[Zawgyi]

႐ုိးမားနဲ႔ သေဘာတူညီမႈရရွိထားတဲ့ မဲလ္ကြန္ Malcom ကုိ ၾကားျဖတ္ေခၚယူခဲ့တဲ့ ဘာစီလုိနာ

ဘာစီလုိနာ Barcelona အသင္းဟာ ႐ုိးမားနဲ႔သေဘာတူညီမႈရထားတဲ့ ေဘာ္ဒုိေတာင္ပံကစားသမား မဲလ္ကြန္ Malcom ကုိ ေပါင္(၃၆.၅)သန္းနဲ႔ ၾကားျဖတ္ေခၚယူလုိက္ၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့တနလၤာေန႔တုန္းက ႐ုိးမားအသင္းဟာ မဲလ္ကြန္ကုိ ေခၚဖုိ႔ ေဘာ္ဒုိးနဲ႔ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ၿပီး ေဆးစစ္ဖုိ႔နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈသာ ရယူဖုိ႔လုိေတာ့တယ္လုိ႔ ထုတ္ျပန္ေၾကညာခဲ့တယ္။ ဒါေပမဲ့ေနာက္တစ္ေန႔မွာပဲ ဘာစီလုိနာအသင္းက မဲလ္ကြန္ကုိ ႐ုိးမားထက္ ေငြပုိေပး ကမ္းလွမ္းခဲ့သလုိ ေဘာ္ဒုိးအသင္းကလည္း အဲဒီကမ္းလွမ္းမႈကုိ လက္ခံခဲ့တာေၾကာင့္ မဲလ္ကြန္ဟာ ဘာစီလုိနာအသငး္ဆီေရာက္ရွိခဲ့တာျဖစ္ၿပီး (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိသြားမွာျဖစ္ပါတယ္။

Malcom-posed-for-photos-outside-the-Barcelona-club-offices-at-the-Nou-Camp

Malcom-posed-for-photos-outside-the-Barcelona-club-offices-at-the-Nou-Camp

အဲဒါနဲ႔ပတ္သက္ၿပီး ႐ုိးမားအသင္းအားကစားဒါ႐ုိက္တာ မြန္ခ်ီ Monchi က”အဂၤါေန႔ မနက္ပုိင္းတုန္းက မဲလ္ကြန္ရဲ႕ေအးဂ်င့္ျဖစ္သူ Fernando Garcia နဲ႔ စကားေျပာျဖစ္ခဲ့ပါတယ္။ သူက ေဘာ္ဒုိအသင္းတာ၀န္ရွိသူေတြနဲ႔ ေတြ႕ဆုံၿပီးသြားရင္ မဲလ္ကြန္ဟာ ေရာမၿမိဳ႕မွာ ေဆးစစ္မႈခံယူဖုိ႔ လာမယ့္ကိစၥနဲ႔ပတ္သက္လုိ႔ အတည္ျပဳေပးမယ္လုိ႔ေတာင္ ေျပာခဲ့ပါေသးတယ္။ ဒါေပမဲ့ မၾကာပါဘူး၊ Fernando Garcia နဲ႔ ေဘာ္ဒုိးအသင္းတို႔ဟာ မဲလ္ကြန္အတြက္ ေျပာင္းေရႊ႕ေၾကးပုိေပးဖုိ႔ ကၽြန္ေတာ္တို႔ကုိ ေတာင္းဆုိခဲ့တယ္။ တစ္ခ်ိန္တည္းမွာပဲ ဘာစီလုိနာအသင္းက မဲလ္ကြန္ကုိ ေခၚဖုိ႔ ႀကိဳးပမ္းေနတာပါ။ အဲဒီေတာ့ ကၽြန္ေတာ္က ‘ေတာ္ပါၿပီ’လုိ႔ သူတို႔ကုိ အေၾကာင္းျပန္ခဲ့တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကစားသမားတစ္ဦးကုိ ေလလံဆြဲသလုိမ်ိဳး မေခၚခ်င္လုိ႔ပါ။ ကၽြန္ေတာ္တို႔အသင္းနဲ႔ မဲလ္ကြန္ဟာ ဘယ္လုိသေဘာတူညီမႈ စာခ်ဳပ္မွ မခ်ဳပ္ရေသးတာ အမွန္ပါပဲ။ ဒါေပမဲ့ ဒီအေျပာင္းအေရႊ႕အတြက္ မဲလ္ကြန္ရဲ႕ေအးဂ်င့္၊ ေဘာ္ဒုိးအသင္းဥကၠ႒တို႔နဲ႔ ကၽြန္ေတာ္တို႔အၾကား အျပန္အလွန္ေပးပုိ႔ထားတဲ့ Message ေတြ အမ်ားႀကီးရွိပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။

Barcelonas-new-signing-Malcom-completed-his-medical-at-the-club

Barcelonas-new-signing-Malcom-completed-his-medical-at-the-club

အသက္(၂၁)ႏွစ္အရြယ္သာရွိေသးတဲ့ မဲလ္ကြန္ဟာ ၂၀၁၆ ခုႏွစ္တုန္းက ဘရာဇီးလ္ကလပ္ ကုိရင္သီယန္အသင္းကေန ေဘာ္ဒုိးအသငး္ကုိ ေျပာင္းေရႊ႕ခဲ့ၿပီး လိဂ္ပဲြစဥ္(၈၄)ပဲြမွာ ဂုိး(၂၀)သြင္း၊ ဂုိးဖန္တီးမႈ (၁၃)ႀကိမ္ျပဳလုပ္ခဲ့သူပါ။ ဘာစီလုိနာအသင္းဟာ ဂရီမီယုိအသင္းက ဘရာဇီးလ္လူငယ္ကြင္းလယ္လူ အာသာ Arthur ကုိ ေပါင္(၃၅.၅)သန္းနဲ႔ ေခၚယူခဲ့အၿပီး မဲလ္ကြန္က ဒီေႏြရာသီမွာ ဘာစီလုိနာအသင္း ေခၚယူခဲ့တဲ့ ဒုတိယေျမာက္ ဘရာဇီးလ္ကစားသမားျဖစ္ခဲ့ပါတယ္။

REF:BBC
Photo:10minutos,.thetimes,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရိုးမားနဲ့ သဘောတူညီမှုရရှိထားတဲ့ မဲလ်ကွန် Malcom ကို ကြားဖြတ်ခေါ်ယူခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာ Barcelona အသင်းဟာ ရိုးမားနဲ့သဘောတူညီမှုရထားတဲ့ ဘော်ဒိုတောင်ပံကစားသမား မဲလ်ကွန် Malcom ကို ပေါင်(၃၆.၅)သန်းနဲ့ ကြားဖြတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက ရိုးမားအသင်းဟာ မဲလ်ကွန်ကို ခေါ်ဖို့ ဘော်ဒိုးနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ဆေးစစ်ဖို့နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုသာ ရယူဖို့လိုတော့တယ်လို့ ထုတ်ပြန်ကြေညာခဲ့တယ်။ ဒါပေမဲ့နောက်တစ်နေ့မှာပဲ ဘာစီလိုနာအသင်းက မဲလ်ကွန်ကို မဲလ်ကွန်ကို ရိုးမားထက် ငွေပိုပေး ကမ်းလှမ်းခဲ့သလို ဘော်ဒိုးအသင်းကလည်း အဲဒီကမ်းလှမ်းမှုကို လက်ခံခဲ့တာကြောင့် မဲလ်ကွန်ဟာ ဘာစီလိုနာအသင်းဆီရောက်ရှိခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

Malcom-posed-for-photos-outside-the-Barcelona-club-offices-at-the-Nou-Camp

Malcom-posed-for-photos-outside-the-Barcelona-club-offices-at-the-Nou-Camp

အဲဒါနဲ့ပတ်သက်ပြီး ရိုးမားအသင်းအားကစားဒါရိုက်တာ မွန်ချီ Monchi က”အင်္ဂါနေ့ မနက်ပိုင်းတုန်းက မဲလ်ကွန်ရဲ့အေးဂျင့်ဖြစ်သူ Fernando Garcia နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူက ဘော်ဒိုအသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးသွားရင် မဲလ်ကွန်ဟာ ရောမမြို့မှာ ဆေးစစ်မှုခံယူဖို့ လာမယ့်ကိစ္စနဲ့ပတ်သက်လို့ အတည်ပြုပေးမယ်လို့တောင် ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ မကြာပါဘူး၊ Fernando Garcia နဲ့ ဘော်ဒိုးအသင်းတို့ဟာ မဲလ်ကွန်အတွက် ပြောင်းရွှေ့ကြေးပိုပေးဖို့ ကျွန်တော်တို့ကို တောင်းဆိုခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဘာစီလိုနာအသင်းက မဲလ်ကွန်ကို ခေါ်ဖို့ ကြိုးပမ်းနေတာပါ။ အဲဒီတော့ ကျွန်တော်က ‘တော်ပါပြီ’လို့ သူတို့ကို အကြောင်းပြန်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကစားသမားတစ်ဦးကို လေလံဆွဲသလိုမျိုး မခေါ်ချင်လို့ပါ။ ကျွန်တော်တို့အသင်းနဲ့ မဲလ်ကွန်ဟာ ဘယ်လိုသဘောတူညီမှု စာချုပ်မှ မချုပ်ရသေးတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီအပြောင်းအရွှေ့အတွက် မဲလ်ကွန်ရဲ့အေးဂျင့်၊ ဘော်ဒိုးအသင်းဥက္ကဋ္ဌတို့နဲ့ ကျွန်တော်တို့အကြား အပြန်အလှန်ပေးပို့ထားတဲ့ Message တွေ အများကြီးရှိပါတယ်”လို့ ပြောကြားခဲ့တယ်။

Barcelonas-new-signing-Malcom-completed-his-medical-at-the-club

Barcelonas-new-signing-Malcom-completed-his-medical-at-the-club

အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ မဲလ်ကွန်ဟာ ၂၀၁၆ ခုနှစ်တုန်းက ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းကနေ ဘော်ဒိုးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး လိဂ်ပွဲစဉ်(၈၄)ပွဲမှာ ဂိုး(၂၀)သွင်း၊ ဂိုးဖန်တီးမှု (၁၃)ကြိမ်ပြုလုပ်ခဲ့သူပါ။ ဘာစီလိုနာအသင်းဟာ ဂရီမီယိုအသင်းက ဘရာဇီးလ်လူငယ်ကွင်းလယ်လူ အာသာ Arthur ကို ပေါင်(၃၅.၅)သန်းနဲ့ ခေါ်ယူခဲ့အပြီး မဲလ်ကွန်က ဒီနွေရာသီမှာ ဘာစီလိုနာအသင်း ခေါ်ယူခဲ့တဲ့ ဒုတိယမြောက် ဘရာဇီးလ်ကစားသမားဖြစ်ခဲ့ပါတယ်။

REF:BBC
Photo:10minutos,.thetimes,Twitter
Naing Linn(Akhayar)
www.akhayar.com