့တယ်။ “မက်ဆီရဲ့ ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခဲ့ပြီးနောက်မှာတော့ ညာဘက် လက်မောင်းရိုးကျိုးသွားခဲ့တယ်လို့ တွေ့ရှိခဲ့ရတယ်။ မက်ဆီဟာ (၃)ပတ်နီးပါး အနားယူရတော့မှာပါ”လို့ ရေးသားခဲ့တယ်။

Messi-s-Injury

Messi-s-Injury

ဒါကြောင့် မက်ဆီအနေနဲ့ ရီးယဲလ်နဲ့ပွဲအပါအဝင် ဘာစီလိုနာအသင်း ကစားမယ့် ပွဲစဉ်(၆)ပွဲကို လွဲချော်ဖို့ရှိနေပါပြီ။ ဘာစီလိုနာအသင်းဟာ အခုဗုဒ္ဓဟူးနေ့က စလို့ ပြိုင်ပွဲစုံ ပွဲစဉ်(၆)ပွဲကို ရက်ပိုင်းသာခြားပြီး ကစားရမှာဖြစ်တာကြောင့် မက်ဆီရဲ့ ဒဏ်ရာသတင်းဟာ အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ရတယ်။ မက်ဆီဟာ ဒီရာသီ လာလီဂါမှာ (၇)ဂိုးသွင်းထားပြီး ပြိုင်ပွဲစုံ (၁၂)ပွဲမှာ (၁၂)ဂိုးသွင်းယူထားသူပါ။ မက်ဆီ မပါနိုင်ရင် ဘာစီလိုနာအသင်း ရုန်းကန်ရလေ့ရှိတာကြောင့် လာမယ့်ပွဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Messi-breaks-right-arm-out-for-about-3-weeks

Messi-breaks-right-arm-out-for-about-3-weeks

မက်ဆီ လွဲချော်ဖို့ရှိနေတဲ့ ဘာစီလိုနာအသင်းရဲ့ပွဲစဉ်များ

25/10/18 UCL Barcelona – Internazionale
28/10/18 LAL Barcelona – Real Madrid
01/11/18 CDR Cultural Leonesa – Barcelona
04/11/18 LAL Rayo Vallecano – Barcelona
07/11/18 UCL Internazionale – Barcelona
11/11/18 LAL Barcelona – Real Betis

REF:Guardian
Photo:independent,.foxsportsasia,SCNow
Naing Linn(Akhayar)
www.akhayar.com