[Zawgyi]

ခ်ီလီ၀ါရင့္ကြင္းလယ္လူ ဗီဒယ္လ္ Vidal ကုိ ေခၚယူမယ့္ ဘာစီလုိနာ

ဘာစီလုိနာ Barcelona အသင္းဟာ ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ ခ်ီလီ၀ါရင့္ကြင္းလယ္လူ ဗီဒယ္လ္ Vidal ကုိ ေခၚယူဖုိ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိခဲ့ၿပီး သူ႔အတြက္ ေပါင္(၂၇)သန္းေပးေခ်သြားမွာျဖစ္ပါတယ္။ ဘုိင္ယန္ျမဴးနစ္အသင္းဟာ ဒီေႏြရာသီမွာ ဗီဒယ္လ္ကုိ အသင္းကထြက္ခြာဖုိ႔ ခြင့္ျပဳထားၿပီး အခု ဘာစီလုိနာအသင္းနဲ႔ ေဆးစစ္မႈခံယူသြားမွာျဖစ္တယ္လုိ႔ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ The Guardian က ေဖာ္ျပခဲ့တယ္။ အသက္(၃၁)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဗီဒယ္လ္ဟာ မဲလ္ကြန္ Malcom ၊ အာသာ Arthur ၊ လန္ဂလက္ Lenglet တို႔အၿပီး ဘာစီလုိနာကုိ ေရာက္ရွိမယ့္ ကစားသမားသစ္ျဖစ္လာေတာ့မွာပါ။

Vidal-celebrate-with-Bundesliga-Trophy

Vidal-celebrate-with-Bundesliga-Trophy

ဗီဒယ္လ္ဟာ ၿပီးခဲ့တ့ဲၾကာသပေတးေန႔က ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းခဲ့ၿပီး ဒါက သူ႔ရဲ႕ ဘုိင္ယန္ျမဴးနစ္ကစားသမားဘ၀ ေနာက္ဆုံးေလ့က်င့္ခန္းျဖစ္လာဖုိ႔ရွိေနပါၿပီ။ ဘာစီလုိနာအသင္းကလည္း လာမယ့္ရာသီသစ္က်ရင္ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ ေအာင္ျမင္မႈရဖုိ႔အတြက္ ဗီဒယ္လ္လုိ ခ်န္ပီယံလိဂ္အေတြ႕အႀကံဳရင့္ ကစားသမားကုိ ေခၚယူလုိေနတာပဲျဖစ္ပါတယ္။ ဘာစီလုိနာကြင္းလယ္မွာ အင္နီေယစတာ Iniesta ၊ ေပၚလင္ဟုိ Paulinho စတဲ့ ၀ါရင့္ကစားသမားေတြ မရွိေတာ့တဲ့ေနာက္ ဘာစီလုိအသင္းအေနနဲ႔ ကြင္းလယ္ကုိ ၀ါရင့္ကစားသမားတစ္ဦးနဲ႔ အားျဖည့္ဖုိ႔ပစ္မွတ္ထားေနတာျဖစ္တယ္။ ၂၀၁၅ ခုႏွစ္တုနး္က ဂ်ဴဗင္တပ္စ္အသင္းကေန ဘုိင္ယန္ျမဴးနစ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့တဲ့ဗီဒယ္လ္ဟာ ဘြန္ဒစ္လီဂါ(၃)ႀကိမ္၊ ဂ်ာမန္ပုိကယ္လ္ဖလား တစ္ႀကိမ္ရယူခဲ့သူျဖစ္ပါတယ္။ အခုေႏြရာသီမွာ ဗီဒယ္လ္ရဲ႕အနာဂတ္နဲ႔ပတ္သက္တ့ဲ သတင္းေတြ အမ်ိဳးမ်ိဳးထြက္ေပၚေနၿပီး အင္တာမီလန္အသင္းက ေခၚယူဖုိ႔ စိတ္၀င္စားခဲ့ေပမယ့္ အခုေတာ့ ဘာစီလုိနာအသင္းဆီ ေရာက္ဖုိ႔ နီးစပ္ေနပါၿပီ။

REF:Daily Mail
Photo:Getty Images,talksport
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချီလီဝါရင့်ကွင်းလယ်လူ ဗီဒယ်လ် Vidal ကို ခေါ်ယူမယ့် ဘာစီလိုနာ

ဘာစီလိုနာ Barcelona အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ချီလီဝါရင့်ကွင်းလယ်လူ ဗီဒယ်လ် Vidal ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီး သူ့အတွက် ပေါင်(၂၇)သန်းပေးချေသွားမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနွေရာသီမှာ ဗီဒယ်လ်ကို အသင်းကထွက်ခွာဖို့ ခွင့်ပြုထားပြီး အခု ဘာစီလိုနာအသင်းနဲ့ ဆေးစစ်မှုခံယူသွားမှာဖြစ်တယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ The Guardian က ဖော်ပြခဲ့တယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗီဒယ်လ်ဟာ မဲလ်ကွန် Malcom ၊ အာသာ Arthur ၊ လန်ဂလက် Lenglet တို့အပြီး ဘာစီလိုနာကို ရောက်ရှိမယ့် ကစားသမားသစ်ဖြစ်လာတော့မှာပါ။

Vidal-celebrate-with-Bundesliga-Trophy

Vidal-celebrate-with-Bundesliga-Trophy

ဗီဒယ်လ်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီး ဒါက သူ့ရဲ့ ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ နောက်ဆုံးလေ့ကျင့်ခန်းဖြစ်လာဖို့ရှိနေပါပြီ။ ဘာစီလိုနာအသင်းကလည်း လာမယ့်ရာသီသစ်ကျရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် ဗီဒယ်လ်လို ချန်ပီယံလိဂ်အတွေ့အကြုံရင့် ကစားသမားကို ခေါ်ယူလိုနေတာပဲဖြစ်ပါတယ်။ ဘာစီလိုနာကွင်းလယ်မှာ အင်နီယေစတာ Iniesta ၊ ပေါ်လင်ဟို Paulinho စတဲ့ ဝါရင့်ကစားသမားတွေ မရှိတော့တဲ့နောက် ဘာစီလိုအသင်းအနေနဲ့ ကွင်းလယ်ကို ဝါရင့်ကစားသမားတစ်ဦးနဲ့ အားဖြည့်ဖို့ပစ်မှတ်ထားနေတာဖြစ်တယ်။ ၂၀၁၅ ခုနှစ်တုန်းက ဂျူဗင်တပ်စ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ဗီဒယ်လ်ဟာ ဘွန်ဒစ်လီဂါ(၃)ကြိမ်၊ ဂျာမန်ပိုကယ်လ်ဖလား တစ်ကြိမ်ရယူခဲ့သူဖြစ်ပါတယ်။ အခုနွေရာသီမှာ ဗီဒယ်လ်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေပြီး အင်တာမီလန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အခုတော့ ဘာစီလိုနာအသင်းဆီ ရောက်ဖို့ နီးစပ်နေပါပြီ။

REF:Daily Mail
Photo:Getty Images,talksport
Naing Linn(Akhayar)
www.akhayar.com